Chapter 2

6.8K 753 39
                                    

Chapter2

ကျန်းကျွင်းရှီဟာ မနက်စောစောအိပ်ရာကနိုးလာပြီးနောက် အလုပ်သမားနှစ်ယောက်ကိုခေါ်ကာ မြည်းတစ်ကောင်းနှင့်အတူ ကြက်တွေကိုစစ်ဆေးဖို့ 'ကြက်သိုက်ရွာ' ကိုထွက်လာခဲ့သည်။

ကျန်းမိသားစုက ရှီရှန်မြို့တွင် ဆိုင်ခွဲဖွင့်ထားသည်မှာ ၅နှစ်ပင်ရှိနေသော်လည်း တောင်ကုန်း‌အနောက်မှာ ရွာရှိတယ်လို့ ဘယ်တုန်းကမှ သူတို့မသိခဲ့ပါ။ ကျန်းကျွင်းရှီက ဒီရွာသားတွေက မြို့ကိုလုံးဝမလာဘူးလားဟုပင် ထူးဆန်းသလိုတွေးနေမိ၏။ တောင်လမ်းများ...အင်း ဒါတွေက လမ်းလို့တောင်ယူဆလို့မရပါဘူး။ အရင်က လူတော်တော်များများ သွားလာခဲ့ဖူးပုံမရ။ လမ်းတွေက သွားလာဖို့ ခက်ခဲလှသည်။ မြည်းကိုဦးဆောင်နေတဲ့ အလုပ်သမားက ဖြတ်သွားလို့မရဖြစ်နေလေသည်။ နျဲ့ပုဖန် ကသာ ရှင်းရှင်းလင်းလင်း မပြောထားရင် ဒီနေရာမှာ လူနေတယ်ဆိုတာ ကျန်းကျွင်းရှီယုံနိုင်မှာ မဟုတ်ပေ။

သူတို့ကျောက်တုံးမြေတွေ (တောင်စောင်း) ပေါ်တက်နေစဉ် ကြောက်လန့်ခြင်းကို သူခံစားလိုက်ရသည်။ နာရီဝက်လောက်သာကြာမယ်လို့ ပြောထားခဲ့ပေမဲ့ အဝေးမှာရှိတဲ့ မီးခိုးကို သူတို့မြင်ရဖို့အတွက် လေးဆယ့်ငါးမိနစ်လောက်ကြာခဲ့သည်။ အကယ်၍ အရှေ့ကရွာက ကြက်သိုက်ရွာဖြစ်မည်ဆိုရင် ကျန်းကျွင်းရှီက နျဲ့ပုဖန်ရဲ့ လမ်းလျှောက်နှုန်း နှင့်ပတ်သက်ပြီး သူ့အမြင်ကိုပြန်ပြောင်းလဲရမည်ပင်။

အလုပ်သမားတစ်ယောက်က "ဒီဝေးလံခေါင်ဖျားတဲ့နေရာမှာ တကယ့်ကို ရွာရှိနေတာပဲ"

ဒုတိယအလုပ်သမားက "ကျွန်တော်က ရှီရှန်မြို့မှာ မွေးတာပါ။ ဒီနေရာမှာရွာရှိတယ်လို့ ပထမဆုံးကြားဖူးတာပဲ။ ဒီနေရာကရှီရှန်မြို့နဲ့ နီးပေမယ့် အပြင်ကကြည့်ရင် ချောက်ကမ်းပါးကြီးလိုပဲ။ ဘယ်သူမှ မတွေ့တာ အံ့ဩစရာတော့ မဟုတ်ပါဘူး"

အနောက်ကိုကြည့်လိုက်ရင် တကယ့်ကိုချောက်ကြီးလိုပင်။ ကျဉ်းမြောင်းတဲ့စမ်းချောင်းလေးကိုကျော်ပြီးနောက် သူတို့ရဲ့ အရှေ့မှာ ညီညာပြန့်ပြူးသောမြေကွက်တစ်ခု.....အင်း အမြင်အရတော့ပြန့်ပြူးနေတာပဲလေ။ ဒီနေရာက သစ်သားအိမ်များ ကျိုးတိုးကျဲတဲဖြင့် စီတန်းနေကာ ပတ်ဝန်းကျင်မှာ သစ်ပင်၊ နွယ်ပင်၊ ပေါင်းပင်များဖြင့် ဖုံးလွမ်းနေပြီး မည်သူကမှ လာရောက်ရှင်းလင်းသည့်ပုံလည်းမပေါ်ပေ။ အမှတ်တမဲ့ကြည့်လျှင် ရှေးတုန်းကတည်းက စွန့်ပစ်ထားခဲ့တဲ့ရွာလိုပင်။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now