Chapter 25

3.2K 383 6
                                    

Chapter-25
ခန္ဓာဗေဒလေ့ကျင့်ခြင်း (သို့မဟုတ်) ထိပါးခြင်း
.......................

''ငါ အဝတ်တွေ ချွတ်လိုက်ပြီ''

နျဲ့ပုဖန် က ပြောရင်း အဝတ်တွေ ချွတ်လိုက်၏။ လီယီလည်း နျဲ့ပုဖန် နောက်မှ လိုက်ချွတ်သည်။ လီယီ၏ ဖြူဝင်း ချောမွေ့နေသော အသားအရည်မှာ  ၎င်း၏ ကြွက်သား အပြိုင်းပြိုင်းဖြင့် သန်မာလှသော ခန္ဓာကိုယ်ကြီးနှင့် မလိုက်ဖက်စွာ ပေါ်လာသည်။

နျဲ့ပုဖန်မှ လီယီ အသားအရေပေါ် နည်းနည်း မနာလို ဖြစ်သွား၏။

''လှဲလိုက်''

လီယီသည် နျဲ့ပုဖန်အား ကုတင်ပေါ်၌ မှောက်လျှက်လှဲနေစေ၍ လက်နှစ်ဘက်ကို ကား၍ ဆန့်ခိုင်းထား၏။

ထို့ကြောင့် နျဲ့ပုဖန်မှာ ရှက်ကိုးရှက်ကန်းလေးဖြင့်ပင် လီယီကို လှည့်မေးရသည်။

''ငါ ခြေထောက်ရော ကားပေးရဦးမလား''

''စိထား..!''

နျဲ့ပုဖန်သည် လက်ရှိတွင် တစ်ကိုယ်လုံး၌ ဘောင်းဘီတိုလေး တစ်ထည်သာ ဝတ်ထားလေသည်။ ထို့ကြောင့် ခြေထောက် ကားလိုက်မည် ဆိုပါက သူ့ပေါင်တံ ဖွေးဖွေးသွယ်သွယ်များနှင့် တင်ပါးလုံးလုံးလေးကို အထင်းသား မြင်ရပေလိမ့်မည်။

လီယီသည် နျဲ့ပုဖန်၏ ခန္ဓာကိုယ်ကို အစွမ်းကုန် လျစ်လျူရှူဖို့ ကြိုးစားကာ ကုတင်ပေါ်မှ စောင်များကို ဖယ်ချလိုက်၏။ ထို့နောက် ခေါင်းရင်း၌ အိပ်နေသော ကြက်တွေကိုလည်း မောင်းထုတ်လိုက်သည်။
ထို့နောက် လီယီသည် နျဲ့ပုဖန်၏ ခြေထောက်ပေါ်၌ ခွ၍ နေရာယူကာ ခန္ဓာကိုယ်ကို ဆန့်ထုတ်၍ နျဲ့ပုဖန်၏ ခါးရိုးကို လက်ဖြင့် ဖိထားလိုက်သည်။

''ပြီးရင် ငါလှုပ်ရှားပေးတဲ့အတိုင်း မင်း စည်းချက်မှန်မှန် အသက်လိုက်ရှူပေးရင်ရပြီ၊ မင်းရဲ့ခန္ဓာကိုယ်ထဲကို ဖြေးဖြေးချင်း စီးဝင်လာမယ့် စစ်မှန်တဲ့စွမ်းအင်တွေကို စီးမျောခံစားကြည့်"

နျဲ့ပုဖန်က ခေါင်းငြိမ့်ကာ ပြောသည့်အတိုင်း လိုက်လုပ်ကြည့်သည်။

''ဟုတ်ပြီ။ ဒါဆို ပထမအဆင့် စကြည့်မယ်''

လီယီသည် သူ၏ အတွင်းအားကိုသုံးကာ လက်ဖြင့် နျဲ့ပုဖန် ၏ ကျောတစ်လျောက် ဖိတွန်းဖို့ လုပ်သည်။

''အသက်ရှုတာကို အာရုံစိုက်ထား'' ဟုလည်း သတိထပ်ပေး၏။

''ခွီး ...''

လီယီက ခါးကို ဖိလိုက်သည်နှင့် နျဲ့ပုဖန် ထရယ်၏။

''မင်း ဘာဖြစ်တာလဲ။ အာရုံစိုက်ထားစမ်းပါ''

လီယီက ဆူလိုက်သည်။

''တစ်မျိုး မထင်ပါနဲ့။ ငါ အာရုံမစိုက်တာ မဟုတ်ဘူး။ ယားလို့ပါ ... ငါက ယားတတ်လို့''

''.........''

''ကဲပါ၊ ပြန်လုပ်ကြည့်ရအောင်။ မင်း ငါ့ကို ထိရင်ယားတယ် ဆိုပေမယ့် အောင့်ထားပါ့မယ်''

''.........''

လီယီက ဘာမှထပ်မပြောပဲ ခါးရိုးအပေါ် ထပ်ဖိဖို့လုပ်၏။
ထိုအခါတွင် နျဲ့ပုဖန်ထံမှ ရယ်သံမဟုတ်ပဲထူးဆန်းသော အသံတစ်မျိုး ထွက်လာ၏။

''အား.. အင်း.. ဟင်း.. ဟင်း''

၎င်း နျဲ့ပုဖန်၏ ညို့ငင်နိုင်သောအသံသည် လီယီ၏ အသည်းနှလုံးအား ကုတ်ခြစ်နေသကဲ့သို့ ကလိကလိဖြစ်စေ၏။

ဤသို့ဖြင့် ဇောချွေး တပြန်ပြန်ဖြင့်ပင် နျဲ့ပုဖန်သည် ပထမအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည်။

''နေရတာ သက်သောင့်သက်သာ ရှိသွားတာပဲ''

နျဲ့ပုဖန်က အသက်ဝဝရှုကာ ဆိုသည်။

လီယီမှာ ဘာမှစိတ်မသက်မသာ မဖြစ်ခဲ့သလိုမျိုး တည်တည်ကြီးနေနေ၏။

''နောက်တစ်ခုက ဘာလုပ်မှာတဲ့လဲ''

နျဲ့ပုဖန်သည် မေးလည်းမေးရင်း ယီကျင်းတုကျွယ်  စာအုပ်ကို လှန်ကာ နောက်ပုံစံတစ်မျိုးကို ကြည့်၍ ...

''ဒီတစ်ခါ ပက်လက် အနေအထား နေရမှာပေါ့လေ''
ဟုဆိုကာ လီယီ မပြောခင် သူ့ဘာသာသူ ပက်လက်နေလိုက်သည်။

ထို့နောက် လီယီကို လှည့်ကြည့်ကာ ''လာလေ'' ဟုခေါ်သည်။

လီယီသည် ရုပ်တည်ဖြင့်ပင် တိုတိုတုတ်တုတ်သာပြော၏။

''မင်း ခြေထောက်မြှောက်လိုက်''

နျဲ့ပုဖန်လည်း နားထောင်ကာ ခြေထောက်နှစ်ဖက်စလုံး ချက်ချင်းမြှောက်လိုက်သည်။

လီယီသည် ညာဘက်ခြေဖဝါးကို ဆုတ်ကိုင်၍ ပွတ်သပ်လိုက်သောကြောင့် နျဲ့ပုဖန် ထရယ်လေသည်။

''ဟားဟားဟား ... ယားတယ်ဟ''

''ငါ လုပ်ပေးနေတုန်း ထ,ထ မရယ်နဲ့!''

နျဲ့ပုဖန်သည် ရယ်တာကို ရပ်၍ ပြန်ပြော၏။

''ငါအရင်က ဒါမျိုး တစ်ခါမှမလုပ်ဖူးလို့ မင်းစိတ်ရှည်မှရမယ်''

လီယီသည် ခြေထောက်တွေကို လွတ်ကာရပ်၍ သူ ဆက်လုပ်သင့်သလား၊ မလုပ်သင့်သလား တွေးနေသည်။

''လာပါ။ ငါ ထပ်မရယ်တော့ပါဘူး''

''သေချာတယ်နော်''

''အွန်း''

နျဲ့ပုဖန်က အသေအချာ အာမခံ၍ ခေါင်းငြိမ့်သည်။

လီယီလည်း ဘာမှတော့မပြောပဲ နျဲ့ပုဖန် ခြေဖဝါးပေါ်ရှိ အကြောများကို ဖိနိပ်လိုက်သည်။

''ဟား ဟား ... ဟားဟားဟား ''

နျဲ့ပုဖန်သည် ဗိုက်နှိပ်၍ ခွက်ထိုးခွက်လှန်ရယ် ပြန်သည်။

အနားတွင်ရှိနေသော ကြက်များပင် သူ့ရယ်သံကြောင့် လန့်၍ ထပျံကာ အခန်းထောင့်သို့ ကပ်သွားကြ၏။

လီယီသည် ခြေထောက်ကို လွှတ်လိုက်သည်။

''ဒီအဆင့်ကို ကျော်မယ်''

''အင်း'' နျဲ့ပုဖန်လည်း အတင်းအကျပ် ထပ်မလုပ်ခိုင်းတော့ပါ။

ထို့နောက် လီယီသည် နျဲ့ပုဖန်၏ ဘယ်ဘက်လက်ကို လေထဲသို့ မြှောက်သေ၍ စက်ဝိုင်းသဏ္ဍာန် လှည့်ပေးသည်။ ထို့နောက် နောက်တစ်ဖက်ကိုလည်း ထိုနည်းတူလုပ်ပေး၏။

ထို့နောက် လေ့ကျင့်ခန်းများသည် တစ်ဆင့်ပြီး တစ်ဆင့် ခက်ခဲကာ အားပိုစိုက်လာရ၏။ သို့သော် နျဲ့ပုဖန်သည် ပုံစံတိုင်းကို လွယ်လွယ်ကူကူ မှန်မှန်ကန်ကန် တတ်မြောက်၍ ကောင်းကောင်းလုပ်နိုင်ခဲ့သည်။
တစ်ဖက်တွင် လီယီမှာတော့ ဆွဲဆောင်မှုရှိလာသော နျဲ့ပုဖန်၏ ခန္ဓာကိုယ်အလှကြောင့် တစ်ချက်တစ်ချက် မိန်းမောသွားမိသည်။ ယောကျ်ားတစ်ယောက်၏ ခန္ဓာကိုယ်သည် ဤမျှချောမွတ်၍ ပျော့ပြောင်းနိုင်ကြောင်း လီယီ အခုမှ တွေ့ဖူးခြင်းဖြစ်သည်။ ထိုသို့ ပျော့ပြောင်းခြင်းကြောင့်ပင် နျဲ့ပုဖန်သည် ပုံစံ အမျိုးမျိုးကို ချောချောမွေ့မွေ့ လုပ်နိုင်ခြင်း ဖြစ်ပါသည်။ သူ့ ခန္ဓာကိုယ်ရှိ အရိုးနှင့်ကြွက်သားတို့၏ သဟဇာတဖြစ်မှုက တောင်ကုန်းမြင့်များတွင် ကျက်စားကြသော ကျားသစ်တို့ကဲ့သို့ ထူးကဲကျစ်လစ်သော အလှကို ဖော်ပြနေလေသည်။

ဤတစ်ကြိမ်တွင် လီယီ၏ လှုပ်ရှားမှုများသည် ညင်သာကာ မျက်လုံးများ ဝေဝါးလာသလို ခံစားနေရသည်။ ၎င်းတို့ ခန္ဓာကိုယ်နှစ်ခုမှာ တိုက်ရိုက်ထိတွေ့မှုမရှိသော်လည်း တစ်ယောက်ကိုယ်ငွေ့ကိုတစ်ယောက် ခံစားနိုင်ယုံလောက်အထိ နီးကပ်သောအနေအထားဖြစ်၏။

''ဟမ်း... လီယီ၊ ဒါက ဘယ်လောက်ကြာကြာ နေရမှာလဲ''

နျဲ့ပုဖန်သည် ခန္ဓာကိုယ်ကို မသက်မသာ ကွေးထားရသောကြောင့် မေးလိုက်သည်။

''မကြာတော့ပါဘူး''

လီယီသည် ခပ်တိုးတိုး ပြန်ဖြေ၏။ သူ့ လက်များသည် နျဲ့ပုဖန်၏ ခြေထောက်နှင့်ခါးတို့ကို ကိုင်ဖက်ထားပေးရသည်။ ဖြူစင်သော နွေးထွေးမှုအပြင် အလိုဆန္ဒတစ်ခုခုကိုပါ လိယီ တောင်းတနေမိသလို ရှိသည်။

''အင်း၊ ပြီးတော့မှာလား''

''မင်း သတိကပ်ထားရမယ်။ မလှုပ်စေနဲ့''

လီယီသည် နားရွက်နားကပ်ကာ ပြောလိုက်သည်။ ထို့အပြင် ၎င်းတို့နှစ်ဦး၏ အောက်ဘက်အစိတ်အပိုင်းများမှာလည်း ထိကပ်လုနီးပါး ဖြစ်နေလေပြီ။

''လီယီ''

''အင်း''

''ငါတို့ ဒီအဆင့်အတွက် အခု ပုံစံမှန်ပါတယ်နော်''

''အင်းလေ''

''ဒါနဲ့ ဒီလေ့ကျင့်ခန်းမှာ အောက်က ယောကျ်ားတန်ဆာနဲ့ ထိဖို့ရော လိုလို့လား''

''ဘာလို့လဲ''

''မင်းဟာကြီးက ငါ့လာထောက်နေတယ်လေ''

''ဘာမှမဖြစ်ပါဘူး။ သူက ချီစွမ်းအား စီးဆင်းမှုကို အထောက်အကူဖြစ်စေတယ်''

''ဟမ်၊ အဲ့လိုလား ... ဒီတိုင်းဆက်နေရမယ်ပေါ့''

''လေ့ကျင့်ခန်းပြီးတဲ့အထိ နေမှ ထူးခြားမှုက သိသာမှာပေါ့''

''ငါ ဒီလေ့ကျင့်ခန်းတွေကို ဆက်လေ့ကျင့်ပြီး နေရမှာလား၊ မလေ့ကျင့်ပဲနေရင် ကျန်းမာရေး ထိခိုက်နိုင်လား''

''.......''

''မင်း လေ့ကျင့်ခန်းတွေက မပြီးသေးဘူးလား''

''အခုမှ စလုံးရေးစပဲ ရှိသေးတယ်။ မင်း လက်ချောင်းတွေက သိပ်မသန်မာတော့ တကယ့်အဆင့်တွေ လုပ်လို့မရသေးဘူး''

''နောက် လေ့ကျင့်ခန်းတွေလုပ်လို့ မရသေးဘူးပေါ့''

''အင်း၊ ဒါပေမယ့် နောက် တဖြေးဖြေးတက်လာမှာပါ။ မင်းမှာ အရည်အချင်းရှိတယ်။ လေ့ကျင့်ရင်း တိုးတက်လာမယ် ဆိုတာ အာမခံတယ်''

လီယီသည် နျဲ့ပုဖန် နားရွက်နားသို့ ကပ်ကာ တိုးတိုးပြောရင်း နားရွက်ကို ကိုက်လိုက်၏။ နောက် သူ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးဖြင့် နျဲ့ပုဖန်ကို ညှစ်ဖက်ထားလိုက်သည်။

''လီယီ ... လီယီ''
နျဲ့ပုဖန်မှာ အသက်ရှူကျပ်လာသည်။

''ငါ ဒါကို ဆက်မလုပ်နိုင်တော့ဘူး။ အသက်ရှူကျပ်နေပြီ''

''လက်လျော့ဖို့ စောပါသေးတယ်။ မင်း ဆက်မကြိုးစားကြည့်ပဲ ခံနိုင်ရည်ရှိ၊ မရှိ ဘယ်သိမလဲ''

လီယီက ခြေထောက်အချင်းချင်းပါ ညှပ်၍ ချုပ်ထား၏။

''ဒါပေမယ့် ငါဆက်မလုပ်နိုင်တော့ဘူး။ ရူးတော့မယ် ထင်တယ်''

''အစမို့ အနေခက်တာ ပြီးရင် နေလို့ကောင်းသွားပါလိမ့်မယ်''

''မင်းက ပြင်းပြင်းထန်ထန် လေ့ကျင့်ထားတဲ့သူဆိုတော့ ဒီလောက်ကိုဘာမှမဖြစ်ဘူးလေ။ မညှာမတာမပြောပါနဲ့''

''...''
လီယီမှာ ပြန်ပြောချင်သော ပါးစပ်ကို ပိတ်ကာ နျဲ့ပုဖန်နှင့် အငြင်းအခုန် မလုပ်တော့ပဲ နေလိုက်သည်။

ထို့နောက် ထ၍ ခြေထောက်နှစ်ချောင်းကို  ကားချ လိုက်သောအခါ နျဲ့ပုဖန်မှာ အသက်ပြင်းပြင်းရှူ၍ နာကျင်စွာအော်၏။

''သေတော့မယ်။ နာလိုက်တာ''

''ဒီတစ်ခါရော မင်းကို စိတ်ရှည်ရှည်နဲ့ ဖြေးဖြေးချင်းလုပ်ပေးစရာ လိုသေးလား''

''မလိုပါဘူး''
နျဲ့ပုဖန် ခေါင်းခါသည်။

''လေ့ကျင့်ခန်းတွေက ခက်လို့ အဲ့ဒီစာအုပ်ထဲက လူနှစ်ယောက်ကိုသာ အပြင်မှာခေါ်ပြီး လုပ်ပြခိုင်းချင်တော့တယ်''

''......''
လီယီက အကြည့်စူးစူးဖြင့် စိုက်ကြည့်ကာ မာန်မဲလိုက်သည်။

''အရင်ဆုံး မင်းပါးစပ်ကို ပိတ်သွားအောင်လုပ်ရမှာ''

နျဲ့ပုဖန်မှာ လီယီ ဆူငေါက်မှုကြောင့် ပါးစပ်အားလက်ဖြင့် အသာအုပ်လိုက်သည်။ မပီမသလည်း ပြောလိုက်သေးသည်။

''မင်းက ဇွတ်တရွတ် သိပ်လုပ်တာပဲ။ လေ့ကျင့်ခန်းတွေကို နှစ်ယောက်လုပ်နေပေမယ့် ငါတစ်ယောက်တည်း နာကျင်ခံစားနေရတယ်''

ဤတွင် လီယီသည် အားပြင်းပြင်းဖြင့် ဘယ်ဘက်ခြေထောက်ကို ဆွဲမြှောက်လိုက်၏။
နျဲ့ပုဖန် အာခေါင်ခြစ်ကာ အော်မည့်ဆဲဆဲ၌ နှုတ်ခမ် စချင်းတေ့၍ ပိတ်ထားလိုက်သည်။

''ဟင်း....''

နှုတ်ခမ်းများ ကြားမှ အသံသေးသေးလေးသာ ထွက်လာသည်။
နျဲ့ပုဖန်မှာ ၎င်းတို့အား ပြပွဲတစ်ခုကဲ့သို့ ထိုင်ကြည့်နေကြသော ဘေးမှ ကြက်များကို လက်လှမ်းမှီရာ လှမ်းဆွဲနေမိသည်။

ကြက်များမှာ သူ့သခင်အား ကူညီရန် မလိုအပ်ဟု ဆုံးဖြတ်ကြ၍ ကုတင်ပေါ်မှ ခုန်ဆင်းကာ အလျိုလျို ထွက်သွားကြလေသည်။
နှုတ်ခမ်းမှာ ပိုဖိကပ်၍ အနမ်းခံနေရသောကြောင့်  နျဲ့ပုဖန် တစ်ကိုယ်လုံး ဇောချွေးများ ပျံနေလေပြီ။
ဗိုက်ပေါ်တွင်လည်း မာကျောသောအရာကြီးက လာထောက်နေသည်။

ကယ်ပါ... ကယ်ကြပါဦး။
ဘုရားသခင်သည် နျဲ့ပုဖန်၏ ဆုတောင်းကို ကြားသည့်အလား ရုတ်တရက်အိမ်တံခါးမှာ ကန်ဖွင့်ခံလိုက်ရလေသည်။

''နျဲ့ပုဖန်၊ မင်း ကြက်တွေကို ပြောထားဦး''

အသံသည် ရပ်တန့်သွားပြီး၊ ဝင်လာသူမှာ သူ့ရှေ့ကမြင်ကွင်းကြောင့် မှင်သက်စွံ့အကာ ကျောက်ရုပ်ကြီးကဲ့သို့ ဖြစ်သွားသည်။
လီဟိုက်သည် ကြက်ကိစ္စထက် ရှေ့က လူနှစ်ယောက်ကို ကြည့်ရင်း တုန်တုန်လှုပ်လှုပ်ဖြင့် မေးခွန်းထုတ်တော့သည်။

''မင်း... မင်းတို့ ဒါဘာလုပ်နေကြတာလဲ''

လီယီမှာ မျက်နှာကြီး ဖြူစုတ်ကာ အကြီးအကျယ် အကျပ်ရိုက်နေသည်။
နျဲ့ပုဖန် သည် ထိုအခါမှပဲ အလွတ်ပေးခံလိုက်ရပြီး  လက်ကို ဝှေ့ယမ်းပြကာ ပြောပြသည်။

''ငါတို့ လေ့ကျင့်ခန်းတစ်ခု လုပ်နေကြတာ။ မင်းရော ပါမလား၊ လာလေ''

လီယီမှာ နျဲ့ပုဖန် အပေါ်တွင် သူအုပ်မိုးလျှက် ရှိနေသေးတာကို သတိထားမိကာ ကမန်းကတမ်း ထလိုက်သည်။
နျဲ့ပုဖန်လည်း လိယီနည်းတူ ထလိုက်ပြီး သူ့ဘေးနားက ကြက်တစ်ကောင်ကို ယူကာ ခန္ဓာကိုယ်ကို ကွယ်ထားလိုက်၏။

လီဟိုက်၏ ရှေ့မှာတော့ အိမ်ထဲ ဝင်လို့မရအောင် ကြက်အုပ်က ပိတ်ထားသည်။ လီဟိုက်မှာ ရှေ့ကမြင်ကွင်းကို မယုံနိုင်သော်လည်း သံသယဖြစ်နေမိသည်။

''မင်းတို့က ဘာလို့ ကိုယ်တုံးလုံးဖြစ်နေကြတာလဲ''

''လေ့ကျင့်ခန်း လုပ်နေတာပါလို့ ပြောနေတာကို'' ဟုဆိုကာ နျဲ့ပုဖန်က စာအုပ်ကို လှမ်းပစ်ပေးလိုက်၏။
''ဒီမှာ ယီကျင်းတုကျွယ် အရိုးနဲ့ ကြွက်သား လေ့ကျင့်ခန်းစာအုပ်''

လီဟိုက်သည် စာအုပ်ကို ဖမ်းယူကာ ဖွင့်ကြည့်၏။

''ဒါ ရှေးဟောင်း ယီကျင်းတုကျွယ် ကျမ်းစာအုပ်လား''

''မင်းမှာ ဒီစာအုပ်ရှိနေတယ်ဆိုတာ မယုံနိုက်စရာပဲ''
လီဟိုက်က လီယီကို လှည့်၍ မေးလိုက်သည်။

''အစ်ကို ဒီလေ့ကျင့်ခန်းတွေ လုပ်ကြည့်တော့ ဘယ်လိုနေလဲ''

''ပုံမှန်ပါပဲ၊ ဒါပေမယ့် တစ်ခုခုမှားနေသလို ခံစားရတယ်''

လီယီက သိပ်သဘောမကျသလို ပြောသည်။

''ခံရတာ မသက်သာပေမယ့် တော်တော်နေလို့ပေါ့တယ်'' နျဲ့ပုဖန်က သက်ပြင်းချလျှက်ဆို၏။

လီဟိုက်သည် စဥ်းစား၍ ပြုံးလိုက်သည်။

''ကျွန်တော်လည်း စမ်းကြည့်ချင်တယ်''

''မဖြစ်ဘူး''
လီယီ အမြန်ဟန့်တားလိုက်၏။

''လုပ်စမ်းပါ''
နျဲ့ပုဖန်က ရက်ရက်ရောရော ခွင့်ပြုနေ၏။

လီယီသည် စာအုပ်ကို ပြန်ယူလိုက်ပြီး နျဲ့ပုဖန်ကို စိုက်ကြည့်ကာ ...

''ဒါ ရွာလူကြီး နျဲ့ပုဖန် ပိုင်တဲ့ပညာပဲ။ ငါတို့က လိုချင်လို့မရဘူး'' ဟု ဆင်ခြေပေးလိုက်သည်။

နျဲ့ပုဖန်က တစ်ခုခုပြောဖို့ ဟန်ပြင်လိုက်ပေမယ့် လီယီ၏ မျက်နှာရိပ် မျက်နှာကဲကြောင့် မပြောတော့ပဲ  ခေါင်းငုံ့ကာ မကျေမချမ်း ရေရွတ်နေသည်။

လီဟိုက်မှာ လီယီ စကားကို သဘောမတွေ့လှသော်လည်း ဆန့်တော့ မဆန့်ကျင်ဝံ့ပါ။ ထိုအခါ  အိပ်ရာပေါ်၌ ကြက်တစ်ကောင် ခုန်နေသည်ကို တွေ့လိုက်ရမှ လီဟိုက် လာရင်းကိစ္စကို သတိရသွား၏။

''နျဲ့ပုဖန်၊ မင်းကြက်တွေကို ငါ့ကို နှောက်ယှက်ဖို့ တမင်ခိုင်းလိုက်တာမလား''

''ငါလား။ မခိုင်းပါဘူး''
နျဲ့ပုဖန်က ရိုးသားစွာဖြေသည်။
''ငါ တစ်ညလုံး မင်းအစ်ကိုနဲ့ လေ့ကျင့်ခန်းလုပ်နေတာလေ''

''ဟင်၊ မင်း ခိုင်းတာမဟုတ်ရင် အဲ့ဒီ မကောင်းဆိုးဝါးတွေက ညသန်းကြီး ငါ့ကို ဘာလို့ လာတိုက်ခိုက်နေကြတာလဲ''

''ဒီမှာ ခင်ဗျားတွေ့လား''
နျဲ့ပုဖန်က သူ့ပတ်ပတ်လည်ရှိ ကြက်များကို လက်ညိုးထိုးပြ၏။

''ငါ့မှာ ကြက်တွေ အများကြီးရှိတယ်၊ သူတို့ကို ကြင်ကြင်နာနာ ဆက်ဆံမှ သူတို့ကလည်း ပြန်ချစ်ခင်ကြမှာပေါ့၊ ခင်ဗျား သူတို့လေးတွေကို ခါးခါးသီးသီး အမြဲမုန်းမနေဖို့ မျှော်လင့်ပါတယ်၊ ငါ့ ကြက်လေးတွေက ချစ်စရာကောင်းပါတယ်။ ငါ့ဆို ညတိုင်း သူတို့နဲ့ အတူတူ အိပ်ပေးတယ်''

''ငါ့ကို မင်းလို လူများထင်နေတာလား။ ဘယ်သူက ကြက်နဲ့ အတူတူအိပ်ချင်မှာလဲ''
လီဟိုက်က ဒေါသတကြီးပြောသည်။

နျဲ့ပုဖန်က သူ့ကို တစ်ချက်မော့ကြည့်၍ ခပ်မာမာပြော၏။

''ခင်ဗျား မသိဘူးလား။ ခင်ဗျား အစ်ကိုရော၊ လူကြီးမင်း စုချန်းယိရော၊ ရှန်းမုလန်ရော၊ နတ်မိမယ်နဲ့ တခြားဧည့်သည်တွေရော၊ အကုန်လုံး ကြက်တွေနဲ့ အတူတူ နေ,နေ၊ အိပ်နေကြတာပဲလေ''

''.........''

ဒီက လူတွေက ဘာကြောင့် ဒီလောက်ထူးဆန်းနေကြတာလဲ ...

''ညီအစ်ကို လီဟိုက်၊ စိတ်အေးအေးထားပါ၊ ဒီအစ်ကိုဆီကနေ သင်ယူပြီး တောင်လိုပုံနေတဲ့ကြက်တွေပေါ်မှာ အေးအေးဆေးဆေး ထိုင်နေနိုင်အောင် သင်ယူကြည့်ပါ''

''ဘယ်သူက မင့်ညီအစ်ကိုမို့လို့လဲ''

လီဟိုက်သည် လီယီ ဘက်သို့ လှည့်ကာ မျက်နှာချိုသွေး၍ တောင်းဆိုပြန်သည်။

''အစ်ကို၊ ငါ ဒီည ဒီမှာအိပ်ချင်တယ်''

''ဟုတ်ပြီ''

နျဲ့ပုဖန်က စိတ်အားထက်သန်စွာပြော၍ နေရာဖယ်ပေးလိုက်သည်။

''ကုတင်က အကျယ်ကြီးပဲ။ ငါတို့ အတူတူ အိပ်လို့ရတယ်''

သို့သော် လီဟိုက်သည် အိမ်တံခါးကို ညွှန်ပြ၍ ...

''မင်းကို နေရာလဲခိုင်းနေတာ၊ စိတ်မကောင်းပါဘူး'' ဟု ပြောသည်။
နျဲ့ပုဖန်လည်း ချက်ချင်းဆိုသလို ဘေးက ကြက်တစ်ကောင်ကို ကောက်ပွေ့လိုက်၍ ကုတင်ပေါ်တွင် လှဲချကာ စောင်ခြုံလိုက်ပြီး ပလုံးပထွေးဖြင့် ဆိုသည်။

''မသွားဘူး၊ မလဲ ပေးချင်ဘူး''

''မင်း''

လီဟိုက်မှာ ဒေါသထွက်လွန်း၍ သွေးစောင့်တတ်ချင်သလို ဖြစ်သွားသည်။

လီယီကတော့ ခေါင်းကုတ်ကာ သူ့ညီအား ဖြောင်းဖျပေး၏။
''လာပါကွာ။ အတူတူအိပ်ရအောင်၊ မင်းလှဲပြီး အိပ်လိုက်ရင် မိုးလင်းသွားမှာပဲ''

လီဟိုက်သည် ဒေါသဖြင့် ဘေးက ကြက်များကို ကြည့်လိုက်သည်။ ကြက်များကလည်း သူ့ကို စိုက်ကြည့်နေသည်။ နောက်ဆုံးတွင် စိတ်လျော့ကာ ကုတင်ပေါ်သို့ တက်ခဲ့၏။

နျဲ့ပုဖန်လည်း ကျေနပ်စွာ ခေါင်းငြိမ့်ပြီး ''တံခါးပိတ်လိုက်ဦး'' ဟု ပြောလိုက်သည်။

ကြက်နှစ်ကောင်သည် တံခါးပေါ် တွယ်တက်ကာ ပိတ်ပေးကြ၏။ ဤသည်ကို မြင်သောအခါ လီဟိုက်မှာ ပါးစပ်အဟောင်းသား လက်ညိုးတထိုးထိုးဖြင့် အစ်ကိုဖြစ်သူကို ပြလေသည်။

လီယီ ကတော့ ရေးရေးရာရာ မပြောပဲ နျဲ့ပုဖန်ဘေးတွင် လှဲကာ နျဲ့ပုဖန်၏ စောင်ကို ဆွဲယူ၍ မျှခြုံလိုက်သည်။
လီဟိုက်လည်း ဒါကိုမြင်၍ မသိချင်ယောင်ဆောင်ကာ စောင်အောင်၌ ဝင်၍ အိပ်လိုက်သည်။ သူတို့  နေရာယူပြီးတယ်ဆိုရင်ပဲ ကြက်များသည် အိပ်ရာပတ်ပတ်လည်၌ ဝိုင်းလာကာ ကြက်သိုက်သဖွယ် ဖြစ်သွားသည်။

အမှောင်ထဲမှာတော့ နျဲ့ပုဖန်သည် လီယီ နားကိုကပ်၍ တိုးတိုးပြောသည်။

''လီယီ စောစောက လေ့ကျင့်ခန်းက စာအုပ်ထဲမှာပါတဲ့ ပုံစံ မဟုတ်ဘူးမလား။ အဲ့ဒါကြီးက တော်တော်လွန်လွန်းတယ်။ ငါ့ လူပျိုဘဝလေး ဆုံးရှုံးတော့ မလိုပဲ၊ အဲ့လိုတွေ ထပ်လုပ်ရမယ်ဆိုလို့ကတော့ ငါ နောက်ဆို လေ့ကျင့်ခန်းလည်း လုပ်မနေတော့ဘူး။ မင်းသတိထားပြီးနေ၊ အဲ့လို မဟုတ်တာတွေ ထပ်လုပ်ရင် သေမယ်''

လီယီက သူ့ကို ပြင်းပြင်းထန်ထန်နမ်းခဲ့သည့် ရူးမိုက်သော အပြုအမူကြောင့် နျဲ့ပုဖန် မကျေမနပ်ဖြစ်နေခြင်း ဖြစ်သည်။ ထိုကဲ့သို့ ထပ်ဖြစ်ပါက သူတို့ ဆက်ဆံရေးကို ဖြတ်တောက်ပစ်ဖို့လည်း နျဲ့ပုဖန် ဝန်မလေးပါ။

နျဲ့ပုဖန်သည် လီယီကို သတိပေးတဲ့အနေနဲ့ တစ်ချက် ကန်လိုက်သည်။
ဘေးမှာ လီယီ၏ ညီ လီဟိုက် အိပ်နေ၏။
ထို့ကြောင့် လီယီ အထွန့်မတတ်တော့ပဲ အလျော့ပေး၍ ငြိမ်ခံနေလိုက်သည်။

ထိုညတွင် နျဲ့ပုဖန်၏ အိပ်ရာကြီးပေါ်၌ ၎င်းတို့ သုံးယောက်သား မတူညီသော စိတ်၊ မတူညီသောအိပ်မက်များ ကိုယ်စီဖြင့် အိပ်ခဲ့ကြ၏။ မကြာခင်  အသည်းနှလုံးမရှိသော နျဲ့ပုဖန်မှာ တုတ်တုတ်မှ မလှုပ်ပဲ အိပ်ပျော်သွားခဲ့လေသည်။ ဤ အိပ်ရာပေါ်တွင် သူ လူငါးယောက်ဖြင့် အတူတူ အိပ်ဖူးခဲ့လေပြီ။ ၎င်းတို့သည် သူ့အပေါ်တွင် တိုက်ခိုက်ခဲ့ဖူးကြသူများဖြစ်ချေ၏။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now