Chapter - 100
ပြောင်းလဲမှုအသစ်
"ဆရာကြီး၊ သူ့အခြေအနေ ဘယ်လိုလဲ"
စုချန်းယီက တံခါး အပြင်ဘက်ကနေ ကြည့်၍ မေးလိုက်သည်။
နတ်ဆေး ဆရာက သူ့ မုတ်ဆိတ်မွေးကို ပွတ်ပြီး “ဒီအဖိုးအိုက သူ့လို ရောဂါကို ပထမဆုံးအကြိမ်တွေ့ဖူးတာပဲ၊ ရောဂါရဲ့အရင်းအမြစ်က သူ့ခေါင်းထဲမှာ ရှိလိမ့်မယ်” လို့ ပြန်ဖြေသည်။
“ဒါဆို ဆိုလိုတဲ့ အဓိပ္ပါယ်က”
“ဦးခေါင်း ခွဲစိတ်မှု လုပ်ရမယ်”
စုချန်းယီ က နတ်ဆေးဆရာကို မျက်ထောင့်နီဖြင့် စိုက်ကြည့်နေသည်။
ထိုအချိန်တွင် အနောက်ဘက်မှ ကျန်းကျွင်းရှီ နှင့် အခြားသူများ၏ အသံများထွက်ပေါ်လာ၏။ စုချန်းယီ လန့်သွားပြီး အခန်းထဲသို့ လှည့်ကြည့်လိုက်သည်။ နျဲ့ပုဖန် သည် ကျန်းကျွင်းရှီ၏ ပခုံးကိုမှီကာ မလှုပ်မယှက် ရှိနေပြီး ကျန်းကျွင်းရှီက သူ့ကိုအသိစိတ်ဝင်အောင် အကြိမ်ကြိမ် လှုပ်နိုးနေသည့်တိုင်မည်သို့မှ မတုံ့ပြန်ခဲ့ပေ။ အဆုံးတွင် ကျန်းကျွင်းရှီသည် သက်ပြင်းတစ်ချက် ချကာ စိတ်ပျက်စွာပြုံးလျှက် ခေါင်းကို မော့ပြီး လူတိုင်းကို ပြောလိုက်သည်။
"သူ ပြန်အိပ်ပျော်သွားပြန်ပြီ"
အားလုံးက နျဲ့ပုဖန်ကို တိတ်တဆိတ် ကြည့်နေကြပြီး လေထုက အနည်းငယ် လေးလံနေ၏။
"ဒါဆို ငါ ပြောသလိုပဲ၊ ငါတို့ သူ့ကို ဦးခေါင်း ခွဲစိတ်မှု လုပ်ရမယ်"
ထိုအချိန်တွင် အခြား အသံတစ်ခုက စကားပြောလာသည်။
လူတိုင်းက ထိုအသံရှင်ကို စိုက်ကြည့်လိုက်ကြသည်။
ထိုအခါ နတ်ဆေး ဆရာက ပခုံးတွန့်ကာ တည်ငြိမ်စွာပြော၏။
“ဒီအဘိုးကြီးမှာ အကြံကောင်း ရှိတယ်”
"နတ်ဆေးဆရာ၊ ခင်ဗျားသွားပြီး အနားယူသင့်ပြီ"
ဝေဒီက အခြေနေအရပ်ရပ်ကို စကားလုံး တစ်လုံးတည်းနဲ့ ဖော်ပြလိုက်၏။
ဤနတ်ဆေးဆရာကို သူ့ထံ ဖိတ်ခေါ်ခဲ့သော်လည်း၊ ဤပုဂ္ဂိုလ်သည် ဤမျှလောက် အသုံးမကျမှန်း သူယခင်က မသိခဲ့ပေ။
လူတိုင်းက ထိုခွဲစိတ်မှုကို လက်မခံချင်ကြပေ။ နျဲ့ပုဖန်သည် မေ့မြောသွားသော်လည်း ရုပ်ပိုင်းဆိုင်ရာ အခြေအနေက ကောင်းမွန်နေဆဲ ဖြစ်၏။ ယနေ့တွင် သူသည် သတိဝင် တစ်ချက်၊ မဝင် တစ်ချက် အနေအထားဖြင့်ပင် သူတို့နှင့် စကားပြောခဲ့သည်။ ဒါဟာ တိုးတက်မှုရဲ့ လက္ခဏာ ဖြစ်နိုင်၏။
ဒီတော့ ကြက်လှောင်အိမ်ထဲမှာ ဆက်အိပ်ခိုင်းရမည်။
ထိုညတွင် နျဲ့ပုဖန်အား ကြက်လှောင်အိမ်သို့ တစ်ဖန် ပြန်ပို့ခဲ့ပြီး ဝမ်ရှင်းချန် သည် ပုံမှန်အတိုင်း အသက်ရှည် အမွှေးတိုင် သုံးချောင်းကို ထွန်းညှိခဲ့သည်။
သို့ရာတွင် နောက်တစ်နေ့ မနက်စောစောမှာ နျဲ့ပုဖန် ပျောက်သွားပြန်သည့်။ လူ အားလုံးသည် သူ့ကို ရှာသောအခါ တုန်လှုပ်လျက် သစ်ပင် အောက်၌ ထိုင်နေသည်ကို တွေ့ကြရ၏။
ဝမ်ရှင်းချန် သူ့အနားသို့ ချဉ်းကပ်လာသည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ခုကို အာရုံခံစားမိသကဲ့သို့ သူ့ကိုယ်သူ ဝမ်ရှင်းချန် ရင်ခွင်ထဲပြေးဝင်ကာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်၍ ရင်ခွင်ထဲတွင် နစ်မြုပ်ကာ အသံတိုးတိုးဖြင့်
“အစ်ကိုဝမ်၊ မင်းတို့ အားလုံး ဘယ်ရောက်နေတာလဲ။ ငါ နိုးလာတော့ မင်းတို့ အားလုံး ဘာကြောင့် ပျောက်သွားတာလဲ။ းမင်းတို့ ငါ့ကို အိမ်ပြန်မပို့ဘူးလား”
"အရူးလေး''
ဝမ်ရှင်းချန်က ညင်သာစွာပြောလိုက်သည်။
"မင်း အိမ်ပြန်ရောက်နေပြီလေ''
"မဟုတ်တာ၊ ငါ့အိမ်က ဒီလို အေးစက်နေတဲ့ လောကကြီး မဟုတ်ဘူး။ ကြက်သိုက်ရွာပါ" နျဲ့ပုဖန် ပြန်ပြောပြီးနောက် ဝမ်ရှင်းချန်ကို ပွေ့ဖက်ထားသည့် လက်များက အင်အားတိုးလာသည်။
ဝမ်ရှင်းချန် တခြားလူတွေကို လှမ်းကြည့်လိုက်တော့ ၎င်းတို့ မျက်လုံးတွေ အားလုံးက ပူပင်ခြင်းကင်းစင်နေပြီး ဤ ချမ်းအေးတဲ့ နေရာမှာ ရပ်ကာ သူတို့ကိုယ်သူတို့ အေးခဲသွားတဲ့အထိ ဘယ်လောက်ကြာကြာ စိုက်ကြည့်နေကြလဲ မသိနိုင်ပေ။ ၎င်းတို့မျက်နှာနှင့် ခန္ဓာကိုယ် အားလုံးသည် နှင်းခဲအလွှာများဖြင့် ဖုံးလွှမ်းခံရသကဲ့သို့ ဖြစ်နေသည်။
သည်အခြေအနေက ဘယ်လောက်ကြာမှာလဲ။
ဤသို့ဖြင့် နျဲ့ပုဖန်ကို အိမ်သို့ပြန်ခေါ်သွားကြသည်။ ကျန်းကျွင်းရှီ သည်နျဲ့ပုဖန် သက်တောင့်သက်သာ ရေချိုးရန်အတွက် တုပုန်းကို ရေနွေးပူပူလေး လုပ်ခိုင်းကာ အစားအသောက်များ ချက်ပြုတ်စေသည်။
နျဲ့ပုဖန် သည် ဤလူအုပ်စု၏ ဝန်ဆောင်မှုများကို ပေါ့ပေါ့ပါးပါးဖြင့် လက်ခံခဲ့ပြီး ကျေနပ်နှင့် ပျော်ရွှင်စွာဖြင့် သူ၏ မျက်ခုံးနှင့် ပါးစပ်ထောင့်များကို ကွေးညွတ်ထား၏။
သည်ကောင်က တခြားသူတွေ ကျွေးမွေးပြုစု တာခံရ ဖို့ ကံကြမ္မာ ရှိပုံရတယ်။
ဤအချိန်သည် သူ၏ “သတိရနေခြင်း” သည် မနေ့ကထက် ပိုရှည်သည်၊ အနည်းဆုံးတော့ သူသည် လူတိုင်းနှင့်အတူတူ နေ့တစ်ဝက်တိုင် ပျော်ပါးနေခဲ့သည်။
ဤကာလအတွင်း ထိုက်ပိုင် သည် သူ့အား နျဲ့ပုဖန် ငတ်ရစေရန်အတွက် သူ၏ ဖြစ်တည်မှုနှင့် ခံစားချက်ကို ခိုင်မာစွာ ကြိုးစားဖော်ပြခဲ့ပြီး ဖန်းလုံကတော့ ကြက်သိုက်ကျေးရွာရှိ အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ ကျန်းကျွင်းရှီနဲ့ အခြားသူတွေက နျဲ့ပုဖန် ကို ပြုစုနေတာကို မြင်တော့ သူ တိတ်တဆိတ် ဆုံးဖြတ်ချက်ချခဲ့၏-- အဲဒါကတော့ အရာအားလုံးကို ဘေးဖယ်ထားလိုက်ပြီး အသက်ကြီးလာတဲ့အထိ နျဲ့ပုဖန်နဲ့ အတူတူနေဖို့ လျှို့ဝှက် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
နျဲ့ပုဖန် မကြာခင် ပြန်ကောင်းလာဖို့ကိုပဲ အားလုံးက မျှော်ကြသည်။
သုံးရက်မြောက်သော နေ့တွင် နျဲ့ပုဖန်သည် “ထပ်မံနိုးထလာ ပြန်သည်” ၊ ဤတစ်ကြိမ်တွင် လူတိုင်းက အသင့်ပြင်ထားပြီး သူ ကြက်လှောင်အိမ်မှ ထွက်မသွားမီ သူ့အား ကြိုဆိုရန် စောင့်စားနေကြသည်။
ဤတစ်ကြိမ်တွင် နျဲ့ပုဖန်သည် မျက်လုံးများကို ဖွင့်ကာ သူတို့အား ပြုံးလျက် ကြည့်နေလေသည်။
အားလုံးက ဝမ်းသာစွာဖြင့် သည်အချိန် သူတကယ်နိုးလာပြီလို့ ထင်လိုက်တဲ့အခါမှာတော့ လူတိုင်းရဲ့နှလုံးသားကို တုန်လှုပ်ခြောက်ခြား သွားစေမည့် တစ်စုံတစ်ရာကို နျဲ့ပုဖန်က လုပ်လိမ့်မယ်ဆိုတာ ဘယ်သူက သိမည်နည်း။
" မင်းက ဘယ်သူလဲ "
နျဲ့ပုဖန်က မေးသည်။
''ပုဖန်၊ မင်း ဘာဖြစ်နေတာလဲ''
လီဟွေ့က အော်လိုက်သည်။
"ဟင်၊ မင်း ငါ့ နာမည် သိလို့လား"
နျဲ့ပုဖန်က ခေါင်းကို မော့ကာ စူးစမ်းချင်စိတ်တွေ ပြည့်နှက်နေသော မျက်လုံးများဖြင့် သူ့ ရှေ့က လူအုပ်ကြီးအား တစ်ယောက်ပြီး တစ်ယောက် စေ့စေ့စိုက်စိုက်ကြည့်နေသည်။
လူတိုင်း၏ အမူအရာမှာ မှိန်ဖျော့သွားပြီး သူ့ကို စိုးရိမ်တကြီး ကြည့်နေကြသည်။
သူ အားလုံးကို မေ့သွားပြီလား။
"ငါက လီဟွေ့လေ၊ ဒါက ငါ့အစ်ကို လီရီ"
လီဟွေ့ က သူ့ကို တခြား လူတွေနဲ့ မိတ်ဆက်ပေးဖို့ကြိုးစား၏။
နျဲ့ပုဖန်က အာရုံစိုက်နားထောင်ပြီး နောက်ဆုံးတွင် သူတို့ကို တောက်ပစွာ ပြုံးပြကာ
"ကြက်သိုက်ရွာက ကြိုဆိုပါတယ်၊ မင်းတို့က ဒီမှာ ခေတ္တ တည်းခိုချင်တာလား။ တစ်နေ့ကို အကြွေစေ့ ၅၀ ပါ ၊ စျေးက သင့်တင့်ပါတယ်၊ လူငယ်ရော လူကြီးရော ဘာမှ မခွဲခြားထားဘူး''
ဘယ်လိုဖြစ်ရတာလဲ။
သည်ကိုပြောင်းတုန်းက၊ တည်းခိုခအတွက် တစ်နေ့ကို အကြွေ တစ်ရာနှုန်း ကောက်ခံခြင်းခံခဲ့ရသည်ကို စုချန်းယီ ရှင်းရှင်းလင်းလင်း မှတ်မိ၏။
သည်အတွေးက စုချန်းယီရဲ့ ခေါင်းထဲမှာရုတ်တရက် ပေါ်လာသည်။
နျဲ့ပုဖန်က ဤရွာအကြောင်း ကြိုးကြိုးစားစားရှင်းပြပြီး နောက်မှာတော့ လူတိုင်းသည် နျဲ့ပုဖန်၏ ထူးကဲသော ချစ်စဖွယ် ဆက်ဆံပုံကို မယုံကြည်နိုင်ကြသေးပေ။
နျဲ့ပုဖန်ကတော့ ၎င်းတို့သည် တည်းခိုစရိတ်ကို စျေးစစ်ဖို့အတွက် ပေါ့ပေါ့ပါးပါး ဆက်ဆံရေး တစ်ခုကို ဖန်တီးဖို့ ကြိုးစားနေကြသည်ဟု ထင်နေခဲ့သည်။
"မင်းတို့ အားလုံး ဝတ်ကောင်းစားလှတွေ ဝတ်ထားကြပြီးတော့ ဘာလို့ ငါ့ကို စျေးနှိမ့်ချဖို့ လှည့်စားချင်နေကြ တာလဲ"
နျဲ့ပုဖန်က သူတို့ကို မထီမဲ့မြင်ပြုကာ ကြည့်လိုက်သည်။
လူတိုင်းသည် ဘာစကားမှ မပြောဘဲ၊
နျဲ့ပုဖန် ပြန်လည်သတိရလာအောင် ဝိုင်းဝန်းဖျောင်းဖြကြမည် အတွေးကို ခေတ္တ စွန့်လွှတ်ကာ ငွေကို နာခံစွာ လွှဲပြောင်းပေးလိုက်ကြ၏။
နျဲ့ပုဖန်သည် ငွေလက်ခံရရှိပြီး ကျေနပ်သွားသည်။ ၎င်းတို့ နေထိုင်မည့် နေရာကို ရွေးချယ်ပေးရန် သူ့လက်ကို ဝှေ့ယမ်းကာ ကြက်အုပ်ကို စေခိုင်းလိုက်ပြီး ကြေးဒင်္ဂါးများကို ရေတွက်ရင်း သူ့အိမ်ဆီသို့ လျှောက်သွားသည်။
အားလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးတစ်ခုခုကို လုံး၀ ဆုံးရှုံးသွားသကဲ့သို့ ခံစားနေရ၏။
နတ်ဆေး ဆရာကြီးသည် ဘေးမှ ရွှင်မြူးစွာ ကြည့်နေ၏။
လီဟွေက သူ့ ခြေထောက်တွေကို စောင့် ပြီး ဒေါသနဲ့ပြောလိုက်သည်။
"သူ ငါတို့ အားလုံးကို တကယ် မေ့သွားတယ်ဆိုတာ ငါ မယုံဘူး"
ဤသို့ပြောပြီး သူက နျဲ့ပုဖန်၏ အိမ်ရှိရာသို့ ပြေးလိုက်သွားခဲ့သည်။
သိပ်မကြာခင်မှာပဲ အိမ်ထဲမှာ အာမေဋိတ်သံ တစ်ခု ထွက်ပေါ်လာပြီး အားလုံးက အထဲကို အမြန် လိုက်သွားကြရာ ကြမ်းပြင်ပေါ် ပြန့်ကျဲနေတဲ့ ကြေးဒင်္ဂါးပြားတွေနဲ့အတူ ကုတင်ပေါ်မှာ ခန္ဓာကိုယ် တစ်ဝက် လှဲလျောင်းနေတဲ့ နျဲ့ပုဖန်ကို တွေ့လိုက်ရ၏။ သူ မေ့မြောသွားပြန်ပြီ။
''အိုက်ယား ငါတို့ ဘယ်လိုလုပ်မလဲ"
ကျန်းကျွင်းရှီက နျဲ့ပုဖန် ကို ကုတင်ပေါ်သို့ နေရာချပေးပြီးနောက် ဝမ်းနည်းသံတွေ အပြည့်နဲ့။
"ငါလည်း နေရာ အရပ်ရပ် ခရီးထွက်ဖူးပေမယ့် ဒီလို အခြေအနေမျိုး တစ်ခါမှ မကြုံဖူးဘူး"
ဝေဒီက လေးလေးနက်နက် မျက်မှောင်ကြုတ်ထားကာ သူ့မျက်နှာက တင်းမာနေသည်။
“နောက်တစ်ခါ နိုးလာတဲ့ရင် သတိမရ တစ်ချက် ရ တစ်ချက်နဲ့ လျှောက်သွားနေတာမျိုး မဖြစ်ရအောင် သူ့ကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်က သူ့နဲ့ ညတိုင်း အိပ်ဖို့ လိုက်သွားရင် ကောင်းမယ် ထင်တယ်” လီရီက လေးနက်စွာ ပြောလိုက်သည်။
ကန့်ကွက်သူ မရှိ အားလုံး သဘောတူကြသည်။
ညရောက်သောအခါတွင် လူအားလုံးသည် နျဲ့ပုဖန်နှင့် အတူအိပ်ရမည့် လူစာရင်းကို အစီစဥ်ချလိုက်ကြသည်။
နျဲ့ပုဖန်နှင့် ပထမဆုံးတွေ့ခဲ့သူမှာ ကျန်းကျွင်းရှီ ဖြစ်၍ သူက ပထမ အလှည့်ရှင် ဖြစ်လာသည်။
ကြက်လှောင်အိမ်ထဲကို မဝင်ခင် လီရီ က သူ့ ပခုံးပေါ် လက်တင်ပြီး “ဒီလို အခြေအနေမျိုးမှာ မင်းကိုယ်မင်းထိန်းပါ အလွန်အကြူး မဖြစ်စေနဲ့'' လို့ လေးလေးနက်နက် သတိပေးခဲ့သေး၏။
ကျန်းကျွင်းရှီက သူ့ကို ထူးထူးဆန်းဆန်း မျက်လုံးဖြင့်လှည့်ကြည့်ပြီးနောက် ကြက်လှောင်အိမ်ထဲကို ၀င်သွားလေသည်။
ကြက်များသည် ကျန်းကျွင်းရှီကို မတားဆီးဘဲ တောင်ပံများခတ်၍ မြည်တွန်ကာ နှုတ်ဆက်ကြ၏။
ကျန်းကျွင်းရှီသည် ကြက်လှောင်အိမ် အလယ်ရှိ အိပ်ရာဆီသို့ လာကာ သူ့အပေါ် အကျီကို ချွတ်၍ စောင်အောက်သို့ ဝင်ပြီး နျဲ့ပုဖန်အား သူ့ ရင်ခွင်ထဲသို့ ပွေ့ဖက်ထားလိုက်သည်။
ညဉ့်သန်းခေါင်အချိန် ရောက်သောအခါ ကျန်းကျွင်းရှီ နိုးတစ်ဝက်၊ အိပ်မက်ထဲတွင် တစ်ဝက် အခြေနေတွင် ရုတ်တရက် သူ့ ရင်ခွင်ထဲမှ တစ်စုံတစ်ရာက လှုပ်ယမ်းနေသည်ကို ခံစားလိုက်ရသည်။
သူ မျက်လုံးဖွင့်ကြည့်လိုက်တော့ နျဲ့ပုဖန်က သူ့အပေါ်ကို ကိုအာလာ ဝက်ဝံ တစ်ကောင်လို တွယ်ဖက်ထားပြီး လှုပ်ရှားမှု အမျိုးမျိုး ပြုလုပ်ကာ သူ့ကိုယ်ပေါ်ကို အဆက်မပြတ် ပွတ်သပ်နေတာကို တွေ့လိုက်ရသည်။
ကျန်းကျွင်းရှီ အေးခဲသွားပြီး လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်၏။ အချိန်အတော်ကြာအောင် စောင့်ပြီးနောက်မှာတောင် နျဲ့ပုဖန်သည် မရပ်တန့်သေးဘဲ အခြားနည်းလမ်းများဖြင့် စတင် လှုပ်ရှားလာခဲ့သည်။ သူ့ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားတစ်ချို့တစ်ဝက်မှာ ကျွတ်လုနီးပါး ဖြစ်နေ၏။
နောက်ဆုံးတွင် ကျန်းကျွင်းရှီက "ပုဖန်၊ နိုးပြီလား" ဟု တိုးတိုးလေးမေးလိုက်၏။
နျဲ့ပုဖန် သည် အကြိမ်အနည်းငယ် ညည်းညူပြီးနောက် ဝက်ရူးပြန်ရောဂါ ဖြစ်နေသကဲ့သို့ ခြေထောက် တစ်ဖက်က အောက်ပိုင်း တစ်ခြမ်းကို ပွတ်တိုက်ကာ မီးတောက်များ ပွင့်လာလောက်အောင် ဆက်လက်လှုပ်ရှားနေ၏။
"မလှုပ်နဲ့" ကျန်းကျွင်းရှီက အသံကိုနှိမ့်ချပြီးပြောကာ နျဲ့ပုဖန်၏ ခြေလက်များကို ချုပ်ထားလိုက်သည်။
နျဲ့ပုဖန်သည် သူ့ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်သောကြောင့် ကျန်းကျွင်းရှီ၏ လည်ပင်းကို သူ့မျက်နှာဖြင့် ပွတ်သပ်လိုက်သည်။
ကျန်းကျွင်းရှီ၏ ခန္ဓာကိုယ် အပူချိန်မှာ တဖြည်းဖြည်း မြင့်တက်လာ၍ အသက်ရှုသံမြန်လာကာ စိတ်လှုပ်ရှားမှုကို သိသိသာသာ ခံစားလိုက်ရ၏။
“ဒါက တကယ် ခံနိုင်ရည်ကို စမ်းသပ်နေ တာဘဲ” ကျန်းကျွင်းရှီ သည်းမခံနိုင်တော့ဘဲ ထိန်းထားဖို့ သူ့ကိုယ်သူ သတိပေးနေရ၏။
သို့သော် နျဲ့ပုဖန်သည် သူ၏ ထိန်းချုပ်နိုင်စွမ်းကို လွန်ကဲစွာ တွက်ဆထားသည်မှာ ထင်ရှားသည်။ သူ၏ လည်ပင်းနှင့် ရင်ဘတ်ကို မှုတ်ထုတ်လိုက်သော လောင်မြိုက်မည့်မီးကဲ့သို့ အသက်ရှုသံများက ဆွဲဆောင်မှုရှိပြီး ခန္ဓာကိုယ်နှင့် အသွေးသားများ တောက်လောင်လာစေသည်။
ကျန်းကျွင်းရှီသည် မိမိကိုယ်ကို ကျိန်ဆဲလိုက်ပြီးနောက် နျဲ့ပုဖန် ရဲ့ ခေါင်းနောက်ကို ကိုင်ထားရင်း ငုံ့နမ်းလိုက်သည်။
ဤအနမ်းသည် တာရှည်မိုးခေါင်ရာမှ ရုတ်တရက်ရွာချလိုက်သည့် မိုးကဲ့သို့ လုံးဝ မရပ်ချင်တော့ပေ။
ကျန်းကျွင်းရှီက သူ့ကို ညင်သာစွာ ပွတ်သပ်ရင်း ''ပုဖန်'' ဟု နာမည်ကို တီးတိုးရေရွတ်နေ၏။
နျဲ့ပုဖန်သည်လည်း ချော့သိပ်ခံရသကဲ့သို့ တဖြည်းဖြည်း ငြိမ်သက်သွားသည်။
သို့သော် ကျန်းကျွင်းရှီ မှာ နောက်ဆုံးနယ်မြေကို သိမ်းပိုက်ရန် ဆုံးဖြတ်လိုက်သည့် အဓိက အခိုက်အတန့်တွင် တစ်ဖက်လူဟာ လုံးဝ တုံ့ပြန်မှု မရှိတော့ပေ။
ကျန်းကျွင်းရှီ သည် ခါးသီးသော မျက်ရည်များကျလာမည့် အရေးကို ကြိုးစား မာန်တင်းထားရလေသည် ...။
မနက် မိုးလင်းချိန်မှာတော့ ကျန်း ဟာ စွဲမက်ဖွယ်ကောင်းတဲ့ ပန်ဒါ မျက်လုံး တစ်စုံနဲ့အတူ ကြက်လှောင်အိမ်ထဲက လေးတိလေးကန် ထွက်လာခဲ့၏။
လီဟွေ့ က သူ့ကို စီးကြိုကာ မေးသည်။ "အစ်ကို ကျန်း၊ မင်းရဲ့အသွေးသားတွေကို နတ်ဆိုးဝိညာဉ်က စုပ်ယူသွားတဲ့ပုံပဲ၊ ဘယ်လိုဖြစ်လာတာလဲ''
ကျန်းကျွင်းရှီက လီဟွေ့ ကို စိုက်ကြည့်ရင်း တတ်နိုင်သမျှ တည်ငြိမ်သော လေသံနဲ့ ပြန်ဖြေသည်။
''သူ တစ်ညလုံး နိုးမလာသလို၊ အိပ်မက်ယောင်ပြီးလည်း လမ်းထမလျောက်ဘူး''
လီရီသည် နျဲ့ပုဖန်၏ အခြေအနေကို စစ်ဆေးခဲ့ပြီး မတရားပြုကျင့် ခံထားရသည့် လက္ခဏာများ မရှိသည့်အတွက် စိတ်သက်သာရာရသွားသည်။
သည်ည လီရီနဲ့ အတူအိပ်ရမယ့်အလှည့်ပဲ၊ အံ့ဖွယ်တစ်ခုခု ဖြစ်လာဖို့ မျှော်လင့်ပါတယ်။
ထိုညတွင် လီရီသည် အပြည့်အ၀ စားသောက်ပြီး နျဲ့ပုဖန်နှင့် အတူတူ အိပ်ရန် ကြက်လှောင်အိမ်ထဲသို့ရောက်လာခဲ့သည်။
မနေ့ကကဲ့သို့ပင် နျဲ့ပုဖန်သည် ညသန်းခေါင်တွင် အဖျားတွေ တက်လာပြီး၊ နျဲ့ပုအပေါ် လီရီ၏ ခုခံမှုသည် ကျန်းကျွင်းရှီ ထက် ပိုတောင့်ခံခဲ့ရသည်။ သို့သော်လည်း အကြိမ်ကြိမ် ကြိုးစားပြီးနောက် နောက်ဆုံးတွင် လီရီသည် သားရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ နမ်းခြင်း၊ ပွတ်သပ်ခြင်း၊ ညည်းတွား ခြင်းများဖြင့်.... သူ ရှေ့ဆက်ရန် ပြင်းပြနေချိန်တွင် နျဲ့ပုဖန်သည် အိပ်ပျော်သွားပြန်သည်။
လီရီ က သူ့ကို မည်ကဲ့သို့ပင် နှောင့်ယှက်မှု ပြုလုပ်ပါစေ သူသည် မည်သို့မှ မတုံ့ပြန်ခဲ့ပေ။
လီရီသည် နောက်ဆုံးတော့ ကျန်းကျွင်းရှီဟာ ဘာကြောင့် ဒီလောက် မျက်ကွင်းနက်ကြီးဖြင့် နိုးလာတာလဲဆိုတာ သိလိုက်ပါပြီ...။
တတိယ ညတွင်၊ ဝမ်ရှင်းချန် ၏အလှည့်ဖြစ်ပြီး လီရီက ဝမ်ရှင်းချန်ကို သတိပေးလိုက်သေးသည်။
"ပုဖန်က ညလယ်လောက်မှာ အဖျားတက်ပြီး ပွတ်သပ်နေလိမ့်မယ်၊ သတိထားပါ''
ဝမ်ရှင်းချန်က ဒါကို စိတ်ထဲမထားပေ။ တစ်စုံတစ်ယောက်သည် ညသန်းခေါင်တွင် တစ်ဖန်ပြန်အပူတတ်လာ၏။ ဤအခါတွင် ဝမ်ရှင်းချန်၏ အမူအရာသည် ငြိမ်သက်လျှက်ရှိနေပြီး လှုံ့ဆော်မှုများကို ရှောင်တိမ်းသမည့်အစား နျဲ့ပုဖန်၏ လှုပ်ရှားမှုများနှင့်အတူ သဘာဝကျကျ ပူးပေါင်းကာ လုံးထွေးနေတော့သည်။
သူတို့ နှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေက သိပ်ကြီးကြီးမားမား မဟုတ်ပေမယ့် အရေပြားကို ပွတ်တိုက်လိုက် ဖိကပ်လိုက်နှင့် ဖြစ်နေကြ၏။
ထို့ကြောင့် ကိုယ်တိုင်တောင် သတိမထားမိပါပဲ အဝတ်စားတွေဟာ ခန္ဓာကိုယ်နှင့် အလိုလို ဝေးကွာသွားလေသည်။ နျဲ့ပုဖန်၏ ခြေထောက်များက ဝမ်ရှင်းချန်၏ ခါး၌ ရစ်ပတ်လျှက်ရှိသည်။
နျဲ့ပုဖန်က တိုးလျှစွည ညည်းညူလိုက်ပြီး ဝမ်ရှင်းချန် ကို စိတ်တိုင်းကျ လှုပ်ရှားခွင့်ပေးထားသည်။
တိတ်ဆိတ်နေတဲ့ ကြက်လှောင်အိမ်ထဲမှာ ကြည်နူးဖွယ် နွေဦးရာသီရဲ့ အရောင်အသွေးတွေက တဖြည်းဖြည်း စိမ့်ဝင်လာခဲ့သည်။
နှစ်ယောက်သား တစ်ညလုံး လုံးထွေးနေခဲ့ကြသည်။ အထွတ်အထိပ် ရောက်ချိန်တွင် နျဲ့ပုဖန်သည် အမှန်တကယ်ပင် သူ့ မျက်လုံးများကို ဖွင့်လိုက်သည်။ သူ့ မျက်လုံးများ မှေးစင်းနေပြီး အမှောင်ထုထဲတွင် တောက်ပမှုလျှက်ရှိ၏။
"ပုဖန်" ဝမ်ရှင်းချန်က တိုးတိုးလေးခေါ် လိုက်သည်။
“ဝမ်….အစ်ကိုဝမ်” နျဲ့ပုဖန်သည် သူ့လည်ပင်းတစ်ဝိုက်တွင် နမ်းရှိုက်ရင်း နှုတ်ခမ်းများ ကွေးကာပြုံးနေ၏။
"နိုးပြီလား" ဝမ်ရှင်းချန်သည် လှုပ်ရှားမှုကို ခေတ္တရပ်ကာ ရင်ခွင်ထဲတွက် နစ်မြှုပ်ထားဆဲ ဖြစ်သော နျဲ့ပုဖန်ကို ငြိမ်သက်စွာ ကြည့်နေသည်။
"ဒီလိုလုပ်နေမှတော့ ငါ ဆက်ပြီး အိပ်ပျော်နိုင်ပါတော့မလား''
နျဲ့ပုဖန်က ဆက်ပြောသည်။
"ငါ့ ခါး နာနေပြီ"
"ငါ မလှုပ်ရှားသေးဘူးလေ''
ဝမ်ရှင်းချန် က လေးလေးနက်နက်သော အသံဖြင့်ပြောလိုက်သည်။
"သိပါတယ်" နျဲ့ပုဖန်က သူ့ ခြေထောက်တွေကို ခက်ခက်ခဲခဲ လှုပ်ခါပြီး သက်ပြင်းချရင်း “မင်းရဲ့ ကိုယ်အလေးချိန်ကြီးနဲ့ ဖိထားတာ အရမ်းနာတယ်။ မင်းကိုယ်အလေးချိန် တိုးလာလို့ ဖြစ်ရတာ''
မင်းကသာ ပိုပိန်လာတဲ့သူလေ။
ဝမ်ရှင်းချန် နျဲ့ပုဖန် ပါးပြင်ကို ပွတ်သပ်နမ်းရှုံ့ကာ “မင်း တကယ် နိုးလာတာ ဖြစ်ဖို့ မျှော်လင့်ပါတယ်” လို့ တိုးတိုးလေး ပြောလိုက်၏။
နျဲ့ပုဖန်အတွက် ထိုစကားက အထူးအဆန်းဖြစ်နေသည်။
နံနက် စောစောတွင် လီရီနှင့် အခြားသူများသည် ကြက်လှောင်အိမ် အပြင်ဘက်၌ အစောကြီး စောင့်နေကြသည်။
အချိန် အတော်ကြာအောင် စောင့်ပြီးနောက် ဝမ်ရှင်းချန်သည် ကြက်လှောင်အိမ်ထဲမှ ထွက်လာကာ ပါးစပ်ထောင့်များကို ကွေးသည်အထိ ပြုံးပြလိုက်သည်။
လီရီက ဦးစွာ မေးတော့မည်ဖြစ်သော်လည်း နျဲ့ပုဖန်သည် သူ့နောက်မှ အားကြိုးမာန်တက်၊ အားအင်အပြည့်ဖြင့် ထွက်လာသည်ကို တွေ့ရတော့ အားလုံး အံ့အားသင့်သွားသည်။
“မင်း…..” သူတို့အသံက တုန်ခါနေ ပြီး
“တကယ် နိုးလာပြီလား”
လူတိုင်း၏ မျက်နှာပေါ်တွင် အံ့သြဝမ်းသာ ကြည်နူးမှုများ ရှိနေသည်။
နျဲ့ပုဖန်က သူတို့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ကြည့်ကာ “ဟုတ်တယ် ငါ နိုးလာပြီ။ မနက်အစောကြီးပဲရှိသေးတာကို လာနှုတ်ဆက်ဖို့ လူ အများကြီးရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး၊ တကယ် တောင်းပန်ပါတယ်"
"ဟေ့ကောင်၊ မင်း နောက်ဆုံးတော့ နိုးလာပြီပေါ့လေ''
လီဟွေ့က ဂရုဏာ ဒေါသောဖြင့် အော်ဟသ်နှုတ်ဆက်၏။
"မင်း ထပ်ပြီး အိပ်ပျော်သွားမှာ မဟုတ်ဘူး မှတ်လား"
"သေချာပေါက် အိပ်တာကတော့ အိပ်ရမှာပေါ့''
ထို့နောက် နျဲ့ပုဖန် သည် သူတို့ကို နားမလည်နိုင်စွာ ကြည့်ကာ စိတ်ရှုပ်ထွေးနေပုံပေါ်သည်။
ခဏ အကြာတွင်၊ သူက ဝမ်ရှင်းချန် အား ရုတ်တရက် မေးလိုက်၏။
"အစ်ကို ဝမ်၊ သူတို့ အားလုံး မင်းသူငယ်ချင်းတွေလား"
“ ... ”
သူ ဤသို့ ပြောပြီးသည်နှင့် လူတိုင်းသည် မိုးကြိုးအစင်းတစ်ထောင် ပစ်ချခံလိုက်ရသကဲ့သို့ ကြက်သေသေသွားကြလေ သတည်း။
YOU ARE READING
ကြက်သခင် နျဲ့ပုဖန် (Complete ✅)
RandomGong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။