Chapter 63

2.1K 256 5
                                    

Chapter - 63
ညအတွက် အချိန်းအချက်


စျေးထဲတွင် ဤကဲ့သို့ ရုန်းရင်းဆန်ခတ် ဖြစ်ပြီးနောက်မှာ ကြက်သိုက်ရွာ၏ ကြက်အုပ်စုကို လူတွေက အန္တရာယ် အဖြစ် မှတ်ယူသွားကြလေသည်။ ထို့ကြောင့် စိုးရိမ်စိတ် မအေးနိုင်သော နျဲ့ပုဖန်ကို ဝမ်ရှင်းချန်က ဆွဲခေါ်ကာ လက်ရှိ နေအိမ်သို့ ပြန်လာခဲ့၏။

“ခေါင်းမော့''

ဝမ်ရှင်းချန်က ရေနွေးစိမ်ထားသော မျက်နှာသုတ် ပုဝါ ပူပူအား ဖြန့်ပြလိုက်သည်။

နျဲ့ပုဖန်လည်း ဝမ်ရှင်းချန်၏ အယုအယကိုသဘောကျကည သူ့ သရဲ မျက်နှာဖုံးကို ချွတ်၍ မျက်နှာလေး အလိုက်သင့် မော့ပေး၏။
ဝမ်ရှင်းချန်က သူ့မျက်နှာကို သေသေချာချာ သုတ်လိုက်ပေးပြီး လက်ကိုလည်း ဆေးပေးသည်။

ထိုစဥ် နျဲ့ပုဖန်က မျက်လုံးဖွင့်ပြီး ရုတ်တရက် မေးလိုက်၏။

"အစ်ကို ဝမ်၊ မင်းက ဗုဒ္ဓ ရုပ်ပွားတော်တွေကိုရော ဒီလို သုတ်လေ့ရှိလား"

ဝမ်ရှင်းချန်မှာ နျဲ့ပုဖန် မျက်နှာလေးကို သူ့ လက်ထဲမှာ ရှားပါး ရတနာတစ်ခုကို ကိုင်ဆောင်ထားသလိုမျိုး၊ ဘာသာတရား တစ်ခုကို ကိုင်းရှိုင်း သက်ဝင်နေသလိုမျိုး စူးစူးစိုက်စိုက် ကြည့်နေသည်။ ထိုအကြည့်၊ ထိုအထိတွေ့မှာ နျဲ့ပုဖန်အား မြတ်နိုးခြင်းကိုထင်ထင်ရှားရှား ခံစားရစေ၏။

ဝမ်ရှင်းချန်၏ လှုပ်ရှားမှုများ ဤသို့ ရပ်တန့်နေခဲ့သည်။

ထို့ကြောင့် နျဲ့ပုဖန်က သူ့ကို ပွေ့ဖက်ပြီး "မင်းရဲ့ စိတ်နှလုံးထဲမှာ ငါ့ရဲ့ တည်ရှိမှုက ဗုဒ္ဓနဲ့ ယှဉ်နိုင်ပါ့မလား"

ဝမ်ရှင်းချန်က ...
“ဗုဒ္ဓ ဥာဏ်တော်ကြောင့် ဗုဒ္ဓကို ယုံကြည်တယ်၊ ဗုဒ္ဓ တရားတော်မှာ ကုသိုလ်ကောင်းမှု ပြုရင် ကောင်းကျိုး ပေးလိမ့်မယ်၊ မကောင်းမှုပြုရင် ဆိုးကျိုးပေးလိမ့်မယ် လို့ ဟောကြားထားတယ်၊ မင်းနဲ့တွေ့ပြီးတဲ့နောက်မှာ ဗုဒ္ဓက ငါ့ရဲ့ဖောက်ပြားမှုအတွက် အခုလို အပြစ်ဒဏ် ပြန်ခတ်နေတာ ဖြစ်လိမ့်မယ်''

"ငါ့ကြောင့်လား၊ အပြစ်ဒဏ်ခံရတာ''  
နျဲ့ပုဖန်သည် သူ့ကိုယ်သူ ညွှန်ပြပြီး မကျေမနပ် အကြည့်ဖြင့် စိုက်ကြည့်နေသည်။

“အရာ အားလုံးက အကြောင်းရှိလို့ အကျိုးဖြစ်လာတာတွေချည်းပဲ၊ မင်းနဲ့ ဆုံရတာက ဗုဒ္ဓက ဒဏ်ခတ်တာ ဆိုရင်တောင် ငါ ကောင်းကောင်းကြီး ခံဝံ့တယ်''
ဝမ်ရှင်းချန်က ခေါင်းငုံ့ကာ နျဲ့ပုဖန် နဖူးကို နမ်းလိုက်သည်။

နျဲ့ပုဖန်လည်း ရှက်သွေးဖျာပြီး ဘာမှ မပြောတော့ပဲ ခေါင်းငုံ့နေပြီး  ကြောင်လက်သည်းဖြင့် ခြစ်လိုက်သလိုမျိုး သူ့ နှလုံးသားထဲ ယားယံလာ၏။

ဝမ်ရှင်းချန် ပြုံးလိုက်သည်။ မျက်နှာသုတ်ပုဝါကို ချလိုက်ပြီး အဝတ်အစားကို ချွတ်ကာ နျဲ့ပုဖန်အား ဇလုံထဲသို့ သယ်သွားလိုက်သည်။

ထို့နောက် သူတို့ အတူတူ ရေချိုးကြသည်။ စည်ပိုင်းထဲတွင် အရွယ်ရောက်ပြီးသူ နှစ်ယောက် ထိုင်ဖို့အတွက် စည်ပိုင်းအရွယ်အစားကအနည်းငယ် သေးနေ၏။

နျဲ့ပုဖန်မှာ ဝမ်ရှင်းချန်၏ ခါးတစ်ဖက် တစ်ချက်တွင် ခြေထောက်နှစ်ဖက်ကို ထောင်ထားသလိုမျိုး ထိုင်လျက်၊ အခန်းသည် အစိုဓာတ်နှင့် တိတ်ဆိတ်ငြိမ်သက်နေပြီး ရံဖန်ရံခါ ရေပွက်သံကိုသာ ကြားနေရလေသည်။

အမှောင်ထုတွင်၊ ရုပ်ပုံနှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားပုံရပြီး၊ အရေပြား အချင်းချင်းနှင့် အသက်ရှုသံတို့ ရောနှောနေ၏။

ဝမ်ရှင်းချန်လည်း အထိအတွေ့တွေကြောင့်အလိုဆန္ဒကို မစောင့်စည်းနိုင်တော့ပဲ နျဲ့ပုဖန်အားသိမ်းပိုက်လိုက်တော့သည်။

ရေတွေက နေရာအနှံ့ ပြန့်ကျဲ ပြီး သူတို့ရဲ့ အသားအရည်ပေါ်မှာလည်း အဆက်မပြတ် စီးဆင်းနေ၏။ သစ်သား ရေစည်မှာ ဆက်တိုက်တုန်ခါမှုကို ခံနိုင်ရည်မရှိသကဲ့သို့ ၎င်းတို့၏ လှုပ်ရှားမှုများနှင့်အတူ တဆတ်ဆတ် တုန်နေသည်။

နျဲ့ပုဖန် အပေါ်အောက် လှုပ်ခါကာ ထိုင်လိုက်တိုင်း သူ့ တစ်ကိုယ်လုံး၏ အလေးချိန်က ဝမ်ရှင်းချန်ကို ဖိမိသွားပြီး ပူပြင်းသော အရေများလည်း ခန္ဓာကိုယ် အတွင်းထဲသို့ စိမ့်ဝင်သွားလေ၏။

ကျဉ်းမြောင်းသော ဇလုံထဲတွင် နှစ်ဦးသား ချစ်တင်းနှောမှုသည် တိုတောင်းသော်လည်း အပြည့်အဝ ခံစားနိုင်ခဲ့ကြသည်။

"ဝမ်... ငါ မလှုပ်နိုင်တော့ဘူး" 
နျဲ့ပုဖန်က သစ်သား ဇလုံလက်ကိုင်ကို အားပြုကာမတ်တပ်ထဖို့ ကြိုးစား၏။

"ဒါဆို အိပ်ယာ ဝင်ရအောင်"
မထနိုင်သော နျဲ့ပုဖန်ကို ဝမ်ရှင်းချန်က ပွေ့လိုက်သည်။

''အင်း''

နျဲ့ပုဖန်လည်း ခြေလက် အစုံတို့ဖြင့် ဝမ်ရှင်းချန်ကိုသိုင်းဖက်ထား၏။

ဝမ်ရှင်းချန်လည်း နှစ်ယောက် အလေးချိန်ကြောင့် အားယူပြီး မတ်တပ်ထကာ ရေစည်ထဲမှ ထွက်လာသည်။ ရေတွေ စိုနေသောကြောင့် ကြမ်းပေါ်မှာလည်း ရေစက်တွေ ပြန့်ကျဲသွား၏။

“အင်း…..” သည်လှုပ်ရှားမှုကြောင့် ဝမ်ရှင်းချန်ရဲ့ မာကျောတဲ့ အရာနဲ့ အတွင်းနံရံတွေကို ပွတ်တိုက်သွားသဖြင့် နျဲ့ပုဖန်က ညည်းညူသံကို မထိန်းနိုင်ခဲ့ပေ။

သည်အခိုက်အတန့်မှာ အဝတ်အစားတွေကို ကောက်ဖို့ ပြင်ဆင်နေတဲ့ ဝမ်ရှင်းချန်ရဲ့လက်က လေထဲမှာ ရပ်သွားပြီး မျက်လုံးတွေ မှိတ်ကာ နားစွင့်လိုက်သည်။ တံခါး အပြင်ဘက်တွင် အသံတစ်သံကို သူကြားနေပုံရ၏။

ထို့နောက် နျဲ့ပုဖန်ကို ပွေ့ထားလျှက်ကပင် အဝတ်တွေကို ကုန်း၍ ကောက်ယူကာ
နှစ်ဦးစလုံး၏ ကိုယ်ကို ဖုံးလိုက်၏။

"ဘာဖြစ်တာလဲ" နျဲ့ပုဖန်က အသံတိုးတိုးဖြင့် မေးသည်။

"ရှူး၊ တစ်ယောက်ယောက် လာနေတယ်"  ဝမ်ရှင်းချန်က သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပေမယ့် သူ့ အဖွဲ့ဝင်ကို မရုပ်သိမ်းခဲ့ပါဘူး။

သူတို့ ပုန်းခိုပြီးသည်နှင့် တပြိုင်နက် တံခါးတွန်းဖွင့်သံကို သူတို့ ကြားလိုက်ရသည်။

"ထူးဆန်းလိုက်တာ၊ သူ ဘယ်ရောက်သွားတာလဲ'' လီရီ၏ အသံမှန်း အံ့သြစရာကောင်းလောက်အောင် ရင်းရင်းနှီးနှီး သူတို့သိနေ၏။

“ရေက ပူတုန်းပဲ၊ အခုမှ သုံးထားတာ ထင်တယ်”  ကျန်းကျွင်းရှီလည်းပါသည်။

နျဲ့ပုဖန်သည် အမှောင်ထဲတွင် ခေါင်းကို ငုံ့ထား၏။

ထိုအချိန်မှာပင် ဝမ်ရှင်းချန်က က သူ့ အတွင်းသားထဲသို့ တွန်းထိုးလိုက်သည်။ နျဲ့ပုဖန်လည်း လန့်ဖျပ်သွားကာ ဝမ်ရှင်းချန်ကို စိုက်ကြည့်၍ ညည်းတွားသံကို အမြန် ဖုံးအုပ်လိုက်ရသည်။ ထို့နောက် ဝမ်ရှင်းချန်သည် ဖြေးဖြေးချင်း ပြန်ဆုတ်သွားပြီး အတွင်လမ်းကြောင်းမှ အရေတချို့ စိမ့်ထွက်လာ၏။

သူတို့ အပြင်ဘက်ကိုလည်း နံရံအပေါက်ငယ် တစ်ခုကနေ ချောင်းကြည့်နေရသည်။

"ရေချိုးပြီး ဘယ်သွားတာလဲ'' 
လီရီက မေးခွန်းထုတ်သည်။

"ဒီတစ်ခါတော့ သူ့ကို မလွတ်စေနဲ့" 
ကျန်းကျွင်းရှီ၏ လေသံမှာ အနည်းငယ် စိတ်တိုနေပုံရ၏။

"သူ့ကို ဖမ်းမိရင် သင်ခန်းစာ တစ်ခုခု သေချာသင်ပေးရမယ်''
လီရီ ပြင်းပြင်းထန်ထန် ကြိမ်းဝါးလိုက်သည်။

နျဲ့ပုဖန်ကတော့ ဤခြိမ်းခြောက်မှုကို နှာချောင်းရှုံ့မိ၏။

ထိုအချိန်မှာပင် ဝမ်ရှင်းချန်က သူ့ ကျောကို နံရံတွင်ဖိကပ်ကာ ပေါင်ကို ပိုကားစေလိုက်သည်။

နျဲ့ပုဖန်လည်း ဝမ်ရှင်းချန်ကို တင်းတင်းဖက်ထား၏။

တစ်ချိန်တည်းမှာပင် ကျန်းကျွင်းရှီသည် ၎င်းတို့နှင့် ၁၀ မီတာမျှ မဝေးသော အကွာအဝေးတွင်ရှိနေခဲ့၏။

ထို့နောက် နျဲ့ပုဖန်၏ အဝင်ဝထဲကို တိုးကြိတ်ပြီး တစ်ချက်ချင်း ဝင်လာသော မီးခဲနှင့် တူသည့် မာကျောသော အရာကို ရုတ်တရက် ခံစားလိုက်ရမှပင် သူ့မှာ သတိလစ် မေ့မြောမတတ် ဖြစ်သွားရသည်။

သို့သော် သူ နှုတ်ခမ်းကို ကိုက်လိုက်ကာ တုန်လှုပ်စွာဖြင့် တစ်ဖက်က ကျန်းကျွင်းရှီကို လှမ်းကြည့်လိုက်သည်။ သူ အော်ချင်သော်လည်း မအော်ရဲတော့ဘဲ ဂျပန်ခေတ် လင်ငယ်နေသလို ထိတ်လန့်နေရ၏။

ဝမ်ရှင်းချန်မှာလည်း သည်လို ရိုင်းစိုင်းတဲ့ဘက် ရှိလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။

သူသည် နျဲ့ပုဖန်၏ ခါးကို လက်တစ်ဖက်ဖြင့် ရစ်ပတ်ကာ အသံ မမြည်အောင် ဖြည်းညင်းစွာ လှုပ်ရှားသော်လည်း ဤလှုပ်ရှားမှုကြောင့် နျဲ့ပုဖန်မှာ ပို၍ ကောင်းမွန်နေလေသည်။
သူ့ ခန္ဓာကိုယ်အား မာကျောသော ကြွက်သားများရှိသည့် ဝမ်ရှင်ချန် ရင်အုံနှင့် ပူးကပ်ထား၏။
အကယ်များ ဤအခိုက်တန့်တွင် သူတို့ နည်းနည်းလေး အသံထွက်မိပါက ကျန်းကျွင်းရှီ လက်ထဲမိသွားနိုင်သည်။

သူတို့တွေ သည်ကို ဘယ်လိုလုပ် ရောက်လာကြတာလဲ။

စင်စစ် နျဲ့ပုဖန်သည် အားလုံးကို ပစ်ပယ်ကာ ရွာမှထွက်ပြေးခဲ့သော အပြစ်ကို ဦးစွာ ကျူးလွန်ခဲ့သူဖြစ်ပြီး ယခုတွင် ဝမ်ရှင်းချန်နှင့် အတူ ၎င်းတို့ထံမှ ပုန်းအောင်းနေခဲ့သည်။ ထို့ကြောင့် သူ့အား ရှာတွေ့သွားကြပါက ပြင်းထန်စွာ ပြစ်ဒဏ်ကို ခံရမှာ သေချာသည်။

သူ မလှုပ်ဝံ့၊ ထို့ကြောင့် ဝမ်ရှင်းချန် စိတ်တိုင်ကျ လုပ်ခွင့်ပေးလိုက်သည်။ ကံကောင်း ထောက်မစွာ၊ ကျန်းကျွင်းရှီနှင့် လီရီတို့သည် သူတို့ကို မရိပ်မိပဲ ဤနေရာ၌ ခဏမျှ ရှာဖွေကာ ပြန်ထွက်သွားကြလေသည်။

ကျန်းကျွင်းရှီနှင့် ၎င်း၏ နောက်လိုက်တွေ အားလုံးထွက်သွားကြချိန်မှာပဲ နျဲ့ပုဖန် ထိန်းထားသမျှအော်ဟစ်လိုက်တော့သည်။
သူ့ အတွင်းနံရံတွေကို အပူစီးကြောင်းတွေ ဖြတ်ဝင်လာပြီး သူ့ ဦးနှောက်မှာ ရူးသွပ်လုမတတ် ဖြစ်သွားစေ၏။

ဝမ်ရှင်းချန်အတွက်တော့ နျဲ့ပုဖန်၏ လှပသော ငြီးညူသံသည် သူ့ သမာဓိ၊ သိက္ခာ တရား အားလုံးကို မြေခံသွားစေရန် လုံလောက်သည်။

ဝမ်ရှင်းချန်၏ နွေးထွေးသော အသက်ရှုသံများက နျဲ့ပုဖန် နားပေါ်သို့ ကျဆင်းလျှက်၊ လွတ်မြောက်မှုကို ရှာဖွေတွေ့ရှိပြီးနောက် အလိုဆန္ဒသည် မငြိမ်းသက်သေးပဲ ဝမ်ရှင်းချန်မှာ နျဲ့ပုဖန် ကိုယ်အတွင်း၌ နစ်မြုပ်နေဆဲဖြစ်ပြီး ထွက်ခွာရန် တွန့်ဆုတ်နေသေးသည်။

နျဲ့ပုဖန်းသည် အားလုံး မရှိတော့သည်ကို မြင်သောအခါ ဝမ်ရှင်းချန် ပုခုံးကို ကိုက်ခဲလိုက်သည်။

ဝမ်ရှင်းချန်က ဒေါသကြီးနေသော နျဲ့ပုဖန်၏ ဆံပင်များပေါ်၌ အနမ်းများချွေ လိုက်၏။

"ထုတ်လိုက်တော့လေ''
နျဲ့ပုဖန် အံကြိတ်လျှက် ပြောလိုက်သည်။
 
“အင်း”
ဝမ်ရှင်းချန်က အင်း တလုံးတည်း တုန့်ပြန်ပြီး မလှုပ်မယှက်။

ထို့ကြောင့်နျဲ့ပုဖန်လည်း သူ့ လက်သည်းဖြင့် ဝမ်ရှင်းချန် ငယ်လေးအား ကုတ်ခြစ် ဆုပ်ကိုင်၍ ထုတ်ပစ်ခဲ့သည်။

ဝမ်ရှင်းချန်မှာ ကောင်းကင်ဘုံမှ ငရဲသို့ ကျသွားသလို ခံစားလိုက်ရ၏။

ပြီးနောက် နျဲ့ပုဖန်က သူ့ကို လက်ဖြင့် တွန်းထုတ်လိုက်သည်။

“သွားသွား၊ အဝတ်သွားယူ၊  ဒီအချိန်မှာ ကိုယ်လုံးတီးနဲ့ ထွက်ပြေးရရင် ရှက်စရာကြီး''

ဝမ်ရှင်းချန်က ခေါင်းညိတ်ပြပြီး ချက်ခြင်း ပျောက်သွား၏။

နျဲ့ပုဖန်က သက်ပြင်း တစ်ချက်ချလိုက်သည်။ ထို့နောက် သူ့ ခန္ဓာကိုယ်ကို ရွှေ့လိုက်တဲ့အခါမှာတော့ အရည်တွေမှာ သူ့ ကိုယ်တွင်းကနေ ချက်ချင်း စီးကျလာပြီး သူ့ ပေါင်တံ တစ်လျောက် ဆင်းသွားလေသည်။

သို့ရာတွင် နျဲ့ပုဖန်မှာ ဒေါသတကြီးဖြင့် ခြေဆောင့်နေရုံသာ တတ်နိုင်၏။

ဝမ်ရှင်းချန် ကဲ့သ်ို့ ကြီးကျယ် ခမ်းနားသော တစ်ယောက်သည် ဤကဲ့သို့ ပျက်စီးသွားခဲ့သည်။ ၎င်းသည် လုံးဝ ပျက်စီးသွားပြီ။

ဤသို့ဖြင့် နှစ်ယောက်သား အဝတ်အစား ဝတ်ပြီးနောက် နျဲ့ပုဖန်က “သူတို့ အနားမှာ ရှိနေကြသေးလား” ဟု မေးလိုက်သည်။

“ရှိသေးတယ်'' ဝမ်ရှင်းချန်က သူ့ကို ကြည့်ကာ "မင်းသူတို့နဲ့ ထွက်တွေ့မလို့လား''

နျဲ့ပုဖန်က ခဏတွေးနေပြီးနောက် “ငါ ရွာ ပြန်သင့်တယ်” ဟု လေးလေးနက်နက် ပြောလာ၏။

“ပြီးတော့ရော ...”

"ဒါဆို အခုသွားရအောင်" နျဲ့ပုဖန် က ပြတ်ပြတ်သားသား ပြောလိုက်သည်။ “အရာရာတိုင်းမှာ အစနဲ့အဆုံးရှိရမယ်။ တိတ်တိတ်ဆိတ်ဆိတ် လာတဲ့အတွက် သဘာဝအတိုင်း တိတ်တိတ်ဆိတ်ဆိတ် ပြန်သွားရမယ်''

ဝမ်ရှင်းချန် ဘာမှ ပြန်မပြောနိုင်။
သည်ကောင့်ဆီမှာ ဘယ်လောက်အထိ ပြီးပြည့်စုံတဲ့လိမ်ဆင်တွေ ရှိနေနိုင်မလဲ။

သို့သော် ဝမ်ရှင်းချန်က အခြားကိစ္စတွေကို ထည့်သွင်း စဉ်းစားမည် မဟုတ်။ နျဲ့ပုဖန် ဘာလုပ်လုပ် အပြည့်အဝ ပံ့ပိုး ပေးသွားမှာ ဖြစ်သည်။

ဤသို့ဖြင့် ထိုညတွင် နျဲ့ပုဖန်နှင့် ဝမ်ရှင်းချန်တို့ ကြက်သိုက်ရွာဆီ အပြေးပြန်ခဲ့ကြတော့သည်။

လီယီနှင့် အခြားသူများကတော့ ထိုနေရာတစ်ဝိုက်လှည့်ပတ် ရှာနေပြီး မတွေ့သောအခါ ၎င်းအိမ်၌ နေ၍ ယုန်ကို စောင့်ဖမ်းဖို့ ဆုံးဖြတ်လိုက်ကြသည်။
သို့သော် ယုန်သည် လှောင်အိမ်ဆီကို ပြန်ပြေးသွားခဲ့ပြီ ဆိုတာ သူတို့ မသိခဲ့ကြ။

.....

နောက်တစ်နေ့သည် နေသာသော နေ့ဖြစ်သည်။ နျဲ့ပုဖန်သည် ရွာအဝင် တံခါးရောက်မှပဲ လန်းဆန်းသွားသလို ခံစားလိုက်ရကာ ခြံထဲသို့ ဝင်ရန် သူ့ကြွက်သားများကို ဆန့်ထုတ်ကာ အားယူလိုက်သည်။ ထို့နောက် ရုတ်တရက် လက်နှစ်ဖက်ကို ဆန့်တန်းပြီး "ဟေ့ကောင်တွေ၊ ငါ ပြန်လာပြီ" ဟုအော်လိုက်၏။

သူ့ အသံကြားသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ရှိ ကြက်များသည် ဒီရေလှိုင်းများကဲ့သို့ အုံကြွ လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို လန့်လောက်အောင် ကျယ်လောင်စွာ အော်ဟစ်ကြလေသည်။

နျဲ့ပုဖန် ကျေနပ်သွား၏။ ထို့နောက် သူ လက်ကို ချလိုက်သည်နှင့် ခြံ အပြင်ဘက်မှ ရင်းနှီးသော အသံတစ်ခု ကြားလိုက်ရသည်။

"နျဲ့ပုဖန်"

နျဲ့ပုဖန် လှည့်ကြည့်လိုက်ရာ ပိန်ပိန်ပါးပါးနှင့် သူ့ပါးပြင် နှစ်ဖက်လုံးမှာ နီရဲနေပြီး ဖျော့တော့နေသော စုချန်းယီကို တွေ့လိုက်ရသည်။ ၎င်းက စူးရှပြီး ဆာလောင်နေသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေ၏။

"ဘယ်တုန်းက ပြန်ရောက်တာလဲ"

"အခုပဲ" နျဲ့ပုဖန်က သူ့ကို နှုတ်ဆက်ပြီး "အစ်ကို စု၊ မင်း နေမကောင်းသေးဘူးလား၊ မင်း ကျန်းမာရေး မကောင်းမွန်သေးဘူးလား ''လို့ မေးလိုက်၏။

စုချန်းယီ လှည့်ပတ်ကြည့်ပြီးနောက် အေးစက်စွာပြောလာသည်။
"လီရီတို့ရော။ မင်းနဲ့ အတူ ပြန်မလာဘူးလား"

"သူတို့က မြို့ထဲမှာ အရမ်းပျော်နေကြတယ်၊ နောက်မှ ပြန်လာကြမယ်တဲ့''
နျဲ့ပုဖန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

“ကောင်းသားပဲ''  စုချန်းယီက သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး "ဒီည ငါ့ အခန်းထဲ လာပါ" ဟူ၍ အမိန့်ဆန်စွာ ပြောလိုက်သည်။

''ဘာလုပ်မလို့လဲ''

"ရောဂါ ကုဖို့လေ''

“ငါ ဖျားတာကို မကုသနိုင်ဘူး”

နျဲ့ပုဖန်က ငြင်း၏။

"မင်း လုပ်နိုင်သည် ဖြစ်စေ၊ မတတ်နိုင်သည် ဖြစ်စေ ငါတို့ ကြိုးစားကြည့်မှ သိနိုင်မှာပါ"

နျဲ့ပုဖန်က ကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းချကာ "ကောင်းပြီ။ အစ်ကို စု၊ ဒီည သန့်စင်အောင် ဆေးကြောပြီး ငါ့ကို စောင့်နေပါ"

စုချန်းယီ၏ ပြုံးကာ နှာတစ်ချက် ချေရင်း ထွက်ခွာသွားခဲ့သည်။

နျဲ့ပုဖန်သည် လူမမာ တစ်ဦး၏ အလိုမကျမှု ဒေါသကို နားလည်သည့် အလျောက် စိတ်တိုင်းကျအောင်လုပ်ပေးရုံက လွဲပြီး မတတ်နိုင်ပေ။

ထို့နောက် သူသည် ခါးဆန့်၍ ရွာ၏ ရှားပါးသော ငြိမ်းချမ်းမှုကို ခံစားနေလေသည်။ လူအများစုသည် ရှီရှန်း မြို့သို့ သွားနေကြပြီး၊ ရွာမှာ ဖျားနာသူ အနည်းငယ်သာ ကျန်တော့သည့်အတွက် ကြက်တွေလည်းပဲ ရှားရှားပါးပါး အေးချမ်းတဲ့ အခြေအနေမှာ ရှိနေသည်။

ထို့နောက် ရွာလူကြီးတစ်ယောက်အနေဖြင့် တတ်နိုင်သလောက် စောင့်ရှောက်ပေးရန် တစ်အိမ် တက် တစ်အိမ် ဆင်း လူနာများကို လိုက်လံကြည့်ရှုခဲ့၏။
သို့ရာတွင် အမျိုးသမီးများ ဖြစ်ကြသော ထျန်းနွီ (နတ်မိမယ်) နှင့် သူမ၏ အစေခံများမှာ ကျန်းကျန်းမာမာ ရှိနေကြပြီး မမာကျန်းသူမှာ အမျိုးသားများသာ ဖြစ်ကြလေ၏။

ကြော့ရှင်းသော ရှန်းမုလန်သည်ပင် နွမ်းနယ်ကာ ပန်းခြောက် တစ်ပွင့်လို ညိုးနွမ်းနေပြီး၊ နေ့တိုင်းပြတင်းပေါက်ကို ထိုင်ငေးကာ တမှိုင်မှိုင်ဖြစ်နေသည်ဟု ဆိုသည်။ အမြဲတမ်း ထက်မြက်ဟန်ရှိနေသော လီဟွေ့ မှာတော့ ယခုအခါ ပိန်ပိန်ချိချိ ဖြစ်နေ၏။ နျဲ့ပုဖန်ကို မြင်သောအခါတွင် သူက ဒေါသမထွက်တော့ဘဲ ထူးဆန်းသော အကြည့်ဖြင့် သူ့ကို စိုက်ကြည့်နေသည်။

"ဘာပြောချင်လို့လဲ" နျဲ့ပုဖန်သည် ၎င်း၏ ဝမ်းချုပ်နေဟန်တူသော အကြည့်ကို မြင်သောအခါ ကြင်နာစွာမေး၏။

လီဟွေ့ က အဆင်မပြေတဲ့ ပုံပေါက်ပြီး မျက်နှာထား တင်းတင်းမာမာဖြင့် ဘာမှမပြောပေ။

"မင်း လိုချင်တာကိုသာ ပြောလိုက်" 
ထိုအခါသူက နျဲ့ပုဖန်ကို မျက်ခုံးပင့်ကာ စိုက်ကြည့်လာသည်။

"မင်း... မင်း ဒီည ဒီကို လာခဲ့"  နောက်ဆုံးတွင် သူသည် ထိုကဲ့သို့သော ဝါကျကို မနည်း ညှစ်ထုတ်၍ ဆိုလိုက်ပြီး နျဲ့ပုဖန်မှ လွဲ၍ တနေရာရာသို့ သူ့မျက်လုံးများကို ပို့ထား၏။

"ဟင်" နျဲ့ပုဖန် က သူ့ကို သံသယနဲ့ ကြည့်ကာ "ဘာအတွက်လဲ" ဟု ထပ်မေးလိုက်သည်။

"လာဆို လာကွာ"  လီဟွေ့က ပြင်းပြင်းထန်ထန် ဟောက်လိုက်သည်။

သည်လူကလည်း ရောဂါကို ကုစားစေချင်တဲ့ လူတစ်ယောက်ပဲဆိုတာ နျဲ့ပုဖန် နားလည်သွား၏။  သနားစရာ လီဟွေ့လေးက ဖျားနာမှုကြောင့် အရာရာကို လက်မြှောက်ပြီး သည်လို ဆူးထူတဲ့လမ်းကို လျှောက်ဖို့ ဆုံးဖြတ်ခဲ့တာလား။

"ငါ့မှာ အချိန်မရှိဘူး"  နျဲ့ပုဖန် က အမှန်အတိုင်း ပြောလိုက်တာ ဖြစ်သည်။

"မင်းမှာ အချိန်မရှိဘူးလား" လီဟွေ့ ပေါက်ကွဲသွားသည်။
"မင်း ဒီည ဒီကို လာကို လာရမယ်"

"ငါ အလုပ်ရှုပ်နေတယ်။"

“မင်း မလာရဲရင် မင်းရဲ့ မကောင်းမှုတွေအကြောင်း ငါ့ အစ်ကိုကို ငါ ပြောပြမယ်”

နျဲ့ပုဖန်က သူ့ကို မထီမဲ့မြင် ကြည့်ပြီး "မင်း အသက် ဘယ်လောက်ရှိပြီလဲ။ ဒရာမာ ခင်းနေတာတွေ တော်လိုက်တော့''

"ငါက ဒရာမာဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ဘာကို ဂရုစိုက်ရမှာလဲ။ မင်း ငါနဲ့ နေကို နေပေးရမယ်'' 

"ငါ မင်းကို မဖျားနာစေ ချင်ပါဘူး။ ဒါပေမယ့် ငါတကယ်ကို မအားလပ်တဲ့အပြင် အားအင်တွေလည်းမရှိလို့ပါ''

နျဲ့ပုဖန်က ညည်းငြူပြလိုက်၏။

လီဟွေ့ က သူ့ကို စိုက်ကြည့်ရင်း သွားတွေ အံကြိတ်ကာ "ဟန်ဆောင် မနေနဲ့၊ မင်းနဲ့ ငါ့ အစ်ကိုကြားက ဆက်ဆံရေးကို ငါ သိတယ်"

နျဲ့ပုဖန်က ကောင်းကင်ကို မော့ကြည့်လိုက်သည်။

လီဟွေ့က ဒေါသတကြီးနျဲ့ပုဖန်ကိုကြည့်ရင်း ...

''သူကတော့ မင်း အကြောင်း လျှို့ဝှက်ထားနိုင်ပေမယ့်၊ ငါကတော့ နေမှာ မဟုတ်ဘူး'

သည်စကားတွေကို ကြားတော့ နျဲ့ပုဖန်က သူ့ကို ဂြိုလ်သားကို ကြည့်နေသလိုမျိုး  ငုံ့ကြည့်လိုက်၏။

"ဘာကြည့်နေတာလဲ" လီဟွေ့က စိတ်မသက်မသာစွာ အော်လိုက်သည်။

သို့သော် နျဲပုဖန် က သူ့ကို စိတ်ရင်းမှန်နဲ့ နှစ်သိမ့်ခဲ့၏။
"စိတ်မကောင်း မဖြစ်ပါနဲ့ကွာ၊ စိတ်ရှည်ရှည်ထားပါ၊ မင်းရဲ့ရောဂါက မကြာခင်သက်သာလာမှာပါ"

"ငါ့မှာ ခံနိုင်ရည် မရှိတော့ဘူး" လီဟွေ့ က ဒေါသတကြီး ပြော၏။ 

"မင်း သဘောမတူရင် အင်အား သုံးတာကို အပြစ်မတင်နဲ့"

နျဲ့ပုဖန် က လီဟွေ့ ရဲ့ပိန်ပိန်ပါးပါး အသွင်အပြင်ကို ကြည့်ပြီး ခေါင်းခါ၏။

"ဟွေ့ဟွေ့၊ ငါ မင်းကို တမင် နှိမ်တာတော့ မဟုတ်ပါဘူး၊ မင်းမှာ ငါ့ အပေါ် သုံးဖို့ အင်အားတွေ ကျန်သေးလို့လား''

"ဟမ်၊ မင်းနဲ့ ဆက်ဆံဖို့အတွက်တော့ လုံလောက်ပါတယ်" လီဟွေ့က လှောင်ရယ်လိုက်သည်။

"ငါ့ကို ဆက်ဆံဖို့ မင်းက လုံလောက်ပေမယ့် ငါ့မှာ ကြက်တွေနဲ့ အလုပ်တွေ ရှိသေးတယ်" နျဲ့ပုဖန်သည် ကြက်တစ်ကောင်ကို ပေါ့ပေါ့ဆဆ ပွေ့ဖက်ကာ ပြုံး၍ ပြောလိုက်သည်။

လီဟွေ့မှာ ချက်ချင်းဆိုသလို ရှူးရှူးဝါးဝါး ဖြစ်သွားပြန်သည်။

"ကောင်းပြီ ဒါဆို မင်း အစ်ကိုဆီက အရင် ခွင့်ပြုချက်ယူလိုက်ဦး'' နျဲ့ပုဖန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး
''သူ သဘောမတူပဲ ငါ မင်းကို မကူညီနိုင်ဘူး''

နျဲ့ပုဖန် လှည့်ထွက်ဖို့ ပြင်လိုက်သောအခါတွင် လီဟွေ့က သူ့အင်္ကျီကို ရုတ်တရက် လှမ်းဆွဲထား၏။

နျဲ့ပုဖန်က ခေါင်းကိုလှည့်ကြည့်လိုက်သည်။

“မင်း…”

လီဟွေ့သည် သည်သက်ပြင်းချပြီး သနားစရာကောင်းသော မျက်လုံးလေးဖြင့် နျဲ့ပုဖန်ကို ကြည့်လာ၏။

အီးယား.. သည်လိုမလုပ်ပါနဲ့ လီဟွေ့။ မင်းမှာ မာန မရှိတော့ဘူးလား။

နျဲ့ပုဖန်လည်း အမှန်တကယ်ပင် အနည်းငယ် သနားသွားမိသည်။
သူ မျက်လုံး စုံမှိတ်ကာ စိတ်လျော့လိုက်သည်။

"ကောင်းပြီ၊ ငါ ဒီည မင်းနဲ့အတူရှိပေးမယ်၊ ဟုတ်ပြီလား၊ ရွာလူကြီး တစ်ယောက်အနေနဲ့ ကိုယ့်ရွာသားကို ကူညီရမှာပေါ့လေ၊ ငိုမနေနဲ့တော့''

"ဘယ်သူက ငိုနေလို့လဲ" 
လီဟွေ့ သည် သူ့ မျက်နှာ အနေအထားကို သူ လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ခုန မြင်လိုက်ရသော သနားစရာကောင်းသော အသွင်အပြင်သည် နျဲ့ပုဖန်၏ စိတ်ကူးယဉ်မှု တစ်ခုသာ ဖြစ်ပုံရသည်။

နျဲ့ပုဖန်သည် မျက်လုံးများကို မှိတ်ကာသက်ပြင်းချမိသည်။

လီဟွေ့ က ချက်ချင်းပဲ "မင်း သဘောတူလိုက်ပြီနော်။ မင်းရဲ့ကတိကို ဖျက်လို့ မရဘူး"

နျဲ့ပုဖန် စိတ်ပေါက်ပေါက်နှင့်သာ အော်ထုတ်လိုက်ချင်သည်။

ဤသို့ဖြင့် သူ လီဟွေ့ ၏ နေအိမ်မှ ထွက်လညပြီးနောက်မှာသာ စောစောက သူ တခြားသူ တစ်ဦးနှင့်ချိန်းဆိုထားပြီးမှန်း ရုတ်တရက် သတိရလိုက်လေသည်။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now