ဒုန်းးးးးးး
"ဘာလဲ ရုတ်တရက်ကြီး...."
"ဂျွန်ဂျောင်ကုကိုစိတ်တိိုနေတာလား..."
နေ့လည်စာစစားကတည်းက ဆော့ဂျင်စကားတစ်ခွန်းမှမပြော
ထမင်းဟင်းတွေကိုသာ ပါးစပ်ထဲအပြည့်ထည့်၀ါးပြီး
ဒေါသကို ကြိုးကြိုးစားစားထိန်းချုပ်နေခဲ့တယ်...ထိန်းချုပ်နေပေမဲ့ ဂျွန်ဂျောင်ကုရဲ့မျက်နှာအာရုံထဲပေါ်လာချိန်မှာတော့ လွတ်ထွက်ပြီး စားလက်ကထမင်းဘူးကိုစားပွဲပေါ် ဆောင့်ချပစ်လိုက်မိတယ် ...
အခြားသူတွေလို ကျောင်းကန်တင်းမဟုတ်ဘဲ
သီးသန့်နေရာမှာ လာစားတာမို့တော်သေးသည်
ဂျီမင်းနဲ့ ထယ်ယောင်းကတော့ သူအမူအကျင်တွေကိုနောကျေနေကြသူတွေပီပီ တစ်ချက်သာလှည့်မေးပြီး
စားစရာရှိတာဆက်စားနေခဲ့ကြတယ်...."ငါ့ ဂျွန်ဂျောင်ကုကို ဒီတိုင်းလွှတ်မထားနိုင်တော့ဘူး..."
အဲဒီလူကအတော်လွန်နေပြီလေ ကျောင်းတက်တာ 2 ပတ်ကျော်ပြီ jae Hwan လည်းသူနဲ့တွဲဖို့ဆုံးဖြတ်ပြီးပြီ ပြသာနာက 2 ပတ်လုံးသူနဲ့ jae Hwan ထမင်းလေးတောင်အတူမစားရတာပဲ
အားလုံးက ဂျွန်ဂျောင်ကုလက်ချက်တွေပဲလေ
Jae Hwan နဲ့သူကျောင်းမှာ တွေလို့ရတဲ့ အချိန်တိုင်း ဂျွန်ဂျောင်ကုက jae Hwan ကိုခေါ်ပြီးအခြားလုပ်စရာတွေခိုင်းရော အဲဒီလူက ကျောင်းမှာဒိတ်ဒိတ်ကြဲကျောင်းသာခေါင်းဆောင် စီနီယာမို့ တစ်ခါတစ်လေခိုင်းတာဆိုနားလည်ပါတယ်...အခုက တမင်သူနဲ့ jae Hwan ကိုခွဲချင်လို့ အခွင့်အာဏာကိုသုံးပြီးသက်သက်ယုတ်မာတာလေ တကယ်လုံး၀မကျေနပ်ဘူး....
"အဲဒီတော့ မင်းကဘာလုပ်ချင်လို့လဲ ဒီတိုင်းပိတ်ရက်မှာဒိတ်လုပ်လည်းရတာပဲကိုကွာ ဂျွန်ဂျောင်ကုက မင်းလျို့၀ှက်ချက်ကို သိတဲ့လူလေ
ပြီးတော့ jae Hwan ကိုထိခိုက်အောင်အနိုင်ကျင့်နေတာမှမဟုတ်တာ မင်းအတွက်စိတ်ဆိုးချင်စရာဖြစ်နေပေမဲ့ သူလုပ်တာတွေကလည်း သူ့လုပ်ပိုင်ခွင့်ဘောင်ထဲကပဲလေ ...""မင်းကင်ထယ်ယောင်းအစစ်ရောဟုတ်ရဲ့လား ဘာလို့အဲဒီကောင်ဘက်က ကာပြောနေရတာလဲ
ဘာမှမလုပ်နိုင်ရင်တောင် ၀ိုင်းကျိန်ဆဲပေးသင့်တယ်လေ..."
YOU ARE READING
PluvioPlile 🌧(complete)
Fanfictionငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....