Chapter - 81
အချစ်အတွက် တိုက်ပွဲ အပိုင်း - ၅
ကြီးမားလှသော နဂါးကုတင်ကြီး ပေါ်တွင် ကျေနပ်နေသော ဧကရာဇ်မင်း လှဲလျောင်းနေသည်။ နျဲ့ပုဖန်က သူ့နံဘေးတွင် လှဲလျောင်းနေလေရာ သူက နျဲ့ပုဖန် ဆံပင်များနှင့် ဆော့ကစားကာ သူ့မျက်လုံးများသည် ထိုကျောဗလာပေါ်တွင် တဝဲလည်လည် ရှိ၍ တပ်မက်မှု အရိပ်အယောင်များ ရှိနေသေးသည်။
မနေ့ညက ဆက်ဆံမှုက သူ့ကို ရှားရှားပါးပါး ပျော်ရွှင်မှု အရသာကို ပေးစွမ်းနိုင်ခဲ့သည်။ ယောက်ျားတွေရဲ့အရသာက သည်လောက်တောင် အရသာရှိလား။ ဒါမှမဟုတ် သည်လူကပဲ ထူးခြားနေတာလား။
ယောက်ျား တစ်ယောက်ရဲ့ ကိုယ်လုံးကိုယ်ပေါက်အရ၊ သူ့ရဲ့ ပျော့ပျောင်းမှု၊ သူ့ရဲ့ခံနိုင်ရည်ဟာ လုံလောက်ပြီး ကြာရှည်ခံနိုင်သည်။ အထူးသဖြင့် တစ်နေရာရာမှာ အလွန် ကျေနပ်စရာကောင်းတဲ့ အတိမ်အနက်၊ သူ့ရဲ့ စုပ်ယူနိုင်စွမ်းကလည်း အလွန်အားကောင်း၏။ ပိုရှားတာက သူ့အသားအရေက မှဲ့တစ်ပေါက်၊ တင်းတိပ်တစ်ပေါက်မှ မရှိဘဲ ချောမွေ့ပြီး နူးညံ့ကာ တခြားသူတွေကို လက်မလွှတ်ချင်အောင် လှုံ့ဆော်ပေးတဲ့ ပထမတန်းစား ကြွေဖြူလို အဆင့်အတန်း ရှိသည်။
ဤလူသည် အိမ်မွေးကြောင်ပေါက်လေးနဲ့ တူသည်။
မနေ့ညက အကြောင်းတွေ အားလုံးကို ပြန်သတိရမိတော့ ဧကရာဇ်ဟာ စိတ်တက်ကြွမှုကို တဖန်ပြန်ခံစားလာရ၏။
သို့သော် အိပ်ဆောင် အပြင်ဘက်မှ အမတ်ကြီး၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာသောအခါတွင် ဧကရာဇ်သည် နျဲ့ပုဖန်အပေါ်တွင် အုပ်မိုးလျှက် တဖန်ပြန်နှိုးဆွရန် အဆင်သင့် ဖြစ်နေလေပြီ။
"အရှင်မင်းကြီး၊ ထရန် အချိန်တန်ပြီ"
ဧကရာဇ်၏ မျက်လုံးများတွင် စိတ်ပျက်မှုများ ဖြစ်ပေါ်သွားသည်။ သူသည် လက်ရှိတွင် အနည်းငယ်တပ်မက်စိတ် ရှိနေသော်လည်း နိုင်ငံရေး ကိစ္စများတွင် အမြဲ စေ့စေ့စပ်စပ် ရှိရမည် ဖြစ်၍ အိပ်ရာထဲက ကိစ္စကို မကျေမနပ် ရပ်ဆိုင်းလိုက်ရသည်။
မိန်းမစိုးများနှင့် အစေခံများ၏ ဝတ်စားဆင်ယင်ပေးမှုအောက်တွင် တက်ကြွလန်းဆန်းကာ မတ်မတ်ရပ်နေခဲ့သည်။ အားလုံး အဆင်သင့်ဖြစ်သောအခါ ကုတင် နောက်ကွယ်မှ လူကို လှည့်ကြည့်၍ ပြုံးကာ ထွက်ခွာသွားခဲ့သည်။
နျဲ့ပုဖန်သည် အိပ်ရာ မထမီ ကောင်းကင်တွင် နေရောင် မြင့်လာသည်အထိ အိပ်ပျော်သွားခဲ့သည်။ကုတင်ပေါ်တွင် လဲလျောင်းရင်း မျက်နှာကို အုပ်လိုက်ပြီး သူ့ကိုယ်သူ ပြန်တွေးကြည့်မိသည်။ အလားအလာရှိသော လူငယ်တစ်ယောက်အနေဖြင့် ဤဒေသသို့ နှစ်နှစ်မှ သုံးနှစ်ခန့်ကြာ ပြောင်းရွှေ့နေထိုင်ခဲ့ပြီးနောက် လှပသော အမျိုးသမီးများ၏ မျက်နှာသာပေးမှုကို မခံခဲ့ရဘဲ လိင်တူချစ်သူများ၏ တပ်မက်မှုကို အမြဲတမ်း ဆွဲဆောင်နိုင်ခဲ့သည်။ ဒါက တကယ်ကို ထူးဆန်းလွန်း၏။ တစ်ခုခု မှားနေသလား။ သူ့မှာ ဖြောင့်သောသူများကို ကွေးညွတ်စေနိုင်တဲ့ မှော်ပညာမျိုး ရှိနေသလား။
ကျန်းကျွင်းရှီ နှင့် အခြားလူများအပေါ် သူ့ဆွဲဆောင်နိုင်ခဲ့သည်ကို အနည်းငယ် နားလည်နိုင်သည်။ နောက်ဆုံးတွင်၊ သူတို့သည် အချိန်အတော်ကြာ အတူနေထိုင်ခဲ့ကြပြီး မပျက်စီးနိုင်သော ချစ်ကြည် ရင်းနှီးသော ဆက်ဆံရေးကို ထူထောင်ခဲ့ကြသည်။ အရေအတွက် ပြောင်းလဲမှုမှ အရည်အသွေးဆိုင်ရာ ပြောင်းလဲမှုများအထိ ဖွံ့ဖြိုးတိုးတက်မှု ရှိလာခြင်းသည် ပုံမှန်ဖြစ်သည်။
ဒါပေမယ့် သည်ဧကရာဇ်က ဘယ်လိုဖြစ်ရတာလဲ။ ၎င်းက မြင်းထီး တစ်ကောင်လို ထန်နေရင်တောင် အခုမှ တွေ့ဖူးတဲ့ လူတစ်ယောက်ကို မြင်မြင်ချင်းအိပ်ရာပေါ် ဆွဲတင်တာ မဖြစ်သင့်ဘူး။
သူ၏ ဂန္ဓမာသည် လှပကာ ချယ်ရီသီးများလို နီထွေး၍ ချစ်စဖွယ်ကောင်းသူ ဖြစ်သော်လည်း ဧကရာဇ်မင်း၏ ချောမောမှုနှင့် မယှဉ်နိုင်ကြောင်း နျဲ့ပုဖန်က ဝန်ခံသည်။
သို့သော်ငြားလည်း စင်စစ်တွင် နျဲ့ပုဖန်ဟာ လုံးဝရိုးဖြောင့်ပြီး မိန်းမများကို နှစ်သက်သော အဖြောင့်စစ်စစ် ဖြစ်သည်။
သူ့တွင် ထူးခြားသည့် ဆွဲဆောင်မှု အငွေ့အသက် လုံးဝ မရှိသည့်အပြင် ယောက်ျားများအတွက် အထူး ဆာလောင်စေခြင်း ငတ်မပြေ ဖြစ်စေခြင်း၊ စသော အလှအပများလည်း ပိုင်ဆိုင်ထားခြင်း မရှိပေ။ သူ့လို ထက်မြက်ပြီး ချောမောတဲ့ လူငယ်လေးဟာ သည်လို သနားစရာကောင်းတဲ့ အခြေအနေကို ဘယ်လို ရောက်သွားခဲ့တာလဲ။
ရိုးရိုးသားသား ပြောရလျှင် ဧကရာဇ်မင်းမြတ်၏ အိပ်ရာပေါ်က စွမ်းရည်မှာ မဆိုးပေ၊ သို့သော် ငါးရိုးတစ်ချောင်းမှာ လည်ချောင်းထဲတွင် ဆူးနေသကဲ့သို့ စိတ်ပိုင်းဆိုင်ရာအရ ငြင်းပယ်ခြင်းကို ပထမဆုံးအကြိမ် ခံစားခဲ့ရသည်။
နျဲ့ပုဖန် တွေးနေစဉ်တွင် ကုန်းကုန်းတစ်ဦးထံမှ သတိပေးသံက နားထဲသို့ စူးရှစွာဝင်လာ၏။
“ဝေ စာရေးဆရာ မြန်မြန်ထပါ။ မင်းကို နဂါးကုတင်ပေါ်မှာ အိပ်ခွင့်ပေးလိုက်တာဟာ ဧကရာဇ်မင်းမြတ်ရဲ့ ကျေးဇူးတော် တစ်ရပ် ဖြစ်နေပါပြီ။ ဘယ်လောက်ကြာကြာ ဆက်နေချင်သေးတာလဲ''
သတိပေးမှု အနည်းငယ်ပါသော ၎င်း၏ လေသံတွင် သိမ်မွေ့သော မထီမဲ့မြင်ပြုမှု အရိပ်အမြွက်တို့ရှိနေသည်။
နျဲ့ပုဖန်သည် အမှန်တကယ် ထရန် ပြင်ဆင်နေသော်လည်း ထိုစကားကို ကြားသောအခါတွင် သူပြန်အိပ်ချင်သွားပြန်သည်။ သူ့ လက်တွေကို သူ့ခေါင်းနောက်မှာ ထားပြီး မာနကြီးတဲ့လေသံနဲ့ ပြောသည် -
"ဒီကုတင်က နည်းနည်း သက်သာတယ်လို့ ခံစားလို့ရတယ်၊ ဒါကြောင့် နောက်ထပ် ထပ်အိပ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ အဲ့ဒါကို ခင်ဗျား ဘာပြောချင်သေးလဲ''
မိန်းမစိုးက ဒေါသကို ထိန်းကာ “ဧကရာဇ်မင်းက နံနက်ခင်း စည်းဝေးပွဲ ပြီးတော့မယ်။ မင်း နဂါးကုတင်ပေါ်မှာ လဲလျောင်းနေသေးတာကို သူ မြင်ရင် မင်း ခေါင်းပြုတ်မှာကို သတိထားပါ"
"ဒါဆို သူ ပြန်လာတာကို စောင့်ပြီး အခုတ်ခံလိုက်မယ်" နျဲ့ပုဖန်သည် စောင်ကို ဆွဲခြုံကာ မောက်မာသောဟန်ဖြင့် တစ်ဖက်သို့ပြန်လှည့်သွားခဲ့သည်။
မိန်းမစိုးက ခြေတလှမ်း တိုးလာကာ သူ့ကို အကြာကြီး စိုက်ကြည့်နေပြီးမှ ခေါင်းကိုလှည့်ကာ သူ့ပတ်ဝန်းကျင်က လူတွေကို ခေါ်လိုက်သည်။
''လာစမ်း။ သူ့ကို ဆွဲချကြစမ်း''
ဧကရာဇ်မင်းအား ကိုယ့်အဆင့်အတန်းကိုယ် မသိပဲ ဖြားယောင်း သွေးဆောင်သော ဤကဲ့သို့သော အရှက်ကင်းသောလူကို သူတို့သည် ယဉ်ကျေးမည်မဟုတ်ပေ။ အကယ်၍ အမျိုးသမီး ဖြစ်ခဲ့ပါက ကြင်ယာတော်ဘွဲ့ကို အပ်နှင်းခြင်းခံရနိုင်ခြေရှိနိုင်သော်လည်း ယောက်ျား တစ်ယောက်မှာ ကစားစရာသက်သက်သာဖြစ်ပြီး အဆင့်အတန်း လုံးဝမရှိချေ။
မိန်းမစိုးများစွာသည် ရှေ့သို့ လှမ်းတက်ကာ တစ်ယောက်က နျဲ့ပုဖန် လက်ကို ဆွဲကာ တစ်ယောက်က ခြေထောက်ကို ဆွဲပြီး အတင်းအကျပ် ဖယ်ရှားရန် ပြင်ဆင်နေသည်။
နျဲ့ပုဖန် သည် သူ၏ အရိပ်မဲ့ ခြေသည်း သိုင်းပညာဖြင့် အိပ်ရာတိုင်ပေါ်သို့ လျင်မြန်စွာ ကုပ်တွယ်ကပ်ထားလိုက်သည်။ သူ၏ ခြေထောက်များသည် နဂါး အိပ်ရာခင်းကို ကုပ်ထားကာ ခေါင်းအုံးအား ပါးစပ်ဖြင့် ကိုက်ထားသည်။ မိန်းမစိုးများက သူ့ကို ဆွဲထုတ်ဖို့လုပ်သည်နှင့် တပြိုင်နက် နဂါးအိပ်ရာသည်လည်း သူနှင့်အတူ ဆွဲထုတ်ခဲ့ရမည် ဖြစ်သည်။ နဂါးအိပ်ရာ တစ်ခုလုံးဟာ ပျက်စီးသွားသည့်အပြင် နျဲ့ပုဖန်အတွက်မူ မိန်းမဆိုးများအလယ်တွင် သူ့အား လေပေါ်မြှောက်ကာ ကစားနေကြသည့်နှယ်ဖြစ်သည်။
အချိန်အတော်ကြာတော့ အိပ်ခန်း တစ်ခုလုံး ပျက်စီးကုန်လေသည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ''
ဤအခိုက်တွင် ဧကရာဇ်မင်းမြတ်၏ အမိန့်သံ ထွက်ပေါ်လာသည်။
မိန်းမစိုးများသည် သူတို့၏လက်များကို လွှတ်လိုက်ကြပြီး အလွန် ကြောက်လန့်ကာ ချက်ချင်း ဦးညွှတ်လျှက် အပြစ်ကို ဝန်ခံကြသည်။
နျဲ့ပုဖန်၏ ခန္ဓာကိုယ်ပေါ်ရှိ ဆွဲငင်အားများ ပျောက်ကွယ်သွားကာ ကုတင်ပေါ်သို့ ပက်လက် ပြန်လဲကျသွားခဲ့သည်။ သူ၏ ဖြူဖွေးနုပျိုသော ခြေထောက်တစ်စုံသည် ကုတင်ဘေး ဘက်တွင် တွဲလောင်းကျနေသေးသဖြင့် လူများက ၎င်းတို့ကို ထိချင်လာစေ၏။
ဧကရာဇ်သည် ရှုပ်ပွနေသော အိပ်ရာကို သေချာကြည့်ကာ ဘာမှ မပြော။ အခန်းဟာ ပကတိ တိတ်ဆိတ်နေပြီး လူတွေက အသက်တောင် မရှူဝံ့ပေ။
နျဲ့ပုဖန်သည် သူ ကိုက်ထားသည့် ခေါင်းအုံးကို လွှတ်လိုက်ပြီး အရိုးမဲ့သတ္တဝါမျိုးကဲ့သို့ ကုတင်ပေါ်တွင် လဲလျောင်းရင်း ခေါင်းကို စောင်းကာ “အစ်ကို ဧကရာဇ်၊ ငါ နှိပ်စက်ခံရတယ်” ဟု ပျော့ပြောင်းစွာ ပြောလိုက်သည်။
အစ်ကို…..အစ်ကို ဧကရာဇ်၊ ဟုတ်လား။ ဧကရာဇ်မင်းသည် ပါးစပ်အဟောင်း သွားကာ ရင်ဘတ်ကို ဖိ၍ “မင်းကို ဘယ်သူက နှိပ်စက်တာလဲ” ဟု မေးသည်။
မြေပြင်ပေါ်တွင် ဒူးထောက်နေသော မိန်းမစိုးများသည် တုန်လှုပ်တေကြပြီး ဇောချွေးများ ပြန်နေကြသည်။
''ဘယ်သူရှိရမှာလဲ။ အရှင် လုပ်ခဲ့တာလေ''
နျဲ့ပုဖန်က ဧကရာဇ်အား လက်ညိုးထိုးကာ ပြောလိုက်သည်။
"အိုး၊ ကိုယ်တော်ကလား" ဧကရာဇ်မင်းသည် ဖြည်းညှင်းစွာ လျှောက်လာကာသူ့ကို အပေါ်မှ ငုံ့ကြည့်ကာ “မင်းကို ငါကိုယ်တော်က ဘယ်လို စော်ကားခဲ့တာလဲ” မေးသည်။
"အရှင်က ကျွန်တော့်ကို အများကြီး နာကျင်အောင်လုပ်ခဲ့လို့ ကောင်းကောင်း အိပ်မပျော်ဘူး" နျဲ့ပုဖန် က ကုတင်ကို ထုရိုက်လိုက်ပြီး
''ဒါက ကုတင်တစ်ခုပဲ မဟုတ်ဘူးလား။ ကျွန်တော်က ဘာလို့ ဒီပေါ်မှာ အိပ်လို့ မရတာလဲ၊ ကျွန်တော်က တကယ်ပဲ မထိုက်တန်ဘူးလား'''
အနီးအနားရှိ မိန်းမစိုး အုပ်စုမှာ ရင်တမမ ဖြစ်နေကြသည်။ ပုံမှန်အားဖြင့် ဧကရာဇ်သည် တသီးတသန့်ဆန် သူဖြစ်သည်ဟု ရဲရဲပြောရဲ၏။
သို့သော် ဧကရာဇ်မင်းသည် မျက်ခုံးပင့်ကာ ပြုံး၍ ပြောလိုက်သည် "ကောင်းပြီ၊ အခုမှစပြီး မင်း ကိုယ်တော် ရဲ့ အိပ်ရာပေါ်မှာ အိပ်ခွင့်ရှိတယ်။ ဒါဆို မင်း ကျေနပ်ရဲ့လား"
အိုး... သူက ဒီလို အမူအရာမျိုးကို တကယ် ချစ်တာလား။ နျဲ့ပုဖန် က နှုတ်ခမ်းကို တွန့်ကွေး၍ ပြုံးကာ တိတ်တိတ်လေး ထ၍ ကုတင်ဘေးမှ မိန်းမစိုး ပြင်ဆင်ထားသည့် အဝတ်အစားများကို ကောက်ယူလိုက်သည်။
ဧကရာဇ်မင်းသည် သူ့လက်ကို ဆန့်ကာ နျဲ့ပုဖန်ကိုအနားသို့ ဆွဲလိုက်ပြီး
“မင်း အသွင်ပြင်က ကိုယ်တော်နဲ့ တော်တော်တူတယ်၊ တကယ်ကို ချစ်ဖို့ကောင်းတယ်။ ဒါကြောင့် အနာဂတ်မှာ မင်း ကိုယ်တော် ရဲ့ အိပ်ခန်းထဲမှာ မင်းနေခွင့်ရှိတယ်။ သီးသန့်ခွဲနေစရာ မလိုဘူး"
"ကျွန်တော့်ကို လုံးဝ သီးသန့် မထားဘူးလား" နျဲ့ပုသည် အဝတ်များကို သူ့ ခန္ဓာကိုယ်မှာ ဝတ်ဆင်ရင်း “အေးတော့ တစ်ယောက်တည်း ကြောက်တယ်” လို့ နွဲ့နွဲ့လျလျလေး ပြောလိုက်၏။
အမှန်မှာလည်း သူသည် လုံးဝ သီးသန့် မနေလိုပါ။
သူ၏ အပြုအမူများကြောင့် ဧကရာဇ်သည် စိတ်ကောင်းဝင်နေပြီး တရားရုံး အစည်းအဝေးအတွင်းမှ ပင်ပန်းနွမ်းနယ်မှုနှင့် ဖိအားများ ချက်ခြင်း ပျောက်ကွယ်သွားခဲ့သည်။
“မွန်းတည့်ချိန် နီးနေပြီ၊ မြန်မြန်ထပြီး ကိုယ်တော်နဲ့အတူ ထမင်းသွားစားမယ်” ဧကရာဇ်သည် သူ့ခေါင်းကို ပွတ်သပ်ပြီး နျဲ့ပုဖန်၏ ရိုင်းစိုင်းသောအပြုအမူများကို လုံးဝ စိတ်ထဲထားပုံ မရပေ။
မိန်းမစိုးများ အားလုံးသည် ဤစကားကို ကြားသောအခါ သက်ပြင်းချကြသည်။ ကံကောင်းထောက်မစွာ၊ သူတို့သည် ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ ဤလူသစ်အတွက် ဧကရာဇ်မင်း၏ မျက်နှာသာပေးမှုကို အလွန် အံ့သြသွားကြသည်။ ၎င်းအပေါ်ထားတဲ့ သူတို့ရဲ့ သဘောထားက အနာဂတ်မှာ နည်းနည်းလေး တိုးတက်လာအောင် ကြိုးစားရမယ် ထင်ပါသည်။
ထမင်းစားပွဲ ပြင်ဆင်ပြီးနောက် ဧကရာဇ်မင်းသည် မမျှော်လင့်ဘဲ ချွေတာတတ်သူ ဖြစ်နေသောကြောင့် နျဲ့ပုဖန် အံ့သြသွားသည်။ နေ့လယ်စာတွင် ဟင်းလေးမျိုးနှင့် စွပ်ပြုတ်တစ်ခု၊ အချိုပွဲအနည်းငယ်သာ ပါဝင်သည်။ နိုင်ငံ တစ်နိုင်ငံ၏ ဘုရင် ဖြစ်သောကြောင့် ဤသို့သော စားတော်ပွဲကိုသုံးဆောင်မည်မှာ အမှန်တကယ်ပင် ရှားပါးပါသည်။
မိန်းမစိုးက သူတို့ နှစ်ယောက်ကို စားသောက်ဖို့ ကူညီပေးပြီးနောက်။ ဧကရာဇ်မင်းမြတ်က နျဲ့ပုဖန်ကို လက်ဝှေ့ယမ်းပြပြီး ...
“သွား၊ မင်း စားချင်သမျှ စားပါ။ ကိုယ်တော် စားတဲ့အတိုင်း မစားလည်း ရတယ်။ နောက်ဆို မင်း နှစ်သက်ရာကို စားသုံးဖို့ အင်ပါယာ မီးဖိုချောင်ကို အချိန်မရွေး ပြောလို့ရတယ်''
နျဲ့ပုဖန်သည် မနေ့ညက စွမ်းအင် အလွန်အကျွံသုံးစွဲခဲ့ပြီး သူ၏ ဗိုက်သည် ဟင်းလင်းပြင် ကဲ့သို့ ဗလာဖြစ်နေပြီး အလွန် ဆာလောင်သည်ဟု ခံစားရသည်။
သို့ရာတွင် သူသည် ယဉ်ကျေးပျူငှာမှုဖြင့် နှောင့်ယှက်ခြင်း မပြုဘဲ ချက်ချင်း ထမင်းစားရန် သူ၏ တူချောင်းကို ကိုင်လိုက်သည်။
ဧကရာဇ်၏ မျက်လုံးများက ပြုံးနေ၏။ သူ့ ရှေ့မှာ သည်လောက် သက်တောင့်သက်သာ ရှိဖို့ဆိုတာ တကယ်ကို ရှားပါသည်။ ခံစားချက်က အရမ်းထူးဆန်းနေ၏။ နျဲ့ပုဖန် အရသာရှိရှိ စားနေတာကို ကြည့်ပြီး သူလည်း စားချင်စိတ်လည်း နိုးကြားလာသည်။ ဧကရာဇ်သည် အသား တစ်ပိုင်းကို ဖြည်းညှင်းစွာ ကောက်ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်ခါနီးတွင် ရုတ်ခြည်း လက်ချောင်း တစ်ချောင်းက ဟန့်တားလိုက်သောကြောင့် အသားဖတ်မှာပြုတ်ကျသွားသည်။
ဧကရာဇ်သည် အနည်းငယ် မကျေမနပ် ဖြစ်ကာ မျက်မှောင်ကြုတ်မိ၏။ ဤလူသည် အကျင့်ပျက်လွန်းနေသလားဟု တွေးမိသည်။ သို့သော် နောက်အခိုက်အတန့်တွင် နျဲ့ပုဖန်က "မစားနဲ့၊ အဆိပ်သင့်နေတယ်'' ဟု အလန့်တကြား ပြောလာ၏။
"ဘာကိုလဲ" ဧကရာဇ်မင်း၏ စူးရှသော အကြည့်သည် စားပွဲပေါ်ရှိ ဟင်းပွဲများဆီသို့ ဦးတည်သွားပြီး သူ့ ဘေးနားရှိ အမတ်ကြီးလည်း အလွန်တုန်လှုပ်သွားသည်။
ဧကရာဇ်က သူ့လက်ထဲက တူချောင်းတွေကို တစ်ချက်ကြည့်လိုက်တယ်။ သူ၏ တူချောင်းများကို ငွေဖြင့် ပြုလုပ်ထားပြီး ယေဘုယျအားဖြင့် အဆိပ်အများစုသည် ငွေထည်နှင့် ထိတွေ့ပါက ငွေထည်မှာ အနက်ရောင် ပြောင်းသွားတတ်ကြောင်းကို တွေ့ရှိနိုင်သော်လည်း ယခု ထူးခြားမှု မရှိပေ။ သူက နျဲ့ပုဖန်ကို သံသယဖြင့် ကြည့်လိုက်ရာတွင် နျဲ့ပုဖန်နှုတ်ခမ်းများ ခရမ်းရောင် ရှိပြီး မျက်နှာက ဖြူဖျော့နေသည်ကို တွေ့လိုက်ရသည်။ နောက်အခိုက်အတန့်တွင် နျဲ့ပုဖန်သည် မတည်မငြိမ်ဖြင့် ထရပ်ကာ မြေပြင်သို့ လဲကျသွားခဲ့၏။
ဧကရာဇ်မင်းသည် ချက်ချင်းပဲ ထ၍ “နန်းတွင်းသမားတော်ကို အမြန်ခေါ်ကြစမ်း'' ဟု ပြင်းပြင်းထန်ထန် အမိန့်ပေးလိုက်သည်။
ထို့နောက်တွင် ဧကရာဇ်သည် နျဲ့ပုဖန်ကို ကုတင်ပေါ်တင်ပြီး ညိုမဲနေသော မျက်နှာကို ကြည့်နေ၏။ ထို့နောက် သူက တစ်ခုခုကို တွေးမိသလိုမျိုး “တိုင်းပြည်ရဲ့ ဆရာသခင်ကိုလည်း ခေါ်လိုက်ပါ” ဟူ၍ မိန့်ကြားလိုက်၏။
မိန်းမစိုးတွေ အမြန်ထွက်သွားကြသည်။
ထိုအချိန်တွင် နျဲ့ပုဖန်သည် မျက်လုံးများကို ဖွင့်ကာ နှုတ်ခမ်းများကို ဟ၍ ဝေသနာ ခံစားနေရပုံပေါ်သည်။
"ဘယ်လို ခံစားရလဲ။ ဘယ်နေရာ အဆင်မပြေ ဖြစ်နေသလဲ'' ဧကရာဇ်က မေးသည်။
နျဲ့ပုဖန်က ခေါင်းယမ်းလိုက်ပြီး ကုတင် အမိုးအကာတွေကို လွမ်းမောစွာ ကြည့်ကာ သက်ပြင်းချပြီး
"အိုက်ယား၊ အကုန် မစားမိလို့ တော်သေးတယ်''
ဧကရာဇ်မင်းသည် စကားမပြောဘဲ ကြည့်နေသည်။
နျဲ့ပုဖန် နှုတ်ခမ်းများသာ ခရမ်းရောင်မှ အနက်ရောင်သို့ မပြောင်းလဲနေဘူးဆိုလျှင်၊ ၎င်း၏ ယခုပုံစံအရ သူ လှည့်စားခံနေရသည်ဟု ထင်မှတ်လုနီးပါးပင်။
ခဏအကြာတွင် နန်းတွင်းသမားတော် နှင့် တိုင်းပြည်၏ ပညာရှိကြီး ပြေးဝင်လာကြသည်။
၎င်းတို့က ဧကရာဇ်ကို ဦးညွှတ်ပြီးနောက်တွင် နန်းတွင်းသမားတော်သည် သွေးခုန်နှုန်းတိုင်းရန် ချက်ချင်း ရှေ့သို့ လှမ်းသွား၏။ ဖန်းလုံ သည်လည်း အနားတွင် ရပ်ကာ နျဲ့ပုဖန်ကို ကြည့်နေသည်။
နျဲ့ပုဖန်မှာ ကိုရုပ်ဆိုးကို မျက်စိတစ်ဖက် မှိတ်ပြရန်ပင် အားရှိနေသေး၏။
"သမားတော်၊ သူ့ အခြေအနေ ဘယ်လိုရှိလဲ''
ဧကရာဇ်က မေးလိုက်သည်။
နန်းတွင်းသမားတော်၏ အမူအရာသည် တရွေ့ရွေ့ပြောင်းသွားကာ မသေချာ မရေရာသောသက်ပြင်းချမှုဖြင့် ခဏတာမျှ တုံ့ဆိုင်းနေသည်။ ပြီးမှ
– “အရှင်မင်းကြီး၊ ဒီသခင်လေးရဲ့ သွေးခုန်နှုန်းက အလွန် ထူးဆန်းပါတယ်၊ အရွယ်မတိုင်မှီ သေဆုံးခြင်းနိုင်တဲ့ လက္ခဏာကို ပြသနေပေမယ့်လည်း သူမှာ ခွန်အားနဲ့ အားမာန် အပြည့်ရှိနေတယ်။ ပိုလို့တောင် အံ့သြစရာ ကောင်းတာက သူ အဆိပ်သင့်ခဲ့တာ ထင်ရှားပေမယ့် သူ့ အခြေအနေက မဆိုးရွားပါဘူး၊ တကယ်တော့ အဆိပ်က သူ့ဘာသာသူ သန့်စင်သွားပုံရပါတယ်”
“အချိန် မတန်မှီ သေဆုံးခြင်းရဲ့ လက္ခဏာက ဘာကို ဆိုလိုတာလဲ။ အဆိပ်က သူ့ဘာသာ သန့်စင်သွားတယ် ဆိုတာကရော ဘယ်လိုဖြစ်တာလဲ''
ဧကရာဇ်၏ အမူအရာမှာ လေးနက်စွာဖြင့် နန်းတွင်းသမားတော်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။
နန်းတွင်းသမားတော်က
“ဒီသခင်လေးရဲ့ ခန္ဓာကိုယ် အရမ်းထူးခြားပါတယ်၊ ဒီကမ္ဘာမှာ ရှိနေဖို့ဆိုတာ လုံးဝ ရှားပါးတယ်၊ သာမန်အဆိပ်တွေက သူ့ အသက်ကို မခြိမ်းခြောက်နိုင်ပါဘူး။ ဒါပေမယ့် ဒီအရာရှိရဲ့ စစ်ဆေးမှုအရ အဆိပ်မခံရဘူးဆိုရင်တောင် ဒီလူဟာ အနှေးနဲ့ အမြန်ဆိုသလို သေဆုံးသွားလိမ့်မယ်လို့ တွေ့ရှိရပါတယ်''
ဧကရာဇ်မင်းသည် ခဏတာ တိတ်ဆိတ်နေပြီး ဖန်းလုံ အား "တိုင်းပြည် ပညာရှိကြီး၊ လာကြည့်စမ်းပါ"
နန်းတွင်းသမားတော်က နေရာ ဖယ်ပေးလိုက်၏။ ဖန်းလုံလည်း နန်းတွင်းသမားတော် ပြောသော သွေးခုန်နှုန်းကို တစ်ထပ်တည်း ခံစားလိုက်ရသည်။
သူက နျဲ့ပုဖန်ကို မေးလိုက်သည်။
"မင်းရော မင်းရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို သိထားလား"
"နည်းနည်းတော့ သိပါတယ်'' နျဲ့ပုဖန်က ပြုံးပြီး ပြန်ပြောသည် ။
"အဲဒါဆို ဘာလို့လဲ"
ဖန်းလုံသည် သူ့ကိုယ်သူ အလွန် ပညာရှိကာ ထူးချွန်သည်ဟု ယုံကြည်ခဲ့သော်လည်း ထိုကဲ့သို့သော လက္ခဏာရှင်မျိုးကို တစ်ခါမျှ မတွေ့ခဲ့ဖူးပေ။ ရလဒ်ကို ရှင်းရှင်းလင်းလင်း သိနိုင်သော်လည်း အခြေအနေ၏ အကြောင်းရင်းကို မဖော်ထုတ်နိုင်ပေ။
နျဲ့ပုဖန်က ပခုံးတွန့်ပြီး ကောင်းကင်ကို မော့ကြည့်၏။
“သိပ်မအံ့သြပါနဲ့။ ကျွန်တော်က မကြာခင် သေတော့မှာ မဟုတ်ပေမယ့် ဒီခန္ဓာကိုယ်က တကယ်ကို ထူးခြားတာတော့ အမှန်ပါပဲ။ မွေးကတည်းက အသက် မရှင်နိုင်ဘူးလို့ ကောက်ချက်ချခံခဲ့ရပေမယ့် နောက်ဆုံးမှာတော့ အသက်ရှင်နေပြီး အခုထက်ထိ အသက်ရှင်နေသေးတာ မဟုတ်ဘူးလား"
ဖန်းလုံသည် မျက်မှောင်ကြုတ်ကာ ယုံကြည်တစ်ဝက်နှင့် သံသယ တစ်ဝက်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
နန်းတွင်းသမားတော်သည် အံ့အားသင့်သွားကာ နျဲ့ပုဖန်ကို စိုက်မကြည့်ပဲ မနေနိုက်ပေ။
“ဒါဆို သူမှာ အသက်အန္တရာယ် တကယ် မရှိဘူးလား”
“တကယ်လို့ သူ ပြောခဲ့တာတွေက အမှန်ဆိုရင် သူ့အသက်အန္တရာယ် ကင်းတာတော့ အမှန်ပါပဲ။ မိထားတဲ့ အဆိပ်တွေကို ခဏလေးနဲ့ သန့်စင်နိုင်သရွေ့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး"
ဖန်းလုံက ဖြေသည်။
နန်းတွင်းသမားတော်ကလည်း ခေါင်းညိတ်၏။
"ကောင်းပြီ၊ နန်းတွင်းသမားတော်၊ သူ့ကို မင်းရဲ့ စောင့်ရှောက်မှု အောက်မှာ ရှိစေရမယ်"
ဧကရာဇ်မင်းသည် မတ်တပ်ထရပ်ပြီး တိုင်းပြည်၏ ပညာရှိကြီးကို ထမင်းစား ခန်းမဆောင်သို့ လိုက်လံပို့ဆောင်ရင်း ပြောသည်။
''အဆိပ်က ဘာလဲဆိုတာ အဖြေသိရအောင် မောင်မင်း ကိုယ်တော့်ကို ကူညီပေးပါဦး''
“မှန်လှပါ''
ဖန်းလုံ သည် စားပွဲပေါ်ရှိ ဟင်းပွဲများကို စေ့စေ့ ကြည့်ရင်း တွေးလိုက်သည်။
ဧကရာဇ်ကလည်း “ငါကိုယ်တော်ကို ဘယ်သူက အဆိပ်ခတ်တာလဲ၊ ဘယ်သူက လုပ်လိုက်တာလဲ” ဟု မေးခွန်းထုတ်သည်။
“တိုင်းတစ်ပါးပြည်က သံအမတ်တွေနဲ့ ဧည့် ပရိသတ်တွေကို တွေ့စုံဖို့ အချိန်က သိပ်မကျန်တော့ပါဘူး။ ဒီအတောအတွင်းမှာ အမှားအယွင်း မရှိသင့်ပါဘူး။ အရှင်မင်းကြီး၊ သတိရှိတော်မူပါ”
ဧကရာဇ်မင်းသည် ခေါင်းညိတ်ကာ ပြုံး၍ပြောသည်။
"ရှောင်ပေါင်ကို ကိုယ်တော့်ဆီ ဒီတစ်ခေါက် ပို့ပေးလိုက်တာ တကယ်ကို ကျေးဇူးတင်မိတယ်၊ သူ့ကြောင့်သာ မဟုတ်ရင် ငါကိုယ်တော် အခု အဆိပ်မိသွားလောက်ပြီ''
“အရှင်မင်းကြီး၊ ဒီအရာရှိက ဒီချီးကျူးမှုကို မခံယူဝံ့ပါဘူး”
ဖန်းလုံက ဆိုသည်။
"ရှောင်ပေါင်ဟာ အရှင် ကိုယ်တော်တိုင် ရှာဖွေ တွေ့ရှိခဲ့တဲ့ အဖိုးတန် ရတနာ တစ်ခုပါ''
"ဟားဟား၊ မင်း ပြောတာ မှန်တယ်၊ ကိုယ်တော်က သူ့ကို ကိုယ်တိုင် ရှာတွေ့ခဲ့တာပဲ" ဧကရာဇ်သည် နှိမ့်ချမှု လုံးဝ မရှိဘဲ ချီးမွမ်းခြင်းကို လက်ခံခဲ့သည်။
သူက ဖန်းလုံ၏ ပခုံးကို ပုတ်ပြီး ကြင်နာစွာ ပြော၏။
"တိုငိးပြည်ရဲ့ပညာရှိကြီး၊ မင်းရဲ့ စွမ်းဆောင်မှု အရည်အချင်း ပြောင်မြောက်မှုတွေဟာလည်း အံ့မခမ်းပါပဲ။ နှစ်ရက်အတွင်း ကိုယ်တော်က မင်းကို အထူး လက်ဆောင်တစ်ခု ပေးမယ်"
ဖန်းလုံသည် သူ့ ဘေးနားက ဧကရာဇ်မင်းကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်၏။
သူ့ အသိစိတ်က ရုတ်တရက် ဆိုးဝါးသော အရာတစ်ခု ကြုံရတော့မည်ဟု သတိပေးနေသကဲ့သို့ပင်။
သေချာပါသည်။ နောက် သုံးရက်လောက်ကြာတော့ ဧကရာဇ်မင်းထံမှ သေသေချာချာ ရေးဆွဲထားသော ရုပ်ပြ စာအုပ် တစ်အုပ်ကို လက်ခံရရှိခဲ့သည်။
ထိုစာအုပ်၏ အမည်မှာ ''ယောကျ်ားတစ်ယောက်ဆီမှ သာယာမှု'' ဟု အမည်ရလေ၏။
ရုပ်ဆိုး အကျည်းတန်သည့် မျက်နှာသွင်ပြင် ရှိသော်လည်း ရိုးသားဖြောင့်မတ်သူ ဖန်းလုံခမျာမှာ၊ ချက်ချင်းပင် လောကကြီး နှစ်ခြမ်းကွဲသွားသကဲ့သို့ခံစားလိုက်ရလေတော့သတည်း။
YOU ARE READING
ကြက်သခင် နျဲ့ပုဖန် (Complete ✅)
RandomGong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။