Chapter 85

1.4K 151 4
                                    

Chapter - 85
အချစ်အတွက် တိုက်ပွဲ (အပိုင်း ၉)


“ဟာဟားဟား…” ဧကရာဇ်မင်းသည် နန်းတော်သို့ ပြန်ရောက်သည်နှင့် တပြိုင်နက် နျဲ့ပုဖန်းအား ပွေ့ဖက်ကာ ရယ်မောလျှက်။ သူ့ တစ်ကိုယ်လုံး နျဲ့ပုဖန်ကျောပေါ်ဖိချကာ ဧကရာဇ်မင်းမြတ်ဟူသော ပုံရိပ်ကို ထိန်းထားရန် လုံးဝ မေ့လျော့သွားလေသည်။

သို့သော် နျဲ့ပုဖန်က ရပ်လိုက်စေပြီး

"အရှင်မင်းကြီး၊ ကိုယ်အလေးချိန် လျော့ချသင့်တယ်၊ အရှင့်ကိုယ်က အရမ်းလေးတယ်''

"ရှောင်ပေါင်၊ မင်းက တကယ့် ရတနာပဲ" ဧကရာဇ်မင်းသည် ထိုင်ခုံတွင် ထိုင်၍ နျဲ့ပုဖန်ကို သူ့ပေါင်ပေါ်တင်လိုက်သည်။

နျဲ့ပုဖန်လည်း ဘာမှမတက်နိုင်ဘဲ ခြေထောက်များကို ခုံလက်ရမ်းပေါ် တင်ကာ ဧကရာဇ်မင်း၏ ရင်ဘတ်ပေါ် နောက်လှန်မှီလျှက် နန်းတော်မှ အစေခံ တည်ခင်းပေးသော လက်ဖက်ရည်ကို သောက်လိုက်သည်။

ဧကရာဇ်မင်းသည် သူ့ခါးကို လက်နှစ်ဖက်ဖြင့် ဖက်ထားပြီး
“အဲ့ကြက်တွေက ဘာလဲ၊ ကျားဖြူကို အနိုင်ယူနိုင်တယ်ဆိုတာ မင်း ကြိုသိနေပုံရတယ်။”

"ဟုတ်ပါတယ်၊ သူတို့ အားလုံးက ငါ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာတယ်ဆိုတော့ သိပ်သိတာပေါ့''
ဧကရာဇ်က နျဲ့ပုဖန်ကို မှုန်ကုပ်ကုပ် ကြည့်လိုက်သည်။

"မင်း သူတို့ကို မွေးမြူထားတာလား"
ဧကရာဇ်မင်း၏ မျက်လုံးများသည် အနည်းငယ် တောက်ပနေသည်။
“ရှောင်ပေါင်၊ နန်းတော်ထဲ မ၀င်ခင် ဘာတွေ လုပ်ခဲ့လဲ။ မင်းက ကြက်မွေးမြူရေးသမားလား''

“ဟုတ်ပါတယ်” နျဲ့ပုဖန် က မဆိုင်းမတွ ဖြေလိုက်သည်။

ဧကရာဇ်မင်းသည် နျဲ့ပုဖန် လက်ကို မြှောက်ယူကာ ဂရုတစိုက် ပွတ်သပ်လိုက်သည်။ ထိုလက်ဖဝါးဟာ ကျောက်စိမ်းကဲ့သို့ ချောမွေ့သည်၊ ကြမ်းတမ်းသော အလုပ်ကို လုပ်ဖူးသူ နှင့် လုံးဝ မတူချေ။ နျဲ့ပုဖန်တွင် ကလေး တစ်ယောက်၏ အပြစ်ကင်းစင်သောအသွင်အပြင်မျိုးနှင့် မင်းမျိုးမင်းနွယ် အထက်တန်းစား သခင်လေး တစ်ယောက်သဖွယ် ရောင်ဝါရှိသည်။ သူ၏ အပြောအဆိုနှင့် အမူအရာများသည် လွတ်လပ်ပြီး အထိန်းအကွပ်မဲ့ကာ ကျက်သရေနှင့် ဘာမှ မဆိုင်သော်လည်း သူသည် လေကဲ့သို့ သဘာဝအတိုင်း ဖြစ်နေသောကြောင့် လူများက သူ့ကို မသိစိတ်က စိတ်ဝင်စားစေသည်။

ရှောင်ပေါင်၏ အမည်ကို စစ်ဆေးရန် တစ်စုံတစ်ဦးကို စေလွှတ်ရန် အချိန်တန်ပြီဟု ဧကရာဇ် ထင်လိုက်သည်။ စင်စစ်တွင် ထိုအမျိုးသားသည် နိုင်ငံတော်၏ ပညာရှိကြီးမှ ခေါ်ဆောင်လာသူ ဖြစ်သောကြောင့် နောက်ပိုင်းတွင် ပညာရှိကြီးကို တိုက်ရိုက်မေးရန် စဥ်းစားလိုက်သည်။

"တစ်ခု ရှိတယ်'' နျဲ့ပုဖန်က ရုတ်တရက်ဆိုသည်။
"အရှင့်အနေနဲ့ ငါ့ ကြက်တွေကို ဖမ်းလို့ မရဘူး၊ သူတို့တွေက ငါ့ရဲ့အဖိုးတန် ရတနာတွေပဲ''

“ကောင်းပြီ” ဧကရာဇ်မင်း က ပြုံးပြုံးရွှင်ရွှင်နဲ့ပြောသည်။
“ပြီးခဲ့တဲ့ ပြပွဲမှာ သူတို့ဟာ ကောင်းမွန်တဲ့ လုပ်ရပ်ကို လုပ်ခဲ့တယ်။ ကျန်းက  သူတို့ကို မဖမ်းလည်း မဖမ်းဘူး။ ဒါ့အပြင် ကောင်းကောင်းစားသောက်ခွင့်ပြု ပေးမယ်”

နျဲ့ပုဖန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ပြီးမှ သူ အံ့သြစွာ တွေးမိသည်က ကြက်သိုက်ရွာကကြက်တွေ အားလုံးကို နန်းတော်ထဲ ပြောင်းမွေးရမှာလား။ ဒီလိုနဲ့ ကံမကောင်းသူ တစ်ယောက်က သူတို့ကို နှိုးဆွမိတဲ့အခါ မှန်းလို့မရတဲ့ အကျိုးဆက်တွေ ဖြစ်လာမှာကို စိုးရိမ်မိတယ်။

ဤအခိုက်အတန့်တွင် အမတ်မင်းက “အရှင်မင်းကြီး၊ နေ့လယ်စာ စားပွဲ အဆင်သင့်ဖြစ်ပြီ” ဟု လျှောက်တင်၏။

ဧကရာဇ်မင်းသည် ခေါင်းညိတ်လိုက်ပြီး နျဲ့ပုဖန်ကို မတ်တပ်ရပ်စေ၍ ခန်းမဆောင် အပြင်ဘက်ဆီသို့ ဆွဲခေါ်သွားလိုက်သည်။

နေ့လယ်စာ စားပွဲကို ယာယီ ဧကရာဇ် နေထိုင်ရာ ထျန်းဟဲ ဥယျာဉ်တွင် ကျင်းပခဲ့ပြီး လူပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့သည်။ ထိုနေ့ မနက်ခင်းက ပျက်စီးမှုမျကြောင့် သျှီထို့ နိုင်ငံမှ သံတမန်များအားလုံး အစာစားချင်စိတ် မရှိခဲ့ပါ။ သို့သော် ဆန့်ကျင်ဘက်အနေဖြင့် မင်နိုင်ငံရှိ လူတိုင်းသည် ထိုထူးဆန်းသော ကြက်အုပ်စုအကြောင်း စိတ်အားထက်သန်စွာ ပြောဆိုနေကြပြီး ကျားဖြူကို အနိုင်ယူခဲ့သော ကြက်သည် ၎င်းတို့၏ အာရုံစိုက်မှုကို အာရုံစိုက်နေသည်။

တိုက်ပွဲအပြီးတွင် ကြက်များသည် ၎င်းတို့ဘာသာ အုပ်စုခွဲသွားကာ ကျားဖြူလည်း တောထဲသို့ ပျောက်ကွယ်သွားခဲ့သည်။ သို့တိုင် လူတိုင်း၏ စူးစမ်းလိုစိတ်က မလျှော့သေးဘဲ ဤကြက်အုပ်စု၏ မူလဇာစ်မြစ်အကြောင်း အချင်းချင်း မေးမြန်းကြရာ ၎င်းတို့၏ စုံစမ်းမေးမြန်းမှုမှာ အစမပေါ်ပဲ အချည်းနှီးသာ ဖြစ်နေသည်။ ကြက်သိုက်ရွာမှာနေထိုင်သူ အနည်းငယ်မျှသာ အတွင်းပိုင်း ဇာတ်လမ်းကို အမှန်တကယ် သိကြသည်။

ကျန်းကျွင်းရှီနှင့် လီရီတို့မှာတော့ စိတ်ဓာတ်ကျပြီး ဒေါသဖြစ်နေကြရသည်။ နျဲ့ပုဖန်၏ ဒုက္ခဖြစ်စေနိုင်မှုမှာ မည်မျှ စွမ်းအားကြီးသည်ကိုကွက်ကွက်ကွင်းကွင်း ထပ်မံမြင်တွေ့ခဲ့ရသည်။ ဝေဒီကို နှိုးဆော်လိုက်ရုံနဲ့တင် သူတို့မှာ ခေါင်းကိုက်နေရပြီး၊ ဒီတစ်ခါတော့ ဧကရာဇ်တောင်မှ အနှီမကောင်းဆိုးဝါးရဲ့ ချည်နှောင်မှုကနေ မလွတ်မြောက်နိုင်ခဲ့ချေ။

ဘုရားရေ။ ဒီကောင်ကို နဂါးကုတင်ပေါ်ကနေ ပြန်ဆွဲချဖို့ ဘယ်လိုလုပ်ရမလဲ။ ဒါက သေခြင်းတရားကို စိန်ခေါ်တာ သက်သက်ပဲ မဟုတ်လား။

ဤအကြင်နာမဲ့သူ နျဲ့ပုဖန်ကတော့ စားသောက်ပြီးနောက် ကျန်းကျွင်းရှီ၊ လီရီနှင့် အခြားသူများကို တွေ့ဆုံရန် သဘောတူထားသည့်နေရာသို့ ပြေးသွားခဲ့သည်။

သူ့တွင် ဧကရာဇ်မင်းမြတ်၏ အလုံးစုံသော တန်ခိုးအာဏာရှိသော တံဆိပ်ကျောက်ပြား ရှိနေပြီး ဧကရာဇ်နန်းတော် သို့မဟုတ် ယာယီ ဧကရာဇ်နေထိုင်ရာ နေရာတွင် နန်းတော်စောင့်များပင်လျှင် လေးစားစွာ ဆက်ဆံရပေမည်။

သူ အဲ့ကို ရောက်တဲ့အခါ ကျန်းကျွင်းရှီ၊ လီရီ၊ ဝမ်ရှင်းချန်နှင့် ထိုက်ပိုင်တို့ အားလုံး အဲ့မှာ စောင့်နေကြသည်။

လီရီသည် သူ့ကိုမြင်သည်နှင့် သူ့အား လေဖောင်း ဘောလုံးကဲ့သို့ ပြင်းထန်စွာ ညှစ်လိုက်သည်။

“အားး…” နျဲ့ပုဖန်က စိတ်ဆင်းရဲစွာ အော်ဟစ်ပြီးနောက် “မင်း ငါ့ကို လွမ်းနေရင်တောင် ဒီလို ပြင်းပြင်းထန်ထန် ထုတ်ဖော်ပြဖို့ မလိုပါဘူး၊ အရမ်း နာတယ်”

လီရီက သူ့မျက်နှာကို မုန့်စိမ်း ဖြစ်အောင် ဆုပ်နယ်လုနီးပါး ဖြစ်နေပြီး တခြားသူတွေကလည်း လုံးဝ ဝင်ရောက် စာနာခြင်း မရှိကြပေ။

အဆုံးမှာတော့ ကျန်းကျွင်းရှီက သူ့ကို လှမ်းဆွဲလိုက်ပြီး ကူကယ်ရာမဲ့စွာ မေးလိုက်သည်။
"ပုဖန်၊ မင်း ဘာတွေလုပ်ခဲ့တာလဲ၊ ပြော စမ်း"

နျဲ့ပုဖန်သည် နီရဲနေသော မျက်နှာကို ပွတ်သပ်ကာ ရှေ့သို့ တိုးလာပြီး ဝမ်ရှင်းချန်ကို ပွေ့ဖက်လိုက်၏။ ထို့နောက် ကျန်းကျွင်းရှီကိုပါ ထပ်မံ ပွတ်သပ်သည်။

ထိုက်ပိုင်သည် သူ့အား စိတ်ကောင်းစေတနာကောင်းဖြင့် နှုတ်ဆက်လာမည့်သူကို မှိတ်တုတ်မှိတ်တုတ် စိုက်ကြည့်နေသော်လည်း သူ့မှာ လျစ်လျူရှုထားခံလိုက်ကသဖြင့် မျက်ရည်များကျနေသည်။

"ငါက အခု အရမ်းနာခံတတ်တဲ့သူ ဖြစ်နေပြီ၊ ဒါက ရှင်းမပြနိုင်လောက်အောင် ဖြစ်သွားမယ်ဆိုတာ သိပါတယ်''
နျဲ့ပုဖန်က ရိုးရိုးသားသား ပြောလိုက်သည်။

မင်းက နာခံမှုရှိသတဲ့လား။ လူတော်တော်များများက သူ့ထက် သရဲတစ္ဆေတွေကို ပိုကြောက်လန့်ကြပြီး မယုံကြည်သင့်တဲ့ ကမ္ဘာ့အဆိုးဆုံး သတ္တဝါဟုယူထားကြသည်။

"မေးစရာရှိတာက" ကျန်းကျွင်းရှီ က သက်ပြင်းချလိုက်ပြီး "မင်းကို နန်းတော်ထဲကနေ ဘယ်လိုခေါ်ထုတ်နိုင်မှာလဲ"

နျဲ့ပုဖန်က ပြဿနာကို အောင်မြင်စွာ မီးခွက်ထွန်းရှာပြီးနောက် ပျော်ရွှင်စွာ အောင်ပွဲခံလျှက် ပြုံးရွှင်နေ၏။

"ငါ့မှာ တံဆိပ်တော်ရှိတယ်။ အချိန်မရွေး ထွက်သွားနိုင်တယ်"

ကျန်းနှင့် လီ တို့သည် သူတို့၏ မျက်နှာပေါ်တွင် ဝမ်းနည်းပူဆွေးသော အမူအရာများ ရှိနေကြသည်။ အခြေအနေကို သင်တောင် တွေးကြည့်ဖူးလား။

ဝမ်ရှင်းချန်က သူ့ခေါင်းကို ပုတ်ပြီး ဖြည်းညှင်းစွာပြောလာသည်။

"နန်းတော်က ထွက်ရတာ လွယ်ပေမယ့် ထွက်ပြေး ဖို့တော့ ခက်တယ်။ မင်းကို ဧကရာဇ်မင်းက ရွာကိုပြန်ခွင့်ပြုမှာ သေချာလား။ ဧကရာဇ်က ဝေဒီ မဟုတ်ဘူးနော်။ ဝေဒီရဲ့ တုန်းရှန်းရှောင်းဖူကနေ မင်းကို ကယ်ထုတ်နိုင်ပေမယ့် မင်း ဧကရာဇ်မင်းဆီကနေ ကယ်ထုတ်ဖို့ တူညီတဲ့ နည်းလမ်းကို သုံးလို့ မရဘူး၊ ဧကရာဇ်မင်းနှင့် မသက်ဆိုင်တဲ့ နေရာဆိုလို့  ဒီကမ္ဘာပေါ်မှာ ဘယ်နေရာမှ မရှိဘူး။ မင်း ဘယ်သွားသွား ဧကရာဇ်က မင်းကို လိုက်ရှာမှာ။ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး''

"အဲလောက် ခက်သလား" နျဲ့ပုဖန်က ကောင်းကင်ကို မျှော်ကြည့်ရင်း "ဧကရာဇ်မင်းရဲ့ အသက်ကို ငါ ကယ်ခဲ့ဖူးတယ်၊ ဒါက သူ့ကို ကယ်ခဲ့တဲ့ လက်ကို ပြန်ကိုက်လိုက်သလိုမျိုး မဟုတ်ဘူးလား"

သူတို့တွေ စကားမပြောဘဲ အသီးသီး မျက်စပစ်ကာ စိတ်နှလုံးတွေထဲ ရူးသွပ်သွားကြသည်။
- ဧကရာဇ်မင်းနဲ့ အိပ်ဖို့ ဘယ်သူ အရင်ဇာတ်လမ်းစခဲ့တာလဲ။ သည်လိုမှ မဟုတ်ရင် ဘယ်လိုအရာတွေက သည်လောက်ရှုပ်ထွေးနေပါလိမ့်။

"ဒါကို ပြောတာပါ" လီရီက တင်းမာစွာပြောသည် "မင်း တကယ် အဆင်ပြေရဲ့လား။ အဆိပ်က အရမ်းပြင်းတယ်၊ ခံတဲ့သူက သေနိုင်လိမ့်မယ်”

"ငါ အဆင်ပြေပါတယ်" နျဲ့ပုဖန်က မေးစေ့ကို မော့ လိုက်ပြီး "ဒီကမ္ဘာမှာ ဘယ်အဆိပ်က ငါ့ကို အဆိပ်ခတ်နိုင်လဲ" လို့ ပြောလိုက်၏။

မှန်ပါတယ်၊ မင်းက ဒီကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံး အဆိပ်ဖြစ်နေပါပြီ။

"အချင်းချင်း စကားများနေရုံနဲ့ မပြီးဘူး၊ ပုဖန်ကို ဘယ်လို အောင်အောင်မြင်မြင် ကယ်ထုတ်ရမလဲဆိုတာ အဖြေရှာရမှာပေါ့"

"နန်းတော်က ထွက်ပြီးရင် ဝေဒီကို သတိထားရမယ်" လီရီက ဆက်ပြောလိုက်သည်။ နျဲ့ပုဖန်အကြောင်းကို ပိုတွေးလေလေ သူတို့ စိတ်ဓာတ်ကျလေလေဖြစ်သည်။ နျဲ့ပုဖန် သည်ကောင်လေးက နေရာတိုင်းမှာ ပျားတွေနဲ့ လိပ်ပြာတွေကို ဆွဲဆောင်နေပေမယ့် အနည်းဆုံးတော့ ဆက်ဆံရလွယ်တဲ့ သူတွေကိုပဲ ကစားလို့ မရဘူးလား။ ဆောင်ကြာမြိုင်က ဖြတ်သွားဖြတ်လာ သခင်လေးတွေလိုမျိုး၊ ဆင်းရဲသား ပညာရှင် ဒါမှမဟုတ် တိရစ္ဆာန် ဆေးကုဆရာဝန်တို့လိုမျိုး အရေး သိပ်မပါတဲ့သူမျိုးတွေနဲ့ မတွေ့ဘူးလား။

"ပုဖန်က ဧကရာဇ် မင်ဆီမှာ 'ဝေရှောင်ပေါင်' ဆိုတဲ့ နာမည်တုကို သုံးထားတယ်။ ဧကရာဇ်က အနှေးနဲ့အမြန်ဆိုသလို သူ့ရဲ့ အထောက်အထား အစစ်အမှန်ကို ဖော်ထုတ်နိုင်တော့မှာပဲ။ ငါတို့ အမြန်လုပ်မှရမယ်” ဝမ်ရှင်းချန်က ဆက်လိုက်ပြောသည်။

"ဧကရာဇ်က ပုဖန်ရဲ့ ဒီကြီးမားတဲ့လှည့်စားမှုကိုလက်ခံနိုင်ပါ့မလားလို့ တွေးမိတယ်''

"ဒါတင် မဟုတ်ဘူး" ကျန်းကျွင်းရှီက တခြားသူတွေကို ကြည့်ပြီး ကွဲလွဲတဲ့အမူအရာနဲ့ ပြော၏။
"ဧကရာဇ်မင်းမြတ်က သူ့ရဲ့နန်းဆောင်ထဲမှာ ဒီလိုသူငယ်ထောင်နေတာကို နန်းတော်ထဲက လူတွေ သိသွားကြရင် ပြဿနာတွေ ဖြစ်လာမှာ ပိုစိုးရိမ်တယ်''

လူပေါင်းများစွာ ငြိမ်သက်သွားကြသည်။

ထိုအခါ နျဲ့ပုဖန်က "ငါ့ကို ခါးခါးသီးသီး မကြည့်ပါနဲ့၊ ငါ့လည်း ဆန္ဒရှိလို့ ဖြစ်သွားတာ မဟုတ်ပါဘူး"

လီရီ၏ မျက်နှာမှာ အေးစက်နေပြီး သူ့လက်ချောင်းများ ယားယံလာပြန်သည်။ သူတကယ် နျဲ့ပုဖန်ကို ထမင်းလုံး တစ်လုံးထဲ ဆုပ်နယ်ပြီး ငံပြာရည်နဲ့စိမ်၍ မျိုချလိုက်ချင်နေသည်။

ကျန်းကျွင်းရှီသည် သူ၏ အတိတ်က လုပ်ရပ်များကို နောင်တရနေသည့် အသွင်ဖြင့် ခေါင်းလှည့်လိုက်သည်။

ဝမ်ရှင်းချန်ကတော့ ဇင်ကျင့်စင်ပုံစံကို ယူကာ နှလုံးသွင်း သုတ္တန်ကို အကြိမ်အနည်းငယ် ငြိမ်သက်စွာရွတ်ဆိုပြီးနောက် ရေငြိမ်သကဲ့သို့ ငြိမ်သက်သွားခဲ့သည်။ သူ့လက်ထဲမှာ ဗုဒ္ဓ ပုတီးကြိုးကိုလည်းတင်းကြပ်စွာဆုပ်ကိုင်ထား၏။

ထိုအချိန်တွင် တိတ်ဆိတ်နေသော ထိုက်ပိုင် က ရုတ်တရက်
"တကယ်တော့ ခင်ဗျားတို့တွေ နျဲ့ပုဖန်ကို ကျီယုကျွန်းမှာရှိတဲ့ ငါ့ အိမ်မှာ သွားဝှက်ထားလို့ရနိုင်တယ်''
လူအများက သူ့ကို တချိန်တည်းကြည့်ကြပြီး ကျန်းကျွင်းရှီလည်း အံ့သြသွားပြီး

"မင်းက ကျီယု ကျွန်းကလား။ မင်း ကျွန်းသခင် ထိုက်ချောင်ကို သိသလား''

"ကျွန်တော့် ဖခင်ပါ'' ထိုက်ပိုင်သည် သူ၏ ဖြူသော သွားများကို ထုတ်ဖော်ကာပြုံးလိုက်သည်။

"မမျှော်လင့်ဘဲ၊ မင်းဟာ ကျီယု ကျွန်းရဲ့ ကျွန်းသခင်ငယ်လေး ဖြစ်နေတာကိုး''
လီရီ၏ လေသံမှာ ဘာမှမထူးခြား။ သူတို့က ထိုက်ပိုင် သည် သာမာန် အရေးမပါသော ဇာတ်ကောင်တစ်ခုသာဟု မူလက ထင်ခဲ့သော်လည်း ရတနာကျွန်းဟု သိကြသည့် ကျီယု ကျွန်းမှ ဆင်းသက်လာသူဖြစ်နေသည်။ ဤကျွန်းသည် လောကီလောကနှင့် ဝေးကွာပြီး ကျွန်း၏ဒေသခံ များသည် ရတနာများ ရှာဖွေရန် နက်နဲသော ရေအောက်ကို စူးစမ်းလေ့လာကြသော ရေအောက်သခင်များ ဖြစ်သည်မှာ အသေအချာပင်။ ၎င်းတို့သည် နိုင်ငံရပ်ခြား ကုန်သည်သင်္ဘောများနှင့်လည်း မကြာခဏ ကုန်သွယ်ကြပြီး လွတ်လပ်သော ကျွန်းနိုင်ငံ တစ်ခုကဲ့သို့ သီးသန့်ဖြစ်နေသည်။

သေချာတာကတော့ နျဲ့ပုဖန်ဟာ တကယ်လမ်းဆုံးနေပြီး၊ သူဆွဲဆောင်ခဲ့တဲ့ ဖြတ်သွားဖြတ်လာလူမှာတောင် မယုံနိုင်စရာကောင်းတဲ့ နောက်ခံရှိနိုင်သည်။

"ကျီယု ကျွန်းက ဘာလဲ။ ပျော်စရာကောင်းလား''
နျဲ့ပုဖန်၏ မျက်လုံးများ တောက်ပလာသည်။

"အဲဒါကို မစဉ်းစားနဲ့" လီရီသည် နျဲ့ပုဖန်၏ နေရာသစ် တစ်ခုကို စူးစမ်းလိုသော ဆန္ဒကို တိုက်ရိုက် ချိုးဖျက်လိုက်ပြီး
''နောက်ဆုံး ပြဿနာတွေ အားလုံး မဖြေရှင်း မပြီးမချင်း မင်းကို ဘယ်မှထပ်ပြီး ထွက်ပြေးခွင့် မပြုနိုင်ဘူး''
ဟု ပြတ်ပြတ်သားသား ပြောလိုက်သည်။

ကျန်းကျွင်းရှီကလည်း ထောက်ခံ၍ လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

သူတို့ သည်မှာ အကြာကြီး မနေနိုင်တာကြောင့်  ခဏလောက်ဆွေးနွေးပြီး လမ်းခွဲလိုက်ကြ၏။

မထွက်ခွာမီတွင် သူတို့သည် နျဲ့ပုဖန်အား ပြဿနာ မရှာဖို့၊ ဧကရာဇ် အပေါ်နာခံဖို့ အထပ်ထပ်မှာကြားကာ အခြေအနေကို စောင့်ဆိုင်းရန် အကြိမ်ကြိမ် သတိပေးခဲ့ကြသည်။

နျဲ့ပုဖန်ကလည်း သဘာဝကျကျ ကျေကျေနပ်နပ်ကြီး သဘောတူလိုက်၏။

အပြန်လမ်းတွင် နျဲ့ပုဖန်သည် သူ့ကိုယ်သူ ပြန်လည်သုံးသပ်လာသည်။ သူလည်း တစ်ခုခုလုပ်ရင်ကောင်းမလား၊ သူ့ကြောင့် လူတိုင်းကို အလုပ်ရှုပ်စေတာ အပြစ်နည်းနည်းရှိတယ်လို့ ခံစားမိသည်။
ဧကရာဇ်မင်းအား သူ၏ တောတောင်များထဲတွင် တစ်ကိုယ်တည်း နေထိုင်လိုသော ဆန္ဒကို လိမ္မာပါးနပ်စွာ ရိုးရိုးသားသား ထုတ်ပြောလိုက်လျှင် ဧကရာဇ်မင်းသည် ဖြောင့်မတ်ပြီး နားလည်သဘောပေါက်လွယ်သူ ဖြစ်တာကြောင့် လက်များကို ဝှေ့ယမ်းပြီး သူ့ကို တောထဲမှာ နေဖို့ လွှတ်လိုက်ပေးလိမ့်မည်လား။ ဒါမှမဟုတ် တိုင်းပြည်ရဲ့ပညာရှိကြီးကို အကူအညီတောင်းရင် ကောင်းမလား။ ၎င်းက သူ့ကို နန်းတော်ထဲ ခေါ်လာခဲ့တဲ့အတွက် နန်းတော်ထဲက ပြန်ထုတ်ပေးဖို့လည်း သူ့မှာတာဝန်ရှိသည်။

သူ့ အတွေးတွေထဲ နစ်မွန်းနေချိန်မှာပဲ သူ့ ခန္ဓာကိုယ်က ရုတ်တရက် လှမ်းဆွဲတာ ခံလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ အတော်လေး မှောင်နေတဲ့ အခန်းဆီ ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။

သူ့ အာရုံတွေ ပြန်မလည်လာနိုင်ခင်မှာပဲ နှုတ်ခမ်းတစ်စုံက သူ့ ကိုယ်ပေါ်ကို အတင်းဖိချလိုက်ပြီး ပြင်းပြင်းထန်ထန် အနမ်းတစ်ခုနဲ့ နှုတ်ဆက်လာသည်။

သူ မျက်လုံးများဖြင့် ထိုသူ့ကို စူးစိုက်ကြည့်လိုက်တော့ ဝေဒီကို ရှေ့မှာ ငုတ်တုတ်ကြီး တွေ့လိုက်ရလေသည်။ ဝေဒီ မျက်နှာက အနီးကပ်လွန်းနေပြီးမျက်လုံးထဲတွင် မီးများ တောက်လောင်နေပုံရသည်။

အချိန် အတော်ကြာပြီးနောက် နှုတ်ခမ်းကို ခွာလိုက်သော်လည်း နျဲ့ပုဖန် ခန္ဓာကိုယ်က တံခါးဘောင်ဖြင့် တင်းတင်းကြပ်ကြပ် ဖိထားဆဲဖြစ်ပြီး ဝေဒီ ယုတ်မာသော လေသံဖြင့် ပြောလိုက်သည်။
“မင်း လွတ်မြောက်ချင်ရင် ဝေးဝေးကို ထွက်ပြေးသင့်တယ်။ မင်း ဘာလို့ နန်းတော်ထဲကို ပြေးလာတာလဲ"

"အရင်ကတည်းက နန်းတော်ကို ငါ ဝင်ကြည့်ချင်ခဲ့တာ" 
နျဲ့ပုဖန်က ပြန်ပြောသည်။

"ဟုတ်လား" ဝေဒီက နှာခေါင်းချင်းထိ လုနီးအထိ မျက်နှာကို နီးကပ်စွာ ရွှေ့လိုက်ပြီး စကားကိုလေးပင်စွာ ပြောသည်။

“မင်းက အလည်အပတ်သွားရုံနဲ့ ဧကရာဇ်မင်ရဲ့ အိပ်ရာပေါ်မှာပါ ပျော်ပါးနေသတဲ့လား''
နျဲ့ပုဖန်သည် တစ်ခုခု လွဲနေပြီဟု ခံစားရသည်။ အဘယ်ကြောင့် တစ်ညလုံးတွင် ဧကရာဇ်မင်းနဲ့အိပ်ရာပေါ်မှာ အတူတူ ရှိနေသည်ကို တစ်ကမ္ဘာလုံးက သိနေကြတာလဲ။

"မင်း ဧကရာဇ်မင်းနဲ့ နေမယ်ဆိုတာနဲ့ မင်းကို ငါပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူးလို့ မထင်လိုက်နဲ့" ဝေဒီ က ပြင်းပြင်းထန်ထန်ပြောပြီး "မင်းကို ပြန်ပြီး သိမ်းယူဖို့ ငါ့မှာ နည်းလမ်းပေါင်းစုံ ရှိတယ်"

"ဘယ်လို နည်းလမ်းတွေလဲ" နျဲ့ပုံဖန်၏ မျက်လုံးများ တောက်ပလာသည်။

"ဘာလို့၊ ထွက်ပြေးဦးမလို့လား''
ဝေဒီ၏ အမူအရာ အနည်းငယ် ပြောင်းသွားသည်။

"ဟုတ်တယ်" နျဲ့ပုဖန်က တခစ်ခစ်ရယ်ပြီး "ဒီနန်းတော် ကျဥ်းကျဥ်းလေးက ကျယ်ပြောလှတဲ့ ကမ္ဘာကြီးနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ"

ဝေဒီက အေးစက်စွာ ဟစ်အော်ရင်း “ကျယ်ပြောလှတဲ့ ကမ္ဘာကြီးအကြောင်း တွေးမနေနဲ့ အနာဂတ်မှာ မင်း ငါ့ အနားမှာပဲ ရိုးရိုးသားသား နေသင့်တယ်။  မင်း ဘယ်ကို သွားချင်လဲ၊ ငါ လိုက်ပို့ပေးမယ်"

"ဒါဆို နန်းတော်ကနေ ထွက်သွားဖို့ ဘယ်လိုနည်းလမ်းနဲ့ ကူညီမှာလဲ" နျဲ့ပုဖန်သည် ဝေဒီ ပိုင်ဆိုင်ကြောင်း ကြေငြာချက်ကို  လျစ်လျူရှုပြီး ချက်ချင်း ပြန်မေးခဲ့သည်။

“အတုအယောင် သေဆုံးခြင်း'' ဝေဒီက စကားနှစ်လုံးကို ထုတ်ပြောလိုက်သည်။

"ဒါက ပြောင်မြောက်တဲ့ နည်းလမ်း ဖြစ်မယ်လို့ ထင်တာလား" နျဲ့ပုဖန်က မျက်လုံးပြူးပြီး "ဆေးအားလုံး ငါ့အတွက် အသုံးမဝင်ဘူးဆိုတာ မင်းကို ငါ ကြိုပြောထားမယ်။ ငါ့မှာ ထူးခြားတဲ့ခန္ဓာကိုယ်ရှိနေတယ်။ ဆေးရဲ့ အာနိသင်ကို ဖြည်းဖြည်းချင်း ချေ ဖျက်နိုင်တယ်။ မင်းရဲ့ဆေးက ပျမ်းမျှလူကို အတုအယောင် သေတဲ့အခြေအနေမှာ တစ်ရက်လောက် ထိန်းထားနိုင်တယ်ထား၊ ဆေးပမာဏကို တိုးမပေးရင် ငါ့အပေါ် နှစ်နာရီကနေ လေးနာရီပဲ သက်ရောက်မှု ရှိလိမ့်မယ်"

"မဟုတ်သေးဘူး။ ဆေးတိုးရင် မင်း တကယ်သေသွားလိမ့်မယ်။ ငါ တခြားနည်းလမ်းကို စဉ်းစားဦးမယ်"

နျဲ့ပုဖန်၏ တောက်ပသော မျက်လုံးများကို စိုက်ကြည့်ရင်း ဝေဒီ က
“ဒီအတောအတွင်းမှာ မင်းက အများကြီး စီစဥ်နေတာပဲ။ လီရီနဲ့ တခြားသူတွေက မင်းကို ခေါ်သွားဖို့ စီစဉ်နေတာ ငါ သိတယ်။ သူတို့မှာ အရည်အချင်း ရှိပေမယ့် ငါ့ထက် ဘယ်တော့မှ မြန်မှာ မဟုတ်ဘူး။  ငါ မင်းကို ဧကရာဇ်မင်းနဲ့ ခဏတာတောင် မထားခဲ့ချင်ဘူး"

တခြားလူက သူ့ကို ချစ်မိသွားတယ်လို့ တွေးလိုက်တိုင်း သူ့ကိုယ်သူ တစ်နည်းတစ်ဖုံ အပိုင်သိမ်းကာဝှက်ထားလိုသည့် စကားတွေကို အလေးအနက် ပြောလိုက်၏။ နျဲ့ပုဖန်ကို ချက်ချင်း ပြန်ဖမ်းဖို့ထက် ဘာကိုမှ မလိုချင်တော့ပဲ ဒေါသဖြစ်နေခဲ့သည်။

သည်လို ပြင်းထန်တဲ့ ပိုင်ဆိုင်မှုမျိုးဟာ သူ့ဘ၀မှာ တစ်ခါမှ မကြုံဖူးတဲ့ အရာဖြစ်ပြီး ဒီခံစားချက်ကို ရှောင်ဖို့ မရည်ရွယ်ဘဲ ဒီလူကို လုံးလုံး ပိုင်ဆိုင်ထားချင်နေ၏။

သူ့ ခါးကို လက်တစ်ဖက်နှင့် ပွေ့ပြီး စားပွဲပေါ်တင်ကာ ခေါင်းငုံ့၍ နမ်းလိုက်သည်။ သူသည် နျဲ့ပုဖန်၏ ခြေထောက်များကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ထားပြီး ၎င်း၏ အောက်ပိုင်းအား သူ့အရာနှင့် တင်းတင်းကြပ်ကြပ် ဖိထားသည်။

နျဲ့ပုဖန်သည် ထိုယောက်ျား၏ ပြင်းပြသော ဆန္ဒကို သိသာထင်ရှားစွာ ခံစားလိုက်ရပြီးနောက် သူ့အား ရပ်တန့်ရန် လှုပ်ရှားမှုကို ထိန်းချုပ်၍ အခွင့်ကောင်း ယူကာ
"ဒါက နန်းတော်ပဲ၊ မင်း ဘာလုပ်ဖို့ စီစဉ်ထားတာလဲ"

"ဒါဟာ ယာယီ ဧကရာဇ် နေထိုင်တဲ့ နေရာတစ်ခုပဲလေ'' ဝေဒီက အသံကို နှိမ့်ချပြီး “အပြင်မှာ ငါ့လူတွေပဲ ရှိတယ်။ ငါတို့မှာ အချိန် အလုံအလောက်ရှိတယ်။ စိတ်မပူပါနဲ့၊ ငါ မင်းအပေါ်မှာ ဘာခြေရာ လက်ရာမှ မထားခဲ့ပါဘူး"

နျဲ့ပုဖန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ မထင်မှတ်ပဲ ဝေဒီသည် သူ့ထက်ပင် ရဲရင့်နေခဲ့၏။ သူတို့ဟာ တရားမ၀င် ကိစ္စ၊ တရားမ၀င် ကိစ္စတွေ လုပ်နေတယ် မဟုတ်လား။

စိတ်အားထက်သန်နေသည့် အခိုက်အတန့်တွင် သူ့ဘောင်းဘီ တစ်ဝက်ကို ဆွဲချလိုက်ပြီး ဝေဒီသည် ပြင်းထန်စွာ ထိုးသွင်းလိုက်သည်။ နျဲ့ပုဖန်သည် နာကျင်စွာ ညည်းတွားကာ စားပွဲကို တင်းတင်းဆုပ်၍ အားပြုထားရသည်။

နျဲ့ပုဖန်ဟာ လူတိုင်းကို စွဲလမ်းစေသော အဆိပ် တစ်ခုလို ဖြစ်ပြီး ယခင်က လိင်မှုကိစ္စအပေါ် တစ်ခါမှ မကျေမနပ်ဖြစ်ခဲ့သည့် ဝေဒီပင် ယခုအခါ ၎င်း၏ စံချိန် အားလုံးကို ချိုးဖျက်နိုင်ခဲ့သည်။  နျဲ့ပုဖန်ထွက်သွားပြီးနောက်ပိုင်း ဝေဒီမှာ ရူးသွပ်စွာ လွမ်းဆွတ်ပြီး ညတိုင်း အရိုးနာကျင်တဲ့အထိကြေကွဲခံစားရသည်။ သူသည် အခြားသော အမျိုးသား၊ အမျိုးသမီး များကိုလည်း ရှာဖွေရန် ကြိုးစားခဲ့ဖူးသော်လည်း ဤကဲ့သို့ ကျေနပ်မှုနှင့် ပြည့်စုံမှုမျိုးကို မည်သူကမျှ သူ့အား မပေးစွမ်းနိုင်ပေ။

သူတို့နှစ်ယောက် ချိတ်ဆက်မိတဲ့ အခိုက်တန့်တိုင်းမှာ သူက ဒီလူနဲ့ အတူတူ ကျန်ရှိနေသေးတဲ့ သူ့ဘဝကို ဖြတ်သန်းချင်ခဲ့သည်။

“အား…အ…ဖြေးဖြေးလုပ်ပါ … …”
နျဲ့ပုဖန်က စားပွဲ အနားသတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားသည်။

ဝေဒီက နျဲ့ပုဖန် နားရွက်ကို ကိုက်ပြီး “အရမ်းကြီး မအော်နဲ့။ အပြင်မှာ ငါ့လူတွေ ရှိပေမယ့် ငါတို့ကို တခြားသူတွေက မကြားရဘူးလို့ အာမခံနိုင်ဘူး''

နျဲ့ပုဖန်သည် ပါးစပ်ကို အမြန်ပိတ်လိုက်သော်လည်း ဝေဒီသည် သူ့ကို ပြင်းပြင်းထန်ထန် ထိုးသွင်းလိုက်တိုင်း အော်ဟစ်နေမိသည်။
ဝေဒီမှာ သူ့ အောက်က ခံနိုင်ရည် မရှိနေသောသူ၏ အမူအရာကို မြင်လိုက်ရတိုင်း ကျယ်လောင်စွာညည်းတွားလိုက်ချင်စိတ်ကို ထိန်းနေရသည်။

သို့သော် သူသည် တစ်စုံတစ်ဦး၏ ရဲရင့်မှုနှင့် ခံနိုင်ရည် မရှိခြင်းတို့ကို လွဲမှားစွာ တွက်ချက်ခဲ့သည်မှာ ထင်ရှားသည်။ စိတ်ရှိတိုင်း ဘာမဆိုလုပ်နေခဲ့သည်။

ဝေဒီသည် နက်နဲရာထဲသို့ တစ်ဖန် ပြန်ဝင်သွားသည်နှင့်အမျှ နျဲ့ပုဖန်က သူ့လည်တိုင်ကို ပွေ့ဖက်ကာ ဝေဒီ၏ နားထဲတွင် မြေကြီး ကွဲအက်သွားစေနိုကင်လောက်သော အော်သံဖြင့် အော်လိုက်သည်။

ဝေဒီကို ပြင်းပြင်းထန်ထန် သွင်းလိုက်သည် ထုတ်လိုက်လုပ်ရသည်။ ကံမကောင်းစွာပဲ၊ သူ့အနှစ်သာရက ပြည့်လျှံနေပြီ ဖြစ်ပြီး အားလုံးကို ရွာသူကြီး နျဲ့ပုဖန်ထံ ပေးအပ်လိုက်သည်။

ထို့နောက် နုတ်ထွက်လိုက်ချိန်မှာပဲ တစ်ကိုယ်လုံး ထူပူကာ ထွက်သွားပြီး အံကြိတ်လျှက် တစ်ဖက်လူ၏ သူ့ခန္ဓာကိုယ်ကို သုတ်ပေးသည်။ ဝေဒီကပြောသည်။
“ဒါကို သတိရနေပါ၊ နောင်တစ်ချိန်မှာ မင်းကို သနားဖို့ တောင်းပန်ရမယ်”

ထိုအချိန်တွင် အပြင်ဘက်မှ အချက်ပြသံ တစ်မျိုးနှင့် ဆင်တူသော အသံတစ်ခု ထွက်ပေါ်လာသည်။  ဝေဒီက နျဲ့ပုဖန်ကို လွှတ်ပေး လိုက်ပြီး
"နေကောင်းအောင်နေ၊ ငါ မင်းကို အမြန်ဆုံး လာခေါ်မယ်"

သူ ပြောပြီးနောက် သူ့ အဝတ်အစားတွေကို သပ်ရပ်အောင်လုပ်ပြီး တံခါး ဖွင့်ကာ အပြင်ကို အမြန်ထွက်သွားခဲ့သည်။

နျဲ့ပုဖန် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။  လူတိုင်းအပေါ် သူ့က ကောင်းပြီး ရိုးသားချင်ကြပေမယ့် လူတွေက ဘာလို့ သူ့အပေါ် မရိုးသားကြတာလဲ။ သူသည် နန်းတော်အစေခံ တစ်ဦးကိုမျှ မနှောင့်ယှက်ခဲ့ဘဲ ၀န်ကြီး တစ်ယောက်မျှပင် မနှိုးဆော်ခဲ့ပေ၊ သို့သော် ဘာကြောင့် သူသည် မရိုးမသား ပြုမူခြင်းကို အမြဲခံနေရသနည်း။

ထို့အပြင် သူသည် အခြားသူများ၏ ကယ်တင်ခြင်းကို အဘယ်ကြောင့် စောင့်စားနေရန် လိုအပ်သနည်း။ သူက  ကြက်သိုက်ကျေးရွာ၏ ရွာသူကြီးဖြစ်သည်။ သူ့ကိုယ်သူ ကယ်တင်နိုင်စွမ်း မရှိဘူးလား။

ဟမ်၊ မယုံဘူး။
ဧကရာဇ် တစ်ပါးဟာ မိမိ ကြမ္မာကိုယ်မိမိ ပြောင်းလဲနိုင်သည်။
ကြက်သိုက်ရွာတွင် သူသည် ဧကရာဇ်တစ်ပါး ဖြစ်ပြီး သူ့တွင် လက်အောက်ခံ တပ်များ ရှိသည်။

ဤသို့ဖြင့် နျဲ့ပုဖန်သည် သူဟာ ပြင်းထန်စွာ ခွဲခြားဆက်ဆံခံရကြောင်း ခံစားခဲ့ရပြီး ကြိုးစားကာ မိမိကိုယ်ကို အားကိုးရန် ဆုံးဖြတ်ခဲ့သည်။

သြော်...လူတွေ ထပ်ပြီး ကြေကွဲစရာ အဖြစ်ဆိုးနဲ့ကြုံရဦးမည်။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now