Chapter 104

1.4K 157 0
                                    

Chapter - 104
ဆင့်ခေါ်စာ


စုချန်းယိနှင့် အခြားသူများသည် ရတနာများနှင့်အတူ ရန်ရှန်းသို့ ပြန်သွားခဲ့ကြပြီးနောက် အဘက်ဘက်မှ အဖွဲ့အစည်း အကြီးအကဲတို့နှင့် ညှိနှိုင်းဆွေးနွေးမှုများ အရှိန်မြင့်တက်လာခဲ့သည်။
ရတနာများကို သုံးသပ် ကြည့်ရှုပြီးနောက် ဧကရာဇ်မင်းသည် ပန်းချီဆရာတို့ကို ခေါ်ယူကာ ရှားပါးရတနာ တစ်ရာနီးပါးကို ရွေးချယ်၍ အများပြည်သူအားပြသရန်ပန်ူချီကားများရေးဆွဲစေသည်။

ယခင်သဘောတူညီချက်အရ ဘဏ္ဍာများကို အစုငါးစုခွဲကာ သော့ကိုင်ထားသူတိုင်း ဝေစု တစ်ခုရနိုင်သည်။  ၎င်းတွင် တော်ဝင်မိသားစု၊ လီ မိသားစု၊ ရှန်း မိသားစု၊ ဝမ် မိသားစုနှင့် ပညာရှိကြီးပွားပေါင် ၏သားစဉ်မြေးဆက်တို့ ပါဝင်သည်။

မိသားစုလေးစုသည် ဝေစု တစ်စုစီ ရကြမည့်အကြောင်းကို လူတိုင်းက သိထားပြီး ဖြစ်သောကြောင့် အထွေအထူး အံ့သြစရာတော့ မဟုတ်ပါပေ။ တကယ်အံ့သြစရာကောင်းတာက ပညာရှိကြီး ပွားပေါင် ရဲ့ အမွေဆက်ခံသူဟာ လိုက်ကာနောက်ကွယ် ကနေ ရုတ်တရက်ထွက်ပေါ်လာခြင်းဖြစ်သည်။ သူ၏ ဝိသေသ လက္ခဏာ အရပ်ရပ်သည် အထက်တန်းလွှာတွင် လျှို့ဝှက်ချက် မဟုတ်သော်လည်း သာမန်လူများ ကြားတွင် ကောလဟာလအနည်းငယ် ရှိခဲ့သည်။ ဧကရာဇ်မင်း ကိုယ်တိုင်က အများပြည်သူကို အသိမပေးခင်မှာင် လူတိုင်းသည် ထိုကဲ့သို့သော ဇာတ်ကောင် ရှိနေကြောင်း ရုတ်တရက် တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

ကြီးမြတ်သော မိသားစု လေးစု၏ ဘဏ္ဍာ ခွဲဝေခြင်းသည် အဘယ်မျှ ဂုဏ်အသရေရှိသနည်း။ ဤကြေငြာချက်ကြောင့် ဤအမွေဆက်ခံသူ၏ အထောက်အထားကို တိုင်းပြည် တစ်ဝှမ်းတွင် လူသိများလာခဲ့သည်။ ဝေးလံခေါင်သီသော တောင်တန်း ဒေသရှိ တောင်ပေါ် ကျေးရွာလေး တစ်ရွာ၏ အကြီးအကဲတစ်ဦးအနေဖြင့် သူ၏ အဆင့်အတန်းနှင့် ကြွယ်ဝချမ်းသာမှုမှာ များစွာ ကွာဟသည့်အပြင် မိသားစုကြီး လေးစုနှင့် တန်းတူဖြစ်နိုင်ခြင်း မရှိသည့် ဂုဏ်သိက္ခာသည်လည်း လူအများ ပြောဆိုရန် အကြောင်းအရာ ဖြစ်လာခဲ့သည်။

ဒါပေမယ့် သူ့ကို တကယ် နာမည်ကြီးစေခဲ့တာက ဒီမှာတင် ရပ်မသွားပါ။

"ဝေရှောင်ပေါင်၊ နျဲ့ပုဖန်၊ ပွားပေါင် ပညာရှိ မျိုးရိုးကနေ ဆင်းသက်လာတယ်" ဧကရာဇ်မင် အံကြိတ်လိုက်သည်။
ဖန်းလုံ မြို့တော်သို့ ပြန်မရောက်လာ မီတွင်၊ နျဲ့ပုဖန်သည် တကယ်ပင်ကြက်သိုက်ရွာ၏ ရွာသူကြီးတစ်ဖြစ်လည်း ပညာရှိကြီး ပွားပေါင် ၏ ဆွေစဉ် မျိုးဆက် ဖြစ်ကာ ဝေရှောင်ပေါင်လည်း ဖြစ်ခဲ့သည်ဟူသော အထောက်အထားကို သူ ရှာဖွေခဲ့ပြီးဖြစ်သည်။

ဤလူသည် ဧကရာဇ် မင် အား လှည့်ဖြားရန် ကလောင်အမည်ကို အသုံးပြုရုံသာမက သူ၏ ဧကရာဇ်အမိန့် တံဆိပ်ပြားကို ခိုးယူကာ ထွက်ပြေးခဲ့သည်။ ဒါဟာ တကယ်ကို ခွင့်မလွှတ်နိုင်စရာပဲ။

တကယ်တမ်း ဖန်းလုံက သူ့ကို ပိုလို့တောင် ဒေါသဖြစ်စေခဲ့တာ။
ဖန်းလုံကသူ့ကို ပြတ်ပြတ်သားသား ထုတ်ဖော် ဝန်ခံခဲ့ပြီး၊ ရူးသွပ်တဲ့ လူတစ်ယောက်လိုမျိုး ပြစ်ဒဏ်ကို တစ်သက်လုံး လက်ခံလိုတဲ့ ဆန္ဒရှိတာကြောင့် ဖန်းလုံးကို သေတဲ့အထိ ကြိမ်ဒဏ်ပေးမယ်ဆိုရင်တောင် သူ ကျေနပ်နိုင်မှာ မဟုတ်ပါ။

"ဟမ်၊ မင်းက သူနဲ့ ထာဝရ နေချင်တာလား။ ဒါဆို ငါ မင်းတို့ကို သဘောတူရလားဆိုတာ မင်း လုံးဝ ဂရုမစိုက်ဘူးပေါ့လေ''

ထို့နောက် ဧကရာဇ် မင်က အမိန့်ပေးလိုက်သည်။

"ချင်ကုန်းကုန်း ကြက်သိုက်ရွာရဲ့ ရွာသူကြီး နျဲ့ပုဖန် ကို မြို့တော်ဆီ ဆင့်ခေါ်ဖို့ လူတယောက်ကို ချက်ခြင်း လွှတ်လိုက်ပါ။ ဆယ်ရက်အတွင်း ငါ သူ့ကို ငါ့ရှေ့မှာ တွေ့ချင်တယ်”

ဖန်းလုံး သည် ထိုစကားကို ကြားသောအခါတွင် ဧကရာဇ် မင်အား အေးစက်သော အပြုံးတစ်ခု ပြုံးပြလိုက်သည်။

ထိုအပြုံးကို ဧကရာဇ်မင် မြင်လိုက်ရသောအခါ ရင်ထဲ၌ တုန်လှုပ်သွားလေ၏။

ချင်ကုန်းကုန်းသည် အမိန့်ကို ယူကာ ချက်ခြင်းထွက်ခွာရန် ပြင်ဆင်ထားသည့် မိန်းမစိုးထံ တော်ဝင်အမိန့်ကို ပေးလိုက်သည်။

သို့သော် ၎င်းမိနိးမဆိုးမှာ ထိုတော်ဝင် အမိန့်အတွက် ရိုးရှင်းလွယ်ကူသော ခရီး၌ ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သော အဖြစ်ဆိုး တစ်ခု ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ သူမြို့က ထွက်သွားတာနဲ့ သူသည် လူပေါင်းမျိုးစုံ၏ နှောက်ယှက်မှုကိုခံရလေသည်။ အမျိုးမျိုးသော "မတော်တဆ" မှုများ တစ်ခုပြီး တစ်ခု ဖြစ်ခဲ့သည်။ ခါးပိုက်နှိုက်တွေ၊ ဓားပြတွေ၊ မြင်းတွေ အထိန်းအကွပ်မဲ့သွားတာ၊ လှေနစ်မြုပ်တာ၊ အပါဝင် မတရားစွပ်စွဲခံရသော
ပဋိပက္ခတွေ မျိုးစုံ ကြုံရလေ၏။ ဒါဟာ ရိုးရိုးရှင်းရှင်းနဲ့ နာကျင်စရာ ဘဝ အတွေ့အကြုံ တစ်ခုပင် ဖြစ်သည်။

နှစ်ရက်၊ သုံးရက်တာ ခရီးသည် တစ်လခွဲကျော်ကြာမြင့်ခဲ့ပြီး ဧကရာဇ် မင် သတ်မှတ်ထားသောအချိန်ကို ကျော်လွန်သွားခဲ့သည်။

နောက်ဆုံး သူ အသက်ရှင်လျက် ကြက်သိုက်ရွာသို့ ရောက်သောအခါ သူသည် ဂေါ်ဖီ အဖက်ထက် ပါးလွှာပြီး မှိုတက်နေသော ပေါင်မုန့်ကဲ့သို့ ပိန်လှီနေပြီဖြစ်သည်။

တုန်တုန်ယင်ယင်ဖြင့် ဧကရာဇ် အမိန့်တော်ကို လွှဲအပ်ပြီးနောက် ကျန်ခွန်အားများ အကုန်သုံး၍ အမိန့်တော်ကို ဖတ်လိုက်သည်။

“ကြက်၊ ကြက်သိုက်ရွာ၊ ရွာသူကြီး၊ နျဲ့ပုဖန်က အမိန့်တော်ကို လက်ခံပါ၊ အသင့်အတွက် မြို့တော်သို့ ချက်ချင်းဝင်ရန် ဧကရာဇ်မင်း အမိန့်ပေးတော်မူတယ်…”

ထို အသံပြီး သည်နှင့် ချက်ချင်းပင် ထိုလူသည် “ခွပ်” ခနဲ မေ့လဲသွားသည်။

နျဲ့ပုဖန်သည် မြေပြင်ပေါ်ရှိ လူခန္ဓာကိုယ် ကို ခြေဖြင့်ထိလိုက်သည်။

ကျန်းကျွင်းရှီ က "သူ မသေသေးဘူး၊ ခရီးပန်းပြီး မူးလဲသွားတာ"

“အိုး” သူသည် ဧကရာဇ်အမိန့်ကိုဖွင့်၍ ကြည့်ကာ ခေါင်းကို လှည့်၍ “ဧကရာဇ်က ငါ့ကို ဘာလို့ ခေါ်တာလဲ” ဟု မေးသည်။

"ပညာရှိကြီး ပွားပေါင်း ရဲ့ ရတနာတွေကို ဝေစုခွဲဖို့ ဖြစ်နိုင်တယ်" ဝမ်ရှင်းချန်၏ မျက်လုံးများသည် ဧကရာဇ် အမိန့်စာ၏ အကြောင်းအရာပါ စကားလုံးများကို သတိရှိရှိ လေ့လာသုံးသပ်နေ၏။

"ငါ ငါ့ဘာသာ ရတနာတွေသွား ယူရမှာလား"  နျဲ့ပုဖန် က မကျေမနပ် ဖြစ်နေပုံရသည်။ သူသည် ငွေကို နှစ်သက်သော်လည်း ၎င်းသည် သူ့လက်ကို ဆန့်တန်းလိုက်ရုံဖြင့် ရရှိနိုင်သော လွယ်ကူသည့် ငွေကြေးမျှကိုသာ မက်မောသူ ဖြစ်၏။ မြို့တော်ကို ရောက်ဖို့ ခရီးအဝေးကြီးကို သွားရမယ့်အစား အဲ့ငွေတွေကို စွန့်လွှတ်လိုက်တာ ပိုကောင်းမည်။ သည်ကုန်းကုန်းရဲ့ သနားစရာကောင်းတဲ့ အသွင်အပြင်ကို ကြည့်ပြီး လမ်းတလျှောက် ဘယ်လောက်တောင် ပင်ပန်းဆင်းရဲခဲ့ရလဲ သူမသိပေ။ မြို့တော်ကို သွားရတဲ့ ခရီးက အလွန် အန္တရာယ်များပြီး ခက်ခဲတာဖြစ်ကောင်းဖြစ်နိုင်၏။ ဒါကြောင့် သူ့ကိုယ်တိုင်း ဤလမ်းခရီးကို မဖြတ်ကျော်ချင်ပေ။

ထို့အပြင် သူ၏ ကြက်များသည် ယခင်ကတည်းက ဂူထဲမှ ကောင်းသော အရာများစွာကို ယူဆောင်လာခဲ့ပြီး ကြက်သိုက်ရွာ၏ ထောင့်တိုင်းတွင် ဝှက်ထားကြသည်။ တစ်နေ့မှာ ဆင်းရဲခြင်းကို ငြီးငွေ့လာမယ်ဆိုရင်တောင် အနည်းငယ်ကို ရောင်းထုတ်ပြီး သက်တောင့်သက်သာနဲ့ အထိန်းအကွပ်မဲ့ ဘဝကို ဆက်လက် ရှင်သန်နိုင်မှာပဲ ဖြစ်သည်။

"အစ်ကို ဝမ်၊ မင်း ငါ့ကို ငြင်းပယ်တဲ့ စာတစ်စောင်ရေးပေး၊ ဒီဘဏ္ဍာတွေကို ငါ့ ဆန္ဒအလျောက်စွန့်လွှတ်ပြီး၊ နိုင်ငံအနှံ့ မုဆိုးမနဲ့ မိဘမဲ့ ကလေးငယ်တွေအတွက် ရန်ပုံငွေအဖြစ် လှူဒါန်းကြောင်းဧကရာဇ်မင်းကို ပြောပြပေး'' နျဲ့ပုဖန်သည် ဧကရာဇ် အမိန့်ကို ဝမ်ရှင်းချန်ထံ လွှဲပေးလိုက်၏။

ဝမ်ရှင်းချန်က သူ့ကို လေးလေးနက်နက် အကဲခတ်ပြီး “ငါ့ လက်ရေးက ဧကရာဇ်အဖို့ မှတ်မိဖို့လွယ်တဲ့အတွက် ရေးရတာ အဆင်မပြေပါဘူး။ ကျန်းကျွင်းရှီ  မင်းက သူ့အတွက် ရေးပေးလိုက်ပါ"

ကျန်းကျွင်းရှီက ပြုံးပြီး ခေါင်းညိတ်လိုက်၏။
စည်းစိမ်ဥစ္စာ အများအပြားကို အလွယ်တကူ စွန့်လွှတ်လိုက်သော သူ၏ ကြီးမြတ်မှုသည် သာမန်လူများနှင့် မယှဉ်သာပေ။

နောက်တစ်နေ့တွင် နျဲ့ပုဖန်မှာ မြို့တော်သို့ မလိုက်လိုကြောင်း နိုးလာသော မိန်းမစိုး သိလိုက်သောအခါ ဝမ်ရှင်းချန် ၎င်းထံပေးသည့်စာကို ကိုင်ဆောင်ကာ သူ့ တစ်ကိုယ်လုံး ပြိုလဲလုနီးပါး ရှိုက်ကြီးတငင် ငိုကြွေးလေသည်။

နျဲ့ပုဖန် က သူ့ကို ပုခုံးပေါ် ပုတ်ပြီး နှစ်သိမ့်ပေး၏။ "စိတ်မပူပါနဲ့ ငါ့ကို ယုံပါ၊ ဧကရာဇ်က ဒီစာကို လက်ခံရရင် သူ စိတ်ဆိုးမှာ မဟုတ်ဘဲ မင်းကို ဆုချမှာပါ"

"တကယ်လား" မိန်းမစိုးက ငိုသည်။

"ဟုတ်တယ်။ မင်း စိတ်ပူစရာ မလိုဘဲ ပြန်သွားနိုင်တယ်" နျဲ့ပုဖန်က ရိုးသားစွာကြည့်လိုက်သည်။

ဝမ်ရှင်းချန်နှင့် ကျန်းကျွင်းရှီ တို့သည် နျဲ့ပုဖန်မိန်းမဆိုးအား နှစ်သိမ့်နေပုံကို ကြည့်ပြီး နှစ်ယောက်လုံး စာနာစိတ်များ ပေါ်လာကြသည်။

ဧကရာဇ်မင်း အကြောင်းကို ပြောရရင် မိန်းမစိုး ထွက်သွားကတည်းက သူ့စိတ်တွေ တစ်နေ့တခြား ပြောင်းလဲလာသည်။ သူသည် နိုင်ငံတော်အရေးကိစ္စများကို ကိုင်တွယ်ရာတွင် ယခင်ကကဲ့သို့  သိက္ခာရှိရှိ ဖြေရှင်း သော်လည်း ဟာရမ်နန်းဆောင် သို့ ပြန်ရောက်သောအခါတွင်မူ စိတ်တိုလာသည်။  ဆက်သား လွှတ်လိုက်တဲ့ မိန်းမဆိုးက ထွက်သွားတာ တစ်လခွဲလောက်ကြာသည့်တိုင် ဘာသတင်းမှ မကြားရသေးပေ။ သူသည် သည်းခံနိုင်စွမ်း မရှိတော့သဖြင့် လူအတင်းကျပ်ကို ခေါ်ဆောင်ရန် တော်ဝန် အစောင့်များကို စေလွှတ်လုနီးပါး ဖြစ်လာသည်။

ထိုအချိန်တွင် အမိန့်တော်ရ အတိုင်း သွားခဲ့သော မိန်းမဆိုး ပြန်ရောက်လာသော်လည်း နျဲ့ပုဖန်အားခေါ်မလာနိုင်ခဲ့ပေ။ ထိုအစား ပြေပြစ်စွာ ရေးသားထားသော တုန့်ပြန်စာ တစ်စောင်ကိုသာ ရခဲ့၏။

ဧကရာဇ်မင်းသည် စာပါ အကြောင်းအရာကို စိုက်ကြည့်ရင်း လက်ချောင်းများ အနည်းငယ် တုန်ခါကာ ချက်ခြင်းဆိုသလိုပင် စာကို ဘောလုံး တစ်လုံးကဲ့သို့ လုံးချေလျှက် ဒေါသတကြီးဖြင့် ၎င်းမိန်းမစိုးထံ ပစ်ပေါက်လိုက်၏။

''ကျန်း ဒီလူကို နန်းတော်ထဲကို ခေါ်လာဖို့ မောင်မင်းကို ခိုင်းလိုက်တယ်။ ဒါကို မောင်မင်းက ရက်ပေါင်းများစွာ နှောင့်နှေးနေတဲ့အပြင် လူကို ပါအောင် ခေါ်မလာနိုင်ခဲ့ဘူးလား''

မိန်းမစိုးသည် ပုဇွန်ခြောက်ကဲ့သို့ တွန့်ကွေးကာ ကြောက်ရွံ့တုန်လှုပ်နေ၏။

"ပြောပါ။ မောင်မင်းအတွက် အရမ်း ခက်ခဲနေသလား"

“အရှင်မင်းကြီး၊ ကျွန်တော့် အသက်ကို ချမ်းသာပေးတော်မူပါ၊ ကျွန်တော့် အသက်ကို ချမ်းသာပေးတော်မူပါ၊ ဒီကျွန်က အစွမ်းကုန်ကြိုးစားခဲ့တာပါ'' မိန်းမစိုးက ကြေကွဲစွာ ငိုလေသည်။

ဧကရာဇ်မင်းသည် အသံကို လျှော့ကာ ရေးထားသောစာ၏ အကြောင်းအရာကို ပြန်သတိရသွားသည်။ ၎င်းစာသည် နျဲ့ပုဖန် ကိုယ်တိုင်၏ လက်မှ ဆင်းသက်လာရန် မဖြစ်နိုင်သည်မှာ ထင်ရှားသည်။ထိုလူ၏ အကျင့်ဆိုးသည် မည်ကဲ့သို့ ညံ့ဖျင်းသည်ကို သူသိသည်။ ဒါပေမယ့် သူ့ကို အံ့အားသင့်စေခဲ့တာကတော့ ဒီစည်းစိမ်ဥစ္စာကို မဆိုင်းမတွ စွန့်လွှတ်လိုက်တာပါပဲ။

''ကျန်း က မင်းကို ရွေးချယ်ဖို့ အခွင့်အရေး ထပ်ပေးမယ်" ဧကရာဇ်မင်းသည် ထိုမိန်းမဆိုးအား ထပ်၍ အမိန့်ပေး၏။

''မောင်မင်း အမိန့်ကို ထပ်ပြီး ဆောင်ရွက်ရမယ်၊ ဒီတစ်ကြိမ် အဲ့လူကို ပါအောင် ခေါ်လာပါ''

"အရှင်မင်းကြီး၊ ကျွန်ုပ်ကို သနားပါ" မိန်းမစိုးက မြေပြင်ပေါ်တွင် ပြားပြားဝပ်လျှက် အသနားခံလေသည်။

''ဒီကျွန်ရဲ့အသက်ကို ညှာတာသောအားဖြင့် ဒီတာဝန်ကို တခြားလူထံ လွှဲပြောင်းပေးလို့ မရဘူးလား အရှင်''

"ဟမ်၊ ဒါဆို မင်း ခေါင်းကို ဒီနေရာမှာ ချန်ထားခဲ့လေ။ ဘယ်မှ သွားစရာ မလိုတော့ဘူး"

“အရှင်မင်းကြီး၊ ဤကျွန်က တာဝန်ကို ပြတ်ပြတ်သားသား ပြီးစေရပါမယ်”

“ကောင်းပြီ၊ ဒီတစ်ခါ မင်းနဲ့ အတူတူ ကြက်သိုက်ရွာကို ခေါ်သွားဖို့ အဖွဲ့တစ်ဖွဲ့ လွှတ်လိုက်မယ်။ လိုအပ်ရင် အဲ့လူကို ဖမ်းစီး ကြိုးတုပ်ပြီး ခေါ်လာခဲ့လို့ရတယ်''

''မှန်လှပါ။ ဒီကျွန် အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်''

မိန်းမစိုး ထွက်သွားသောအခါ ဧကရာဇ်မင်က မေးစေ့ကို ပွတ်သပ်ရင်း အတွေးများနေခဲ့သည်။  လူများစွာသည် ထိုအတင့်ရဲပြီး ရိုင်းစိုင်းသောလူအား လျှို့ဝှက်စွာ ကာကွယ်ပေးနေပုံရသည်ကို သူ ဖျတ်ခနဲ သတိထားမိလိုက်သည်။

ဝမ်၊ လီ၊ ရှန်း၊ ဝေ။  ဧကရာဇ်မင်းသည် စကားလုံးအနည်းငယ်ကို စုတ်တံဖြင့် ရေးကာ ခဏလောက်စဉ်းစားပြီးနောက် စာရွက်ပေါ်တွင် "ကောင်းကင်ဘုံနတ်နန်းတော်" ဟု ရေးခဲ့သည်။

“ဟား” သူ ညည်းတွားလိုက်သည်။

“မင်း တော်တော် ချစ်စရာကောင်းတာပဲ၊  ဒီလိုမျိုး ရတနာကို မလိုချင်ဘူးလို့ ပြောတယ်ဆိုတော့ ကောင်းပြီလေ၊ ကျန် က မင်းရဲ့ ဆန္ဒကိုဖြည့်စည်း ပေးလိုက်မယ်"

သုံးရက် အကြာတွင် ဧကရာဇ်မင်းထံမှ ပညာရှိကြီး ပွားပေါင်၏ အမွေဆက်ခံသူ နျဲ့ပုဖန်သည် ဆင်းရဲနွမ်းပါးသူများအတွက် ငွေ 105,200 ခန့်ကို နိုင်ငံတော် ဘဏ္ဍာတိုက်သို့ လှူဒါန်းခဲ့ကြောင်း အကြောင်းကြား စာထုတ်ပြန်ခဲ့သည်။

သည်သတင်းထွက်လာတာနဲ့ တစ်ပြိုင်နက် တတိုင်းပြည်လုံးကို တုန်လှုပ်သွားစေခဲ့၏။

ငွေ တစ်သိန်း ငါးထောင်၊ ဤမျှများပြားလှသော ငွေပမာဏဖြစ်သော်လည်း မျက်တောင်မခတ်ဘဲ စွန့်လွှတ်လိုက်သည့် ဤ ပညာရှိကြီး ပွားပေါင် ၏ အမွေဆက်ခံသူသည် မည်သို့သော သူရဲကောင်းဆန်သော ပုဂ္ဂိုလ် ဖြစ်သနည်း။

သို့သော် မကြာမီတွင် ဧကရာဇ်မင်း၏ ဆင့်ခေါ်မှုကို အကြိမ်ကြိမ် ငြင်းဆိုခဲ့သည့် သတင်းသည်မှာလည်း တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ သုံးကြိမ်ဆက်တိုက် ဆင့်ခေါ်ခဲ့သော်လည်း မအောင်မြင်ဘဲ ပြန်ဆုတ်ခဲ့ရသည်။ ဧကရာဇ်မင်းသည် အလွန်စိတ်ဆိုးသော်လည်း တစ်တိုင်းပြည်လုံးက စောင့်ကြည့်နေချိန်တွင် ထိုသူ့ကို ဖမ်းဆီး ခေါ်ဆောင်ရန် လူများကို ပြောင်ပြောင်တင်းတင်း မစေလွှတ်နိုင်ပေ။ သည်လိုလုပ်ရင် ဖြောင့်မတ်တဲ့ ပညာရှင်တွေက ဝေဖန်တာကိုခံရမှာ သေချာသည်။

နျဲ့ပုဖန်းကို နန်းတော်ထဲ ရောက်အောင် ခိုးယူဖို့ ကျွမ်းကျင် ပညာရှင် တစ်ဦးကို တိတ်တဆိတ် စေလွှတ်ခဲ့ပေမယ့် ခြွင်းချက် မရှိဘဲ အားလုံးက မအောင်မြင်ခဲ့ပြန်ချေ။ သူပြန်ပြောပြတာကို နားထောင်ရသလောက် နျဲ့ပုဖန်နေထိုင်တဲ့  ကြက်သိုက်ရွာဟာ တော်ဝင်နန်းတော်နဲ့ ယှဉ်နိုင်တဲ့ လုံခြုံရေးရှိပြီး သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက စစ်တပ် တစ်ခုလုံးနဲ့ ညီမျှပါတယ်ဟုဆိုသည်။

ဧကရာဇ်မင်းသည် အလွန် စိတ်အားငယ်နေကာ သူ့ကိုပြန်ဖမ်းရန် ဤမျှခက်ခဲလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိပေ။ နျဲ့ပုဖန်းကို နန်းတော်ထဲကို ခေါ်ခိုင်းဖို့ လူတွေကို စေလွှတ်လိုက်တဲ့အခါ ဖန်းလုံက ဘာကြောင့် ထူးဆန်းတဲ့ အပြုံးကို ပြခဲ့တာလဲဆိုတာ သူ နောက်ဆုံး နားလည်သွားပါပြီ။ ဒါက ရလဒ်ဖြစ်မယ်ဆိုတာ ဟိုးအရင်ကတည်းက ဖန်းလုံ သိခဲ့တာပဲဖြစ်မည်။

ဧကရာဇ်မင်းသည် အံကြိတ်ကာဆောက်တည်ရာ မရ ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင်သူသည် စိတ်ထွက်ပေါက် အဖြစ် သူ့ဒေါသများ အားလုံးကို ဝန်မင်း အမှုထမ်းတို့၏ ခေါင်းပေါ်ပုံချကာ သေလောက်တဲ့အထိ ဖိအားပေး၍ အလုပ်များ စေခိုင်းလေတော့သည်။

တော်ဝင်နန်းတော်၏ ဆင်းရဲကျပ်တည်းမှုကဲ့သို့ပင်၊ လီ မိသားစုသည်လည်း ကပ်ဆိုး တစ်ခု ကြုံတွေ့နေရသည်။

လီမိသားစု၏ အကြီးဆုံးသား လီရီနှင့် သူ့ ဖခင်တို့ပြဿနာ ဖြစ်နေကြသည်။ အကြောင်းရင်းမှာ သခင်လေး လီ သည် အမျိုးသား တစ်ဦးကို ချစ်မိသွားပြီး မိသားစု အမွေကို စွန့်လွှတ်ကာ ကျန်ဘဝတစ်လျှောက်လုံး အခြား တစ်ယောက်နှင့် ကုန်ဆုံးလိုသောကြောင့် ဖြစ်သည်။

ဖခင်လီသည် ဒေါသတကြီး ဖြစ်ကာ ထိုသတင်းကိုမပေါက်ကြားရန် တားဆီး၍ လီရီအား နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။ ဒါပေမယ့် လီရီ ရဲ့ သိုင်းပညာကြောင့်သာမက လီဟွေ့၏ လျှို့ဝှက်အကူအညီကြောင့် သူ့ကို လှောင်ပိတ်မထားနိုင်ပေ။

ထိုအချုပ်ခန်း တံခါးကို အရင်နေ့တုန်းက သော့ခတ်ထားပေမယ့် နောက်နေ့မှာတော့ အန္တရာယ် မရှိဘဲ ထွက်လာနိုင်ခဲ့၏။ သို့သော် လီရီက ရှောင်မပြေးဘဲ နေ့တိုင်း သခင်ကြီး လီရှေ့မှာ ပေါ်လာတတ်သည်။

ထမင်း စားချိန်အတွင်း သူသည် “အဖေ၊ ကျွန်တော်တစ်သက်လုံး အဲ့လူနဲ့ ဖြတ်သန်းချင်တယ်၊ ဒါကြောင့် ကျွန်တော့်ကို ခွင့်ပြုပေးပါ''

သခင်ကြီး လီ စာဖတ်နေသောအခါတွင်လည်းသူက သစ်သားငုတ်တိုလို အခန်းထဲမှာ ရပ်ပြီး “အဖေ၊ ကျွန်တော် ဒီလူနဲ့ တစ်သက်လုံး ကုန်ဆုံးချင်တာမို့ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်ပြုပေးပါ''

အိမ်သာသွားစဉ် တံခါး အပြင်ဘက်တွင် တင်းတင်းကြပ်ကြပ်မတ်တပ် ရပ်ကာ “အဖေ၊ ကျွန်တော်တစ်သက်လုံး အဲ့လူနဲ့ ဖြတ်သန်းချင်ပါတယ်၊ ကျွန်တော့်ကို ခွင့်ပြုပေးပါ''

ရေချိုးနေစဉ် ရေချိုးခန်းသုံး ပစ္စည်းများကို ကိုင်ကာ ရှေ့တည့်တည့်တွင် ရပ်လျှက် “အဖေ၊ ကျွန်တော် ဒီလူနဲ့ တစ်သက်လုံး ကုန်ဆုံးချင်ပါတယ်၊ ကျွန်တော့်ကို ခွင့်ပြုပေးပါ''

အိပ်ပျော်နေတုန်း အမှောင်ထဲမှာ “အဖေ၊ ကျွန်တော် ဒီလူနဲ့ တစ်သက်လုံး ဖြတ်သန်းချင်တယ်၊ ကျွန်တော့်ကို ခွင့်ပြုပေးပါ''

"အားးး.." လဝက်လောက်ကြာတော့ သခင်ကြီး လီလည်း နောက်ဆုံး အလျော့ပေးလိုက်ရသည်

"သွား..သွား၊ ငါ ခွင့်ပြုတယ်၊ ငါ ခွင့်ပြုတယ်"

''ကျေးဇူးပြုပြီး ဒီအဖိုးကြီးကို ထပ်အနှောက်ယှက်မပေးပါနဲ့တော့''

လီရီ၏ မူလ အေးစက်သော အမူအရာသည် ပျော့ပြောင်းကာ ပြုံးလျှက် ရိုးသားစွာ ပြောလိုက်သည်။

"အဖေရဲ့ ခွင့်ပြုချက်အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်ကို ပြုစုပျိုးထောင်ပေးတဲ့ အဖေ့ ရဲ့ ကြင်နာမှုအတွက်၊ ဒီသားက နောင်ဘဝမှာ ကျေးဇူးဆပ်ပါရစေ''

"ပြန်မဆပ်နဲ့၊ မင်းပြန်မဆပ်နဲ့တော့" 

သခင်ကြီး လီသည် သူ့ လက်ကို အားလျော့စွာ ဝှေ့ယမ်းကာ ပင်ပန်းနွမ်းနယ်စွာဖြင့် “နောင်ဘဝဆက်တိုင်း ဆက်တိုင်းမှာ မင်းလို သားမျိုးနဲ့ ငါ ဝေးဝေးနေပါရစေလို့ ဆုတောင်းတယ်၊ ဒီဘဝမှာလည်း ငါ အသက်ရှည်ရှည် နေချင်သေးတယ်''

လီရီသည် ဦးညွှတ်ကာ သခင်ကြီး လီအား လေးလေးနက်နက် နှုတ်ဆက်၍ ထွက်ခွာသွားခဲ့သည်။

"အိုက်ယား..လီဟွေ့၊ လီ မိသားစုက အနာဂါတ်မှာ မင်းကိုပဲ အားကိုးလိမ့်မယ်" 
သခင်ကြီး လီက လီဟွေကို ပုခုံးပေါ် ပုတ်လိုက်သည်။

လီဟွေ့ သည် လီရီ ထွက်ခွာသွားသည်ကို ငြူစူသော မျက်လုံးများဖြင့် ကြည့်နေသော်လည်း သူ့လေသံမှာ အလွန်လေးနက်လှသည်
"အဖေ၊ ဒီသားက အဖေ့ကို စိတ်မပျက်စေရပါဘူး"

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now