Chapter - 89
အချစ်အတွက်တိုက်ပွဲ (အပိုင်း ၁၃)
ညစာ စားပြီးနောက် ဝမ်ရှင်းချန် သည် ဖန်းလုံ ကို စစ်တုရင် ကစားရန် ခေါ်သွားသောကြောင့် ကျန်ခဲ့သော ဝေဒီ၊ လီရီ နှင့် နျဲ့ပုဖန် တို့သည် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။
နျဲ့ပုဖန်က သူတို့ကို ခဏလောက် လေးလေးနက်နက် ကြည့်ကာ "မင်းတို့မှာ ပြောချင်တာ ရှိသလား" ဟု မေးလိုက်သည်။
လီရီနှင့် ဝေဒီ တို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဘာမှထုတ်မပြောပဲ တိတ်ဆိတ်နေ၏။
သူတို့ထဲက တစ်ယောက်က နျဲ့ပုဖန်ကို ကြက်သိုက်ရွာဆီ ပြန်ခေါ်သွားချင်ပြီး ကျန်တစ်ယောက်က နျဲ့ပုဖန်ကို သူ့ ကိုယ်ပိုင် ဖြစ်စေချင်သည်။ သူတို့၏ မူလ ရည်ရွယ်ချက်သည် ဆင်တူဟန်ရှိသော်လည်း ၎င်းတို့၏ အန္တိမ ပန်းတိုင်မှာ လုံးဝ ကွဲပြားပြီး ၎င်းတို့ကြားတွင် အခြေခံအားဖြင့် ဘုံသဘောတူညီချက်မျိုး မရှိနိုင်ပေ။ ဤတစ်ကြိမ်တွင် သူတို့သည် နျဲ့ပုဖန် သူ့ဘာသာသူ နန်းတော်မှ ထွက်ခွာလာသည်ကို စောင့်ဆိုင်းပြီးနောက် ၎င်းတို့ နှစ်ဦးစလုံးသည် ၎င်းတို့ ကိုယ်ပိုင် အခွင့်အရေး ရရှိပြီဟု ထင်ခဲ့ကြသော်လည်း အခြားအတားအဆီး များစွာ ရှိမည်ဟု မမျှော်လင့်ခဲ့ကြပေ။ သည်လို အခြေအနေမျိုးမှာ ဘာတွေ ပြောသင့်သလဲ၊ ဘာတွေ ပြောရမလဲ။
လီရီက ဝေဒီကို အရမ်း သတိထားနေသည်။ ဝေဒီလည်း ထိုနည်းတူပင်။
"အပြင်ထွက်ရတာ ရှားတယ်၊ မျက်စိ အစာကျွေးရမယ် ''
နျဲ့ပုဖန်က မတ်တပ်ထရပ်ပြီး ထွက်သွားသည်။
ဝေဒီနဲ့ လီရီတို့ နှစ်ယောက်စလုံးက တစ်ချိန်တည်းမှာ "မင်း ဘယ်သွားမလို့လဲ" ဟု မေး၏။
"လှည့်ပတ်ကြည့်မလို့" သူ့အသံ ဆုံးသွားသည်နှင့် လူသည်လည်း တံခါး အပြင်သို့ ပျောက်ကွယ်သွားခဲ့သည်။
လီရီနှင့် ဝေဒီတို့ နှစ်ယောက်သားမှာလည်း နျဲ့ပုဖန်နောက် အလျင်အမြန် လိုက်သွားကြသည်။
နျဲ့ပုဖန်သည် စင်္ကြံတစ်လျှောက် လျှောက်သွားကာ ပတ်ဝန်းကျင် ရှုခင်းများကို စိတ်ဝင်တစား ရှုစား နေ၏။
ဤသို့ဖြင့် သူသည် သစ်သားမဏ္ဍပ်ကို ဖြတ်သွားလိုက်သောအခါ အဖြူရောင်ဝတ် စားပွဲထိုးက ဦးညွှတ်နှုတ်ဆက်သည် "သခင်လေး၊ မင်း အနှိပ်ခံဖို့ လိုသေးလား"
အနှိပ်လား။ နျဲပုဖန်၏ မျက်လုံးများ တောက်ပလာကာ စားပွဲထိုးနှင့်အတူ ဧည့်ခန်းထဲသို့ လိုက်သွားခဲ့သည်။ မဏ္ဍပ်၏ အပြင်အဆင်မှာ ရိုးရိုးရှင်းရှင်းဖြစ်ပြီး အခန်းများစွာ ခွဲထားကာ တစ်ခုစီကို သစ်သားကုတင် တစ်လုံး၊ စားပွဲ တစ်လုံး၊ မှန် တစ်ခု၊ နံ့သာမီးတိုင်နှင့် လန်းဆန်းစေရန်အတွက် ပစ္စည်းအစုံအလင် ထားရှိထားသည်။
မဏ္ဍပ်၏ နောက်ကွယ်တွင် နတ်သမီး နယ်မြေတစ်ခုကဲ့သို့ မြူဆိုင်းနေသော ရေတွင်းများနှင့် ရေပူစမ်းတစ်ခုရှိသည်။
"သခင်လေး၊ ဒီအစေခံက မင်းကို ရေချိုးဖို့ ကူညီပါ့မယ်" ချောမောလှပသော အစေခံမလေး တစ်ဦးသည် သိမ်မွေဖော်ရွေသော အသွင်အပြင်ဖြင့် သူ့ကို နှုတ်ဆက်သည်။
နျဲ့ပုဖန်က သူ့ လက်နှစ်ဖက်ကို ဆန့်ပြီး အစေခံမလေးကို စောင့်နေလိုက်၏။
သို့သော် မထင်မှတ်သော အသွင်အပြင် တစ်ခုက ရှေ့ကို တိုးလာပြီး အေးစက်တဲ့အသံနဲ့ အစေခံကို ရပ်လိုက်စေသည်။
“ဦးလေး ဝေ၊ မင်း ဘာလို့ သူ့ကို မောင်းထုတ်လိုက်တာလဲ”
နျဲပုဖန်က သူ့ ပခုံးကို တွန့်၍ ခါးကိုလှည့်ရင်းပြော၏။
"ငါ တစ်ကိုယ်လုံး နာကျင်နေတယ်၊ အနှိပ်ခံဖို့ လိုနေတယ်"
ဝေဒီက သူ့ကို စိုက်ကြည့်ရင်း
“အနှိပ်နည်းကို ငါလည်း သင်ယူပြီးပြီ၊ မင်းအတွက် ငါ လုပ်ပေးနိုင်တယ်” ဟု ပြောလိုက်သည်။
"မဟုတ်ဘူး မဟုတ်ဘူး။ မင်းက အရမ်း သန်မာတယ်လေ။ ငါ့ရဲ့ နုနယ်တဲ့ အရိုးတွေက ခံနိုင်မှာမဟုတ်ဘူး၊ ဒါကြောင့် ငါ့အတွက် အနှိပ်ခံဖို့ ချောမောလှပတဲ့ ညီအစ်မတွေကို ရှာတာက ပိုလုံခြုံတယ်”
"မင်းကို ဘယ်သူက ထိဝံ့မလဲ။ ငါ ကြည့်ချင်တယ်"
ဝေဒီရဲ့ လေသံက အေးစက်နေပြီး သူ့ရဲ့ ခံ့ညားတဲ့ အငွေ့အသက်တွေ ပျံ့နှံ့သွားကာ ကန့်လန့်ကာအပြင်ဘက်က အစေခံ မိန်းကလေးတွေကို ကို တုန်လှုပ်သွားစေ၏။
နျဲ့ပုဖန်က သူ့ကို မထီမဲ့မြင် စိုက်ကြည့်ပြီး "အားနည်းသူတွေကို အနိုင်ကျင့်ဖို့ပဲ သိတယ်၊ ကြင်နာတတ်ဖို့ရော သိသေးရဲ့လား''
ဝေဒီက သူ့ကို စိုက်ကြည့်နေ၏။
နျဲ့ပုဖန်က စကားတစ်ခွန်းမှ မပြောသေးသော လီရီကို လှည့်ကြည့်ကာ "သူ့ကို ဂရုမစိုက်နဲ့၊ အတူတူ အနှိပ်ခံကြရအောင်" ဟု ဆိုသည်။
လီရီသည် ခဏကြာအောင် ငြိမ်ပြီး မလှုပ်မယှက် မတ်တပ်ရပ်ကာ "အဲ့မိန်းမတွေကို မင်းကို မထိစေချင်ဘူး" ဟု ပြောသည်။
သည်ကောင်ရဲ့ သန္ဓေဆိုးကြောင့် မိန်းမ တစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုအထိတွေ့ ဟာ သူ့စိတ်သဘောကို တုန်လှုပ်သွားစေပြီးရင် ယောက်ျားတွေရော၊ မိန်းမတွေပါ နှောက်ယှက်ခံရမည်ဆိုပါက လောကကြိး ဇောက်ထိုးဖြစ်သွားလိမ့်မည်။ သူ့မှာ အကျင့်စာရိတ္တ လုံးဝ မရှိသဖြင် သည်လိုမျိုး ဖြစ်မလာဖူးဟု မဆိုနိုင်။ ဒါကြောင့် အဖူး မဖူးခင်ကတည်းက အမြစ် အားလုံးကို ဖြစ်နိုင်သမျှ ဖြတ်တောက်ပစ်ရမည်။
ဝေဒီသည် လီရီကို သံသယဖြင့် ကြည့်လိုက်သည်။ နျဲ့ပုဖန်အပေါ် လီရီ၏ သဘောထားက အလွန်ထူးဆန်းသည်ကို ခံစားမိသည်။ နျဲ့ပုဖန်သည် ကျန်း မိသားစုမှ သခင်လေးနှင့်လည်း တစ်ခုခု ရှိခဲ့သည်ကို သူ သိခဲ့ပြီး ဖြစ်သည်။ ယခု နျဲ့ပုဖန်သည် ဧကရာဇ်နှင့်ပင် ပတ်သက်နေပြန်သည်။ ဒါတင်မကဘဲ ဝမ်ရှင်းချန် ရဲ့ သဘောထားမှာလည်း ပြဿနာတစ်ခုခု ရှိနေပုံရ၏။ သည်ကောင်ကို လိုချင်တဲ့လူ တစ်ယောက်၊ နှစ်ယောက်ထက် မကတော့ပေ။
ဝေဒီသည် အနည်းငယ် အုံ့မှိုင်းနေသလို ခံစားရသည်။
နျဲ့ပုဖန်သည် လီရီ၏ ကန့်ကွက်ချက်ကို ကြားတော့ လွန်စွာ မကျေနပ် ဖြစ်သွား၏။ သူက ကုတင်ပေါ်ကို လှိမ့်ချလိုက်ပြီး ဖိနပ်ကို ချွတ်လိုက်ကာ
“အနှိပ် မခံချင်ရင် ဒီကို မလာနဲ့လေ။ စိတ်တိုစရာကောင်းတယ်''
ဝေဒီနှင့် လီရီ သည် တံခါးစောင့် နတ်နှစ်ပါးကဲ့သို့ တံခါးကို တစ်ဖက်စီပိတ်ကာ တိတ်တဆိတ်ရပ်နေ၍ တစ်ယောက်ကို တစ်ယောက် တစ်ချက်ကြည့်လိုက်သည်။
အဲ့မှာ သူတို့ နှစ်ယောက် ရှိနေသ၍ သည်နေရာကို ဘယ်သူမှ လာရဲမှာ မဟုတ်ဘူး။
နျဲ့ပုဖန် ပို၍ ဒေါသထွက်သွားသည်။ ထို့ကြောင့် ကုတင်ပေါ်မှ ခုန်ဆင်းကာ အဝတ်အစားများ ချွတ်လိုက်သည်။
"မင်း ဘာလုပ်နေတာလဲ" ဝေဒီနှင့် လီရီတို့ တုန်လှုပ်ခြောက်ခြားသွားကြ၏။
“အမိုက်စားတွေ ပြမလို့လေ''
သို့သော် ထိုနှစ်ယောက်က လျှပ်တပြက်ဖြင့် သူ့ကို အမြန် ချုပ်နှောင်လိုက်ကြသည်။
ထို့ကြောင့် နျဲ့ပုဖန်သည် ဤတံခါးစောင့် နတ်နှစ်ပါးကြားတွင် ကန့်လန့်ခံထားသကဲ့သို့ဖြစ်သွား သော်လည်း လုံးဝ နောက်မဆုတ်ဘဲ “မင်းတို့မှာ အစွမ်းအစရှိရင် မင်းတို့ ငါ့ကို တစ်ချိန်လုံး ချုပ်ထားကြည့်လေ။ ငါကတော့ အခွင့်အရေး နည်းနည်းရတာနဲ့ ကိုယ်လုံးတီးနဲ့ထွက်ပြေးရလိမ့်မယ်"
"ကိုယ်လုံးတီးနဲ့ ထွက်ပြေးရတာ ပျော်စရာလို့ ထင်နေလား" ဝေဒီ အံကြိတ်လိုက်သည်။
လီရီ ကလည်း "မင်းရဲ့ခန္ဓာကိုယ်ကို သုံးပြီး တခြားသူတွေကို လှည့်စားဖို့ မစဥ်းစားနဲ့! မင်းက တကယ် ကောက်ကျစ်တဲ့ကောင်ပဲ''
"စိတ်မပူပါနဲ့။ ငါ အောက်ခံတော့ ဝတ်ထားပါတယ်''
နျဲ့ပုဖန်က လေးနက်စွာပြောသည်။
မင်းရဲ့ အရှက်ရှိမှုက အဲ့အောက်ခံဘောင်းဘီလေးလောက်ပဲကျန်တော့တာလေ။
ဝေဒီနှင့် လီရီ တို့က သူ့ကို ပြင်းပြင်းထန်ထန် ဆဲဆိုလိုက်ကြသည်။
"မင်း ငါနဲ့ပြန်လိုက်ခဲ့ရမယ်''
ဝေဒီက သည်းမခံနိုင်တော့ဘဲ သူ့လက်တွေကို တင်းတင်းကျပ်ကျပ် ချုပ်ထားရင်းက
"ဧကရာဇ်မင်က မင်းကို တောင်းဖို့ လာမယ်ဆိုရင်တောင် ငါက လွှတ်မပေးဘူး၊ မင်း တုန်းရှန်းရှောင်းဖူမှာပဲ ငါ့ကို နာခံပြီး နေရမယ်"
ထိုအခါ လီရီသည် ဝေဒီကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်–
“ခေါင်းဆောင် ဝေ၊ သူများတွေကို အတင်းအကြပ်ဖိအားပေးတာက လူကြီးလူကောင်း တစ်ယောက်ရဲ့ အလုပ် မဟုတ်ဘူး။ ထွက်သွားမလား၊ ဆက်နေမလားဆိုတာ ပုဖန် ကိုယ်တိုင် ဆုံးဖြတ်သင့်တယ်"
"မင်းက သူ့အတွက် ဘာလဲ။ မင်းက သူနဲ့ မဆိုင်ရင် ဘာမှဝင်မပြောနဲ့''
ဝေဒီက ဒေါသဖြင့် ပြောလိုက်သည်။
ထိုအခါ လီရီသည် နျဲ့ပုဖန်၏ ခါးကို ဆွဲကိုင်လိုက်ပြီး အေးစက်သော မျက်နှာဖြင့်
''သူနဲ့ ငါက ဘယ်လို ပတ်သတ်မှုမျိုးလို့ မင်း ထင်လို့လဲ''
ဝေဒီ၏ မျက်လုံးများသည်လည်း ဒေါသများ ပြည့်နှက်နေပြီး အတွင်းအားကို ထုတ်ကာ နျဲ့ပုဖန်ကို သူ့ဘက်သို့ အတင်းဆွဲနေ၏။ သူက ဒေါသတကြီးဖြင့် ထပ်ပြောသည်။
“မင်း အရင်က သူနဲ့ ဘယ်လို ဆက်ဆံရေးမျိုး ရှိပါစေ၊ သူ့ကို နောက်တစ်ကြိမ် မချဉ်းကပ်တာ ပိုကောင်းပါတယ်။ အနာဂတ်မှာ ငါ့ အဆိုးမဆိုနဲ့''
"ရယ်စရာ ကောင်းလိုက်တာ၊ ငါ လုပ်ချင်တာ လုပ်တာကို မင်းရဲ့ ခွင့်ပြုချက် လိုလို့လား" လီရီ သည် အားနည်းချက်ကို မပြချင်ဘဲ အေးစက်စွာ ပြန်ကြည့်ကာ
"မင်းက သိုင်းပညာရှင်မို့လို့ ငါ မင်းကို ကြောက်လိမ့်မယ် မထင်နဲ့"
သူတို့ နှစ်ယောက်၏ အကြည့်များသည် လေထဲတွင် တိုက်ခိုက်နေကြသည်။ ၎င်းတို့၏ အတွင်းအားများသည် သူ့အလိုလို ပျံ့နှံ့လာသည်။ နျဲ့ပုဖန်မှာ ပျားရိုင်း နှစ်ကောင်ကြား လုယက်ခံနေရသောပန်းဝတ်မှုန်လေးသဖွယ် ဖြစ်နေသည်။
ထို့ကြောင့် နျဲ့ပုဖန်သည် အဖြစ်ဆိုး တစ်ခုနှင့် ကြုံတွေ့နေရ၏။ သူ့ခန္ဓာကိုယ်သည် ထုံကျင် နာကျင်ကာ သွေးများ ပွက်ပွက်ဆူ၍ စုတ်ပြတ်သတ်နေသည့် လိင်ဆက်ဆံသည့် အရုပ်ကဲ့သို့ ဖြစ်လာသည်။
နောက်ဆုံးတွင် သူက ကြေကွဲစွာ အော်လိုက်သည်။
- “မင်းတို့နှစ်ယောက်လုံး တော်လောက်ပြီ။ မဟုတ်ရင် မင်းတို့ နှစ်ယောက်ကို သတ်ပစ်မယ်"
ထိုမှသာ သူတို့သည် အခြေအနေ မကောင်းကြောင်း တွေ့ရှိသွားပြီး ၎င်းတို့၏ ခွန်အားကို လျင်မြန်စွာ ပြန်လည် ရုပ်သိမ်းလိုက်ကြသည်။
နျဲ့ပုဖန်၏ ခြေထောက်များသည် အားနည်းသွားပြီး လူနှစ်ယောက်၏ ပံ့ပိုးမှုဖြင့်သာ ခိုင်မြဲစွာ ရပ်တည်နိုင်သည့် အခြေအနေတွင် ရှိနေ၏။
ထို့နောက် သူက ဒေါသတကြီး ပြောလိုက်သည်-
"မင်းတို့က ကိုယ့်ကိုယ်ကို သိုင်းပညာတတ်လို့ အရမ်းကောင်းတယ်လို့ ထင်လား။ ကိုယ်တွင်း အတွင်းအား ရှိလို့ ကိုယ့်ကိုယ်ကို ကျေနပ်နေတာလား။ ငါ့မှာသာ သိုင်းပညာနဲ့ ကိုယ်ခံစွမ်းအားတွေရှိရင် မင်းတို့ နှစ်ယောက်စလုံးကို ငါးပိဖြစ်အောင်ရိုက်မယ်၊ မုန့်မုန့်ညက်ညက် ထောင်းမယ်၊ ပြီးရင် မုန့်ညက်ကြော်နဲ့ သရေစာဖြစ်အောင် လုပ်စားလိုက်မယ်"
ဝေဒီနှင့် လီရီတို့နှစ်ယောက်လုံး ချွေးတွေထွက်ပြီး တစ်ယောက်က ကိုယ့်နောက်ကျောကိုယ်ကုတ်ကာ နောက်တစ်ယောက်က သူ့ခေါင်းသူသပ်လိုက်သည်။
"ဟမ်း" နျဲ့ပုဖန်က ကြက်မွှေးတစ်ခုကို ဆွဲနှုတ်လိုက်သလိုမျိုး သူတို့ လက်ကြားက ထွက်လာပြီး
“အခု မင်းတို့ လုပ်ရပ်အတွက် တောင်းပန်ဖို့ အရမ်းနောက်ကျသွားပြီ၊ ငါ အရမ်း ဒေါသထွက်နေတယ် ဆက်ပြီး ဒေါသထွက်ဖို့ စီစဉ်ထားတယ်။ ရက်အနည်းငယ် ကြာအောင် မင်းတို့ ငါ့ အနားကို မချဉ်းကပ်ကြနဲ့။ မဟုတ်ရင် ကြက်တွေ လွှတ်လိုက်ရမယ်''
သူ့အသံ ဆုံးသွားသည်နှင့် တပြိုင်နက် ပြတင်းပေါက် အပြင်ဘက်တွင် ကြက်အော် သံများ ထွက်ပေါ်လာသည်။
"အင်း၊ ငါတို့ ခုနက စိတ်မြန်လွန်းသွားတယ်" လီရီက နှိမ့်ချစွာပြောသည်။
ဝေဒီက နှုတ်ခမ်း လှုပ်သော်လည်း စကားထွက်မလာပါ။ သို့သော် သူ့မျက်လုံးထဲတွင် တောင်းပန်မှု အရိပ်အယောင်များ ရှိနေသည်။
"ဟုတ်တယ်။ မင်းက စိတ်မြန်တယ်၊ မင်းတို့ လုပ်တာ လွန်တယ်''
နျဲ့ပုဖန်က ဆက်လက်၍ ဒေါသတကြီးနဲ့
''ဒီ နျဲ့ပုဖန်ကလည်း လူပါ၊ မင်းတို့လုပ်ချင်တိုင်းလုပ်လို့ရတယ် ထင်နေတာလား။ မင်းတို့ သဘောအတိုင်းပဲ ဖြစ်စေချင်နေတယ်ဆိုတာ အရမ်းရိုင်းတယ်။ မင်းတို့ နျဲ့ပုဖန်ကို အသုံးပြုပြီးရင် ထိန်းသိမ်း စောင့်ရှောက်ပေးရမယ်၊ အမှားအယွင်း ရှိလာရင် ပြုပြင်ပေးရမယ်၊ အနာတရဖြစ်ရင် ကုသပေးရမယ်၊ စိတ်ခံစားချက် ကောင်းအောင်လည်းဂရုစိုက်ပေးရမယ်၊ ဒါထက် ပိုအရေးကြီးတာက မင်းတို့ ငါ့ကို ကောင်းကောင်းမွန်မွန် ကျွေးမွေးရမယ်။ ဒါလေးပဲကို ဘာပြဿနာ ရှိနေလို့လဲ''
သို့သော် နှစ်ယောက်သားမှာ စကား မပြောဘဲ ဖြစ်သွားသည်။ ဘယ်လို ထူးထူးခြားခြား ဖြစ်တည်မှုမျိုးလို့ ကိုယ့်ကိုကိုယ် ခံယူထားလဲ ဒီကောင်က။
“ငါ့အကြံဉာဏ်ကို နားထောင်ပြီး မင်းတို့ စိတ်တွေအတ္တမကြီးပဲ သဟဇာတ ဖြစ်အောင် နေထိုင်ကြပါ၊ ဒါဆို အနာဂတ်က လှပပြီး လမ်းကလည်း တောက်ပနေပါလိမ့်မယ်''
နျဲ့ပုဖန်သည် ဖြူစင်သော အကြည့်ဖြင့် ၎င်းတို့ကိုကြည့်ကာ ပုခုံးတို့ကို ပုတ်လိုက်သည်။
“…..”
ဘာလဲ သည်ကောင် ဉာဏ်အလင်းရသွားတာလား။ သည်ကမ္ဘာကြီးက သဟဇာတ ဖြစ်လာမယ်တဲ့လား!
"ကောင်းပြီ၊ ငါ ပြောစရာရှိတာ ကုန်ပြီ။ မင်းတို့ သွားလို့ရပြီ"
နျဲ့ပုဖန်သည် သူတို့ကို တံခါး အပြင်ဘက်သို့ ညွှန်ပြကာ သူကတော့ တစ်ဖက်ကို လှည့်သွား သည်။
၎င်းတို့ နှစ်ဦးလည်း ထွက်သွားဟန်ဖြင့် မသိမသာ လှည့်ကြည့်လိုက်သောအခါ နျဲ့ပုဖန်က “အနှိပ်ခံချင်လိုက်တာ” ဟု ပြောတာကို ကြားလိုက်ရသည်။
“…..”
ဒါဖြင့် အဲ့ကောင်က သည်အကြောင်းကို တစ်ချိန်လုံး တွေးနေခဲ့တာလား။
သည်အံ့သြစရာ ကောင်းတဲ့ လုပ်ဇာတ်ကြီး တစ်ခုလုံးက အနှိပ်ခံချင်လို့ ဂွင်ဆင်ရုံ သက်သက်လား။
နျဲ့ပုဖန်က စိတ်ရှည်သည်းခံပြီး သူ လုပ်ချင်တာဘာမဆိုရအောင် လုပ်နိုင်တယ်ဆိုတာ အခုသူတို့နားလည်သွားပြီ။ စကားလေး တစ်ခွန်းတည်းနဲ့ ထိုသူဟာ အခြေအနေတွေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် ပြောင်းလဲနိုင်စွမ်း ရှိပြီး ကမ္ဘာကြီး တစ်ခုလုံးကိုပါ ပြောင်းပြန်လှန်နိုင်ပေသည်။
ထို့ကြောင့် ဝေဒီနှင့် လီရီတို့သည် အပေးအယူ လုပ်ကာ နျဲ့ပုဖန်၏ အနှိပ်ခန်းအတွက် အစေခံ နှစ်ယောက်ကို တုံ့ဆိုင်းစွာ ခွင့်ပြုပေးခဲ့ရ၏။
တစ်စုံတစ်ယောက်သည် ခန္ဓာကိုယ် အပေါ်ပိုင်းဗလာဖြင့် အစေခံမလေးများ၏ သွယ်လျသောလက်များ နှိပ်နယ်မှုအောက်တွင် ပျော်ရွှင် ကျေနပ်နေသည်ကို မြင်လိုက်ရသောအခါ နှစ်ယောက်စလုံးမှာ ဝမ်းချုပ်ခြင်းကို ခံစားရသကဲ့သို့ စိတ်ဓာတ်ကျကာ ထိုင်မှိုင်သွားကြလေသည်။
သနားစရာ ကောင်းသော အစေခံများသည် ၎င်းတို့၏ ပြင်းထန်သော မျက်လုံး နှစ်စုံအောက်တွင် တုန်လှုပ် ခြောက်ခြားကာ စိတ်နှလုံးများ အလွန်ပင် ပင်ပန်းနွမ်းနယ်နေရရှာသည်။ ဤသည်မှာ ၎င်းတို့၏ အနာကျင်ဆုံးနှင့် အခက်ခဲဆုံး နိပ်နယ်ပြုစုခြင်း အတွေ့အကြုံ ဖြစ်သွားနိုင်သည်။
ခဏအကြာတွင် နျဲ့ပုဖန်သည် မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးဖြင့် အေးချမ်းစွာ အိပ်ပျော်သွားလေသည်။ သူသည် သူ့ နောက်ကွယ်မှ ချောင်းကြည့်နေသော သက်ရှိ နှစ်ဦးစလုံးကို လုံး၀ ဂရုမစိုက်ဘဲ ငြိမ်သက်စွာ အိပ်ပျော်သွားခဲ့၏။
ထို့နောက် ဝေဒီသည် လက်ကို ဝှေ့ယမ်းကာ အစေခံ များကို ထွက်သွားခိုင်းလိုက်ပြီး နျဲ့ပုဖန်၏ အဝတ်အစားများကို ဆွဲတင်ပေးကာ စောင်နှင့်ခြုံပေး လိုက်သည်။
ပြီးနောက် သူက လီရီအား လှည့်ပြောလိုက်သည်။
"ထွက်လာခဲ့၊ ငါ မင်းကို မေးစရာရှိတယ်"
ဤသို့ဖြင့် ဝေဒီသည် အင်္ကျီလက်တွေကို ခါယမ်းပြီး အနှိပ်ခန်းထဲက အရင်ထွက်သွားသည်။
လီရီလည်း နျဲ့ပုဖန်ကို တစ်ချက်ကြည့်ကာ ထွက်သွားလေ၏။
သူတို့ ထွက်သွားပြီး သိပ်မကြာခင်မှာ ဝမ်ရှင်းချန် က ပေါ့ပေါ့ပါးပါးနဲ့ ဝင်လာခဲ့သည်။ သူ့နောက်ကနေ ဖန်းလုံလည်း ပါလာလေသည်။
ကုတင် ဘေးမှာ ထိုင်ရင်း ဝမ်ရှင်းချန်က နျဲ့ပုဖန်ရဲ့ခေါင်းကိုပွတ်သပ်လိုက်၏။ သူ့ မျက်လုံးတွေက ရေပြင်လို ကြည်လင် ညင်သာနေပြီး ရှေ့ကို ငုံ့ကာ နျဲ့ပုဖန် နှုတ်ခမ်းတွေကို ဖိနမ်းလိုက်၏။ ဖန်းလုံ ရဲ့ဖြစ်တည်မှုကို လုံးဝ ဂရုမစိုက်ချေ။
ဖန်းလုံက ၎င်းတို့ကို ထိတ်လန့်စွာ ကြည့်ပြီး သူ့နှလုံးသားထဲမှာ လှိုင်းလုံးကြီးတွေ ပြိုကျသွားသလိုခံစားလိုက်ရသည်။
အမြဲတမ်း လောကီရေးရာတွေကို လျစ်လျူရှုပြီး ရှောင်ပုန်းနေတတ်တဲ့ ဝမ်ရှင်းချန်က တကယ်ပဲ တစ်ယောက်ယောက်ကို မေတ္တာ သက်ဝင်နေတာလား။ ထိုမေတ္တာ သက်ဝင်ခံရတဲ့ တစ်ဖက်လူကလည်း ယောက်ျားတစ်ယောက် ဖြစ်နေတာလား။ ဘာကြောင့် သည်လို အချစ်ကို သဘာဝကျကျ ဖော်ပြနိုင်ရတာလဲ။
ဖန်းလုံက ခံစားချက်ဆိုတဲ့ အရာတွေကို ဘယ်လောက်ပဲ ပစ်ပယ်နေတတ်သူဖြစ်ပါစေ သူ့စိတ်ထဲက မသေချာ မရေရာမှုတွေကို သူကိုယ်တိုင်သတိထားမိနေသည်။ သူသည် နျဲ့ပုဖန်၏ မျက်နှာကို ဖြည်းညှင်းစွာ ငေးကြည့်နေ၏။ ပိတ်ထားသောထိုယောကျ်ား၏ မျက်ခွံများသည် အေးချမ်းပြီး လေးနက်ကာ နှုတ်ခမ်းမှ အပြုံးရေးရေးလေးက အပြစ်ကင်းစင်သော ကလေးတစ်ယောက်လိုပင်....။ အံ့သြစရာ မရှိ၊ တခြားဘယ်အရာမှ မလိုတော့ဘဲ ထိုသူအနားကို ချဉ်းကပ်ချင်ပြီး ထိုသူကို ပိုင်ဆိုင်ချင်နေသည်။
လောကီလောကတွင် အနှောက်အယှက်များနှင့် ရုန်းကန်မှုများ ပြည့်နှက်နေပြီး၊ ထိုသူကဲ့သို့ လွတ်လပ်ပြီး အထိန်းအကွပ် မရှိသောလူမျိုး ဘယ်သူ ထပ်ရှိနိုင်ဦးမည်နည်း။ သူ့လောက် ဘယ်သူက ဖြူစင်နိုင်မည်နည်း။
ဖန်းလုံသည် ဖြည်းညှင်းစွာ လျှောက်သွားကာ ကုတင်တစ်ဖက်တွင် ထိုင်ကာ နျဲ့ပုဖန်ကို ငြိမ်သက်စွာ စိုက်ကြည့်နေသည်။
"မင်းမှာ မေးစရာ မရှိဘူးလား"
ဝမ်ရှင်းချန်က ရုတ်တရက် ပြောလိုက်သည်။
“မရှိဘူး” ဖန်းလုံးက ခေါင်းကို ငုံ့ထား၍ သူ့ အသံကတည်ငြိမ်နေသည်။
ဝမ်ရှင်းချန်က ဖန်းလုံကို ကြည်လင် ပြတ်သားသောမျက်လုံးများဖြင့် ကြည့်နေသည်။
ထိုအချိန်တွင် နျဲ့ပုဖန်၏ မျက်တောင်များ တဖျပ်ဖျပ်ခတ်ကာ မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ ဝမ်ရှင်းချန်ကို တွေ့လိုက်သောအခါ သူ့မျက်နှာသည် ချက်ချင်းပင် အပြုံးတစ်ခု ပေါ်လာသည်။ ဝမ်ရှင်းချန် လည်ပင်းကို ရစ်ပတ်ဖို့ သူ့ လက်ကို ဆန့်တန်းပြီးနောက် ရက်ရက်ရောရော နမ်းလိုက်တယ်။ ထို့နောက် တစ်ချက် လှည့်ကြည့်ကာ တစ်ဖက်လူကို မြင်သော်လည်း စိတ်မ၀င်စားဘဲ ဝမ်ရှင်းချန်ကို ပွေ့ဖက်ကာ ထပ်နမ်းပြန်သည်။
ဖန်းလုံသည် နှုတ်ခမ်းကို တင်းတင်းကိုက်ကာ နျဲ့ပုဖန်တို့ကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေ၏။
နောက်ဆုံးတွင် ဝမ်ရှင်းချန်သည် သက်ပြင်း တစ်ချက်ချကာ နျဲ့ပုဖန်ကို ပွေ့ဖက်၍ နဖူးပေါ် လက်ဖြင့်ရိုက်လိုက်သည်။
နျဲ့ပုဖန်က နဖူးကို သူ့လက်နှစ်ဖက်ဖြင့် ပွတ်လိုက်ပြီး မကျေမနပ်နဲ့
“ဘာလို့ ငါ့ကို ရိုက်တာလဲ။ ငါ့နဖူးက အရမ်းအဖိုးတန်တယ် မင်း တစ်ကြိမ် ရိုက်ရင် အကြွေ ၁၀ ပြား ပေးရမယ်။"
ထိုတွင် ဝမ်ရှင်းချန် ပြုံးပြီး ပြောသည်။
"ဒါဆို မင်းရဲ့ သီးသန့် ရန်ပုံငွေအဖြစ် သိမ်းထားနိုင်ဖို့အတွက် ရွှေချောင်း ဆယ်ချောင်းလောက် စုနိုင်အောင် ငါ များများ ထပ်ရိုက်ပေးမှ ဖြစ်မယ်''
နျဲ့ပုဖန်က သူ့ နဖူးကို အမြန်ဖုံးလိုက်ပြီး "ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ငါ့မှာ ပိုက်ဆံရှိတယ်၊ ဒါကြောင့် ငါ့ နဖူးကို စတေးဖို့ မလိုဘူး"
ဝမ်ရှင်းချန်က ပြုံးပြီး ဖန်းလုံကို ကြည့်လိုက်သည်။
နျဲ့ပုဖန်သည် ဝမ်ရှင်းချန် အကြည့်နောက်သို့ လိုက်သွားလေရာ ဖန်းလုံကလည်း သူ့ကို နက်နဲရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဆီဟာ ဖိတ်စင်ပြီးရင် အဝတ်စတစ်ခုလုံးကို ပျံ့နှံ့စွန်းထင်းသွားစေမည် ဖြစ်ပြီး။ ၎င်းကို သုတ်သင်တားဆီးနိုင်မည့် အရာ မရှိပေ။
ဖန်းလုံ၏ အကြည့်များတွင် နှစ်မျောသွားသော နျဲ့ပုဖန်သည်လည်း တစ်စုံတစ်ယောက်ကို ဆက်လက်နမ်းရှိုက်ရန် မေ့သွားခဲ့လေသည်။
YOU ARE READING
ကြက်သခင် နျဲ့ပုဖန် (Complete ✅)
De TodoGong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။