Chapter 72

1.9K 233 1
                                    

Chapter - 72

ကြည်းတပ်၊ ရေတပ်၊ လေတပ်



အခန်းကျယ်ကြီးထဲတွင် ကွဲရှနေသော ညည်းညူသံများကို ကြားနေရ၏။ စကျင်ကျောက်ကြမ်းပြင်ပေါ်၌ လွှင့်ပစ်ထားတဲ့ အဝတ်အစားတွေ ပြန့်ကျဲ နေခဲ့သည်။ ခရမ်းရောင်ဖျော့ဖျော့ ပိတ်ကျဲစလေး၊ လိုက်ကာများနှင့် အိပ်ရာခင်း အ၀တ်များသည် မတရားသဖြင့် ပွတ်တိုက်ခံနေသည်။ ကုတင်ပေါ်တွင် ခန္ဓာကိုယ် နှစ်ခုမှာ ထွေးပွေ့လျှက် ခြေလက်များ လုံးထွေးနှီးနှော နေသည်။


လက်တစ်ဖက်က အိပ်ယာခင်းတွေကို တင်းတင်းဆုပ်ကိုင်ထားရင်း ခံရသူမှာ အပေါ်က လူပေးတဲ့ ပြင်းထန်တဲ့ ပြစ်ဒဏ်ကို ခံနေရ၏။ အချိန် မည်မျှကြာသွားသည် မသိသော်လည်း နောက်ဆုံး ပြင်းထန်သော ရိုက်ခတ်မှု အပြီးတွင် အပေါ်မှ လူသည် ဆုတ်ခွာသွားကာ အသက်ရှုမဝပဲ ဖြစ်နေခဲ့သည်။ သူသည် ဘေးတွင် ဖြည်းညှင်းစွာ လှဲလျောင်းကာ သူ့ ခန္ဓာကိုယ်ကို ဆန့်တန်း၍ တောင့်တင်း ခိုင်မာသော ခန္ဓာကိုယ်အား မည်ကဲ့သို့မျှ တုန်လှုပ်ခြင်း မရှိဘဲ ထုတ်ဖော် ပြသလျှက်ရှိသည်။


ဝေဒီ သည် သူ့ ဘေးတွင် လဲလျောင်းနေသော နျဲ့ပုဖန်ကို ကြည့်ကာ ခေါင်းအုံးနှင့် အိပ်ယာခင်းများပေါ်တွင် ဖြန့်ထားသော ၎င်း၏ အနက်ရောင် ဆံပင်များကို ပွတ်သပ်လိုက်သည်။


"မင်း ငါ့ကို ရှင်းပြစရာ ဘာမှ မရှိဘူးလား" ဝေဒီက မေး၏။


နျဲ့ပုဖန် က သူ့ ခေါင်းကို လှည့်ပြီး "ဘာ ရှင်းပြစရာလိုလို့လဲ" ဟု ပြန်မေးသည်။


"လူလည်လို ဟန်ဆောင်မနေနဲ့" ဝေဒီ က နဖူးကို တောက် လိုက်ပြီး "အဲ့လူ 'ထိုက်ပိုင်' က ဘယ်သူလဲ။မင်းနဲ့ ဘယ်လိုတွေ့တာလဲ"


"ငါ မင်းကို မပြောခဲ့ဘူးလား။ သူက ငါ့ ညီလေးပါဆိုကွာ"


ဝေဒီက နျဲ့ပုဖန်၏ မေးစေ့ကို ဆွဲကာ မျက်ခုံးပင့်၍

"ညီလေး၊ ဟုတ်လား။ ကောင်းပြီ၊ လောလောဆယ်တော့ သူ့ကို မင်းရဲ့ညီလေးလို့ မှတ်ယူမယ်။ ဒါဆို ဒီအိမ်ကြီးထဲကနေ မင်းကို ဘယ်လို ခေါ်ထုတ်သွားတာလဲ"

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now