Chapter 64

2.2K 230 0
                                    

Chapter - 64
အားလုံးနဲ့ တိုက်ခိုက်ပြီး


“ဒီမှာ ဆေး”

နျဲ့ပုဖန်သည် ဆေးဖက်ဝင်အပင်ကိုကြိုချက်ထားသော ဆေး ပန်းကန် တစ်လုံးနှင့် စုချန်းယီ၏ အခန်းသို့ ရောက်လာသည်။

စုချန်းယီသည် ဆေးပန်းကန်လုံးကို ဖယ်လိုက်ပြီး နျဲ့ပုဖန်ကို စူးစိုက်စိုက်ကြည့်နေ၏။

ရှုရှီချိန် (၇ - ၉ နာရီ နောက်ပိုင်း) တွင် ပြတင်းပေါက် အပြင်ဘက်၌ ကြယ်များ လင်းလက်နေသည်။  ကြက်သိုက် ကျေးရွာတွင် နေထိုင်သူ အများစုမှာ မအိပ်ကြသေးပေ။ စုချန်းယီက နျဲ့ပုဖန် သည်လောက် စောစော ရောက်လာမယ်လို့ မမျှော်လင့်ထားပေ။

မှိန်ဖျော့ဖျော့ ညအလင်းရောင် အောက်တွင် နျဲ့ပုဖန် မျက်လုံးများသည် ကြည်လင် တောက်ပနေပြီး ပါးပြင်များ အနည်းငယ် နီမြန်းကာ အပျိုစင်လေး ကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ် မတ်တပ်ရပ်နေသည်။

စုချန်းယီက သူ့ကို အနည်းငယ် ထူးဆန်းသဖွယ် ကြည့်နေ၏။ နျဲ့ပုဖန်၏ ဤသို့ နူးညံ့ သိမ်မွေ့ပုံမှာ ရှားပါးသည်၊ နောက်ကွယ်မှာ ကြောက်စရာ တစ်ခုခုများ ကြံစည်နေသလားဟူ၍ စားပွဲပေါ်ရှိ ဆေးပန်းကန်ကို ငေးကြည့်ရင်း တိတ်တဆိတ် တွေးမိသည်။ သူ ဆေးထဲမှာ ထူးထူးဆန်းဆန်း တစ်ခုခု ထည့်ထားမှာ မဟုတ်ဘူးလား။

"ဒီဆေးက အိပ်ရေးဝအောင် ကူညီပေးလိမ််မယ်၊ မင်း တစ်ငုံလောက် သောက်ကြည့်ပါလား'' နျဲ့ပုဖန်က ထပ်ပြောသည်။

“မသောက်ဘူး” 
စုချန်းယီ ငြင်းလိုက်၏။

"ဒီလောက်ကြာအောင် ဆေးတွေ သောက်ခဲ့ပြီးပြီ ဘာမှ ထူးမလာဘူး၊ ဒါကြောင့် ထပ်စမ်းကြည့်ဖို့ မလိုတော့ဘူး"

သူက နျဲ့ပုဖန်ကို သူ့ဘေးကို ဆွဲကာ အပြုံး တစ်ဝက်ဖြင့် ကြည့်၍ "ငါ မင်းကိုပဲ စမ်းကြည့်ချင်တယ်''

“အစ်ကို စု” နျဲ့ပုဖန်က လက်ကို သူ့ ပုခုံးပေါ် တင်ကာ စိတ်အား ထက်သန်စွာဖြင့် အကြံပေး၏။
“တကယ်တော့ မင်းက အထီးကျန်လွန်းနေတယ်လို့ ငါ တကယ် ထင်တယ်။ မင်း အချိန်ရရင် ဘာလို့ ပြည့်တန်ဆာ အိမ် မသွားတာလဲ၊ အဲ့ဒါက မင်းအတွက် ကောင်းလိမ့်မယ်"

စုချန်ယီက ပါးစပ်ထောင့် လှုပ်ရုံ ပြုံးလျှက် သူ့ကို စူးစူးရဲရဲ ကြည့်နေသည်။

“ဒီဆေးက အရင် ဆေးနည်တွေနဲ့ နည်းနည်း ကွဲလွဲတယ်၊ စမ်းကြည့်လို့ရပါတယ်”  နျဲ့ပုဖန်က သူ့ကို တွန်းဖယ်လိုက်ပြီး စားပွဲမှ ပန်းကန်ကို ညွှန်ပြပြန်သည်။

"အိုး" စုချန်းယီက ကုတင်ပေါ် မှီလျှက် "မင်း ငါ့ကို ကိုယ်တိုင် တိုက်မှာလား" လို့ မေးလိုက်၏။

"ငါ ကိုယ်တိုင် ကျွေးရင် မင်း သောက်မှာလား"

နျဲ့ပုဖန်သည် ဆေးပန်းကန်ကို စုချန်းယီ သံသယဝင်နေမှန်း သတိထားမိ၏။

စုချန်းယီက ပြုံးပြီး "မင်း ပါးစပ်နဲ့ ခွံ့ကျွေးရင် ငါသောက်မယ်" လို့ ပြောလိုက်သည်။

နျဲ့ပုဖန်က မေးစေ့ကိုကိုင်ကာ ခဏလောက် စဉ်းစားပြီးမှ ...
"ဘာလို့ မဖြစ်ရမှာလဲ။ အရင်ဆုံး ဂိမ်းကစားကြရအောင်"

"ဘာ ကစားပွဲလဲ"

"ကျောက်၊ စက္ကူ၊ ကပ်ကြေး၊ ကစားနည်း သိလား"

"ငါက အိပ်ယာပေါ်မှာ ဆော့ရတာ ပိုကြိုက်တယ်"  ကျောက်၊ စက္ကူ၊ ကပ်ကြေး၊ ငယ်ငယ်က သင်ခဲ့ဖူးတာပဲ။

“ဒီအတိုင်းဆို ပျင်းစရာ ကောင်းတယ်”
နျဲ့ပုဖန်က ဆိုသည်။

“ဒီလိုနည်းနဲ့ ငါ တစ်ကြိမ် အနိုင်ရရင် မင်း ဆေးတစ်ငုံသောက်လိမ့်မယ်။ မင်း အနိုင်ရရင် မင်း ငါ့ကို တောင်းဆိုလို့ရတယ်"

"တောင်းဆိုလို့ ရတယ်လား''
စုချန်းယီ စိတ်ဝင်စားသွားသည်။

"ဟုတ်တယ်။ ရှုံးတဲ့သူက လက်ခံရမယ်" 
နျဲ့ပုဖန်က သူ့ကို စောင်းငဲ့ကြည့်ပြီး ...

"မင်း တစ်ကြိမ်ပဲ အနိုင်ရပြီးတော့ ငါ့ကို မဟုတ်တာတွေ ကမ်းလှမ်းချင်တယ်ဆိုရင် ငါ သဘောမတူဘူး"

စုချန်းယီက သူ့ကို စိုက်ကြည့်ရင်း ခဏလောက် စဉ်းစားပြီး "ဒီဆေးပန်းကန်လုံးမှာ ဘာပြဿနာမှ မရှိဘူးဆိုတာ သေချာလား"

''သေချာတယ်။ ငါ ကျိန်တယ်''

နျဲ့ပုဖန်က သေချာ ပြန်ဖြေ၏။

စုချန်းယီလည်း ခေါင်းညိတ်ပြီး ဘာမှ ဂရုမစိုက်တော့ဘဲ သဘောတူလိုက်သည်။ ဘာပဲဖြစ်ဖြစ် အချိန်လည်း စောနေသေးတာမို့ သူနဲ့ ကစားဖို့ မဆိုးပါဘူး။ အရင်တုန်းကလိုသာဆိုရင် သည်လို ကလေးဆန်တဲ့ ကစားနည်းမျိုး ကစားရမယ်ဆိုတာ ယုံမှာ မဟုတ်ဘူး၊ သေတဲ့အထိ အရိုက်ခံရတာတောင်မှ မကစားဘူး။

ဤသို့ဖြင့် နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်ကာ ကျောက်၊ စက္ကူ၊ ကပ်ကြေး တိုက်ပွဲကို စတင်ခဲ့ကြသည်။

နျဲ့ပုဖန် ပထမအချီတွင် ရှုံးနိမ့်ခဲ့သည်။

စုချန်းယီက သူ့ နှုတ်ခမ်းတွေကို ခပ်တည်တည်ညွှန်ပြပြီး အနမ်းပေးဖို့ တောင်းဆိုလိုက်သည်။

နျဲ့ပုဖန်လည်း ထင်ထားသလောက် မဆိုးသည့်တောင်းဆိုမှုအတွက် ပြုံးလိုက်၏။
ထို့နောက် ငုံ့၍ စုချန်းယီ နှုတ်ခမ်းပေါ် ညင်သာစွာ နမ်းလိုက်သည်။ သူ ခွာလိုက်ခါနီးတွင် စုချန်းယီ သူ့ခေါင်းနောက်ကို ဖိကာ နက်ရှိုင်းစွာ နမ်းလိုက်သည်။

နျဲ့ပုဖန်က စုချန်းယီ ဗိုက်ကို ရုတ်တရက် လက်သီးနဲ့ထိုးလိုက်သည်။

စုချန်းယီ အမူအရာ ပျက်ယွင်းသွားပြီး ချက်ခြင်းလွှတ်လိုက်၏။

"အစ်ကို စု၊ ဂိမ်း အားလုံးမှာ သူတို့ရဲ့ စည်းကမ်းတွေရှိတယ်၊ စည်းကမ်းဖောက်ရင် အပြစ်ပေးခံရမယ်''
ဆေးခွက်ကို ယူ၍ စုချန်းယီအား ပေးလိုက်သည်။

စုချန်းယီလည်း နျဲ့ပုဖန် ၏ အနီရောင် သန်းနေသော ပါးကို ကြည့်ကာ ဆေးကို ယူ၍ တစ်ငုံဖြည်းဖြည်းချင်း သောက်လိုက်သည်။

ဒုတိယ အချီတွင် ဆက်လက် ကစားခဲ့သော်လည်း နျဲ့ပုဖန်သည် ဆက်လက်ရှုံးနိမ့်ခဲ့သည်။

စုချန်းယီက စားပွဲကို လက်ညိုးနဲ့ ခေါက်လိုက်ပြီး နျဲ့ပုဖန်ကို မောက်မာစွာနဲ့ အမိန့်ပေးလိုက်၏။

"မင်းရဲ့အဝတ်အစားတွေကို ချွတ်လိုက်''

နျဲ့ပုဖန်သည် ပခုံးတွန့်ကာ မတ်တပ်ထရပ်ပြီး သူ့အပေါ် ၀တ်ရုံကို ချွတ်လိုက်သည်။

စုချန်းယီက သူ့ကို ကြည့်ပြီး အံ့သြတကြီးနဲ့လက်ညှိုးထိုးကာ ...
"မင်းရဲ့အပေါ် အကျီအောက်မှာ ဘာလို့ နောက်ထပ်အင်္ကျီဝတ်ထားသေးတာလဲ"

နျဲ့ပုဖန်က မျက်စောင်းထိုးလိုက်ပြီး ...

"ဟီးဟီး၊ ငါ ဝတ်ချင်လို့ပေါ့''

စုချန်းယီ၏ မျက်နှာဟာ မှုန်ကုပ်ကုပ် ဖြစ်နေပြီး အခြေအနေက လွဲမှန်းနေမှန်း တွေးမိသည်။ သည်ညအတွက် သည်ကောင်က ပြင်ဆင်လာခဲ့တာပဲ။ သူ မျက်လုံးတွေ မှိတ်လိုက်သည်။
ကောင်းပြီ၊ သည်ကောင် ဘယ်လောက် ကစားနိုင်လဲ ဆိုတာ ကြည့်ကြသေးတာပေါ့။

တတိယ အချီတွင် နျဲ့ပုဖန်က အနိုင်ရခဲ့ပြီး စုချန်းယီက ဆေးတစ်ငုံ သောက်ရသည်။

စတုတ္ထ အချီတွင် စုချန်းယီက အနိုင်ရလိုက်သည်။  “မင်းရဲ့အဝတ်အစားတွေကို ချွတ်လိုက်ပါ” ဟု ဆက်လက်တောင်းဆို၏။

နျဲ့ပုဖန်သည် နောက်ထပ် အပြင်ဘက်အဝတ်ကို ချွတ်လိုက်သည်။

စုချန်းယီက ပဉ္စမ အချီတွင်လည်း ဆက်တိုက်အနိုင်ရကာ အံကြိတ်လျှက် “အဝတ်အစား ချွတ်” ဟုသာ ပြောသည်။

နျဲ့ပုဖန် ဤတစ်ကြိမ်မှာတော့ အပေါ်ဝတ်ရုံ အားလုံးကို ချွတ်လိုက်ရပြီး အတွင်းခံဝတ် ပါးပါးသာ ကျန်တော့၏။

အရမ်း ကောင်းတယ်၊ နောက်ဆုံးတော့ မာကျောတဲ့ အရေခွံကို ခွာပစ်လိုက်နိုင်ပြီ။ စုချန်းယီ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

သူ နောက်ပွဲများတွင် အကြိမ် အနည်းငယ်ဆက်တိုက် ရှုံးပြီး ဆေး အများအပြား သောက်ခဲ့ရသည်။

နောက်ဆုံးတွင် နောက်ထပ် အချီကို အနိုင်ယူပြီး “အ၀တ်အစား ချွတ်ပါ” ဟု ဆက်ပြောလိုက်၏။

နျဲ့ပုဖန်က အတွင်းခံ ၀တ်စုံကို ချွတ်လိုက်ရာ  အင်္ကျီ အောက်၌ နောက်ထပ် အတွင်းခံ ၀တ်စုံ တစ်ခု ရှိနေသေးသည်။

စုချန်းယီက ဒေါသတကြီးနဲ့ ...
"မင်း အလွှာ ဘယ်နှစ်ထပ် ဝတ်ထားတာလဲ"

"ငါ အကုန် ချွတ်ပြီးရင် မင်း သိရမှာပါ" နျဲ့ပုဖန်သည် နေမင်းကဲ့သို့ တောက်ပစွာ ပြုံးလိုက်၏။

စုချန်းယီ အလွန် စိတ်တိုသွားသည်။ သည်ကောင်လေး စောစောက ပါးပြင်တွေ ဘာကြောင့် နီမြန်းနေတာလဲဆိုတာ နောက်ဆုံးတော့ သူ သိသွားခဲ့သည်။  ရှက်ခြင်းနှင့် ချစ်ခြင်းကဲ့သို့ နားမလည်နိုင်သော ခံစားချက်များနှင့် ဘာမှမဆိုင်ပါ။  လုံးလုံးလျားလျား ပူအိုက်လွန်းတာကြောင့် ဖြစ်ရမည်။

နောက်တစ်ချီ အနိုင်ရပြီးနောက် စုချန်းယီလည်းအထာနပ်ပြီး "မင်းရဲ့ဘောင်းဘီကို ချွတ်လိုက်ပါ" ဟု တောင်းဆိုလိုက်သည်။

နျဲ့ပုဖန်က သူ့ ခါးပတ်ကို အေးအေးဆေးဆေး ဖြည်ကာ ဘောင်းဘီရှည်ကို ချွတ်လိုက်ပြီး ဘောင်းဘီအောက်မှာ အဖြူရောင် ဘောင်းဘီတစ်ထည် ရှိနေ၏။

စုချန်းယီ ရယ်မောပြီး ဂိမ်း ဆက်ကစားခဲ့သည်။

နိုင်ပွဲ နှစ်ပွဲနှင့် နှစ်ပွဲ ရှုံးပြီးနောက် နျဲ့ပုဖန်၏ ဘောင်းဘီကို ထပ်ချွတ်စေပြီး ၎င်း၏ အောက်ပိုင်းတစ်ခုလုံးသည် ၀တ်ရုံအောက်တွင် လုံးဝဗလာကျင်းသွားသည်။  သို့သော် သူသည် ခြေထောက်များကို ချိတ်ထိုင်ကာ ဒူးကို အေးအေးဆေးဆေး လှုပ်နေပုံမှာ စုချန်းယီအား အသည်းယားစေသည်။

အကြိမ်ပေါင်းများစွာ တိုက်ပွဲအပြီးတွင် စုချန်ယီအောင်ပွဲခံနေသည်ကို မြင်လိုက်ရသော်လည်း ဆေးပန်းကန်လုံးတွင် ဘာမှ မကျန်ရှိတော့သည်ကို သူ မသိလိုက်ပေ။

နျဲ့ပုဖန်လည်း အင်္ကျီတစ်ထည်သာ ကျန်တော့သည့်အချိန်တွင် ဆေးလည်း ကုန်သွားသည်။

ကစားပွဲ အပြီးတွင် နျဲ့ပုဖန်သည် မတ်တပ်ထရပ်ကာ ခြေဆန့်လိုက်သည်။

ထိုလှုပ်ရှားမှုကြောင့် အတွင်းခံ လျော့ရဲနေသော အင်္ကျီ၏ ကော်လာသည် လစ်ဟသွားပြီး ပေါ်ထွက်လာသော ချောမွေ့သော အသားအရည်မှာ ဆန့်ထုတ်ထားသော သူ၏ ဗလာကျင်း ခြေထောက်နှင့် ပေါင်းစပ်ကာ ဆွဲဆောင်မှု ရှိနိုင်သမျှ ဆွဲဆောင်နေခဲ့သည်။

"မင်း ပျော်စရာ ကောင်းရဲ့လား" 
စုချန်းယီက သူ့ကို လက်နှစ်ဖက်နဲ့ ဖက်ပြီး နားထဲကို တိုးတိုးလေး ပြောလိုက်၏။

နျဲ့ပုဖန်ကတော့ စုချန်းယီကို ကြည့်ကာ တည်ငြိမ်စွာပြောလာသည်။
"အစ်ကို စု၊ မင်း အခု အိပ်ငိုက်နေတယ်လို့ မခံစားရဘူးလား"

သည်လို ပြောတဲ့အခါမှ စုချန်းယီ ကိုယ့်ကိုယ်ကိုသတိထားမိလိုက်သည်။

နျဲ့ပုဖန်က သူ့ကို ကုတင်ပေါ် တွဲခေါ်သွားပြီး ... "နောက်ကျနေပြီ၊ အိပ်တော့" လို့ ပြောလိုက်သည်။

စုချန်းယီလည်း မျက်လုံးများ မှိတ်ချီ ဖွင့်ချီဖြင့် သူ့အမြင် အာရုံ အနည်းငယ် ဝေဝါးလာသည်။ သူမျက်နှာကို အုပ်ကာ  “ဒါက ဘာလဲ” ဟု ရေရွတ်လိုက်သည်။

ငိုက်မျဉ်းခြင်းက သူ့အား သည်ရေကဲ့သို့ ရိုက်ခတ်လာသည်။ ရုတ်တရက် ဘေးနားက နျဲ့ပုဖန်ကို ကြည့်ပြီး ဒေါသတကြီးနဲ့ ...

“မင်း…ဆေးပန်းကန်က ဘာမှ ပြဿနာ မရှိဘူးလို့ကျိန်ထားတယ်လေ''

နျဲ့ပုဖန်က သူ့ကို မထီမဲ့မြင် ကြည့်ပြီး "မင်း ငါ့အာမခံချက်ကို တကယ်ယုံလား။ အစ်ကို စု၊ မင်းက နုံအလွန်းတယ်"

ထိုစကားကြောင့် စုချန်းယီ၏ သွေးကြောများ ပြင်းထန်စွာ ပေါက်ထွက်သွားသလို ခံစားရပြီး နျဲ့ပုဖန် ကောင်းကောင်း ရိုက်နှက် ဆုံးမပစ်ချင်လာသည်။ သို့သော် သူ မလိုချင်သော တဟုန်ထိုး အိပ်ချင်လာသည့် ငိုက်မည်းခြင်းကို မခုခံနိုင်ခဲ့သည်မှာ သနားစရာပင်။

နျဲ့ပုဖန်က လက်တစ်ဖက်ကို ဆန့်တန်းကာ စုချန်းယီကို တွန်းချလိုက်ပြီးနောက် ဖိနပ်ချွတ်ပေး စောင် ခြုံပေးကာ မျက်နှာကို ညှစ်၍ “ကောင်းသောညပါ” ဟု ပြောလေသည်။

စုချန်းယီမှာ နျဲ့ပုဖန်း နောက်ကျောကို စိုက်ကြည့်ကာ နောက်ဆုံးတွင် မကျေမနပ်ဖြစ်လျှက် မျက်လုံးမှိတ်လိုက်ရတော့သည်။

ထို့နောက် နျဲ့ပုဖန်အပေါ် ဝတ်ရုံ ပြန်ဝတ်ပြီးချိန်တွင် တံခါးဝ၌ သရဲတစ္ဆေ တစ်ကောင်ကဲ့သို့ ပေါ်လာသော လီဟွေ့ကို တွေ့လိုက်ရ၏။

“အားလုံးကို ငါ မြင်တယ်” ဟု လီဟွေ့က လေးနက်စွာပြောသည်။

"အိုး၊ ဒါဆို မင်း ဘယ်လို ထင်လဲ"  နျဲ့ပုဖန်ကလည်း လေးနက်စွာ ပြန် မေးလိုက်သည်။

"မင်းက လိမ္မာပါးနပ်လွန်းတယ်။ ငါ မင်း ကို အခွင့်အရေး လုံးဝ ပေးမှာ မဟုတ်ဘူး" လီဟွေ့သည် လေးလံသော ခြေလှမ်းများဖြင့် လျှောက်လာကာ နျဲ့ပုဖန်ကို လှမ်းဆွဲလိုက်၏။

"ငါ့ နောက်လိုက်ခဲ့"

"အိုက်၊ ဒါပေမယ့် ငါ ဘောင်းဘီ မဝတ်ရသေးဘူးလေ''  နျဲ့ပုဖန်သည် လီဟွေ့၏ ဆွဲထုတ်မှုကြောင့် အိမ်အပြင်သို့ အောက်ပိုင်း ဟောင်းလောင်းဖြင့် တရွတ်တိုက် ပါသွား၏။

စကားတစ်ခွန်းမှ မပြောဘဲ လီဟွေ့ က နေရာရောက်သည်အထိ တိတ်တိတ် ဆိတ်ဆိတ် ဆက်သွားဖို့ ဆုံးဖြတ်ထားပုံရသည်။ နျဲ့ပုဖန်ကို တစ်လမ်းလုံး  ဆွဲခေါ်လာခဲ့ပြီး သူ့ အိမ်သို့ ရောက်သောအခါ အိပ်ယာပေါ် လှဲချ၍ အပေါ်မှ အုပ်မိုးလိုက်သည်။

နျဲ့ပုဖန်က သူ့ ခြေထောက်ကို လီဟွေ့၏ ခြေထောက်နဲ့ ပွတ်လိုက်ပြီး ...
''မင်းက ခန္ဓာကိုယ်ချင်း ထိတွေ့ပြီး ကစားချင်တာလား'' ဟု မေးလိုက်သည်။

လီဟွေ့ကတော့ သက်ပြင်းချ၍သာ အဝတ်များကိုတိတ်တဆိတ် ချွတ်နေ၏။

လီဟွေ့၏ ပုံမှာ အဝတ်များ ချွတ်နေသော်လည်း စစ်မြေပြင်သို့ သွား၍ အသေခံရန် ပြင်ဆင်နေသလိုနဲ့ တူနေသည်ဟု နျဲ့ပုဖန် ခံစားမိသည်။
ကိုယ် စိတ်မချမ်းသာတဲ့ အလုပ်ကို ဘာလို့ ကိုယ့်ကိုယ်ကို အရမ်း တွန်းအားပေးနေတာလဲ။

အတွင်း ၀တ်ရုံ တစ်ထည်မှ လွဲ၍ အရာ အားလုံးကို ချွတ်ပြီးနောက် လီဟွေ့သည် နျဲ့ပုဖန် အပေါ်ကို ဖိလိုက်၏။ သို့သော် ခန္ဓာကိုယ် တောင့်တင်းပြီး နောက် ဘာမှ မလုပ်ပဲ မလှုပ်မယှက် ဖြစ်နေသည်။

ထူးဆန်းစွာ တိတ်ဆိတ်နေရာမှ နျဲ့ပုဖန်က ...

''ဟွေ့ဟွေ့၊ မင်း စိတ်မပါရင်လည်း မလုပ်နဲ့လေ'' ဟုမနေနိုင်ပဲ ပြောလိုက်၏။

တကယ်ကို လီဟွေ့မှာ ဆန္ဒ လုံးဝ မရှိ၊ သူ့ ခန္ဓာကိုယ်အောက်ပိုင်းဟာ ရှက်ရွံ့နေပြီး ခေါင်းတောင် မထောင်လာပါ။

လီဟွေ့ သည် သွားများကို အံကြိတ်ကာ နျဲ့ပုဖန်၏ နှုတ်ခမ်းများကို ကိုက်လိုက်၏။ ထို့နောက် စက်ရုပ်တစ်ရုပ်လိုမျိုး တောင့်တောင့်တင်းတင်း အနမ်းများဖြင့် နျဲ့ပုဖန် လည်တိုင်တို့ဆီ ဆင်းသက်လာသည်။ နျဲ့ပုဖန်တောင် သူ့အစား ပင်ပန်းသလို ခံစားရ၏။

စိတ်ခံစားချက်ကို နှိုးဆော်ဖို့ ဘာတွေကများ သည်လောက်အထိ အနှောက်ယှက် ဖြစ်နေရတာလဲ။

ထို့ကြောင့် နျဲ့ပုဖန်က သူ့ကို ပေါ့ပေါ့ပါးပါး ပွေ့ဖက်ပြီး နှစ်သိမ့်မှု ပေးကာ လက်နှစ်ဖက်ဖြင့် ဖက်တွယ်လျှက် ခန္ဓာကိုယ်ချင်း အပေါ် အောက် ပြောင်းလဲလိုက်၏။ ထို့နောက် နျဲ့ပုဖန်ဘက်မှ နှုတ်ခမ်းများကို စတင် လှုပ်ရှားလိုက်သည်။

လီဟွေ့မှာ မှင်သက် သွားသော်လည်း သူ့ကို မတွန်းထုတ်ပါ။

ခဏ အကြာမှာတော့ နျဲ့ပုဖန်က သူ့ နှုတ်ခမ်းများကို ဖယ်လိုက်ပြီး ...

"ဟွေ့ဟွေ့၊ မင်း အရမ်း စိတ်လှုပ်ရှားနေတယ်။ လာ၊ မင်းရဲ့ ဂရုစိုက်တတ်တဲ့ ဒီအစ်ကိုကြီးကို ပြောပါ၊ မင်း ငါနဲ့ အိပ်ဖို့ ဘာကြောင့် အတင်း တောင်းဆိုတာလဲ"

လီဟွေ့က သူ့ကို စိုက်ကြည့်ရင်း စကား အနည်းငယ် ပြောလာသည်။

“ငါ့ အစ်ကိုက မင်းကို ဘာလို့ သဘောကျတာလဲ သိချင်တယ်”

နျဲ့ပုဖန်က လီဟွေ့ မျက်နှာကို လက်တစ်ဖက်ဖြင့်ပွတ်သပ်ကာ ခေါင်းစောင်းငုံ့လျက် မျက်လုံးများ ကွေးညွတ်ကာ ပြုံးလိုက်၏။

“အင်း၊ ငါ ကိုယ်တိုင်လည်း သိချင်တယ်”

"ဟမ်၊ ကိုယ့်ကိုယ်ကို အထင် သိပ်ကြီးမနေနဲ့'' လီဟွေ့ က ဒေါသတကြီးပြောပြီး "လူတိုင်းကို မင်း အနိုင် မယူနိုင်ပါဘူး"

"တကယ် ငါ့ကိုယ်ငါ အထင်မကြီးပါဘူး''

နျဲ့ပုဖန် စကားက သည်လို ဆိုပေမယ့် သူ့ရဲ့အမူအရာကတော့ လုံးဝ ကွဲပြားကြောင်း ပြောနေသည်။ ထိုမာနကြီးသော အမူအရာလေးသည် ရိုက်နှက်ခံရအတွက် အမှန် တကယ် ထိုက်တန်ပါသည်။

လီဟွေ့သည် အလွန် ဒေါသထွက်ကာ ပြင်းထန်စွာ ချောင်းဆိုး၍ မျက်နှာ နီမြန်းလာသည်။

နျဲ့ပုဖန်က သူ့ အသက်ရှုသံကို ငြိမ်သက်အောင် အမြန် ကူညီပေးပြီး ...
"စိတ်အေးအေးထားပါ၊ စိတ်လျှော့ပါ။  မင်းအစ်ကိုက ငါ့ကို သဘောကျရတဲ့ အကြောင်းအရင်း သိချင်ယုံနဲ့ မင်းကိုယ်မင်း အနစ်နာခံစရာ မလိုပါဘူး၊ ငါတို့အခုနေ ရှေ့ဆက် မတိုးရင် အချိန်မှီပါသေးတယ်၊ အခု စည်းကျော်လိုက်မယ်ဆိုရင် နောက်နောင် မင်းတို့ညီအစ်ကို ကြားမှာ ပင်လယ်လောက် ကြီးတဲ့အက်ကွဲကြောင်းတွေ ဖြစ်လာနိုင်တယ်၊ အဲ့အချိန်ကျမှ နောင်တရဖို့ ဆိုရင် နောက်ကျသွားလိမ့်မယ်''

သို့သော် လီဟွေ့က မထီမဲ့မြင်ပြုကာ ပြောလိုက်သည် –
''နောင် ဖြစ်မလာသေးတဲ့ အကျိုးတရားတွေကို ငါ စိတ်မဝင်စားဘူး၊ အခု မင်းက ငါ့ အရှေ့မှာ ငါ ဘာမှ မမြင်နိုင်လောက်အောင် လှနေလို့လေ''

ဒါက လမ်းဆုံးအထိ သွားပြီး နောက်ပြန် မလှည့်မယ့် သူတွေအတွက် စံနမူနာ ဖြစ်တော့မှာပဲ။ နောက်ဆက်တွဲ ဆိုးကျိုးတွေကို သိနိုင်ဖို့ သူ့ကို ကိုယ်တိုင်ကိုယ်ကျ သင်ပေးသင့်သလား။  နျဲ့ပုဖန်စဥ်းစားနေခဲ့သည်။

လီဟွေ့က သေခြင်းတရားကို ကြင်ကြင်နာနာဖြင့် ရင်ဆိုင်လိုသည့် အကြည့်ဖြင့် နျဲ့ပုဖန်ကို သူ့အောက်တွင် ထပ်မံဖိနှိပ်လိုက်၏။

''အချိန်မဖြုန်းနဲ့။ အလုပ်နဲ့ သက်သေပြမယ်''

ဒါဆို မင်း ဘာလို့ မစသေးတာလဲ။
နျဲ့ပုဖန်က မျက်လုံးဖွင့်လျှက် လီဟွေ့ ဘယ်လောက်သတ္တိရှိလဲ ဆိုတာကို စောင့်ကြည့်နေသည်။

ဒါပေမယ့် နောက်ဆုံးမှာတော့ လီဟွေ့ဟာ စိတ်တွေလှုပ်ရှား ရောက်ယက်ခတ်နေခဲ့ပြီး၊ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့ လူပျိုစင် ကောင်လေးလို ဖြစ်နေရှာသည်။

နျဲ့ပုဖန်က သမ်းဝေပြီး သူ့ကို သနားတဲ့ အကြည့်နဲ့ကြည့်ကာ အုပ်မိုးနေသော ကိုယ်ကို တွန်းထုတ်လိုက်၏။ ထို့နောက် စောင်ကို ဆွဲကာ ခြုံပေး လိုက်ပြီး ...

“တော်ပြီ၊ ဒုက္ခခံမနေနဲ့ အိပ်တော့။ နက်ဖြန်၊ အစ်ကို စု သောက်တဲ့ဆေးက ဘယ်လောက်အထိ ရောက်လဲဆိုတာ ကြည့်လိုက်ကြရအောင်။ မဆိုးရင် ငါ မင်းကို ပန်းကန်လုံး လုပ်ပေးမယ်"

လီဟွေ့မှာ သူ့ အောက်ပိုင်းကာ ပျော့ခွေ ကောက်ကွေးနေသော အသားစိုင်ကို စိုက်ကြည့်ရင်း သူ့မာနကို ပြင်းပြင်းထန်ထန် စော်ကားခံလိုက်ရသလို ခံစားရသည်။ 
တစ်ဖက်က နျဲ့ပုဖန်ဆိုတဲ့ ကောင်ကလည်း သူ့ကို အလေးအနက် မထားဘဲ အေးအေးဆေးဆေး အိပ်ပျော်နေနိုင်သည်။

"မရဘူး၊ ထစမ်း" 
လီဟွေ့ က နျဲ့ပုဖန်ကို ပြင်းပြင်းထန်ထန် လှုပ်ခါ၍ နှိုးလိုက်တာကြောင့် မထင်မှတ်ပဲ ပါးရိုက်ခံရ၏။

ပေါက်ကွဲတော့မယ့် ဒေါသအိုးကြီးကဲ့သို့ လီဟွေ့က သွားများကို အံကြိတ်ကာ ခြေထောက်များ ကြားမှ အရာကို ဆုပ်ကိုင်နှိုးစွရင်း  အေးချမ်းစွာ အိပ်စက်နေသော နျဲ့ပုဖန် မျက်နှာကို စိုက်ကြည့်နေလျှက် သူ့ကိုယ်သူ စိတ်များထကြွလာစေခဲ့သည်။

ခဏအကြာတွင် သူသည် စောင်ခြုံထဲသို့ဝင် ရောက်လာပြီး နျဲ့ပုဖန်၏ ၀တ်ရုံကို လှန်တင်လိုက်သည်။ နျဲ့ပုဖန်မှာ စောစောက ဘောင်းဘီကို ဝတ်ဖို့ အချိန် မရှိခဲ့တာကြောင့် လီဟွေ့ က ပစ်မှတ်ကို အလွယ်တကူ ရှာတွေ့ခဲ့သည်။

စောင်ထဲကို ရောက်သွားပြီးနောက် လီဟွေ့က သူ့ကိုယ်အလေးချိန်က တခြားတစ်ဖက်လူအပေါ် ဖိချလိုက်၏။ ထို့နောက် အခြားသူ၏ ခြေထောက်ကို မြှင့်ပြီး အသက်ပြင်းပြင်းရှူကာ မျက်လုံးမှိတ်ကာ ခန္ဓာကိုယ်ကို တည့်မတ်ရင်း အားဖြင့် အထဲသို့ သွင်းလိုက်သည်။

"အား..." နျဲ့ပုဖန်က အော်ဟစ်လိုက်သည် ။

လီဟွေ၏ မျက်နှာမှာလည်း ဖြူဖျော့နေ၏။ ယခုတော့ သူတို့လည်း သည်အခြေအနေ ဖြစ်ပြီမို့ အဆုံးထိ ဆက်သွားဖို့သာ ရှိတော့သည်။ နျဲ့ပုဖန်၏ ခြေထောက်များကို ပိုကျယ်အောင် ဆွဲကား၍ သောင်းကျန်းကာ အရှေ့သို့ အားဖြင့် ဆက်သွင်းလိုက်သည်။

နျဲ့ပုဖန်၏ ဂန္ဓမာပန်းသည် ပျက်စီးလု နီးပါး ဖြစ်ပြီး အတွင်းသားများကို ဝင်တိုက်မိသည့် ခံစားချက်သည် အမှန်တကယ်ပင် နာကျင်ကာ သနားစရာ ကောင်းလှ၏။

သူလည်း ဒေါသတကြီး လူးလွန့်ကာ လီဟွေ့ကို တစ်ဖန်ပြန် ဖိလိုက်၍ လီဟွေ့ ဗိုက်ပေါ် ၌ လေးလံစွာ ထိုင်ကာ အောက်ပိုင်း တစ်စုံတရာကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သေးသည်။

လီဟွေ့မှာ နျဲ့ပုဖန်၏ မြင့်မြတ်သော ကိုယ်ဟန်အနေအထားကြောင့် မထိန်းနိုင်တော့ပဲ ပြင်းပြင်းထန်ထန် ရှူသွင်းလိုက်ကာ သူ့ကို နောက်တစ်ကြိမ် လှည့်ချ၍ ဘေးတိုက် ဝင်လိုက်သည်။

လွန်လွန်ကဲကဲ မဖြစ်စေရန် နျဲ့ပုဖန်က သူ့ခြေထောက်များကို ခါးတွင် ညှပ်ကာ ကပ်ကြေးကဲ့သို့ ချိတ်လျှက် အတူ ပူးကပ်ထားလိုက်သည်။

လီဟွေသည် ဒေါသတကြီးနှင့် ပြင်းထန်စွာ ထိုးထည့်လိုက်ရာ နျဲပုဖန်သည် အရိုးများ ကျိုးတော့မလိုဖြစ်သွား၏။ သို့ရာတွင် အထဲမှ အရာကို တစ်ဖန်ဆွဲထုတ်လိုက်ပြန်၏။

ထိုအခိုက်အတန့်တွင် နျဲ့ပုဖန်မှာ ဆံပင်များ ရှုပ်ပွနေပြီး မျက်နှာ နီမြန်းကာ ကြော်ထားသော ပုဇွန်တစ်ကောင်လို လည်ပင်းမှာလည်း နီမြန်းနေသည်။  သူ၏ စောစောက မောက်မာသော သဘောထားနှင့် အပြုအမူကို မည်သည့်နေရာ ရောက်သွားသနည်း။

လီဟွေ့က ဘာကိုမှ သိပ်ဂရုမစိုက်တော့။ သူသည် နျဲ့ပုဖန်နှင့် ရိုင်းစိုင်းစွာ ဆက်လက် ဆက်ဆံခဲ့ပြီး လှုပ်ရှားမှုချင်း ဖလှယ်ကာ တိမ်တွေပေါ် လွင့်မျောနေခဲ့ကြသည်။

အိပ်ယာခင်းများနှင့် အိပ်ယာတို့မှာ လိမ်ရှုပ် ထုံးဖွဲ့ကာ ရှုပ်ယှက်ခတ်နေသည်။

"ပေါက်ကွဲသံ" တစ်ခုနှင့်အတူ နှစ်ယောက်သား ကုတင်ပေါ်မှ ပြုတ်ကျသွားပြီး နျဲ့ပုဖန်နှင့် လီဟွေ့တို့မှာ ကုတင် အောက်ခြေတွင် တွဲလျက် လဲကျသွားသည်။ အံ့ဖွယ်ကောင်းသည်မှာ၊ ၎င်းတို့၏ အောက်ပိုင်းတစ်ဝက်သည် ချိတ်ဆက်ထားဆဲ ဖြစ်သည်၊ တကယ်တော့၊ ထိုကုတင် ကျိုးကျမှုကြောင့် ၎င်းသည် သက်ရောက်မှုမှ ပိုမို နက်ရှိုင်းသွား၏။

နှစ်ယောက်သား တစ်ချိန်တည်းမှာပင် ရင်တထိတ်ထိတ်ဖြင့် ချွေးများထွက်ကာ အသက်ရှုကြပ်နေကြသည်။

နျဲ့ပုဖန်သည် အပေါ်ဘက်တွင် ရှိနေပြီး လီဟွေ့အား ငုံ့ကြည့်ကာ "မင်း ရှုံးနိမ့်တာကို ဝန်ခံသလား"

"ငါက ဘာလို့ ရှုူံးရမှာလဲ!'

လီဟွေ့ ၏ အဖွဲ့ဝင်လေးသည် ပိုးသား နံရံများဖြင့် တင်းတင်းကြပ်ကြပ် ထုပ်ပိုးခံထားရပြီး သာယာမှုများစွာကို ခံစားရသည်။

နျဲ့ပုဖန်ကတော့ သူ့ လက်နှစ်ဖက်ကို လီဟွေ့ ဗိုက်ပေါ်တွင် ထောက်လျှက် အကြိမ်ပေါင်းများစွာ ခက်ခက်ခဲခဲ ထိုင်ထလုပ်နေခဲ့ရသည်။ သူ တစ်ခုခုထပ်ပြောဖို့ အရှိန် ယူလိုက်သော်လည်း အရေပြားချင်းရိုက်သံများက ကြောက်လန့်ဖွယ် အထိ ဆူညံနေခဲ့သည်။

သူ့ ခန္ဓာကိုယ်ထဲရှိ အရာသည် သံကဲ့သို့ မာကျောပြီး သူ့ အာရုံကြောများကို လှုံ့ဆော်ပေးသည်၊ ဝမ်းဗိုက်ထဲရှိ ပူလောင်မှု လှုံ့ဆော်ပေးလျှက်ရှိသည်။

ထို့နောက် နျဲ့ပုဖန်သည် တုန်တုန်ယင်ယင်နှင့် မတ်တတ် ထတော့မည်ဟန် ပြင်သော်လည်း လီဟွေသည် သူ ခါးမြှောက်လိုက်သည်နှင့် ဆွဲ တားလိုက်သည်။

"ဘာလို့ ထွက်ပြေးချင်တာလဲ" လီဟွေ့၏ မျက်လုံးများတွင် တောက်လောင်နေသော မီးတောက် မီးလျှံများ ရှိနေပြီး ထိုမျက်လုံးတို့က နျဲ့ပုဖန်ကို စိုက်ကြည့်နေသည်။

ထို့နောက် နျဲ့ပုဖန်အား လက်နှစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ် ဖိထားလိုက်ရာ နှစ်ယောက်သား တစ်သားတည်း တစ်ဖန် ပြန်ဖြစ်လာသည်။

တဖြည်းဖြည်း ကျွမ်းကျင်လာသော လီဟွေ့ သည် နျဲ့ပုဖန်ကို လွတ်မြောက်ရန် အခွင့် မပေးဘဲ မှောက်ခုန်လှဲချကာ လေးဘက် ထောက်စေ၍ အနောက်ဘက်မှ အရှိန်ပြင်းပြင်း ဆက်ဆံပြန်သည်။

နျဲ့ပုဖန်မှာ ခန္ဓာကိုယ်ကို လိမ်ကာ လက်တစ်ဖက်ဖြင့် ခေါင်းအုံးကို ဆုပ်ကိုင်ကာ လီဟွေ့ကို လှည့်၍ ပေါက်လိုက်ပေမယ့် လုံးဝ မထိခိုက်ဘဲ လီဟွေ့က ဆက်လက် တိုက်ခိုက်နေသည်။

မျိုးရိုးလိုက်ခြင်းသည် တကယ်ကို အံ့သြဖွယ်ကောင်းသည်ဟု ဆိုရပါမည်။ လီရီ ကဲ့သို့ပင်၊ လီဟွေ့သည် ထူးကဲသော စွမ်းဆောင် ရည်ရှိပြီး  ပတ်ဝန်းကျင် မည်မျှပင် ဆိုးရွားနေပါစေ ဆက်လက် တိုက်ခိုက်နိုင်သည်။ ဤဇွဲလုံ့လနှင့် အရှုံးမပေးရန် စိတ်ပိုင်းဖြတ်ထားသော စိတ်ဓာတ်သည် လောကီရေးရာများ၌ ပေးစွမ်းနိုင်သော အကန့်အသတ်များကို ကျော်လွန်နေပြီ ဖြစ်သည်။

နောက်ဆုံးတွင် နျဲ့ပုဖန်သည် တစ်ခါမျှမကြုံလောက်ဖူးသည်အထိ ပင်ပန်းနွမ်းနယ် ကာ အားနည်းသွားခဲ့သည်။

သို့သော်လည်း လီဟွေ့မှာ ကျေနပ်ပီတိ ဖြစ်ခဲ့ပြီး သူ၏ စိတ်နှင့် ခန္ဓာကိုယ် နှစ်ခုစလုံးအတွက်ကျေနပ်မှုကို ခံစားခဲ့ရသည်။

ဤ ပြင်းထန်လှသော သွေးထွက်သံယို တိုက်ပွဲမှာ အလယ်ပိုင်းတွင် ပင်ပန်းနွမ်းနယ် ရသလောက် နောက်ဆုံးတွင် အထွတ်အထိပ် ရောက်ကာ ပြီးမြောက်သွားခဲ့၏။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now