Chapter 91

1.3K 140 0
                                    

Chapter - 91
အချစ်အတွက် တိုက်ပွဲ (အပိုင်း - ၁၅)


"ဝေစာအုပ်တိုက်စောင့်၊ မင်း ဘာကို ရှာနေတာလဲ" 
နျဲ့ပုဖန်သည် အိပ်ရာနိုးကတည်းက အိပ်ခန်းထဲတွင် လှည့်ပတ်ရှာနေသည်ကို မိန်းမစိုး မြင်လိုက်ရသည်။ ယခုလည်း ကုတင်အောက်၌ပင် တွားသွားနေ သည်ကို တွေ့လိုက်ရသဖြင့် နောက်ဆုံးတွင် မနေနိုင်ပဲ မေးလိုက်၏။

နျဲ့ပုဖန်က ပြန်မဖြေ။ မတ်တပ်ထရပ်ပြီး အိပ်ခန်းထဲ အပြန်ပြန်အလှန်လှန် လျှောက်နေပြန်၏။ သူ့အမူအရာ ထူးဆန်းနေသည်။

ထိုအချိန်တွင် တံခါးအပြင်ဘက်မှ နှုတ်ခွန်းဆက်သံများ ထွက်ပေါ်လာကာ ဧကရာဇ်မင်း ဝင်လာခဲ့သည်။

နျဲ့ပုဖန်က သူ့ကို မြင်တာနဲ့ တစ်ပြိုင်နက် ပြေးသွားပြီး ဖက်လိုက်သည်။

"ဟားဟား၊ ရှောင်ပေါင်၊ ဒီနေ့ မင်းဘ ာလို့ စိတ်အားထက်သန်နေတာလဲ"  ဧကရာဇ်မင်းသည် သူ့ကိုလက်နှစ်ဖက်ဖြင့် ပွေ့ဖက်ကာ မျက်နှာပေါ်တွင် ပြုံးလျှက်ရှိသည်။

နျဲ့ပုဖန်က သူ့ကို အချိန် အကြာကြီး စိုက်ကြည့်ပြီး "ကျွန်တော့်ရဲ့ အမိန့် တံဆိပ်ပြား ဘယ်မှာလဲ''ဟု လေးလေးနက်နက် မေးလိုက်သည်။

"ဘာအမိန့်တံဆိပ်ပြားလဲ" ဧကရာဇ်မင်းသည် မျက်ခုံးပင့်လိုက်၏။

"အရှင်မင်းကြီး ချီးမြှင့်ထားတဲ့ အမိန့်တံဆိပ်ပြားလေ..မနေ့ကပဲ ရှိနေသေးတယ်။ ဒါပေမယ့် ငါ နိုးလာတော့ ပျောက်သွားတယ်"

"အိုး...မင်းရဲ့ ဧကရာဇ် အမိန့်တံဆိပ်ပြားကို ခိုးယူဝံ့ရအောင် ဘယ်သူက ဒီလောက် ရဲရင့်နေသလဲ"

သို့သော် နျဲ့ပုဖန်က ဧကရာဇ်ကို မယုံသင်္ကာ ဖြစ်ကာ တိတ်တဆိတ် ကြည့်နေသည်။ -
ဟန်းဆောင်နေတာ မဟုတ်လား၊ ရှင်ဘုရင်ရဲ့နန်းတော်ထဲမှာ ဘုရင့် အမိန့်ပြားကို ရှင်ဘုရင်ကိုယ်တိုင်က လွဲရင် ဘယ်သူက ထိရဲမှာလဲ။

ထို့ကြောင့် နျဲ့ပုဖန်က ခြေလှမ်းအနည်းငယ်နောက်ဆုတ်ပြီး “အရှင်မင်းကြီး၊ အရှင်က ကိုယ်တိုင် ဆုချပြီးသားကို သူများ မသိအောင်ပြန်ယူသွားတာတော့ မကောင်းပါဘူး''

"ရှောင်ပေါင်၊ မင်း ဘာတွေ ပြောနေတာလဲ။  ကျန်း က ဒီလိုမျိုး ဘာလို့ လုပ်ရမှာလဲ" ဧကရာဇ်မင်းသည် ဝန်ခံရန် ငြင်းဆိုခဲ့သည်၊ "အကယ်လို့ ခိုးမခံရရင် မင်း တစ်နေရာရာမှာ မတော်တဆ ကျပျောက်ခဲ့တာ ဖြစ်မယ်။ နောက်မှ ကျန်း မင်းကို ရှာဖို့ ကူညီပေးယ်၊ ရှာတွေ့ရင် မင်းကို ကျန်းပြန်ပေးမယ်''

နျဲ့ပုဖန်က သံသယဖြင့်ထပ်မေး၏။

"အရှင် ရှာမတွေ့ရင် ဘယ်လိုလုပ်မလဲ"

"ကျန်း ရှာတွေ့မှာပါ" 

ဧကရာဇ်မင်းသည် သူ့ ခေါင်းကို နှစ်သိမ့်သည့်သဘောဖြင့် ပုတ်လိုက်သည်။

"ဒါဆို နန်းတော်ထဲက ထွက်ချင်ရင် ဘာလုပ်ရမလဲ"  နျဲ့ပုဖန်က ထပ်မေး၏။

"မင်း အခုမှ ပြန်လာတာလေ၊ နန်းတော်ကနေ ထပ်ပြီး ထွက်သွားချင်သေးတာလား။ နန်းတော် အပြင်မှာ အဲ့လောက်တောင် ပျော်စရာကောင်းလား” ဟု ဧကရာဇ်က တည်ငြိမ်စွာ မေးသည်။

"အရမ်း ပျော်စရာကောင်းတယ်''
နျဲ့ပုဖန်က အခိုင်အမာ ဆို၏။

ထို့ကြောင့် ဧကရာဇ်မင်းသည် ခေတ္တ တွေးတောပြီး
"ကောင်းပြီ၊ နောက်ရက်တွေအတွင်း မင်းစိတ်ကြိုက် ကစားဖို့ နန်းတော်ထဲကနေ မင်းကို ငါကိုယ်တိုင် ခေါ်ထုတ်သွားပေးမယ်" ဟု ပြောလိုက်သည်။

ဧကရာဇ်နဲ့ စကားပြောပြီးနောက်မှာ ဧကရာဇ်က အမိန့်တံဆိပ်ပြားကို ကိုယ်တိုင် ပြန်မပေးချင်တော့တာ သေချာသွားလေပြီ။ ပိုင်ရှင်က မပေးမှတော့ နျဲ့ပုဖန်မှာလည်း ယူဖို့ နည်းလမ်း မရှိတော့ချေ။

ဒါကို စဉ်းစားရင်း နျဲ့ပုဖန် ငြိမ်သွား၏။

သူသည် ဧကရာဇ်မင်း၏ ပခုံးပေါ်တွင် လက်တစ်ဖက်ကို တင်ကာ လေးနက်သော မျက်နှာဖြင့်

“အရှင်မင်းကြီး၊ အရှင်က နိုင်ငံ တစ်နိုင်ငံရဲ့ ဘုရင်မင်းမြတ်ပါ၊ ဒီရှောင်ပေါင်ကြောင့် တိုင်းပြည်အရေးကို မလစ်ဟင်းပါစေနဲ့။ နန်းတော်ကနေ ထွက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ကိုယ့်ကိုယ်ကို ထိန်းကြောင်းနိုင်ပါတယ်''

ဧကရာဇ်မင်း သည် နျဲ့ပုဖန်၏ “ကိုယ့်ကိုယ်ကို ထိန်းကြောင်းနိုင်ပါတယ်'' ဟူသော စကားသည် ထွက်ပြေးမည့် သဘောကို ရည်ညွှန်းမှန်း အတပ်သိနေချေပြီ။

သို့သော် နျဲ့ပုဖန်၏ တိုက်ကြက်များ မည်မျှ အစွမ်းထက်သည်ကိုတော့ ဧကရာဇ်မင်း မသိခဲ့ပေ။
ဘဏ္ဍာတိုက် အပြင်ဘက်ရှိ အစောင့်အကြပ်များနှင့် လုံခြုံရေးများသည် ဘဏ္ဍာတော်များကို တစ်စိုးတစ်စင်းမှ ခိုးယူခြင်း မပြုခဲ့ကြပေမယ့် ၎င်းတို့ထံသို့ ကံဆိုးမှုရောက်လာခြင်းအား မတားဆီးနိုင်ခဲ့။ 

မကြာမီကာလတွင် ဧကရာဇ်မင်း၏ ဘဏ္ဍာတော်များစွာသည် ရုတ်တရက် ပျောက်ဆုံးကုန်၏။ ဘဏ္ဍာတိုက်ထဲမှ မှော်ဆန်စွာ ပျောက်ကွယ်သွားသည်ကို အမှန်တကယ် တွေ့ရှိနိုင်ပေလိမ့်မည်။

နောက်တစ်နေ့တွင် နျဲ့ပုဖန်သည် ဧကရာဇ်၏ ဘဏ္ဍာတိုက်ထဲမှ ဝူခုံး ပြန်လည် ခိုးယူလာပေးသော အမိန့်ပြားကို အောင်မြင်စွာ ရရှိခဲ့သည်။ ချက်ချင်းဆိုသလိုပဲ သူသည် လင်းယုန်လေး လက်နက်ကြီးနှင့်အတူ ကျန်းကျွင်းရှီထံသို့ စာတစ်စောင် ပို့လိုက်၏။

စာတွင် လှည်းရထားတွဲ ရုပ်ပုံကို ဆွဲထားပြီး အချိန်နှင့် နေရာကို ပြန်ပြောရန်လည်း မေးထားသည်။
ဤသည်မှာ ကျန်းကျွင်းရှီကို ကုန်သည် ရထားတွဲပြင်ဆင်ထားရန် သတိပေးသည်မှာ ထင်ရှား၏။
ထို့နောက်တွင် နျဲ့ပုဖန်သည် နန်းတော်မှ ထွက်ရန်တိတ်တဆိတ် အစီအစဥ်ဆွဲတော့သည်။

ဤသို့ဖြင့် မြန်မြန်ဆန်ဆန်ပဲ ကျန်းကျွင်းရှီ ထံကပြန်စာရလာသည်။ သူသည် စာရွက်ပေါ်တွင် သင်္ဘောပုံ ဆွဲထားပြီး သင်္ဘောပေါ်တွင် ထင်ရှားသော အမှတ်အသား တစ်ခုလည်း ရှိသည်။ အချိန်မပြောင်းသော်လည်း သဘောတူထားသည့် နေရာကို မြို့ပြင် ရေဆိပ်အဖြစ် ပြောင်းလဲခဲ့သည်။

အချိန်တန်ပြီဟု ခံစားရသဖြင့် နျဲ့ပုဖန်သည် ဧကရာဇ်မင်း နံနက်ခင်း ညီလာခံ တတ်ရန်  အလုပ်ရှုပ်နေသည့်အချိန်ကို အခွင့်ကောင်း ယူကာ ဧကရာဇ် အမိန့်စာပြားကို သူ့ လက်ထဲတွင် ကိုင်ဆောင်လျှက်  ရင်ကော့ကာ ယုံကြည်မှု အပြည့်ဖြင့် နန်းတော်မှ ထွက်ခွာသွားခဲ့သည်။

ထွက်ခွာပြီးနောက် သူသည် သဘောတူထားသည့်နေရာသို့ ချက်ချင်း အလျင်စလိုမသွားဘဲ လျှို့ဝှက်လမ်းနှင့် အထွက်လမ်းကို ဦးစွာ လမ်းလွှဲခဲ့သေးသည်။ ခဏအကြာတွင် လမ်းကြားထဲမှ အော်ဟစ်သံများ ပဲ့တင်ထပ်ကာ အမျိုးမျိုးသော တောင်ပံခတ်သံများ ထွက်ပေါ်လာသည်။

အရာအားလုံး ပြေလည်သွားသောအခါ နျဲ့ပုဖန်သည် လမ်းကြားမှ အေးအေးဆေးဆေး ထွက်လာပြီး အဝတ်အစား အသစ်နှင့် ဝါးဦးထုပ်ကို ဝတ်ဆင်ကာ ရေဆိပ်သို့ လျှောက်သွားခဲ့၏။

သူ့နောက်ကို တိတ်တဆိတ် လိုက်လာသော လျှို့ဝှက်အစောင့် တစ်ယောက်ကတော့ လမ်းကြားထဲ၌ မြေပြင်ပေါ်မှာ လဲကျနေပြီး သူ့အဝတ်အစားတွေ စုတ်ပြဲကာ ခန္ဓာကိုယ်ကို စုတ်ပြတ်သတ်နေပြီဖြစ်တဲ့အတွက် လူရုပ်ပင် မပေါ်တော့ချေ။

ဆိပ်ကမ်းတွင် ကုန်သည်များနှင့် ကုန်တင်သင်္ဘော ဒါဇင်ပေါင်း များစွာ ဆိုက်ကပ်လျှက်ရှိသည်။

နျဲ့ပုဖန်သည် သင်္ဘော တစ်စင်းစီရှိ အမှတ်အသားများကို ဂရုတစိုက်ကြည့် ပြီး ၎င်းတို့၏ ဆုံမှတ်ကို အချိန်တိုအတွင်း ရှာတွေ့ခဲ့သည်။ ထိုအရာသည် သေးငယ်သော ကုန်တင်သင်္ဘောငယ် တစ်စင်း ဖြစ်ပြီး ဦးပိုင်းသည် ငှက်နှုတ်သီး ပုံသဏ္ဍာန်ရှိကာ သင်္ဘော ကိုယ်ထည်ကို အနက်ရောင်ဖြင့် ခြယ်သထား၏။ အတွင်းပိုင်းကို အဓိကအားဖြင့် အနီရောင် အဝါရောင်တို့ဖြင့် ချယ်ထားသည်။  အသွင်အပြင်က တခြားသင်္ဘောတွေနဲ့ မတူပဲ ထူးခြားနေသည်။

နျဲ့ပုဖန်သည် သင်္ဘောပေါ်သို့ အထမ်းသမားနောက်မှ လိုက်သွားကာ လှည့်ပတ်ကြည့်ရှုသော်လည်း ရင်းနှီးသော ပုံရိပ်များကို မတွေ့ခဲ့ရပေ။ ကျန်းကျွင်းရှီရဲ့ အစီစဥ်ကျတဲ့စရိုက် ကြောင့် သူနဲ့ တိုက်ရိုက် လူချင်းဆုံဖို့ မလာပဲ သူနဲ့ အဆက်အသွယ် လုပ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်လို့ နျဲ့ပုဖန် တွေးမိသည်။

သူသည် သင်္ဘောပေါ်ရှိ ခရီးသည် အခန်းတိုင်းကို အနှံ့လိုက်စစ်ဆေးနေသည်။ ထိုအချိန်တွင် သင်္ဘောသား အများစုသည် ကုန်းပတ်ပေါ်တွင် အလုပ်ရှုပ်နေကြပြီး ခရီးသည်များ၏ လှုပ်ရှားမှုကို မည်သူမျှ ဂရုမစိုက်ကြပေ။

ထူးဆန်းတာ တစ်ခုခု မတွေ့သည့် အဆုံးတွင် နျဲ့ပုဖန်သည် ဘယ်သူကိုမှ မရှာတော့ဘဲ စိတ်အေး လက်အေးနှင့် အနားယူရန် အခန်းတစ်ခုကို အမှတ်တမဲ့ ရှာတွေ့ခဲ့သည်။ မည်သို့ပင်ဆိုစေ သူသည် သင်္ဘောပေါ် တက်ပြီး ဖြစ်သောကြောင့် ကျန်းကျွင်းရှီ၏ လူများ သူ့ကို ရှာတွေ့ရန် စောင့်ဆိုင်းနေယုံသာ ရှိ၏။

မကြာမီပင် အပြင်ဘက်မှ အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာ၏။ သင်္ဘောသည် ရွက်လွှင့်တော့မည့်ဟန်ဖြင့် သင်္ဘောကိုယ်ထည် အနည်းငယ် တုန်ခါသွားသည်။

နျဲ့ပုဖန်သည် ပြတင်းပေါက်ကျဉ်းမှ အပြင်ကို လှမ်းကြည့်လိုက်၏။ သင်္ဘောသည် အဝေးသို့ ရွက်လွှင့်လာသည်နှင့်အမျှ ကမ်းပေါ်ရှိ ရုပ်ပုံများသည် မှုန်ဝါးလာသည်။ 

ဤမြစ်သည် ပင်မမြစ် မဟုတ်သည့်အတွက်၊ လှေငယ်များသာ ဖြတ်သန်းသွားလာနိုင်သော်လည်း ပင်မမြစ်ထဲသို့ ဝင်ရောက်ပြီးနောက် မြင်ကွင်းသည် ပိုမို ကျယ်ပြန့်လာသည်။

နျဲ့ပုဖန်သည် မျောက်ကလေးအား လေထဲသို့ အကြိမ်ကြိမ် မြှောက်ပင့်ကာ ကစားနေပြီး သူ့မျက်နှာမှာ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည် — သူ နောက်ဆုံးတော့ ရွာကို ပြန်သွားနိုင်တော့မည်။

ဒါပေမယ့် သည်သင်္ဘောက ကျန်းကျွင်းရှီ သူ့အတွက် ပြင်ဆင်ထားတဲ့ သင်္ဘော မဟုတ်မှန်း သူလုံးဝ မသိခဲ့ပါ။ သင်္ဘော နှစ်စင်းသည် တူညီသော အမှတ်အသားများ ရှိသော်လည်း ဦးတည်ရာ လုံးဝမတူညီပါ။

တစ်ဖက်တွင်၊ ကျန်းကျွင်းရှီသည် သင်္ဘောပေါ်တွင် တစ်ချိန်လုံး စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သော်လည်း မွန်းလွဲပိုင်းပင် ဖြစ်နေပြီ ဖြစ်ကာ မည်သူမျှ မမြင်ရသေးပေ။ တစ်စုံတစ်ရာ မှားယွင်းသွားသည်ကို သိသဖြင့် ထိုကိစ္စကို စုံစမ်းရန် လူတစ်ဦးကို စေလွှတ်လိုက်၏။ ထိုတွင် ဧကရာဇ်မင်းသည် လူတစ်ဦးကို ရှာဖွေရန် နန်းတော်မှ အစောင့်အကြပ်များစွာကို စေလွှတ်ခဲ့ကြောင်း သိရှိခဲ့ရသည်။  တစ်စုံတစ်ယောက်သည် နန်းတော်မှ အမှန်တကယ် အောင်မြင်စွာ ထွက်ခွာသွားသည်ကို သူသိလိုက်ရသော်လည်း ထိုသူသည် မည်သည့်နေရာသို့ ရောက်သွားသလဲ မသိပေ။  လမ်းပျောက်နေတာ ဖြစ်နိုင်သလား။

ကျန်းကျွင်းရှီ ကောင်းကင်ကို မော့ကြည့်လိုက်တော့လည်း လင်းယုန် လက်နက်ကြီးရဲ့ အရိပ်အယောင်ကို မတွေ့ရချေ။ အခြား ကြက်များသည်လည်း အုပ်စုလိုက် ပျောက်ကွယ်သွားပုံရသည်။ အမွေး တစ်ပင်တောင် မတွေ့နိုင်တော့ပေ။
အားလုံး စီစဥ်ထားပြီးကာမှ အစီအစဥ်အတိုင်း ဖြစ်မလာတာကို သူ စိတ်တပူပူ ဖြစ်နေသည်။

ညနေပိုင်းတွင် သူသည် နောက်ဆုံးအနေနဲ့လက်လျော့လိုက်ပြီး နျဲ့ပုဖန်သည် သူတို့အပေါ် လှည့်စားသွားပြီဟု ယူဆကာ ရင်ဘတ်ထဲက ပြင်းထန်စွာ နာကျင်နေခဲ့လေသည်။
ကမ္ဘာကြီး ငြိမ်းချမ်းဖို့အတွက် ထိုသူ့ကို ကြိုးနဲ့ ချည်ထားရမှာလား။

သနားစရာ ကောင်းပြီး ပင်ပန်းနွမ်းနယ်နေသော မောင်းမမိသာန်တို့နှင့် တော်ဝန် အစောင့်ရှောက် များစွာသည် ဧကရာဇ်၏ ရှေ့တော် မောက်တွင်  တစ်ဖန် ပြန်လည်စုရုံးကာ သွေးမျက်ရည်ကျနေသော မျက်နှာများဖြင့် အချင်းချင်းကြည့်နေကြသည်။

နျဲ့ပုဖန် ထွက်ပြေးသွားကြောင်း ဧကရာဇ်မင်း သိပြီးနောက်မှာ ဖန်းလုံကြောင့်လားဟူ၍ ချက်ခြင်းသံသယဝင်မိကာ ၎င်း၏ ဆင့်ခေါ်ချက်ကို မိန့်ကြားပေးရန် စေလွှတ်လိုက်သော တမန်က ပြန်၍ ပြောပြသည်မှာ နိုင်ငံတော်၏ ဆရာလည်း ပျောက်ဆုံးနေကြောင်း သိလိုက်ရသည်။

သည်ဖြစ်နိုင်ချေကို တွေးကြည့်လိုက်တဲ့အခါ ဧကရာဇ်လည်း ထိန်းမနိုင်တော့ပဲ အလွန်အမင်းဒေါသ ပို၍ ကြီးလာလေသည်။

အဲ့နျဲ့ပုဖန်က ဘယ်သူမှ မသိအောင် ဘုရင့် အမိန့်တဆိပ်ပြားကို ခိုးယူသွားပြီး ဖန်းလုံကိုပါ သူနဲ့အတူတူ ထွက်ပြေးဖို့ စည်းရုံးခဲ့တာလား။
ဖန်းလုံကရော သူရဲ့ရာထူး အာဏာကို စွန့်ပစ်ပြီး နျဲ့ပုဖန်နောက် လိုက်ဝံ့သလား။

ဧကရာဇ်မင်း၏ မျက်နှာသည် ရှုံ့တွလာပြီး လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကာ သူ၏ ထင်မြင်ယူဆချက်ကို ဖြေလျော့ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

တော်ဝင်မြို့အတွင်း ရှာဖွေရန် အစောင့်အကြပ်အများအပြား စေလွှတ်ထား၏။ 
အဲ့ကောင် သူ့ လက်အောက်ကနေ လွတ်အောင် မပြေးနိုင်လို့ကတော့ တစ်သက်လုံး ချုပ်ထားပစ်မယ်လို့ ကြိမ်းဝါးလိုက်သည်။

တကယ်တော့ ဖန်းလုံ ထွက်သွားတာဟာ တခြားအကြောင်းကြောင့် ဖြစ်ပြီး၊ မတော်တဆ တိုက်ဆိုင်သွားခဲ့တာ ဖြစ်သည်။ ဖန်းလုံသည် မူလက ရန်ရှန်း မြို့အလည်အပတ် ခရီး၌ သံတမန်များနှင့်အတူ လိုက်ပါရခဲ့သည်။ စီတန်း လှည့်လည်စဉ် မြစ်ဆိပ်သို့ ရောက်လာသောအခါတွင် သူနှင့် ရင်းနှီးသော ပုံရိက်လွှာကို အမှတ်မထင် တွေ့ရှိခဲ့၏။ တခြား တစ်ယောက်သည် ဦးထုပ် ဆောင်းထားပေမယ့် တစ်ချက်ကြည့်လိုက်တာနဲ့ သူ တန်းပြီး မှတ်မိလေသည်။

ထိုသူ သင်္ဘောပေါ် တက်သွားတာကို မြင်တော့ ဖန်းလုံလည်း ချက်ချင်းပဲ သံတမန်အုပ်ထဲ ခွဲထွက်ဖို့ အကြောင်းပြချက် ရှာပြီး သင်္ဘောဆီ အမြန်လျှောက်သွားလိုက်သည်။

၎င်းသည် ကိုယ်ပိုင် ကုန်တင်သင်္ဘော ဖြစ်ပြီး ပြင်ပလူများကို ဝင်ရောက်ခွင့် မပြုထားပေ။  သို့သော်လည်း ဖန်းလုံသည် သင်္ဘောပေါ်ရှိ အမှတ်အသားကို ကြည့်လိုက်သောအခါ သင်္ဘောပိုင်ရှင်မှာ မည်သူ မည်ဝါ ဖြစ်သည်ကို သိလိုက်သည်။ ထို့ကြောင့် သူ၏ အထောက်အထား တံဆိပ်ကို ထုတ်ပြပြီး ခွင့်ပြုချက်ယူကာ ပြဿနာ တစ်စုံ တစ်ရာ မရှိဘဲ သင်္ဘောပေါ်သို့ တက်ာနိုင်ခဲ့သည်။

ထိုအချိန်တွင် နျဲပုဖန်သည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ့ လက်ချောင်းများကို အသုံးပြုကာ ဝူခုံးနှင့် ကြိုးစလွန် ဆွဲသည့် ဂိမ်းကစားနေသည်။ သူ့ ပတ်ဝန်းကျင်တွင် ကြက်အုပ်က အုပ်စုခွဲပြီး နေနေကြသည်။ အဓိကအားဖြင့် ပျံသန်းနေသော ကြက်များနှင့် ရေထဲက ကြက်များဟူ၍ ရှိသည်။ ကြက်တွေက ရွာကို ပြန်ဖို့ လမ်းစရှာနေ၏။

တစ်ချက် ဝူခုံးသည် ကြိုးကို အပြင်းအထန် ပြန်ဆွဲလိုက်သည်။ နျဲ့ပုဖန်က သူ့ခေါင်းကို လက်တစ်ဖက်နဲ့ ထောက်လိုက်ပြီး နောက်တစ်ဖက်နဲ့ ကြိုးကို ကိုင်လိုက်ကာ လုံးဝ မလှုပ်မယှက် နေနေသည်။

နောက်ဆုံးတွင် ဝူခုံး သည် မနိုင်မှန်း သိသဖြင့် ပင်ပန်းနွမ်းနယ်စွာ လှဲလျောင်းသွားခဲ့၏။

“ဟား ဟား ဟား”
နျဲ့ပုဖန်က ခေါင်းကို မော့ပြီး ဂုဏ်ယူစွာ ရယ်မောရင်း ဝူခုံးကို စနောက်လိုက်သည်။

''အကောင်သေးသေးလေး၊ မင်း ဒီရွာလူကြီးကို ယှဥ်နိုင်ဖို့ နောင်ဆယ်နှစ်လောက် ကြိုးစားလိုက်ဦး၊ ဆယ်နှစ်..''

လက်ဖဝါးလောက်သာသာရှိတဲ့ မျောက်ကလေးတစ်ကောင်နဲ့ လွန်ဆွဲပွဲကို အနိုင်ရခဲ့တာ ဂုဏ်ယူစရာ ဘာရှိလို့လဲ။

ထိုအခိုက်တွင် တံခါးခေါက်သံကြောင့် နျဲ့ပုဖန် မတုံ့ပြန်မီတွင် အပြင်မှလူသည် တံခါးဖွင့်ပြီး ဝင်လာခဲ့သည်။

"ဟင်၊ နိုင်ငံတော်ရဲ့ပညာရှိလား” နျဲ့ပုဖန် က မျက်လုံးပြူးပြီး “မင်း ဘာလို့ ဒီကို ရောက်နေတာလဲ”

"အဲ့ဒါက ငါ မင်းကို မေးသင့်တာ ထင်တယ်"
ဖန်းလုံ တံခါးကို ပိတ်ပြီး ကုတင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားကာ အထက်မှ ငုံ့ကြည့်၍ "မင်း ဘယ်သွားမလို့လဲ"

“အိမ်ပြန်မလို့လေ''
နျဲ့ပုဖန်က မဆိုင်းမတွ ဖြေသည်။

"အိမ်ပြန််မယ်၊ ဟုတ်လား" ဖန်းလုံက မျက်ခုံးပင့်လိုက်ပြီး "ကျီယု ကျွန်းက လူတွေကို သိလား"

"ကျီယု ကျွန်း၊ ဟုတ်လား"  နျဲပုဖန်သည် နံရံ ကိုကြည့်ကာ စဥ်းစားလေ၏။ ထို နေရာအမည်ကို ရင်းနှီးနေပုံရသည်။

ထိုအခါ ဖန်းလုံက ထပ်၍မေးလိုက်သည်

"ကျီယု ကျွန်းကို မင်း မသိဘူးလား။ ဒါဆို မင်း ဘာလို့ သူတို့ သင်္ဘောပေါ် တက်လာတာလဲ"

"ဟင်" နျဲ့ပုဖန် အံ့သြသွားပြီး "ဒီသင်္ဘောက ကျီယုကျွန်း ပိုင်တာလား"

ထိုအခါမှ ထိုက်ပိုင်သည် ကျီယု ကျွန်း၏ ကျွန်းသခင်လေးဟု တစ်ချိန်က ပြောခဲ့ဖူးသည်ကို သတိရမိသည်။
ဒါက ကျန်းကျွင်းရှီနဲ့ ထိုက်ပိုင်တို့ ပူးပေါင်း စီစဥ်ထားတာ မဖြစ်နိုင်ဘူးလား။

ဖန်းလုံက ခေါင်းညိတ်ပြီး "မင်းရဲ့ မွေးရပ်မြေက ဘယ်မှာလဲ။ ကျီယု ကျွန်းလား"

သူ သည်လို မေးလိုက်ပေမယ့်။ နျဲ့ပုဖန်က ကျီယုကျွန်းက မဟုတ်တာတော့ သူ လုံးဝသေချာသည်။  ကျီယု ကျွန်းမှ လူများကို ခွဲခြား သိမြင်ရန် အတော်လေး လွယ်ကူ၏။ ၎င်းတို့၏ အသားအရေသည် ညိုသည်၊ သူတို့၏ အဝတ်အစားများသည် အလွန်ထူးခြားဆန်းပြားပြီး၊ ရေငုပ်ရာတွင် အလွန် ထူးချွန်ကြကာ ပင်လယ်ရေ၏ ရနံ့ကိုလည်း သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ သယ်ဆောင်ထားလေ့ရှိကြသည်။

သိုသော် နျဲ့ပုဖန်က ခေါင်းယမ်းပြီး "ငါက အရှေ့တောင်ဘက်မှာရှိတဲ့ မြို့ငယ်လေးမှာ နေတာပ်" လို့ ပြုံးပြီး ပြန်ပြောခဲ့၏။

"အရှေ့တောင်ဘက်၊ ဟုတ်လား" ဖန်းလုံ တွေးစရာဖြစ်သွားသည်။

“ဒီသင်္ဘောက အနောက်တောင်ဘက်ကို ရွက်လွှင့်နေတာလေ၊ ပင်မမြစ်ထဲကို ဝင်ပြီးရင် ပင်မ သင်္ဘောနဲ့ ဆုံပြီး ရေစီးကြောင်းအတိုင်း ဆင်းသွာပြီး ပင်လယ်ထဲကို တည့်တည့် ထွက်သွားလိမ့်မယ်”

"ပင်လယ်ထဲကို တည့်တည့်ထွက်မယ်၊ ဟုတ်လား"  နျဲ့ပုဖန် ရုတ်တရက် ထထိုင်လိုက်ပြီး သူ့အပေါ်တက်နေတဲ့ မျောက်လေးကို ပုခုံးပေါ်ကို တင်လိုက်သည်။

"မင်း မသိဘူးလား" ဖန်းလုံက မျောက်ကလေးကို ပေါ့ပေါ့ပါးပါး ကိုင်ထားတဲ့ လက်ကို စိုက်ကြည့်နေ၏။

နျဲ့ပုဖန်သည် ကောင်းကင်ကို မော့ကြည့်ကာ ခဏလောက် စဉ်းစားပြီးနောက် ဖန်းလုံ၏ ခါးကို ပွေ့ဖက်ကာ

“နိုင်ငံတော် ပညာရှိကြီး၊ ကျွန်းပေါ်မှာ ရက်အနည်းငယ် ကစားဖို့ ငါနဲ့ အတူတူ လိုက်ခဲ့မယ်မဟုတ်လား''

ဖန်းလုံက မတုန်မလှုပ်ဖြင့် နူးညံ့သိမ်မွေ့စွာပြန်ပြောသည်။

"မင်း နန်းတော်က ထွက်လာတဲ့အတွက် ဧကရာဇ်မင်း ဒေါသထွက်နေလိမ့်မယ်။ မင်းသူ့ကို ဘယ်လိုရှင်းပြမလဲ"

"ဘာ ရှင်းပြရမှာလဲ" နျဲ့ပုဖန်က တောက်ပစွာ ပြုံးပြီး

"ငါတို့ သိပ်မကြာခင်ကမှ ချစ်နေကြတယ်လို့ ကြေငြာခဲ့ပြီးပြီ အခုတော့ အတူတူ ပျောက်ဆုံးသွားတယ်။ ဧကရာဇ်မင်းရဲ့ထက်မြတ်တဲ့ ဦးနှောက်နဲ့တောင်မှ ဒီကိစ္စရဲ့နောက်ကွယ်က အစစ်မှန်တဲ့ အဓိက အကြောင်းအရာကို သိနိုင်မှာ မဟုတ်ဘူး၊
ငါတို့က ချစ်နေကြတဲ့ အခြေအနေမှာ လက်ထပ်တော့မယ်လို့လည်း သူ့ကို ပြောခဲ့တဲ့အတွက် အကယ်၍ လက်ထပ်ထားတဲ့ အထောက်အထား တစ်ခု ပို့လိုက်မယ်ဆိုရင် သူလည်းအကျိုးအကြောင်း ဆင်ခြင်မိပြီး ငါ့ကို လက်လွှတ်ပေးလောက်ပါတယ်၊ အဲ့အခါကျရင် အားလုံး ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်''

မင်းက မီးထဲကို ဓာတ်ဆီ လောင်းပြီး တလောကလုံးကို မီးမြိုက်ဖို့လုပ်နေတာလား။

ဖန်းလုံ စကား မပြောနိုင်။

"ဘာပဲဖြစ်ဖြစ် နန်းတော် မပြန်ဘူးကွာ" 
နျဲ့ပုဖန်က အခိုင်အမာပြောသည်။

''မင်း သဘော မတူရင် ဒါမှမဟုတ်၊ ငါ့ လမ်းကို ပိတ်နေမယ်ဆိုရင်၊ ငါ ဒီပင်လယ်ထဲမှာပဲ ပင်လယ်ဓားပြလုပ်ပြီးတော့ မင်းကိုလည်း ပင်လယ်ဓားပြ မယားအဖြစ်နဲ့ ဖျက်စီးပစ်မယ်''

ဖန်းလုံသည် သူ့ကို စွံ့အလျှက် ကြည့်နေယုံသာတတ်နိုင်တော့သည်။
တကယ်ပဲ ပင်လယ်ဓားပြ သင်္ဘောပေါ် ရောက်နေသကဲ့သို့ ခံစားနေရ၏။

နျဲ့ပုဖန်က သူ့ပုခုံးနှစ်ဖက်ကို လက်တင်လိုက်ပြီး

“စိတ်မပူပါနဲ့၊ မင်း ငါနဲ့အတူ ပူးပေါင်း ဆောင်ရွက်နေသမျှ ငါ မင်းကို ဘာမှလုပ်မှာ မဟုတ်ဘူး၊ နောက်ကျရင် မင်းလည်း ဂုဏ်သိက္ခာရှိစွာနဲ့ မင်းရဲ့မူလနေရာကို ပြန်နိုင်လိမ့်မယ်လို့ ကတိပေးပါတယ်...''

ကျေးဇူးပဲ၊ ဒါပေမယ့် မလိုပါဘူး။

ဖန်းလုံသည် မျက်လုံးများ မှိတ်လိုက်ပြီး ခါးထောက်လျှက် အသံတိုးတိုးဖြင့် တစ်ဖက်ကို မေးလိုက်သည်။

''တကယ်တော့လေ၊ မင်း ငါ့ကို သားမယားအဖြစ်ဘယ်လို ဖျက်စီးဖို့ စီစဥ်ထားမလဲဆိုတာ အရမ်းသိချင်တယ်''

အဲ့နေ့ နန်းတော်က ထွက်သွားကတည်းက သူ့ ရင်ထဲမှာ ပေါက်ဖွားလာတဲ့ ဆန္ဒတွေကို တားလို့ မရတော့ဘဲ နွေဦးအိပ်မက်ကို တစ်ကိုယ်တည်း မက်နေခဲ့သည်။ သူ့အိမ်မက်ထဲမှာ တစ်ဖက်လူက ဆွဲဆောင်မှုရှိပြီး စွဲမက်ဖွယ်ကောင်းသည်။ သူ့ကို ပိုင်ဆိုင်ဖို့ကလွဲလို့ ဘာကိုမှ မလိုချင်တော့ဘဲ လိင်တူချစ်သူ စာအုပ်ထဲမှာ မြင်ခဲ့ရတဲ့ ပုံရိပ်တွေကို သူ့စိတ်က အလိုလို ပြန်မြင်ယောင်နေမိသည်။
ကိုယ်ဟန် အနေအထားတိုင်း၊ အမူအရာတိုင်းက သူ့အတွက် စွဲမက်ဖွယ် ကောင်းနေပြီး၊ သူလည်း နျဲ့ပုဖန်အပေါ်မှာ အထိန်းအကွပ်မဲ့စွာ မေတ္တာသက်ဝင်နေပါတော့သည်။

ဖန်းလုံသည် သူ့အတွက် အမှန်တကယ် ရှုံးနိမ့်သွားသည်ကို နားလည်ခဲ့သည်။ နျဲ့ပုဖန်သည် နန်းတော်၏ အတုမဲ့ ကြီးမြတ်လှသော ဧကရာဇ်၏ ပိုင်ဆိုင်မှု ဖြစ်ခဲ့သည်။

အခုက မတူတော့ပေ။ 
နျဲ့ပုဖန်သည် နန်းတော်အရိပ်အောက်မှ
ထွက်ပြေး လွတ်မြောက် လာခဲ့လေပြီ။
ဒါက ကောင်းကင်က သူ့ကို ပေးခဲ့တဲ့ အခွင့်အရေး မဟုတ်ဘူးလား။

ဖန်းလုံသည် ဧကရာဇ်မင်းမြတ်အနေနဲ့ သူ့မိသားစုအပေါ်အမြတ်တော် ရှပြီး မင်းပြစ်မင်းဒဏ် သင့်စေမည့်အရေးကို မပူပန်တော့ပေ။ ဧကရာဇ်မင်းသည် ကျိုးကြောင်းစီလျော်၍ တရားမျှတသူ ဖြစ်တာကြောင့် ဤမျှလောက် ယုတ်ညံ့သောကိုယ်ရေးကိုယ်တာ ခံစားချက်မျိုးကို ထုတ်ဖော်ပြသမည့်သူမျိုး မဟုတ်ပေ။
ဧကရာဇ်အနေနဲ့ သူ့ကို နားလည် ခွင့်လွတ်ပေးဖို့သာမျှော်လင့်ပါသည်။

နောက်ဆုံးတွင် သူ့သည် ဤကပ်ဘေးဆိုးကြီးကိုပိုင်ဆိုင်လိုခဲ့သည့်အတွက် ဧကရာဇ်အား တောင်းပန်စကားသာ ပြောနိုင်ပါတော့လေသတည်း။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now