ဒီနေ့က D_day ပဲ...
ဆော့ဂျင် ရင်တွေအဆမတန်ခုန်နေခဲ့တယ်...
အိမ်ကထွက်လာပြီးချိန်ထိ အမူအယာမပျက်အောင် ဟန်ဆောင်နိုင်ခဲ့ပေမဲ့ ခံစားချက်မျိုးစုံရောထွေးပြီးစိတ်လှုပ်ရှားနေခဲ့တယ်ဆိုတာ သူ့လက်ဖ၀ါးပေါ်ကချွေးစေးတွေကသက်သေပင်....ရေအောက်အပန်းဖြေဟော်တယ် ပရောဂျက်ကလက်စသတ်ခါနီးမို့ ဖေဖေရော hyung ရောအလုပ်ရှုတ်နေတာက သူ့အတွက်အခွင့်ရေးဖြစ်သွားတယ်ပြောရမယ် အစ်ကိုဟိုဆော့ကလည်းကိုယ်၀န်လွယ်ထားရတာဆိုတော့ hyung ကအိမ်မှာနေပြီး အစ်ကိုဟိုဆော့နဲ့ကလေးအတွက်အချိန်ပေးရသေးတာကိုး
သူ့ကိုစောင့်ကြည့်ချင်တာလည်းပါမှာပေါ့လေပုံမှန်အချိန်သာဆို အခုကားပေါ် တစ်ယောက်ယောက်ပါလာလောက်တယ်လေ...
ခုတော့လက်ရွေးစင်ဘော်ဒီဂတ်နှစ်ယောက်ကိုပဲ သူနဲ့အတူထည့်ပေးလိုက်တယ်လေ...ကားပေါ်ရောက်နေပြီဆိုတဲ့အကြောင်းနဲ့ မိနစ် 2အတွင်းကုန်တိုက်ကိုရောက်လာမဲ့အကြောင်း ဆော့ဂျင်ဂျောင်ကုဆီစာပို့လိုက်တယ်....
ဂျောင်ကုက အကုန်ပြင်ဆင်ရှင်းလင်းပေးထားပြီးပြီတယ်တဲ့လေ ဒီဇိုင်နာ lily ရဲ့ဖက်ရှင်ဆိုင်အနောက်ဘက်မှာ ထွက်ပေါက်တစ်ခုရှိတယ်တဲ့ အဲဒီထွက်ပေါက်ကနေထွက်ပြီ ခေါင်မိုးထပ်ကိုသွားရမှာ....
မဆီမဆိုင် ဒီဇိုင်နာအမျိုးသမီးကိုပါ ဆွဲသွင်းအမှူပတ်အောင်လုပ်မိမလားစိုးရိမ်မိပေမဲ့
ဂျောင်ကုကတော့ ဘာကိုမှမစိုးရိမ်ဘဲ ခေါင်မိုးထပ်ရောက်ဖို့တစ်ခုပဲအာရုံစိုက်ဖို့အထပ်ထပ်မှာနေခဲ့တယ် ကျန်တာအကုန်သူ့တာ၀န်ထားလိုက်ပါတဲ့
ဘာပဲဖြစ်ဖြစ် ဂျောင်ကုကိုပဲယုံလိုက်သင့်တယ်မဟုတ်လား ဒီလိုအခြေအနေထိရောက်အောင်လက်ခံခဲ့သေးတာပဲ...
ဒါက 100 ရာနှုန်းဂျောင်ကုကိုယုံကြည်လို့ဆိုတာထက် အိမ်မှာနေရတာ ချုပ်ချယ်ခံရတာကိုမုန်းတဲ့စိတ်ကြောင့်လည်းရာနှုန်းနည်းနည်းလောက်ပါမယ်ထင်တယ်...အဲဒီလိုပြောလို့ အိမ်မှာနေရတာမွန်းကျပ်လို့ယောကျာ်းနောက်လိုက်ပြေးဖို့ကြိုးစားတဲ့ မနူးမနပ်ကောင်လေးလို့တော့မထင်စေချင်ဘူး...
ဂျောင်ကုနဲ့သူ့ကြားက ချစ်ခြင်းမေတ္တာကိုလည်းသံသယမ၀င်စေချင်ဘူး..
YOU ARE READING
PluvioPlile 🌧(complete)
Fanfictionငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....