Chapter 102

1.4K 152 0
                                    

Chapter - 102
ဝမ်ရှင်းချန်ရဲ့ နည်းဗျူဟာ


နျဲ့ပုဖန်သည် ပျဉ်ထောင်အိမ်ငယ်လေးဆီသို့ လာရာလမ်း တလျှောက်လုံး အော်ဟစ်နေခဲ့သည်။

"အော်မနေနဲ့ ငါတို့ ရောက်ပြီ''

လီရီက သူ့ကို ကုတင်ပေါ်တင်လိုက်သည်။

"ဒါက ဘယ်နေရာလဲ" နျဲ့ပုဖန်သည် သားရဲတွင်းထဲသို့ ဝင်မိပြီကို သိသောအခါ ငြိမ်သက်သွား၏။

လီရီ ကတော့ ဘာစကားမှမပြောဘဲ သူ့ကို စိုက်ကြည့်နေသည်။

"ဘာကြည့်နေတာလဲ" နျဲ့ပုဖန်က နောက်ကျောကို တည့်တည့်မတ်မတ် ထိုင်ထား၏။

"မင်း ငါ့ကို ဘယ်လောက်ထိ ကြည့်နေမှာလဲ။ ငါ စိတ်မရှည်ဘူး"

ဤမှောင်မိုက်သော နေရာတွင် သူ၏ ဖြောင့်မတ်သည့် အသွင်အပြင်သည် အနည်းငယ်မျှ သနားစရာ မရှိပေ။

"ပုဖန်၊ မင်းရဲ့ပထမဆုံးလူက ဘယ်သူလဲဆိုတာ မင်း သိလား"  လီရီက မေးသည်။

"အစ်ကို ဝမ်ရှင်းချန်" နျဲ့ပုဖန်က မဆိုင်းမတွ ဖြေသည်။

လီရီ၏ မျက်နှာသည် အခန်းတွင်းရှိ မီးရောင်များကဲ့သို့ ချက်ချင်းပင် မှုန်မှိုင်းသွားသည်။

သူ့သွားတွေကို အံကြိတ်ပြီး “မင်း အခု သတိမေ့တုန်းမို့ ငါ ခွင့်လွှတ်လိုက်မယ်”

''ဘာကို ခွင့်လွှတ်စရာ ရှိလို့လဲ၊ ငါ ဘာမှ သတိမမေ့ဘူး မှတ်မိသင့်တဲ့ အရာအားလုံး အကုန် မှတ်မိတယ်''

နျဲ့ပုဖန်က မျက်မှောင်ကြုတ်ပြီး ပြော၏။

"မှတ်မိသင့်တဲ့ အရာ အားလုံးကို မှတ်မိတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ မင်း အရေးကြီးတဲ့ အရာတွေအားလုံးကို မေ့သွားပြီလေ''

လီရီက လေသံမာမာ ပြောလိုက်သည်။

နျဲ့ပုဖန်သည် သူ့အကြောင်းသူ မေ့သွားပြီ၊ သူတို့၏ ဆုံတွေ့မှုများကို မေ့သွားပြီ၊ သူတို့၏ ဘဝအပိုင်းအစများကို မေ့လျော့ကာ သူ့တို့ကြားက ခံစားချက်များကို မေ့သွားခဲ့ပြီ။

နျဲ့ပုဖန်က ရုတ်တရက် လီရီ၏ ခံစားချက်တွေ ပြောင်းလဲသွားတာကို ခံစားလိုက်ရပြီး ရှေ့ကိုလှမ်းကာ လီရီကို ပုခုံးပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။

''ဘာမှ မဖြစ်ပါဘူးကွာ၊ ငါ့မှာ တခြား အသိတွေ ရှိမနေတဲ့အတွက်ကြောင့် မင်းတို့အပေါ် အမှားပြုမိတယ်ဆိုရင် ငါ့ကို ခွင့်လွှတ်ပြီး အမှန်ကို သင်ပြပေးပါ၊ ငါ တစ်ခုခုကို တကယ် မေ့နေခဲ့ရင်တောင် အဲ့အကြာင်းအရာကို ပြောပြီး မှတ်ဉာဏ်ကို လှုံ့ဆော်ပေးမယ် မလား၊ ဒါဆို ငါလည်း ပြန်ပြီး အမှတ်ရလာမှာပါ''

'အမှားပြုမိရင် ခွင့်လွှတ်ပေးဖို့၊ အမှန်ကို သင်ပြပေးဖို့' တောင်းဆိုနေတဲ့ ကောင်က အိပ်ခိုင်းလို့ နာနာခံခံနဲ့အိပ်ခဲ့ရင်တောင် ဘုရားသခင်ကို ကျေးဇူးတင်မယ်။

"စိတ်မပူပါနဲ့ အားလုံးကို သတိရဖို့ ငါ လုပ်ပေးပါ့မယ်" 

ထို့နောက် လီရီက သူ့ကို ကုတင်ပေါ် ဖိချလိုက်ပြီး ကျွမ်းကျင်စွာ အဝတ်အစားများ ချွတ်လိုက်၏။

နျဲ့ပုဖန်က ရုန်းကန်ကာ

“ဒါမျိုး လုပ်လို့ မရဘူး။ ငါသည် သမာဓိရှိတဲ့လူ၊ အစ်ကို ဝမ်က ငါ့အပေါ်မှာ အကြင်နာကင်းမဲ့ပေမယ့် သူ့အပေါ် သစ္စာရှိဖို့ ငါ ဆုံးဖြတ်ထားတယ်”

"ချီးကို သစ္စာရှိ''

လီရီက အေးစက်စွာ ကျိန်ဆဲလိုက်သည်။

''ငါ မင်းနဲ့ အကြာကြီးနေလာတာ မင်း ဘယ်လိုကောင်လဲဆိုတာ အူမချေးခါး အကုန် သိတယ်''

ထို့ထက်မက တစ်လောက လုံးရှိလူများ သမာဓိတည်သွားမည်ဆိုရှိတောင်၊ နျဲ့ပုဖန်ဆိုသည့်လူကတော့ ဘယ်တော့မှ ဖြစ်လာနိုင်မှာမဟုတ်ပေ။

သည့်နောက်တွင် နျဲ့ပုဖန်၏ အပေါ်ပိုင်းနှင့် အောက်ပိုင်း နှစ်ခုစလုံးသည် ဗလာကျင်းသွားပြီး အတွင်းခံ အဝတ်အစား အနည်းငယ်သာ ကျန်ရှိတော့သည် ။

လီရီသည် တစ်ဖက်လူကို နမ်းရင်းဖြင့် သူ့အဝတ်အစားများကိုပါ ဆွဲချွတ်လိုက်သည်။  သူ့ဘောင်းဘီကို ချွတ်ဖို့ကြိုးစားနေချိန်မှာ နျဲ့ပုဖန်က သူ့ဘောင်းဘီကို အသဲအသန် ဆုပ်ကိုင်လိုက်ပြီး သူ့လူသတ် လက်နက်ကို ထုတ်မရအောင် တားထားလိုက်၏။

လီရီသည် လက်တစ်ဖက်ကို နျဲ့ပုဖန် ခေါင်းဘေးမှာ ထောက်ထားကာ ကျန်လက်တစ်ဖက်ကို အသုံးပြု၍ နျဲ့ပုဖန် လက်ကို ဖယ်ကာ သူ့အရာကိုဆက်လက် ဆွဲထုတ်သည်။ ထိုအခါ နျဲ့ပုဖန်သည် သူ့ခါးကို ခြေထောက်ဖြင့် ချိတ်လိုက်သည်။ ဒါပေမယ့် သူ့ခြေထောက်တွေ ချိတ်ထားပြီး လီရီ၏ လူသတ် လက်နက်ကို ထုတ်မရအောင် လုပ်နေပေမယ့်လည်း နောက်ဆုံးတွင် ထိုအရာက စိတ်အားထက်သန်စွာ ထွက်ပေါ်လာ၏။

"လီ၊ ညီအစ်ကို လီ၊ ငါတို့ ဆွေးနွေးကြရအောင်" နျဲ့ပုဖန်က တုန်လှုပ်စွာပြောသည်။

“ကုတင်ပေါ်မှာ ဆွေးနွေးဖို့ နေရာ မရှိဘူး” လီရီ၏ ပါးစပ်ထောင့်တွင် အပြုံး တစ်ခု ပေါ်လာပြီး သူနှင့် ချစ်ကြိုက်ခဲ့သည့် ပထမဆုံး အကြိမ်ကို သတိရမိသည်။

"မဟုတ်သေးဘူးလေ၊ ငါ ခုဏကမှ အစ်ကို ဝမ် နဲ့ လုပ်လို့ပြီးတာ၊ အခု မင်းနဲ့ချက်ချင်း လုပ်ရမယ်ဆိုရင်....ဟမ်း......."

လီရီက သူ့ ပါးစပ်ကို ပိတ်ထားလိုက်ပြီး ဆက်ပြောဖို့ အခွင့်မပေးပေ။ တစ်စုံတစ်ယောက်၏ ပါးစပ်ကို ဟခွင့် ပေးခြင်းထားသည် လွဲမှားသောအရာများဖြစ်ပေါ်လာရန် ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်း အတွေ့အကြုံများအရ သိရှိခဲ့ပြီး ဖြစ်၏။

"ပုဖန်၊ ငါ ဝင်တော့မယ်..." လိရီက သူ့ အနားကို တိုးတိုးလေးကပ်ပြောသည်။

"ခဏနေပါဦး၊ ငါ အဆင်သင့် မဖြစ်သေးဘူး၊ ခံစားချက်လေး နည်းနည်းလောက် ကောင်းအောင် စောင့်ပေးပါဦး...အား"

"မင်း စောင့်ပေးဖို့ အချိန်မရှိဘူး" ဟု လီရီက အသံနိမ့်ကာ ပြောလိုက်ပြန်သည်။

“အင်း…..ဟင့်…..”

"ပုဖန်၊ မင်း ငါ့ကို ဘယ်တော့မှ မမေ့စေရဘူး၊ မင်းငါ့ကို တစ်သက်လုံး သတိရစေချင်တယ်"  လီရီ၏ လေသံက တင်းတင်းမာမာရှိပြီး လှုပ်ရှားမှုကလည်းပြင်းထန် လာသည်။

"တစ်သက်လုံးဆိုတာ မကြာလွန်းဘူးလား" 
နျဲ့ပုဖန်က ခံနေရသည့် ကြားထဲမှ စကားရှည်၏။

“နည်းနည်းလောက် လျော့ပါဦး၊ သက်တမ်းတစ်ဝက်လောက်ဆို တော်ရောပေါ့။ ဘဝ သက်တမ်းတစ်ဝက်မှာ မင်းလည်း လက်ထပ်ဖို့နဲ့ ကလေးမွေးဖို့ အချိန်ရှိသေးတယ်လေ''

“လေရှည်လိုက်တာ” လီရီက အေးစက်စွာအော်လိုက်ပြီး "မင်း ကလေး မမွေးနိုင်ရင် လက်ထပ်ပြီး ကလေးယူဖို့ ငါ့ကို ဘာမှထပ်မပြောနဲ့"

"သေချာလို့လား။ ချောမောလှပတဲ့ ဇနီး ဒါမှမဟုတ် ချစ်စရာ ကောင်းတဲ့ ကလေးလေးတွေ မလိုချင်ဘူးလား”

"မင်းက ငါ့မိန်းမပဲ၊ မင်းရဲ့ကြက်တွေက ငါ့သားသမီးတွေပဲ"

နျဲ့ပုဖန်သည် အနည်းငယ် ထိတ်လန့်သွားပုံရပြီး “ငါ့ ကြက်တွေက မင်းရဲ့ကလေးတွေလား။ ကလေးက နည်းနည်း များနေတယ် မဟုတ်လား"

"မင်း ပါးစပ်ပိတ်ထားလို့ မရဘူးလား" 
လီရီက သူ့ ခြေထောင်တွေကို မြှောက်လှန်ပြီး ခွန်အား အပြည့်နဲ့ ပိုပြင်းပြင်း တွန်းထထည့်လိုက်၏။

"ဖြေးဖြေးလုပ်။ မင်းက ကြက်စွပ်ပြုတ်တွေ အများကြီး စားထားလို့ အဲ့လောက် အားတွေရှိနေတာလား''

လီရီက ပြုံးပြီး "ပုဖန်၊ ငါတို့ ပထမဆုံး အကြိမ်တုန်းက ဘယ်လို ဆက်ဆံခဲ့လဲ မှတ်မိလား"

"ဘာလို့လဲ၊  မင်း ငါ့ကို ဘယ်လို ဆက်ဆံခဲ့တာလဲ"  နျဲ့ပုဖန်၏ အသိစိတ်မှာ အနည်းငယ် မှုန်ဝါးနေပြီး သူ့ ခန္ဓာကိုယ် အပူချိန်သည် ပို၍ ပို၍ ပူလာသည်။

“မင်း ပြောကြည့်လေ …..” လီရီက နားထဲတွင် တိုးတိုးလေး ကပ်ပြောကာ “အခု မင်း ငါ့ကို မင်းအတွင်းထဲမှာ ညှစ်ပြီး အသေသတ်တော့မလိုပဲ''

“….. အဲ့လို သတ်လို့ရလည်း ကောင်းတာပဲ''

''ဒါဆိုရင် ပိုညှစ်ကြည့်လိုက်လေ..''

“အင်း…..”

ညသည် ရှည်လျားပြီး အိပ်ပျက်သောည ဖြစ်ခဲ့လေသည်။

တစ်ဖက်တွင် ဝမ်ရှင်းချန်းသည်  ရွာသို့ ပြန်သွားသောအခါ ဝေဒီနှင့် အခြားသူများ၏ ချက်ခြင်း ကြားဖြတ်စစ်ဆေး ခြင်းခံရလေသည်။

သူတို့ မေးခွန်းထုတ်တာကို မစောင့်တော့ပဲ  ဝမ်ရှင်းချန်က ပါးစပ်ကို အရင်ဖွင့်လိုက်ပြီး "မင်းတို့အားလုံးကို ငါ ပြောစရာရှိလို့ ငါနဲ့ လိုက်ခဲ့" ဟု ပြောလိုက်၏။

ထိုစကားပြီးသောအခါတွင် သူသည် နျဲ့ပုဖန်၏ အိမ်ထဲသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။

ဝေဒီ၏ မျက်လုံးများမှာ ဝေခွဲမရ ဖြစ်နေပြီးနောက် ဝမ်ရှင်းချန် နောက်သို့ လိုက်ရန် သူ့ ခြေထောက်ကိုပြင်လိုက်သည်။

စုချန်းယီ၊ လီဟွေ့၊ ထိုက်ပိုင်၊ ကျန်းကျွင်းရှီ နှင့် ဖန်းလုံ တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ နောက်မှလိုက်လာကြသည်။ ရှန်းမုလန် နှင့် ထျန်းနွီ ကဲ့သို့သော မသက်ဆိုင်သောလူများကိုတေယ့ တံခါး အပြင်ဘက်တွင် ထားခဲ့သည်။

လူ အများအပြားသည် တစ်နာရီကျော်ကြာ စကားပြောခဲ့ကြသည်။ ထွက်လာသောအခါတွင် သူတို့၏ အမူအရာများမှာ အမျိုးမျိုး ကွဲပြားလျှက်ရှိပြီး။ အသီးသီး တိတ်တိတ်ဆိတ်ဆိတ် ပြန်သွားကြသည်။ အိမ်သို့ ပြန်သွားကြသည်။

နောက်တစ်နေ့ ရောက်သောအခါ လီရီသည် တစ်ဖန်အိပ်ပျော်သွားပြန်သော နျဲ့ပုဖန်းနှင့်အတူ ပြန်လာခဲ့၏။ သူ ပြန်လာသောအခါ ဝေဒီနှင့် အခြားသူများသည်လည်း နျဲ့ပုဖန်ဆီသို့ အလည်အပတ် လာခဲ့ကြပေမယ့် နျဲ့ပုဖန်နဲ့ အတူ အိပ်ခွင့်ရရန်အတွက် ရန်ပွဲများ လုံးဝ မဖြစ်ကြတော့ပေ။

လီရီသည် အလွန် အံ့သြနေ၏။
စင်စစ် သူပြန်လာပြီးနောက်တွင် အခြားသူများကသူ့ကို အခက်တွေ့အောင် လုပ်ကြလိမ့်မည်ဟု ထင်ခဲ့သော်လည်း ၎င်းတို့၏ တုံ့ပြန်မှုသည် အလွန်တည်ငြိမ်နေသည်။

"သူတို့တွေ ဘာဖြစ်နေကြတာလဲ၊ သူတို့ကို မင်း ဘာပြောထားသေးလဲ''
လီရီက ဝမ်ရှင်းချန်ကို မေးသည်။

ဝမ်ရှင်းချန် သည် နျဲ့ပုဖန်၏ ကုတင်ဘေးတွင်ထိုင်ကာ "ကျန်းကျွင်းရှီကို မေးကြည့်လေ၊ အတူတူပဲ၊ ငါက ပြောပြီးသား စကားကို ဒုတိယ အကြိမ်ထပ် မပြောချင်တော့ဘူး”

လီရီက သူ့ကို တစ်ချက် ကြည့်ကာ လှည့်ထွက်သွားသည်။

"မင်းတို့ကို သူ ဘာပြောထားလဲ"
ကျန်းကျွင်းရှီက ညင်ညင်သာသာ ပြုံးပြီး

"မနေ့ညက သူ ပြောတာကိုတော့ အလုံးစုံ ပြောပြလို့မရဘူးတဲ့။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ ခေါင်းဆောင် ဝေ၊ မင်းသား စု နဲ့ နိုင်ငံတော်ပညာရှိကြီးတို့က မကြာခင် ကြက်သိုက်ရွာကနေ ထွက်ခွာတော့မှာ တဲ့''

လီရီ အံ့သြသွားပြီး "သူတို့ ပုဖန် ကို လက်လျော့ကြ တော့ မှာလား"

“လက်လျော့မလား၊ မလျော့ဘူးလားဆိုတာကတော့ လောလောဆယ် ပြောဖို့ မလွယ်လှဘူး။  ဒါပေမယ့် သူတို့နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို ပုဖန် ပြန်အမှတ်ရလာဖို့  အတင်းအကျပ် ဖိအားပေးမှာ မဟုတ်ဘူး”

လီရီ ဘာမှ မပြောနိုင်ဖြစ်နေခဲ့သည်။ ဝမ်ရှင်းချန်မနေ့ညက သူတို့တွေကို ဘာပြောခဲ့လဲဟု သိလိုစိတ်မှာလည်း ပြင်းပြနေ၏။ မနေ့ညက ပုဖန်ကို လွယ်လွယ်နဲ့ လွှတ်ထားတာကို မြင်တော့ ဝမ်ရှင်းချန် ဟာ တကယ် ရက်ရောပြီး ပုဖန်ကို လူတိုင်းနဲ့ အေးအေးဆေးဆေး ဝေမျှနိုင်တယ်လို့ ထင်ခဲ့သည်။

"ဒါဆို မင်းကကော"  လီရီက ကျန်းကျွင်းရှီ  ကိုကြည့်ပြီး မေးလိုက်သည်။

''မင်းရော ထွက်သွားတော့မှာလား''

"ငါလား" ကျန်းကျွင်းရှီ က တိုးတိုးလေး ရေရွတ်ကာ "ဘယ်လိုလုပ် ထွက်သွားလို့ရတော့မှာလဲ၊ ပုဖန် ရဲ့ ဖြစ်တည်မှု အကြောင်းကို ငါ့အဖေကို ပြောပြပြီးပြီဆိုတာ မင်းလည်း သိသားပဲ''

"ဘယ်လို။ မင်း ပြောပြီးပြီလား။ မင်းအဖေက ဘယ်လို တုံ့ပြန်ခဲ့လဲ"

ကျန်းကျွင်းရှီက ပြုံးပြီးပြောတယ်

"သူ ဘယ်လိုတုံ့ပြန်တယ်ထင်လဲ။ ထုံးစံအတိုင်းပဲပေါ့ သူက ငါ့ကို နာကျင်အောင် ရိုက်နှက်ပြီး ဆုံးမတယ်လေ''

လီရီ ငြိမ်သွားသည်။ နူးညံ့သိမ်မွေ့သော စိတ်ထားရှိသည့် ကျန်းကျွင်းရှီ သည် သူ့မိသားစုအား ပွင့်ပွင့်လင်းလင်း ပြောရဲသော သတ္တိရှိမည်ဟု သူ မထင်ထားခဲ့ပေ။

လီရီ ကိုယ်တိုင်ကရော၊ ကျန်းကျွင်းရှီလို သတ္တိမျိုးရှိရဲ့လား။

ပုဖန်နဲ့ တစ်သက်လုံး အတူ နေချင်တယ်ဆိုရင် ဒီလမ်းကိုတော့ လျှောက်မှရမည်။

လီရီ၏ မျက်လုံးများတွင် ပြတ်သားသော အရိပ်ယောင်များ တောက်ပလာ၏။

“မင်းသား စုနဲ့ တခြားသူတွေ ပြန်သွားတဲ့အခါ ငါ သူတို့နဲ့ လိုက်သွားမယ်” ဟု တည်ငြိမ်စွာ ပြောလိုက်သည်။

ခွဲခွာခြင်း များစွာကို ကြုံတွေ့ရပြီးနောက်တွင် ပုဖန် အပေါ်ထားသည့် သူ၏ ခံစားချက်အား အလွန်သေချာစွာ သိလာခဲ့သည်။ ထိုသို့ အမှန်တရားကို သိပြီးတာတောင် အဘယ်အကြောင်းကြောင့် တွန့်ဆုတ်နေရမည်နည်း။

ကျန်းကျွင်းရှီက ပြုံးကာ လီရီ၏ ပခုံးကို ပုတ်ပြီး "ဒါဆို ပုဖန် ဒီည ငါနဲ့ အတူရှိမယ်။ မင်းလည်း မကျေနပ်စရာ မရှိဘူး မဟုတ်လား"

ထို့နောက် လီရီ ခေါင်းညိတ်ကာ လှည့်ထွက်သွားသည်။

ညအချိန်ဖြစ်သဖြင့် နျဲ့ပုဖန်အား ဆေးကြောသန့်စင် ပြီးနောက် ကျန်းကျွင်းရှိ၏ အိပ်ရာသို့ ပို့ပေးလိုက်ကြလေသည်။

အချိန်ကြာမြင့်စွာ ချစ်ရည်လူးကြပြီးနောက်၌ နျဲ့ပုဖန်သည် ကျန်းကျွင်းရှီနှင့် ပတ်သတ်သောအမှတ်တရများကို ပြန်လည် သတိရလာ၏။

''အစ်ကို ကျန်း၊ မင်းကိုမတွေ့ရတာ ရက်အတော်ကြာပြီ၊ မင်းကပိုချစ်ဖို့ကောင်းလာတယ်''

"လီရီနဲ့ ငါ မနေ့ကနေခဲ့တုန်းက ဖက်ထုပ်စားရသလိုခံစားရပေမယ့်၊ မင်းကတော့ မုန့်စိမ်း ဆုပ်နယ်နေသလိုပဲ ပိုကောင်းတယ်"

''အစ်ကို ဝမ်..ဝမ်ရှင်းချန်ရော ဘယ်မလဲ၊ တောထဲဝင်ပြီး မန္တာန်တွေ ရွတ်ဖို့ ဂူအောင်းနေပြန်ပြီလား''

နျဲ့ပုဖန်သည် နေရာတိုင်းတွင် ဆော့ကစားနေသော ပျော်ရွှင်စရာနေသည့် ပင်ဂွင်း တစ်ကောင်ကဲ့သို့ ဖြစ်ပြီး မကျန်းမမာ ဖြစ်နေသည့် ၎င်း၏ ယခင်ကပုံစံနှင့် လုံးဝ မတူပေ။

ဒါပေမယ့် ဝမ်ရှင်းချန် နဲ့ တခြားသူတွေမှာတော့ နျဲ့ပုဖန်ဟာ မှတ်ဉာဏ်တွေ ပျောက်ဆုံးနေတာ ကလွဲလို့ တခြား ပြဿနာ ရှိ၊ မရှိဆိုတာ ဘယ်သူမှသေချာ မသိကြချေ။

နတ်ဆေး ဆရာကြီးသည် နေ့တိုင်း သူ့အတွက် သွေးခုန်နှုန်းကို လာစမ်းကြည့်ပေး၏။ မကြာခဏ ဆိုသလို ထူးဆန်းသည့် မျက်နှာ အမူအရာမျိုး ဖြစ်သွားတတ်ပြီး၊ ၎င်းက ဆေးကုသဖို့ စမ်းသပ်ဖို့ကိုပဲတွေးတောနေလေရာ အခြားသူများ၏ မေးမြန်းကြောထူမှုများကို ဂရုမစိုက်ချေ။ မေးခွန်းတွေကြောင့် သူ စိတ်ဆိုးသွားတဲ့အခါမျိုးတွင် “သူ သေမှာ မဟုတ်ဘူး” လို့ စိတ်မရှည်စွာ ပြန်ဖြေတတ်သည်။

ထို ရက်အနည်းငယ်အတွင် နျဲ့ပုဖန်သည် အကြောင်းပြချက် မရှိဘဲ ထပ်မံ အိပ်ပျော်သွားတာမျိုး လုံးဝ မရှိတော့သလို၊ အသိစိတ် မကပ်ဘဲ လမ်းထလျောက်တာလည်း မရှိတော့ပေ၊ အားလုံး ဘဝသည်လည်း ပုံမှန်အတိုင်း လည်ပတ်နေခဲ့သည်။

စုချန်းယီနှင့် အခြားသူများသည် မြို့တော်သို့ပြန်ရန် အမိန့်ပေးသော အင်ပါယာ အမိန့်ကိုလည်း လက်ခံရရှိခဲ့သည်။ ဒါနဲ့ သူတို့တွေ အထုပ်ပိုးပြင်ကာ ပြန်သွားကြပြီး ကြက်သိုက်ရွာကို ရတနာတွေနဲ့အတူ ထားခဲ့လိုက်ကြသည်။

သူတို့ မထွက်ခွာမီတွင် နျဲပု့ဖန်သည် ဟင်းပွဲကြီးများပါသော စားသောက် ဝိုင်းကြီး တစ်ခုကို ပြင်ဆင်ပေးပြီး  အရသာ ရှိလှသော ဟင်းပွဲများဖြင့်တည်ခင်းထားသည်။

နျဲ့ပုပန်၏ အပြုံးကို မြင်နေရသော်လည်း သူတို့နှလုံးသား၌ နာကျင်ခံစားနေရသည်။
နျဲ့ပုဖန်က သူတို့အကြောင်း အလုံးစုံ မမှတ်မိနိုင်ခြင်းကို ကောင်းကောင်းသိသည်။

ပုဖန်၊ ငါ ထွက်သွားတာက မင်းကို စွန့်လွှတ်ချင်လို့မဟုတ်ပါဘူး။ ငါ ပြန်လာတဲ့အခါ မင်း ငါ့ကို ဘယ်တော့မှ မေ့ခွင့် မပေးဘူး။ ဝေဒီ၏ မျက်လုံးများသည် နက်နဲပြီး သူ့အမူအရာက ပြတ်သားပြီး တင်းမာလျှက်ရှိသည်။

စုချန်းယီကလည်း တောင်ခြေက ရွာငယ်လေးကို တစ်ပြန်လှည့်ကြည့်နေ၏။ သူ့ အမူအရာက ငြိမ်သက်နေပြီး နှုတ်ခမ်းတွေကို တင်းတင်းဖိထားသည်။

''မင်း ဆက်မလုပ်နိုင်ဘူးဆိုလည်း၊ ဒီလောက်နဲ့လက်လျော့လိုက်လို့ရတယ်နော်''

ရှန်းမုလန်က ပြောလိုက်သည်။

''ဒီမင်းသားမှာလည်း ကိုယ့်အတိုင်းအတာနဲ့ ကိုယ် ရှိပါတယ်ကွ''

ထိုသို့ ပြောပြီးနောက် သူက လှည့်ပြီး ရှေ့ကို ဆက်လျှောက်သွား၏။

လီဟွေ့ ကလည်း လီရီ ကို ကပ်၍

"အစ်ကို၊ မင်းလည်း ထွက်သွားမှာလား"

လီရီက ခေါင်းညိတ်ပြီး “ငါလည်း ပြန်သွားပြီး ရှင်းရမယ့် ကိစ္စတွေ ရှိသေးတယ်''

"မင်း တကယ် ဆုံးဖြတ်ပြီးပြီလား"

“အင်း”

လီဟွေသည်လည်း တိတ်ဆိတ်နေပြီး အဝေးကိုကြည့်ကာ ဝမ်းနည်းပူဆွေးနေမိသည်။  ခဏအကြာတွင် သူက လီရီကို လှည့်ကြည့်ကာ'' “နားလည်ပါတယ် အစ်ကို၊ ငါ မင်းကို ထောက်ခံတယ်” ဟု ပြောလိုက်သည်။

"ကျေးဇူးပဲ''

လီရီ က သက်ပြင်း တစ်ချက် ချလိုက်ပြီး မေးစေ့ကိုမော့၍ "ဒီကိစ္စမှာ လီမိသားစုရဲ့ ဘိုးဘေးကိုယ်စားလှယ်က ငါပဲလေ'' ဟု ပြောလိုက်၏။

ညီလေး၊ ကျေးဇူးပါ။ မင်းရဲ့ရွေးချယ်မှုက ငါ့ရွေးချယ်မှုကို ဖြည့်ဆည်းပေးခဲ့တယ်။

၎င်း လူနည်းစုထဲတွင် စိုးရိမ်ပူပန်မှု အကင်းဆုံးဖြင့် ထွက်ခွာသွားသူမှာ ဖန်းလုံ ဖြစ်သည်။ သူ့ ကိစ္စတွေကို ဖြေရှင်းဖို့ ပြန်သွားရမည်ဟုဆိုသည်။ သူသည် ဧကရာဇ်နှင့် သူ့မိသားစုဟူသော ကျောက်တောင်နှစ်လုံးကို ရင်ဆိုင်ရတော့မည် ဖြစ်သော်လည်း ၎င်းကို တွေးတောနေသည်မှာ ကြာလှပြီ ဖြစ်ပြီး ဆက်တိုက် ရင်ဆိုင်ရန်အတွက် လိုအပ်သော ပြင်ဆင်မှုများ အားလုံးကိုလည်း ပြုလုပ်ထားပြီးဖြစ်သည်။

သူသည် အေးဆေး တည်ငြိမ်ပြီး စိတ်ရှည်သည်းခံကာ တိုတောင်းသော ခွဲခွာမှုသည် တစ်သက်တာ လက်တွဲဖော်အတွက်သာ ဖြစ်သည်ဟု မိမိကိုယ်ကိုယ်နှစ်သိမ့်လျှက်ရှိသည်။

ဆုံးဖြတ်ချက်ချပြီးပြီမို့ နောက်ပြန် လှည့်မကြည့်တော့ပါ။

"ထွက်မသွားဘူးလား" 
ကျန်းကျွင်းရှီက ထိုက် ဦးလေးနှင့် တူလေး အတွဲကို ကြည့်လိုက်သည်။

"ငါက မသွားဘူး" 

ထိုက်ပိုင်က ကုလားထိုင်ပေါ် မှီပြီး ပခုံးတွန့်ပြကာ၊
“ငါကတော့ ဒီမှာ နေရတဲ့ ဘဝကို အရမ်းကြိုက်တယ်။ ဦးလေးကတော့ ထွက်သွားချင် အခု ထွက်သွားလို့ရပြီနော်''

ထိုက်ယန်က ၎င်း၏ တူတော်မောင်အား ပွေ့ဖက်ပြီး "ငါလည်း ထွက်မသွားချင်ပါဘူး၊ ဒါပေမယ့် မင်းနဲ့အတူတူ ပြန်ရမယ်'' ဟု ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ"

"မင်း မပြန်ရင် မင်းအဖေက မင်းကို လာဖမ်းလိမ့်မယ်"

"ဒါဆို သူ့ဘာသာ လာဖမ်းပလေ့စေ''

ထိုက်ပိုင် က ထိုင်ခုံပေါ်ကနေ ခုန်ဆင်းပြီး နျဲ့ပုဖန် ကို ပွေ့ဖက်ကာ ပြောလိုက်၏။

"ဒါက သူ့ကို ကျွန်တော့် မိန်းမနဲ့ မိတ်ဆက်ပေးဖို့ အကောင်းဆုံး အခွင့်အရေးပဲ"

နျဲ့ပုဖန်က ထိုက်ပိုင် မျက်နှာကို လက်ဖဝါးဖြင့် ခပ်ဆက်ဆက် ရိုက်လိုက်ပြီး

“မင်း မိန်းမ လိုချင်ရင်  ကြက်လှောင်အိမ် သွားပြီး တစ်ကောင်ရွေးလိုက်” ဆိုကာ ရန်စွာသံဖြင့် ပြောလိုက်တယ်။

"ပုဖန်၊ မင်းက သိပ်ဆိုးတာပဲ" ထိုက်ပိုင်က ဝမ်းနည်းဟန်ဆောင်ကာ ပြောလိုက်သည်။ 
သူသည် ဝမ်ရှင်းချန်နဲ့ တခြားသူတွေဆီက စကားကို ကြားပြီးနောက် နွေဦးညမှာ တစ်စုံတစ်ယောက်နဲ့ အတူတူ ဖြတ်သန်းချင်သော်လည်း သူတို့ကြားက အမှတ်ရစရာတွေကို ပြန်လည် အမှတ်ရစေဖို့ နျဲ့ပုဖန်အား အတင်းအကြပ် ဖိအားပေးရန်  အခွင့်အရေး မရခဲ့ပေ။

သို့သော် ထိုက်ပိုင်သည် ဘာ အကျိုးအမြတ် အခွင့်အရေးမှ မရခဲ့ပဲ ထိုက်ရန်၏ အတင်းဆွဲခေါ်သွားခြင်းကို ခံခဲ့ရ၏။ နောက်ဆုံးတွင် ကြက်သိုက်ရွာ၌ ကျန်းကျွင်းရှီနှင့် ဝမ်ရှင်းချန်တို့သာ ကျန်တော့သည်။

သို့သော် အခြားသူများ ထွက်ခွာသွားခြင်းသည်အပြီးတိုင် နှုတ်ဆက်ခြင်း မဟုတ်ပေ။  နျဲ့ပုဖန်၏ အဆိပ်ကိုမိခဲ့သော သနားစရာ ယောကျ်ားတို့သည် မှန်ကန်သော လမ်းကြောင်းသို့ ပြန်သွားရန် အခြေခံအားဖြင့် လုံးဝ မဖြစ်နိုင်ပေ။

များမကြာမီတွင် ကြက်သိုက်ရွာလေးသို့ သစ်လွင်ဆန်းပြားမှုများတစ်ဖန် ရောက်ရှိလာတော့မည် ဖြစ်လေတော့သတည်း။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now