Chapter - 74
မြွေအနမ်း
နောက်တစ်နေ့တွင် နျဲ့ပုဖန်သည် အပြင်ထွက်ပြီး မမွှေနှောက်ပဲ တစ်ချိန်က ထိုနေ့ကို အေးချမ်းစွာ ဖြတ်သန်းနေသည်။
သူ မှန်းဆထားသည့်အတိုင်း ဝေဒီသည် ယနေ့ညတွင် မိတ်ဆုံ စားသောက်ပွဲတော်၌ ရှိနေမည် ဖြစ်သောကြောင့်၊ သူလွတ်မြောက်ရန် အခြေအနေကို ဖန်တီးရမည်။
ညသည် တိတ်ဆိတ်နေ၏။ ထိုအချိန်တွင် တောင်ဘက် ခြံဝင်းကို စောင့်ကြပ်နေသော အစောင့် စုစုပေါင်း ရှစ်ယောက်ရှိပြီး အချင်းချင်း ဆက်သွယ်ရန် လျှို့ဝှက်သင်္ကေတ များကို အသုံးပြုကြလေသည်။ ဝမ်ရှင်းချန် သည် ဤနေရာမှ အစောင့်များကို ဖယ်ထုတ်ကာ ထိုက်ပိုင်အား အမြန်ဆုံး ခေါ်ထုတ်ဖို့ကြိုးစားနေ၏။
မူလက အမှောင်ထဲတွင် ပုန်းအောင်းနေသော ဤအစောင့်များသည် နေ့စဉ်နှင့်အမျှ လူစားလဲကြသောကြောင့် သာမာန် အချိန်များတွင် ၎င်းတို့ အောင်မြင်မည် မဟုတ်ပေ။ သို့သော် ပန်းပွင့်မိန်းကလေးနှင့်တကွ အနံ့ခံ အာရုံ၌ အထူးကျွမ်းကျင်မှုရှိသော ကြက် အနည်းငယ်၏ အကူအညီဖြင့် ၎င်းတို့သည် ပိပိရိရိ လှုပ်ရှားနိင်ခဲ့ကြသည်။
ဝမ်ရှင်းချန်သည် အစောင့် ရှစ်ယောက်ကို ချောချောမွေ့မွေ့ ဖယ်ထုတ်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ထိုက်ပိုင် အား အချက်ပြလိုက်လေ၏။
ထိုက်ပိုင်သည် ပြတင်းပေါက်မှ တိတ်တိတ်ဆိတ်ဆိတ် ထွက်လာသောအခါ ဝမ်ရှင်းချန်က အောက်ကနေ စောင့်နေ၏။
"နောက်က လိုက်ခဲ့၊ တခြား အစောင့်တွေ မသိအောင် မင်းကို လာခေါ်ထုတ်တာ''
ဝမ်ရှင်းချန် ညွှန်ပြနေတဲ့ လမ်းကြောင်းကို ကြည့်လိုက်ရာ၌ ကြက်နက် တစ်ကောင်က ၎င်းဘေးမှာ ငြိမ်သက်စွာ ရပ်နေပြီး မျက်လုံးတွေနဲ့ ကြည့်နေတာကို တွေ့လိုက်ရ၏။
"အဲဒါက" ထိုက်ပိုင် မယုံနိုင် ဖြစ်နေသည်။
"ရှင်းပြဖို့ အချိန်မရှိဘူး၊ မြန်မြန်သွားမယ်၊ ချိုင့်မှာတွေ့မယ်" ထိုစကား ပြောပြီးသည်နှင့် တစ်ပြိုင်နက် ထိုလူသည် ပျောက်ကွယ်သွားပေပြီ။
YOU ARE READING
ကြက်သခင် နျဲ့ပုဖန် (Complete ✅)
RandomGong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။