Chapter 67

2.2K 266 0
                                    

Chapter - 67
ပြစ်မှုကြီး ကျူးလွန်ခြင်း


ဝေဒီ ရောက်လာခြင်းသည် နျဲ့ပုဖန်က လွဲလျှင် ကြက်သိုက် ကျေးရွာရှိ ယောကျ်ားများနှင့် ကြက်များ အားလုံး သေစေသော ရန်သူ ရောက်လာသကဲ့သို့ အိပ်မက်ဆိုး တစ်ခု ဖြစ်ခဲ့သည်။ ဤရွာရှိ လူများနှင့် တိရိစ္ဆာန် အုပ်စုသည် ယခင်က ဤမျှလောက် စည်းစည်းလုံးလုံး မရှိခဲ့ဘဲ ယခုအခါ ဘာသာ စကား၏ အတားအဆီးများကိုပင် ကျော်ဖြတ်ကာ နက်ရှိုင်းစွာ မျက်လုံးချင်း ဆက်သွယ်နိုင်သည် အထိပင် သွေးစည်းနေ၏။

တစ်ဖက်တွင် ဝေဒီသည် ဤကဲ့သို့ကြက်အုပ်၏ ရက်စက် ကြမ်းကြုတ်သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း သူ့ အမူအရာမှာ တည်ငြိမ်ပြီးရင်း တည်ငြိမ်နေခဲ့၏။ ကံဆိုးသည်မှာ သူ့ကြောင် ချွမ်ကျွင်းကတော့ သည်လောက် ကံမကောင်းခဲ့ပေ။ ရွာထဲဝင်ပြီး သိပ်မကြာခင်မှာပဲ ပိုင်ရှင်က ဂရုမစိုက်သောကြောင့် ကြက်အဖြစ်ပြောင်းလဲသွားလေသည်။
မာန်ဖီပြ၊ ခြေသည်းတွေ သွေးနေကြတဲ့ ကြက်ညီအစ်ကို တစ်စုက သူ့ကို ကြိုဆိုနေခဲ့၏။

နောက်ဆက်တွဲ ဖြစ်လာတာကတော့ ဝမ်းနည်းစရာကောင်းတဲ့ ကြက် အော်သံက ကောင်းကင်မှာ ပဲ့တင်ထပ်နေပြီး၊ နောက်မှာတော့ အမျိုးမျိုးသော အော်ဟစ်သံတွေနဲ့ အတောင်ပံ ခတ်သံတွေ ထပ်မံ ထွက်ပေါ်လာ၏။ ကြက်များသည် အစာ စားရန်လုယက် ထိုးဆိတ်နေကြသကဲ့သို့ အစုလိုက် အပြုံလိုက် အုံနေ ကြ၏။

ဤသို့ဖြင့် သိပ်မကြာခင်မှာဘဲ ကြက်အုပ်တွေ အုပ်စုကွဲ သွားပြီး မြေပြင်ပေါ်မှာ လဲကျကျန်နေတဲ့ ဝက်လို ဝတုတ်နေပြီး အမွှေးကတုံး ဖြစ်နေသော ကြက်တစ်ကောင် ဆန့်ငင်ဆန့်ငင် ဖြစ်နေတာကို တွေ့ရပါလိမ့်မည်။

အစေခံက ချွမ်ကျွင်း ပျောက်နေတာကို သတိထားမိပြီး ဝေဒီကို ချက်ချင်း သတင်းပို့လိုက်ပေမယ့်၊
ဝေဒီက လက်ကို ဝှေ့ယမ်းလိုက်ပြီး “သူ ပြန်လာချင်ရင် ပြန်လာလိမ့်မယ်။ မလာရင်လည်း ထားလိုက်ပါ" ဟု ပြောခဲ့သည်။

ကြက် သုံးကောင် အရှေ့မှာ မျက်နှာ ပျက်စရာဖြစ် ပြီးကတည်းက ဝေဒီ အလွန် စိတ်ပျက်နေခဲ့သည်။  ကြက်သိုက် ကျေးရွာရှိ ကြက်များနှင့် နှိုင်းယှဉ်ပါက ချွမ်ကျွင်း၏ တိုက်ခိုက်ရေး စွမ်းအားမှာ အမှန်တကယ် အားနည်းနေ၏။

သူ့ သခင် အမိန့်ကို ကြားတော့ အစေခံလည်း အပူတပြင်း လိုက်ရှာနေတာကို ရပ်လိုက်တော့သည်။ သို့သော် သိပ်မကြာခင်မှာပဲ တံခါးနဲ့ ပြတင်းပေါက်နားကနေ အမွှေးကတုံး ဖြစ်နေသော ကြက်တစ်ကောင် ဖြတ်သွားနေတာကို လွမ်းမောဖွယ်ရာ အငွေ့အသက်တွေနဲ့အတူ မြင်နေရမည် ဖြစ်ပေသည်။

ပြောင်းရွှေ့ပြီး ပထမနေ့တွင် ဝေဒီသည် ထမင်းစားရန် နျဲ့ပုဖန်၏ အိမ်သို့ သွားခဲ့၏။ အခန်းထဲ ဝင်လာတော့ အခန်းထဲမှာ လူတွေ ပြည့်နေပြီ၊ မတ်တပ်တောင် ရပ်စရာ နေရာ မရှိ၊ ထိုင်စရာ ထိုင်ခုံ အလွတ် တစ်လုံးမှ မရှိတာကို တွေ့လိုက်ရသည်။

စုချန်းယီက ယဉ်ယဉ်ကျေးကျေး ပြုံးပြီး "ခေါင်းဆောင် ဝေ၊ မင်္ဂလာရှိသော နေ့ခင်းပါ" ဟု နှုတ်ဆက်လိုက်သည်။

တခြားသူတွေကလည်း နှုတ်ဆက်ကြပေမယ့် ဘယ်သူကမှ သူ့ဖို့ နေရာ ဖယ်မပေးကြပေ။

ဝေဒီက သူ့ ဘေးနားက အစေခံကို တစ်ချက်ကြည့်လိုက်တော့ အစေခံက ချက်ချင်းပဲ သူ့အတွက် ကုလားထိုင် တစ်လုံး ရှာလာ၏။

ဝေဒီက သူ့ ထိုင်ခုံကို လှမ်းယူလိုက်ချိန်မှာပဲ အမျိုးအမည်မသိ အရာဝတ္ထုတစ်ခုက အပေါ်ကနေ ပြုတ်ကျလာပြီး ကုလား ထိုင်ပေါ်ကို ကျသွားသွား၏။ ဝေဒီက သူ့ မျက်လုံးထောင့်မှ တစ်ချက် ကြည့်လိုက်မိသော်လည်း သူ့ကိုယ်တိုင်က ထိုင်နေပြီးနှင့်ပြီ ဖြစ်၍ ဖင်အောက်မှာ ပျော့ပျောင်းသော တစ်စုံတစ်ရာကို ခံစားရလိုက်ရ၏။ ထို့ကြောင့် သူ ရုတ်တရက် လန့်ဖျပ်ကာ ထအော်လိုက်မိတော့မလိုတောင် ဖြစ်သွားသည်။

တစ်ဆက်တည်းမှာ သူ့ မျက်နှာလည်း မာကျော တောင့်တင်းသွား၏။ သို့သော် ဟန်မပျက်ကဲ ခန္ဓာကိုယ် အပေါ်ပိုင်းကို ဖြောင့်ဖြောင့်မတ်မတ်အနေအထားဖြင့် ဆက်၍ ထိုင်နေခဲ့သည်။

အခန်းတွင်းရှိ ကျန်လူများက လက်ဖက်ရည်သောက်၊ စာအုပ်ဖတ်၊ ဖရဲသီးစေ့လှော် များကို စားကြရင်း အားလုံးက သူ့ကို မမြင်ချင်ယောင်ဆောင်ရန် ကြိုးစားနေကြ၏။

ဝေဒီ မျက်ခုံးပင့်ကာ ကြည့်လိုက်ရာ ထုတ်တန်းပေါ်၌ ရပ်နေသော ကြက်နက်တစ်ကောင်က သူ့အပေါ်တည့်တည့်တွ င်ဖင်ပေးလျှက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ရည်ရွယ်ချက် ရှိ၊ မရှိ မသိသော်လည်း ၎င်းက ဖင်ကို ယမ်းခါကာ အလင်းတန်း တစ်ခုကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။

ဝေဒီ အသက်ပြင်းပြင်း ရှူရင်း သူ့ ပုခုံးတွေမှာ အပြာရောင် သွေးပြန်ကြောတွေ ထင်းလာတဲ့အထိ ကုလားထိုင်ရဲ့ လက်လက်ကိုင်ကို တင်းတင်း ဆုပ်ကိုင်ကာ စိတ်ထိန်းထားရသည်။ သူ့ ဒေါသတွေကတော့ ရေဆူ ဆေးပြားများကဲ့သို့ ပွက်ပွက်မြည်နေလေသည်။

အခန်းထဲတွင် ထူးဆန်းစွာ တိတ်ဆိတ် ငြိမ်သက်လျှက်ရှိပြီး ဘယ်သူမှ စကားမပြောကြပေ။

ထိုစဥ် ...

"မင်းတို့ အကုန်လုံး ငါ့အိမ်မှာ ဘာအတွက်ကြောင့် ရောက် နေကြတာလဲ"

နျဲ့ပုဖန်၏ အသံသည် မီးဖိုချောင် တည်ရှိရာ အိမ်၏ အခြားအစွန်းမှ ထွက်ပေါ်လာသည်။  အခန်းတွင်းရှိ လူတိုင်းသည် အချင်းချင်း ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်ကြ၏။

ထိုအခါ စုချန်းယီက ချောင်းဟန့်ပြ၍ ...
"ငါတို့ အားလုံး ညစာစားဖို့ စောင့်နေကြတာ"

"ညစာ လား"  နျဲ့ပုဖန်၏ အမူအရာမှာ ပို၍ပင် ထူးဆန်းလာခဲ့၏။

"တုပုန်းက မင်းတို့ အားလုံးကို အစားအသောက်တွေ ပို့ပေးဖို့ တာဝန်ရှိတာ မဟုတ်ဘူးလား။ လူတွေအများကြီး စုနေတော့ စားပွဲ သေးသေးလေးပေါ်မှာ ဟင်းခွက် အများကြီးကို ဘယ်လို တင်ပြီး စားနိုင်မှာလဲ”

ထိုတွင် ဝေဒီက သဘောထားကြီးစွာဖြင့် ...

“ရွာရဲ့အိမ်တွေက တကယ့်ကို ရိုးရိုးရှင်းရှင်းနဲ့ သေးလွန်းတယ်။ နောင်ကျရင် မြို့တော်ကလို အိမ်ကြီးတစ်လုံး ဆောက်ပြီး လက်ဆောင်ပေးမယ်”

"အိမ်ကြီးလား" နျဲ့ပုဖန်က တအံ့တသြဖြင့် "ကြက်သိုက်ရွာ တစ်ခုလုံးထက် ပိုကြီးနိုင်လား"

ထို့နောက်တွင် နျဲ့ပုဖန် သည် အိမ်ထဲရှိ လူများအားလုံးကို ကြည့်ကာ ...

“အိမ်ထဲမှာ ဒီလူ အကုန်လုံး မဆန့်ဘူးဆိုရင် ခြံဝင်းထဲကို သွားလိုက်ကြ၊ ဒီနေ့ ရာသီဥတု ကောင်းတော့ ခြံထဲမှာ စားရတာ ပိုအဆင်ပြေမှာပါ''

အစေခံများနှင့် အစောင့် အများအပြားတို့သည် အမိန့်အတိုင်း ခြံဝန်းထဲတွင် နေရာ စီစဉ်ပေးကြပြီး ၎င်းတို့၏ သခင်များကို စားပွဲသို့ လေးစားစွာ ခေါ်ဆောင်လာကြ၏။

အားလုံးက ခြံဝင်းဆီသို့ လျှောက်သွားလိုက်ကြပြီး ဝေဒီ တစ်ယောက်သာ မလှုပ်မယှက် ဖြစ်နေသည်။

ဤတွင် စုချန်းယီ ဘာမှ မသိသလို ဟန်ဖြင့် မေးလာသည်။

"ခေါင်းဆောင် ဝေ၊ ညစာ မကြာခင် အဆင်သင့်ဖြစ်တော့မယ်။ အတူတူ သွားကြရအောင်"

"ကျုပ် ခဏထိုင်ပါဦးမယ် အရှင် မင်းသား၊ ကျေးဇူးပြုပြီး အရင်သွားနှင့်ပါ"

"ဒါဆို ကျွန်တော် အရင်သွားလိုက်ဦးမယ်။" 

စုချန်းယီသည် သူ့ ယပ်တောင်ကိုဖွင့်ကာ နှုတ်ခမ်းများကို အုပ်လိုက်ရာတွင် သူ့ မျက်လုံးများသည် လခြမ်း နှစ်ခြမ်း ကွေးကဲ့သို့ နှစ်ခြိုက်စွာ ကွေးသွား၏။ ထို့နောက် အေးအေးလူလူဖြင့် လမ်းလျှောက်ကာ ထွက်သွားခဲ့သည်။

အားလုံး ထွက်သွားသည်နှင့် ဝေဒီသည် ဟစ်အော်လိုက်ပြီး ညာခြေ တစ်ဖက်တည်းနှင့် ခုန်ကာ ချက်ချင်းပဲ အခန်းထဲကနေ ပျောက်သွား၏။ သို့သော် ခဏအကြာမှာပင် လျှပ်တစ်ပြက် အသံတစ်ခု ထွက်ပေါ်လာပြီး သူ ထိုင်ခဲ့သည့် ကုလားထိုင်သည်လည်း တစ်ခဏချင်းမှာ အစိတ်စိတ် အမွှာမွှာ ပျက်စီးကာ လွှစာမှုန့်များပင် လွင့်ပျံလာခဲ့သည်။

ဒါကို ခြံထဲရှိ လူ တော်တော်များများက မြင်တဲ့အခါ တိတ်တဆိတ် လှောင်ပြောင်နေကြသလို အံ့သြသွားသူများလည်း ရှိကြသည်။ ဝေဒီ၏ ကိုယ်ခံပညာစွမ်းရည်သည် အမှန်တကယ်ပင် လျှော့တွက်၍ မရသည့်အပြင် သူ၏ ထိန်းချုပ်မှုမှာ အလွန် အထင်ကြီးစရာ ဖြစ်သည်။

ထမင်း စားခါနီးတော့ ဝေဒီက အဝတ်အစား လဲပြီးသွားပြီ။ သူ့ အမူအရာက ပုံမှန်အတိုင်း ဖြစ်ပြီး သူ့ရင်ထဲက ရှက်ရွံ့မှုကိုတော့ ဘယ်သူမှ မမြင်နိုင်ချေ။

ရိုးရှင်းသော စတုရန်း စားပွဲသည် မြင့်မြတ်ပြီး ဩဇာရှိသူများဖြင့် ဝန်းရံထားသည်။ ထျန်းနွီမှ လွဲ၍ စုချန်းယီ၊ လီရီ၊ လီဟွေ့၊ ရှန်းမုလန်၊ ဝမ်ရှင်းချန်နှင့် ကျန်းကျွင်းရှီတို့ အားလုံး ရောက်ရှိနေကြ၏။ ဤသည်မှာ စင်စစ် နျဲ့ပုဖန်၏ လင်တော်မောင်များ စုဝေးရာ ဖြစ်နေကြောင်း မျက်လုံး တစ်ချက် ခတ်ကြည့်ယုံဖြင့် သိနိုင်လေသည်။  

(ရှန်းမုလန် ဆန္ဒပြထုတ်ဖော် - သူ့ လင်တွေထဲမှာ ငါမပါဘူး။)

ညစာ စားပွဲတွင် လူတိုင်းသည် စားသောက်ပွဲ ကျင့်ဝတ်နှင့် ကိုက်ညီစွာ စကားတစ်ခွန်းမှ မပြောဘဲ ကျက်သရေရှိစွာ စားသောက်ကြသည်။

နျဲ့ပုဖန်က နောက်ဆုံး ဟင်းကို ချက်ပြုတ်၍ ပြီးသွားပေမယ့် သူတို့နဲ့ အတူတူ မစားချင်တာကြောင့်  ထမင်း ပန်းကန်လုံးကို ကိုင်ကာ အိမ်တံခါး၌ မှီ၍ ထိုင်လျှက် ပန်းပွင့် မိန်းကလေး၊ ပိုးကောင်လေးတို့နှင့် အတူတူ စားသောက်ရင်း ရယ်မောနေ၏။

သူ ပျော်နေတာကို မြင်တော့ တခြားသူတွေကလည်း စားပွဲကိုလာဖို့ မခေါ်ကြတော့ပေ။
ထို့နောက် စားပွဲတွင်  ၎င်းတို့သည် မတ်မတ် ထိုင်နေ ကြပြီး ပန်းကန်များထဲမှ အစားစာများကို တည်ငြိမ်စွာ စားသောက်ရင်း ထူးဆန်းပြီး နားမလည်နိုင်သော အသံတိတ် တိုက်ပွဲကို လျှို့ဝှက် ဆင်နွဲနေကြသည်။ အစားအသောက် အပြီးမှာတော့ နျဲ့ပုဖန် ကလွဲရင် လူတိုင်းဟာ အစာမကြေတဲ့ ဝေဒနာကို ခံစားခဲ့ရ၏။

ညဉ့်အချိန် ဖြစ်၍ လနှင့် ကြယ်တို့သည် ထွန်းတောက်နေကြလေပြီ။

"ဟားဟား" နျဲ့ပုဖန်သည် ရေချိုးခန်းထဲတွင် ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်။

"မင်း ဘာရယ်တာလဲ" သူ့ကို နောက်ကျော ချေးတွန်းပေးနေသော ကျန်းကျွင်းရှီက အထူးအဆန်းဖြင့် မေးလား၏။

“ဘာမှ မဟုတ်ဘူး”  နျဲ့ပုဖန်က ပြုံးကာ ခေါင်းတညိတ်ညိတ်ဖြင့် "ရုတ်တရက် ရယ်ချင်လာလို့''

"ကောင်းပါတယ်"  ကျန်းကျွင်းရှီက ရေတစ်ခွက်ခပ်ပြီး သူ့ခေါင်းပေါ် က လောင်းချလိုက်၏။

နျဲ့ပုဖန်သည် သူ့ မျက်လုံးထဲသို့ ရေနွေးများ စိမ့်မဝင်လာအောင် တားဆီးရန် မျက်လုံးများကို မှိတ်လိုက်သည်။

ကျန်းကျွင်းရှီက သူ့မျက်နှာကို မော့ပြီး ရေတွေကို သုတ်ပေးလိုက်၏။

"အမ်း..အစ်ကို ကျန်း၊ မင်း ဒီနေ့ ငါနဲ့ ရေချိုးဖို့ ဘယ်လို ရောက်လာတာလဲ"  နျဲ့ပုဖန်က မျက်လုံးမှိတ်ထားရင်း မေးလိုက်သည်။

"လီရီက ဒီည လုပ်စရာရှိတယ်လို့ ပြောတယ်"  ကြက်သိုက်ရွာတွင် ကျန်းကျွင်းရှီနှင့် လီရီတို့ ကသာ နျဲ့ပုဖန်နှင့် အိပ်ရာ တစ်ခုတည်း အတူတူ အိပ်ပြီး ပွင့်ပွင့်လင်းလင်း မျှစားသော ဆက်ဆံရေးရှိ၏။ စုချန်းယီကတော့ ဂုဏ်သိက္ခာကို ထောက်ထားသူ ဖြစ်သည့်အတွက် သူ့ကို အိပ်ရာပေါ် နျဲ့ပုဖန်က လွဲရင် ဘယ်သူမှ တက်ရန် ခွင့်ပြုမည် မဟုတ်ပေ။ လီဟွေကိုတော့ မဆိုထားနှင့်၊ သူက အခုမှ အချစ်ဇာတ်လမ်း စကာစ အညွှန့်ထွက် အဆင့်တွင်သာ ရှိနေသေးသည်။

ဝမ်ရှင်းချန်က စိတ်မထင်ရင် မထင်သလို လုပ်တတ်ပြီး နတ်တွေနဲ့ သရဲတစ္ဆေတွေတောင် သူ့ကို တားနိုင်မှာ မဟုတ်ပါဘူး။

"တစ်ခုခုဆိုတာ ဘာလဲ"

ကျန်းကျွင်းရှီက “မိသားစု အရေးလေကွာ" ဟု ညင်သာစွာ ပြောလိုက်သည်။

ဒါဟာ တကယ့် မိသားစု အရေးပါ။ လီရီသည် နျဲ့ပုဖန်နှင့် အိပ်ခဲ့သည့် သူ့ညီငယ်ကို အလွန်ဒေါသထွက်ခဲ့သည်။  ယနေ့ညသည် လီဟွေ့ ကို မိသားစုဥပဒေဖြင့် အပြစ်ပေးရန် စီစဉ်နေချိန် ဖြစ်၏။

နျဲ့ပုဖန်ကလည်း အပေါ်ယံ သိပြီးသွား၍ အသေးစိပ် ထပ်မမေးတော့ပါ။
သူ့ တစ်ကိုယ်လုံးသည် ရေနွေး ပူပူနှင့် ရေချိုးထားသောကြောင့် အသားအရည်က ချောမွေ့ နူးညံ့နေပြီး ထိရ ကိုင်ရတာ မက်မောဖွယ်ကောင်း လွန်းလှသည်။ ထို့ကြောင့် ကျန်းကျွင်းရှီသည် အကြိမ်အနည်းငယ် ထပ်မံ ထိတွေ့ ကြည့်နေပြီး မထိန်းနိုင်တော့ဘဲ နမ်းချင်စိတ်များ ပေါ်လာသည်။ အနမ်းများ ကြာရှည်လာသည်နှင့် အမျှ ၎င်းသည် မကြာမီပင် ကလေးသူငယ်များအတွက် မသင့်လျော်သော လှုပ်ရှားမှု တစ်ခု အဖြစ် ပြောင်းလဲလာ၏။

အရာ အားလုံးကို ဖွင့်ထုတ်လိုက်ကတည်းက ကျန်းကျွင်းရှီသည် နျဲ့ပုဖန်နှင့် နေ့ရက်များကို ပျော်ရွှင်စွာ ဖြတ်သန်းရန် သူ့စိတ်နှင့်ကိုယ်ကို လုံး၀ ဖွင့်ဟဝန်ခံခဲ့သည်။

နျဲ့ပုဖန်က သူ့ကို အသက်ကြီးတဲ့အထိ အဆုံးမဲ့ ပျော်ရွှင်မှုတွေ ယူဆောင်လာပေးမယ်လို့ သူယုံကြည်ခဲ့၏။

"အင်း...ရေတွေ အေးတော့မယ်၊ အရင် တက်ရအောင်"  နျဲ့ပုဖန်သည် တဖြည်းဖြည်း နိုးကြားလာနေသော ကျန်းကျွင်းရှီကို ကြည့်ရင်း တိုးတိုးလေးပြောလိုက်သည်။

ကျန်းကျွင်းရှီလည်း  ခေါင်းညိတ်ကာ သူနဲ့အတူ ရေချိုးခန်းထဲက ထွက်လာခဲ့သည်။

နျဲ့ပုဖန်သည် ၀တ်စုံရှည်ကို ဖြစ်သလို ဝတ်ပြီးနောက် ဆံပင်ကို ပဝါဖြင့် သုတ်လိုက်၏။

ကျန်းကျွင်းရှီက မျက်နှာသုတ် ပုဝါကို ယူလိုက်ပြီး နျဲ့ပုဖန်အား ကုတင်ပေါ် လှဲအိပ်စေသည်။

နျဲ့ပုဖန်က မျက်လုံးများကို မှိတ်ထားပြီး ကျန်းကျွင်းရှီ၏ ဝန်ဆောင်မှုကို နှစ်သက်စွာ လက်ခံနေ၏။

သူ ငိုက်မျဉ်းနေချိန်မှာပဲ သူ့ မျက်လုံးတွေကို မျက်နှာသုတ် ပုဝါနဲ့ အုပ်လိုက်တာကို ခံလိုက်ရပြီး  နျဲ့ပုဖန်သည် ၎င်းကို ဖယ်၍ ရုန်းမည် ပြုသော်လည်း သူ့ ခန္ဓာကိုယ်ပေါ်တွင် လေးလံသော ကိုယ်လုံးတစ်ခုကို ခံစားလိုက်ရကာ နှုတ်ခမ်းများကို အခြားတစ်စုံဦးက ဖိကပ်ထား၏။ သွက်လက်သော လျှာသည် သွားများ ကြားတွင် နယ်ချဲ့ရန်ကြိုးပမ်းနေသည်။

လက်တစ်ဖက်က သူ့ အင်္ကျီကို ချွတ်နေပြီး သူ့ ပေါင်နဲ့ ခါးကို ပွတ်သပ်နေ၏။

၎င်း စိုစွတ်သော နှုတ်ခမ်းများက ရွေ့သွားကာ သူ့မေးစေ့ကို အတက်မပြတ် အနမ်း မိုးရွာပြီးနောက် သူ့ လည်ပင်းကို နမ်းလိုက်သည်။

နျဲ့ပုဖန်က သူ့ ခေါင်းကို အနည်းငယ် မော့လိုက်ပြီးမှာ အသက်ရှူသံလည်း ပို မြန်လာသည်။ သူ့ အမြင်အာရုံကို ပိတ်ဆို့ထားသောကြောင့် သူ့ အရေပြားပေါ် ထိတွေ့မှုက အာရုံခံစားမှုကို ပိုသိသာစေ၏။  စိုစွတ်သော လျှာသည် သူ့ ရင်ဘတ်ကို နမ်းလိုက်သည်၊ နွေးထွေးသော အသက်ရှုသံများက သူ့အရေပြားကို ပွတ်တိုက်ကာ အာရုံကြောများကို လှုံ့ဆော်ပေးသည်။

“အား…” လျှို့ဝှက်နေရာသို့ လက်ချောင် းတစ်ချောင်းကို ရုတ်တရက် ထိုးသွင်းလိုက်သောအခါ  နံရံများက ဖြည်းညှင်းစွာ စုပ်ယူလိုက်ပြီး ညှစ်ထား၏။

အကြိမ်များစွာ ပြုလုပ်ခဲ့သော်လည်း နျဲ့ပုဖန်၏ လျှို့ဝှက် ဆန်းကြယ်သော၊ ဆွဲဆောင်မှုရှိသော ဤနေရာသည် အတွင်းထဲတွင် တင်းကျပ်နေဆဲဖြစ်သည်။

ကျန်းကျွင်းရှီ၏ မျက်လုံးများသည် ဆန္ဒများ ပြည့်နှက်နေပြီး ပုံမှန်လို နူးညံ့သိမ်မွေ့မှု မှေးမှိန်သွားသည်။ ထိုအချိန်တွင် သူသည် အနည်းငယ် ရိုင်းပြပြီး အထိန်းအကွပ် မဲ့နေပုံရ၏။

တစ်ဖန် သူ့ လက်ချောင်းတွေကို ဆွဲထုတ်ကာ ပြီးနောက် ပြင်းပြင်းထန်ထန် တရစပ် တွန်းဝင်လိုက်လေသည်။

“အာ… ကောင်းလိုက်တာ''
နျဲ့ပုဖန်က ညီးညူလေ၏။

သူ့ ခန္ဓာကိုယ်ပေါ်ရှိ လူသည် စည်းချက်ညီညီ လှုပ်ရှားနေသည်။ ကြီးမား သောဝတ်ရုံသည် ခန္ဓာကိုယ်နှစ်ခုကို ဖုံးအုပ်ထားသော်လည်း ရှည်လျားပြီး ထပ်ခါတလဲလဲ မရေမတွက်နိုင်သောထွက်ပေါ်လာသော အသံများကိုတော့ ဖုံးကွယ်မထားနိုင်ပေ။

ထိုစဥ်မှာပဲ အက်ကွဲသံနှင့် အတူ တံခါးအပြင်ဘက်တွင် တစ်စုံတစ်ခု ရုတ်တရက်ပေါက် ကွဲသွားပုံရသည်။

သို့ရာတွင် ၎င်းတို့သည် တစ်ယောက်ကို တစ်ယောက် ပွေ့ဖက် တွယ်ဖက်ထားရင်း ပြင်ပကို အာရုံမရှိပဲ နှစ်ယောက်သား သည်ပျော်ရွှင်မှုကို အပြည့်အဝ ခံစားနေကြ၏။

''သောက်ချီးပဲ''

ဝေဒီသည် တံခါးဘောင်ကို လက်သီးဖြင့် ထိုးလိုက်ရင်း သူ့ မျက်လုံးများကလည်း ဒေါသဖြင့် တောက်နေသည်။

"ဆရာ၊ တစ်ခုခု မှားနေလို့လား" အိမ်အကူက အသံတိုးတိုးဖြင့် မေးသည်။

"ထွက်သွားစမ်းပါ"  ဝေဒီက တံခါးကို ဆောင့်ပိတ်လိုက်သည်။

အခုမှ သူ ဘာမြင်ခဲ့တာလဲ။ နျဲ့ပုဖန်က တခြားယောက်ျားတွေနဲ့ သတ္တိရှိရှိ ပေါ်ပေါ်တင်တင်ဆက်ဆံနေတာ။

ဝေဒီသည် သူ၏ လက်သီးများကို တင်းတင်းဆုပ်ကာ ဒေါသကို ထိန်းနေရ၏။ သူ၏ အမူအရာမှာ အလွန် မှောင်မိုက်နေပြီး သူ့ နှလုံးသားထဲတွင် လူသတ်လိုသော ဆန္ဒများ ပြည့်နှက်နေလေသည်။

သူ နှစ်သက်တဲ့ လူကို တခြားသူတွေ ထိပါးခွင့် မပေးနိုင်ဘူးဆိုတာ သေချာ၏။ ထိုအချိန်က မတော်တဆ ဖြစ်ခဲ့သော်လည်း၊ ယခုတွင် နျဲ့ပုဖန်အား အလိုလို ရယူချင်လာသည်။ သဘ်ဆန္ဒက အရင်ကထက် ပိုပြင်းထန်လာ၏။

မူလက အောင်ပွဲသည် သူ့ လက်ထဲတွင် ရှိသည်ဟု သူ ထင်ခဲ့၏။ သို့သော် အခြားသူများကလည်း သူလိုချင်တဲ့ အရာကို လိုချင် တပ်မက်နေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

“နျဲ့ပုဖန်၊ နျဲ့ပုဖန်…..” ဝေဒီ စိတ်ထဲတွင် အခဲမကြေစွာ ရေရွတ်လိုက်၏။

အခြား လူတစ်ဦး အောက်တွင် နျဲ့ပုဖန် ပြသခဲ့သော ဆွဲဆောင်မှုရှိသော အသွင်အပြင်သည် သူ့စိတ်ထဲတွင် ဖန်တလဲလဲ ပေါ်လာပြန်သည်။ တပြိုင်နက်တည်း ဒေါသနှင့် သူ့ ခန္ဓာကိုယ်ထဲတွင် ရောယှက်နေသော ဆန္ဒများ ပေါ်လာ၏။ သူ အသက်ပြင်းပြင်းရှူရင်း သူ့ နားများက တစ်ဖက်သားရဲ့ ရွှင်မြူးညည်းညူသံကို ကြားယောင်နေ၏။ ရောယှက်နေသော ခန္ဓာကိုယ်များ၊ ပူပြင်းသော အသက်ရှုသံများ၊ တင်းတင်းကြပ်ကြပ် ဝင်ရောက်လာသောအခါတွင် ကြည်နူးမှုများ လွှမ်းခြုံသွားပုံများ။

ဝေဒီ မျက်လုံးပြန် ဖွင့်လိုက်သည်နှင့် သူ၏ အတွေးများမှာ တဖြည်းဖြည်း ရှင်းလင်းသွားပြီး သူ့စိတ်ထဲတွင် ဘယ်လိုဖြစ်ဖြစ် အနိုင်ရရမည်ဟု ဆုံးဖြတ်ချက်ကို တစ်ထစ်ချ ဆုံးဖြစ်လိုက်သည်။

နောက်တစ်နေ့ မနက်တွင် နျဲ့ပုဖန် နိုးလာသောအခါ အစ်ကို ဖြစ်သူက မိသားစု ဥပဒေဖြင့် အပြစ်ပေးထားသည်ဟု ဆိုသော လီဟွေ့ထံ အပြေးသွားခဲ့သည်။

ရောင်ကိုင်းနေသော မျက်နှာဖြင့် လီဟွေ့သည် နျဲ့ပုဖန်ကို မြင်တဲ့အခါ အားတတ်သရော ပြောလိုက်၏။
"ဟမ်း၊ အခက်အခဲကြောင့် နောက် ပြန်ဆုတ်မယ်လို့ မထင်နဲ့။ သူ လုပ်နိုင်တာကို ငါလည်း လုပ်နိုင်သေးတယ်''

"မင်း အစ်ကိုကိုရော၊ အဲ့စကား ပြောလိုက်သလား''

နျဲ့ပုဖန်သည် လီဟွေ့၏ သနားစရာ အသွင်အပြင်ကို ဂရုဏာသက်မိ၏။

လီဟွေကတော့ မျက်နှာကို တစ်ဖက် လှည့်ကာ သူ၏ သနားစရာကောင်းသော အသွင်အပြင်ကို ဖုံးကွယ်ရန် ကြိုးစားနေသည်။

သို့သော် နျဲ့ပုဖန်က သူ့ မျက်နှာကို ဖမ်းကိုင်ကာလိုက်ပြီး မျက်နှာချင်းဆိုင်စေကာ ရိုက်နှက်ခံထားရသော ဒဏ်ရာများကို လက်ညိုးဖြင့် ထိကြည့်၍ ပွတ်သပ်ပေး၏။

''နာတယ်။ မင်း ဒဏ်ရာ မဟုတ်တိုင်း အားကြီးနဲ့လိုက်ကိုင်မနေနဲ့ကွ''
လီဟွေ့ က နာကျင်စွာအော်လိုက်သည်။

"ဟဲဟဲ၊ အဲဒါက ငါ့ ဒဏ်ရာမှ မဟုတ်တာ ဒီတော့ ကိုင်ချင်သလိုကိုင်မှာပဲ'' နျဲ့ပုဖန်က သူ့လက်ချောင်း တွေကို တစ်ဖန်ဆန့်ထုတ်လိုက်ပြီး "လာ၊ ဒီညီလေး ထပ်ထိုးပါဦး"

"တော်တော့''

လီဟွေ့က သူ့ကို တွန်းထုတ်ကာ အိမ် တံခါးကို သော့ပိတ်လိုက်သည်။  နျဲ့ပုဖန်လည်း ကျေနပ်သွားပြီး သူ့ မျက်နှာပေါ်တွင် ပြုံးပန်းဝေကာ ပြန်သွားခဲ့၏။ ခြံထဲက ထွက်လိုက်တာနဲ့  မလှမ်းမကမ်းမှာ ရပ်နေတဲ့ ဝေဒီကို တွေ့လိုက်သည်။ ဝေဒီက သူ့ကို နက်နဲတဲ့ မျက်လုံးတွေနဲ့ စူးစူးရှရှ စိုက်ကြည့်နေ၏။

နျဲ့ပုဖန်က သူ့ လက်ကို ဝှေ့ယမ်းကာ ပေါ့ပေါ့ပါးပါး နှုတ်ဆက်သည်။

ဝေဒီကတော့ ဝတ်ရုံကို ခါရင်း အခြားထောင့်တစ်ဖက်သို့ ဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။

နောက်ရက် အနည်းငယ်ကြာတော့ ကြက်သိုက်ရွာဟာ တိတ်ဆိတ်ငြိမ်သက်နေ၏။

စုချန်းယီနှင့် အခြားသူများသည် ရတနာများ စာရင်းကို ပြုစုရန် အရှိန် မြှင့်လိုက်ကြပြီး၊ ဝေဒီ၏ အစေခံများကတော့ ကြောင် ချွမ်ကျွင်းကို အာရုံစိုက် ရှာဖွေနေကြ၏။

ဤသို့ဖြင့် ခက်ခဲမည် ထင်သော ကိစ္စက ပြေလည်သွားခဲ့သည်၊ ဝေဒီ ကြက်သိုက်ရွာသို့ ပြောင်းရွှေ့ပြီးနောက် ငါးရက်မြောက်နေ့တွင် စာရင်း တာဝန်ခံ အစောင့်များက ဓားကို ပြန်ယူလာခဲ့သည်။

ဝေဒီသည် ဓား ချွမ်ကျွင်း၏ လက်ကိုင်ကို ဆုပ်ကိုင်ထားပြီး သူ့ လက်ကို ဆန့်ကာ ဓားရှည်၏ အသွားကို ညင်သာစွာ ထုတ်၍ စစ်ဆေးကြည့်လိုက်ရာ သူ့မျက်လုံးများတွင် အံ့သြ ဝမ်းသာမှုတို့တစ်ပြိုင်တည်း ပေါ်လွင်လာခဲ့သည်။

ထို့နောက် သူသည် ဓားကို ၎င်း၏ ဓားအိမ်တွင် သပ်သပ်ရပ်ရပ် ပြန်ထည့်ကာ လက်သီးများကို လူတိုင်းအား ကျေးဇူးတင်စကား ဆိုလိုက်၏။

"ကျေးဇူးတင်မှုကို စကားလုံးနဲ့ ဖော်ပြဖို့ မလုံလောက်ပေမယ့် ဒီ ဝေဒီက မင်းတို့ အားလုံးရဲ့ ကျေးဇူးကို ဆပ်ပေးပါ့မယ်"

"သခင် ဝေက ယဉ်ကျေး သိမ်မွေ့လွန်းတယ်၊ ငါတို့က မူလ ပိုင်ရှင်ဆီပဲ ပြန်ပေးတာပါ" စုချန်းယီက ပြုံးပြုံးရွှင်ရွှင်ဖြင့် တုံ့ပြန်လိုက်၏။ ဤ ဝူလင် ခေါင်းဆောင် မြန်မြန် ထွက်သွားလိမ့်မည်ဟု သူ့စိတ်ထဲတွင် မျှော်လင့်နေသည်။ ၎င်း၏ တည်ရှိမှုသည် ကြက်သိုက်ရွာရှိ လူတိုင်းအတွက် ဖိအားများစွာ ဖြစ်ခဲ့၏။ ဒါ့အပြင် ခေါင်းဆောင် ဝေ သည် ယခု ရက်ပိုင်းအတွင်း နျဲ့ပုဖန်နှင့် ပူးပူးကပ်ကပ်မနေသည်မှာ တစ်ခုခု မှားနေပြီဟု စုချန်းယီ ခံစားမိသေးသည်။

ထို့နောက်တွင် ဝေဒီက ဓားကို ယူကာ လူတိုင်းကို နှုတ်ဆက်လိုက်သည်။

စုချန်းယီနှင့် အခြားသူများသည် ဤမျှလောက် ချောမွေ့စွာ ပြီးသွားမည်ဟု မထင်ထားခဲ့ကြပေ။
ကြည့်ရတာ ဝေဒီက နျဲ့ပုဖန်ကိုလည်း အမှန်တကယ် စိတ်ဝင်စားပုံ မပေါ်ပဲ အားလုံးဟာ သူတို့ရဲ့အခြေအမြစ် မရှိတဲ့ စိုးရိမ်ပူပန်မှုတွေ သက်သက်ပဲလားဟု တွေးစရာ ဖြစ်ခဲ့သည်။
သူတို့က တစ်ဖက်သက် ရန်သူလို့ တွေးပြီး ရန်သူဟုတစ်ဖက်သတ် မြင်ခဲ့ကြခြင်း ဖြစ်မည်။

သို့သော် မကြာမီတွင် သူတို့သည် ထိုစိတ်အေးစရာ အတွေးကို ရပ်တန့်လိုက်ရသည်။

ဝေဒီ ထွက်ခွာသွားသည့် ညတွင် ရွာ၏ အဆုံးရှိ သက်ကယ်အိမ် တစ်အိမ် ရုတ်တရက် မီးလောင်ခဲ့၏၊ လူတိုင်း၏ အာရုံသည် မီးလောင်သည့် အပေါ်ရောက်ရှိနေခဲ့ကြသည်။ ဤကဲ့သို့ ၎င်းတို့ သတိလက်လွတ်ဖြစ်နေချိန်မှာပင် နျဲ့ပုဖန်ဟာလည်း ထပ်မံ ပျောက်ဆုံးသွားခဲ့၏။

လူတိုင်း ရှီရှန်မြို့သို့ အလျင်အမြန် သွား၍ အကူညီတောင်းရန်လာခဲ့သော်လည်း ဝေဒီသည် သူ့ အစေခံများနှင့်အတူ ရှေ့တစ်လှမ်း ဦးအောင် ထွက်ခွာသွားခဲ့လေပြီ။ သေချာသည်မှာ ထိုကိစ္စ အားလုံးကို ဝေဒီ ကြိုတင် ပြင်ဆင်ထားခဲ့ပုံရပြီး မည်သူ့ကိုမှ သူ့ အစီစဥ်ကို တားဆီးနိုင်ဖို့ အချိန်မပေးခဲ့ပေ။

ကြက်သိုက် ကျေးရွာရှိ လူတိုင်းသည် ဤလှည့်ကွက်ကို သေသေချာချာ သတိပြုမိသွားသောအခါတွင် အကြီးအကျယ် ဒေါသထွက်ကာပူပင်သောက ရောက်ကြလေသည်။

ဝေဒီ၏ လွှမ်းမိုးချုပ်ကိုင်တတ်သော အပြုအမူကြောင့် လူတစ်ယောက်လုံး ပြန်ပေးဆွဲခံလိုက်ရခြင်းအတွက် ဒေါသထွက်ခဲ့ကြရုံသာမက နျဲ့ပုဖန်ကြောင့် အဆုံးမဲ့ ဘေးဆိုးကြီး ဖြစ်လာမည်ကိုလည်း စိုးရိမ်နေခဲ့ကြသည်။ နျဲ့ပုဖန်၏ "အကျင့်ပျက်'' စွမ်းအားသည် အကန့်အသတ် မရှိသည်ကို သိထားရမည်။

ကြီးမြတ်လှစွာသော ခေါင်းဆောင် ဝေကို သွားရောက် ထိပါးမိခြင်းဟာ သင်ကိုယ်တိုင် ပြစ်မှုကြီး တစ် ခုကျူးလွန်မိခြင်း ဖြစ်ပေသတည်း။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now