Chapter 113 (End)

4.9K 242 14
                                    

Chapter - 113
ဇာတ်ပေါင်းခန်း

ဆယ်စုနှစ်များစွာ ကြာပြီးနောက် ငြိမ်းချမ်းသော မင် ပြည်ထောင် သည် ထူးထူးခြားခြား ကြီးကျယ်ခမ်းနားသော ခေတ်ကြီးသို့ ရောက်ရှိလာလေသည်။
မင် ပြည်ထောင်၏ ကျက်သရေနှင့် ဂုဏ်သတင်းသည် မိုးထိသို့ ညံနေလေတော့သည်။

ဝူလင်း အဖွဲ့ချုပ်သည် ခေါင်းဆောင် အသစ်တင်မှောက်ခဲ့ပြီး ၎င်း ရာထူးကို ရရှိခဲ့သူမှာ အသက် ၂၀ အရွယ်သာ ရှိသေးသော 'ဝမ်' မျိုးရိုး ကောင်လေး ဖြစ်သည်။

တော်ဝင် နန်းတော်မှ ကျင်းပသည့် တရားရေးနှင့် စစ်ရေးပြ အစိုးရစာမေးပွဲတွင် အမှတ် အများဆုံးနှင့် အောင်မြင်ခဲ့ကြသူများမှာ ၁၇ နှစ် အရွယ် 'ကျန်း' မျိုးရိုး လူငယ်လေးနှင့် ၁၈ နှစ် အရွယ် 'လီ' မျိုးရိုးလူငယ်လေးတို့ ဖြစ်ကြ၏။

သို့သော် သူတို့သည် ပထမ နေရာကို ရရှိခဲ့ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ ဘွဲ့ကို စွန့်လွှတ်ကာ ကမ္ဘာအနှံ့ လွတ်လပ်စွာ လှည့်လည် သွားလာရန်သာရွေးချယ်ခဲ့ကြသည်။

တုန်းရှန်းရှောင်းဖူ၌ 'ဝေ' မျိုးရိုး နတ်ဆိုး မိန်းကလေး တစ်ဦး ပေါ်ထွက်လာ၏။
သူမတွင် ထူးချွန် ထက်မြက်သော ကိုယ်ခံပညာနှင့် ရင့်ကျက်သော ကိုယ်ရည်ကိုယ်သွေး ရှိသည့် အပြင် အလွန် လှပသောကြောင့် တစ်ပါးသူများက သူမကို စေ့စေ့ပင် မကြည့်ဝံ့ကြပေ။

သိုင်းလောကတွင် သူမသည် ပြိုင်ဘက် အသီးသီးကို အနိုင်ယူခဲ့ပြီးနောက် ၎င်းတို့ အားလုံးသည် သူမ၏ နောက်လိုက်များ ဖြစ်လာကြ၏။

ရန်ရှန်း မြို့တော်၌ နာမည်ကျော် ဥယျာဥ် တစ်ခုရှိသည် ၎င်း၌ ကမ္ဘာ တစ်ဝှမ်းမှ ထူးခြားဆန်းပြားသော သစ်ပင် ပန်းမန်များ စိုက်ပျိုးထားပြီး ထိုဥယျာဥ်၌ ရာနှင့် ချီသော ငှက်မျိုးစိတ်များနှင့် လိပ်ပြာ မျိုးစိတ် အစုံအလင် ရှိသည့်အပြင် အဓိကအကျဆုံးအချက်မှာ ထိုဥယျာဥ်တော်အား ဖန်တီးတည်ထောင်သူမှာ နတ်သမီးတမျှ ရင်သပ်ရှုမောဖွယ်လှပသော အသက် ၁၈ နှစ်အရွယ် 'လီ' မျိုးရိုး မိန်းမပျိုကလေး ဖြစ်သည်။

မင်ပြည်ထောင် တွင် အကြီးဆုံး သင်္ဘောကျင်းပိုင်ရှင်မှာ 'ထိုက်' မျိုးရိုး အသက် ၁၆ နှစ်အရွယ် ကောင်လေး ဖြစ်သည်။

ဤလူငယ်တို့၏ စွမ်းရည်များသည် မင် ပြည်ထောင် တစ်ခုလုံး၌ လှိုင်းလုံးများ ရိုက်ခတ်သည့်သဖွယ် ဟိုးလေးတကျော် မွှေးပျံ့နေလေ၏။ ၎င်းတို့သည် မျိုးဆက်သစ် လူငယ် အားလုံး၏ စံပြ ဖြစ်လာခဲ့သည်။

ထိုခေတ်သည် မင် ပြည်ထောင် သမိုင်း၌ အကြီးကျယ် အခမ်းနားဆုံးသော ခေတ်လည်း ဖြစ်ခဲ့လေသည်။

၁၊ ၂၊ ၃၊ ၄ ဟူ၍ နံပါတ်စဥ်အလိုက် နာမည်ရှိသော ထိုတိုင်းပြည်၏ အထူးချွန် အထက်မြက်ဆုံး ပုဂ္ဂိုလ်ကလေးများ ကြားတွင် တစ်ခုခု အချိတ်အဆက် ရှိနေသည်ဟူသော ကောလဟာလများလည်း ရှိလေရာ၊ အဖြစ်မှန်ကိုတော့ မည်သူမှ မသိကြပေ။
လူတွေ စိတ်ဝင်စားသည့် အချက်ကတော့ တစ်နှစ်လျှင် တစ်ယောက်စ၊ နှစ်ယောက်စ ပေါ်ထွက်လာတတ်သော နံပါတ်စဥ် နာမည် ရှိသည့် လူငယ်လေးများ၏ အကြောင်း ဖြစ်သည်။

ရွာလူကြီး နျဲ့ပုဖန်သည် မုန်လာဥ ခေါင်းနီလေးတွေမည်မျှ မွေးဖွားခဲ့ပြီး၊ နောက် ခေတ်အဆက်ဆက်သူ၏ မျိုးဆက်တွေ မည်မျှ ဆက်လက် ပြန့်ပွားသွားမည်ကိုတော့ မည်သူမှ သိနိုင်မည် မဟုတ်ပေ။

(ပြီးပါပြီ)

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now