Chapter 39

2.8K 323 1
                                    

Chapter-39
ရေကန်ထဲမှာ
.......

နေရောင်ခြည် သာယာသောနေ့တစ်နေ့တွင် ကျီဝေါရွာရှိ ကြက်တို့သည် မြက်ခင်းပြင်၌ စားကျက်စားနေကြ၏။
ဤမြင်ကွင်းမှာ သာယာ၍ ရွာနှင့် ပနံသင့်လှပေသည်။

ထိုကဲ့သို့သော သာယာသည့်နေ့မျိုးတွင်နျဲ့ပုဖန်သည် ကြက်ဥလိုက်ကောက်ရင်း ကြက်သိုက်ရွာတွင် တစ်နေ့တော့ တိရစ္ဆာန်ရုံလေး လုပ်နိုင်မည့်အတွေးကို စိတ်ကူးယဥ်နေခဲ့သည်။
သို့သော် ထိုသို့ ထူးဆန်းသော သန္ဓေအောင်ဥများမှာ ရှားပါးသောကြောင့် ထိုအရေးသည် လွယ်တော့မလွယ်လှပေ။

ထိုအချိန်တွင် နျဲ့ပုဖန် ရတနာသိုက်ကိစ္စကိုလည်း စဥ်းစားမိသွားသည်။
ရတနာသိုက်ဟာ လှိုဏ်ဂူတူးတဲ့ မသမာသူတွေ လက်ထဲပါသွားရင် ဘယ်လိုလုပ်ရပါ့မလဲ ဟုစိုးရိမ်သည်။
ပညာရှိကြီး ပွားပေါင်းရဲ့ ရတနာတွေဟာဘယ်လောက်များများ ရှိနေသေးလဲဆိုတာကိုလည်း သိချင်သည်။

ထို့ကြောင့် ၎င်းကိစ္စနှင့် ပက်သက်ပြီး နတ်မိမယ် ယုချုံနှင့် တိုင်ပင်ရန် နျဲ့ပုဖန် ထွက်လာခဲ့၏။
ယုချုံ၏ ခြံဝန်းနားသို့ ရောက်သောအခါ ထိုထဲမှ စုချန်းယိ ထွက်လာသည်ကို တွေ့လိုက်ရသည်။

နျဲ့ပုဖန်သည် စုချန်းယိအား လက်ဝှေ့ယမ်း၍ နှုတ်ဆက်လိုက်သည်။

''အစ်ကိုစု၊ စောစောစီးစီး ဘယ်ကိုသွားမလို့လဲ''

စုချန်းယိလည်း နျဲ့ပုဖန်ကို မြင်ပြီး အရှေ့မှာရပ်လိုက်သည်။

''နျဲ့ပုဖန်၊ ပဥ္စမသော့က မင်းဆီမှာရှိနေတယ် မဟုတ်လား''

နျဲ့ပုဖန်သည် မထင်မှတ်ထားသော မေးခွန်းကြောင့်လန့်သွားပေမယ့် ဟန်မပျက်အောင် ထိန်းထားသည်။

''ဘာလို့ အဲ့လိုပြောတာလဲ အစ်ကိုစု၊ အဲ့ဒါက ပွားပေါင်ရဲ့ ဗဟေဋိလေ၊ ကျွန်တော့်ဆီမှာ ဘယ်လိုလုပ်ရှိမှာလဲ''

စုချန်းယိက မသင်္ကါမျက်လုံးကို မှေး၍ ကြည့်လိုက်သည်။

''မင်း ကိုယ်စောင့်နတ်ကိုတော့ လိမ်လို့မရပါဘူး၊ အခု မင်းဖြစ်သွားတဲ့ အမူအရာကိုကြည့်ရင် သော့က မင်း လက်ထဲမှာဆိုတာ သေချာတယ်''

နျဲ့ပုဖန်လည်း အကြံအိုက်ကာ မျက်နှာကို ပွတ်မိပေမယ့် ဆက်ပြီး အံ့သြနေတဲ့ပုံစံမျိုးကို ဟန်မပျက်ထိန်းရင်း ...

''အစ်ကိုစု၊ ကျွန်တော်က ပညာရှိကြီးရဲ့ဗဟေဋိကို ဘယ်လိုလုပ် ဖြေရှင်းနိုင်မှာလဲ"

''.....''

စုချန်းယိသည် နဖူးကြောများတွန့်ကာ သင်္ကာမကင်းကြည့်နေသည်။

ထို့ကြောင့် နျဲ့ပုဖန်လည်း စကားလမ်းကြောင်းလွဲလိုက်၏။

''အစ်ကိုစု၊ ကျွန်တော်တို့ နောက်မှပဲ အေးဆေးတွေ့ကြမယ်၊ အခုတော့ နတ်မိမယ်ဆီကို လာလည်တာမို့ သွားလိုက်ပါဦးမယ်''

စုချန်းယိလည်း မျက်ခုံးတစ်ဖက်ပင့်မိသွားပြီး ဘာမှမပြောပဲ နျဲ့ပုဖန် ခြံဝန်းထဲဝင်သွားသော နောက်သို့လိုက်လာခဲ့၏။

နျဲ့ပုဖန် သိသော် နောက်လှည့်ကြည့်ကာ မေးလိုက်သည်။

''အစ်ကိုစု၊ ဘာလို့ လိုက်လာတာလဲ''

''မဟုတ်ပါဘူး။ ငါ နတ်မိမယ်ကို မေးစရာတစ်ခုကျန်နေတာ၊ အခုမှသတိရလို့ ပြန်သွားမေးမလို့လေ''

နျဲ့ပုဖန်လည်း နည်းနည်းလောက် ဆက်လျောက်သွားပြီကာမှ တစ်ခုခုကို သတိရသဖြင့် ပြန်လှည့်ကာ
''အိုး...ဟုတ်သားပဲ၊ ကျွန်တော်လည်း အခုမှသတိရတယ်။ လုပ်စရာ အလုပ်တွေ ရှိသေးတာပဲ။ နတ်မိမယ်ဆီကို နောက်မှ အေးဆေးလာလည်တော့မယ်''
ဟု ဆို၍ ခြံဝန်းထဲမှ ထွက်ရန်လုပ်သည်။

သို့သော် စုချန်းယိက ခြံဝန်းတံခါးဘောင်တွင်မှီ၍ ပိတ်ရပ်လိုက်သည်။

''ဘာလဲ၊ မင်းနဲ့ နတ်မိမယ်တို့ ကြားမှာ အရေးကြီးတဲ့လျှို့ဝှက်ချက်တစ်ခုခု ရှိနေလို့လား''

''ဘယ်ကသာ၊ ကျွန်တော်တို့ အဲ့လောက်ကြီး ခင်မင်တဲ့ ဆက်ဆံရေး မဟုတ်ပါဘူး''

နျဲ့ပုဖန် လက်ခါပြလျက် ငြင်း၏။

''သြော်ဟုတ်လား၊ မင်းတို့ ပြည့်တန်ဆာအိမ် အတူတူသွားလည်လောက်တဲ့အထိ ခင်နေကြတာပဲကို''

စုချန်းယိသည် တည်ငြိမ်သောလေသံဖြင့်ပြောသည်။

ထို ပြည့်တန်ဆာအိမ် သွားခဲ့သောညက သူ၏ လူပျိုရည်ပျက်ခဲ့ရသောအဖြစ်ကို နျဲ့ပုဖန်တွေးမိကာ ယူကျူံးမရဖြစ်ရသည်။

ထို့နောက် နျဲ့ပုဖန်သည် သူ့ဆံပင်တွေကို သပ်တင်လိုက်၏။

''ယောကျ်ားနှစ်ယောက် ပြည့်တန်ဆာအိမ်ကို သွားတယ်ဆိုတာ နက်နဲတဲ့ ခင်မင်ရင်းနီးမှုရှိလို့ပဲ။ ဒါပေမယ့် မိန်းမနဲ့ ယောကျ်ား ပြည့်တန်ဆာအိမ်သွားရင်တော့ တစ်ယောက်အကြောင်း တစ်ယောက်သိပြီး စိတ်ပျက်သွားကြတာပဲလေ''

စုချန်းယိသည် ပြောရန်စကားကို စဥ်းစားနေ၏။

''ဒါတောင် မင်းက နတ်မိမယ်ဆီ လာလည်တုန်းပဲလား။ မင်း ပြောတော့ မင်းတို့ တစ်ယောက်နဲ့တစ်ယောက် ငြီးငွေ့နေကြတယ်ဆို''

သို့သော် နျဲ့ပုဖန်က လက်ကာပြ၍ ပြန်ဖြေရှင်းလိုက်သည်။

''အဲ့ဒါပေါ့။ ကျွန်တော်က တခြားသူတစ်ယောက်နဲ့ မသက်မသာဖြစ်ရမယ့် ဆက်ဆံရေးမျိုး မလိုလားဘူး၊ ဒါကြောင့် ကျွန်တော်တို့ ဆက်ဆံရေးကိုတိုးတက်အောင် နည်းလမ်းရှာကြည့်ရတာပေါ့''

ရွာတွင် နေထိုင်နေကြသော လူတိုင်းသည် နျဲ့ပုဖန်ကြောင့် မသက်မသာ ဖြစ်ဖူးသူတွေချည်း ဖြစ်ပါသည်။

''ဟုတ်ပြီ။ ဒါဆို ကျွန်တော် အခုတော့ အလုပ်များနေလို့ ခွင့်ပြုပါဦး''

နျဲ့ပုဖန်သည် သူ့ရှေ့တွင် ပိတ်ထားသော စုချန်းယိဘေးမှ ကျော်ထွက်လိုက်၏။

သူသည် ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် ပြန်လှည့်လာ၍ ...

''ဒါနဲ့ အစ်ကိုစုကရော ဒီမှာဘာလာလုပ်နေတာလဲ''

''ငါလား၊ စိတ်လန်းဆန်းအောင် ဟိုဟိုဒီဒီ လမ်းလျောက်ထွက်နေတာလေ''

စုချန်းယိက ကောင်းကင်ကို မော့ကြည့်လျှက် ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

ထို့နောက် နျဲ့ပုဖန်လည်း စုချန်းယိကို ပုခုံးတွန့်ပြခဲ့ပြီး အေးအေးဆေးဆေး လမ်းလျောက်ထွက်လာခဲ့သည်။ သူသည် သီချင်းလေး တအေးအေးညည်းနေပြီး သူ့နောက်တွင် ကြက်အုပ်လည်းလိုက်လာ၏။ ကြက်လေးများသည် သူ့သီချင်းသံစဥ်အတိုင်း ခုန်လိုက်ပေါက်လိုက် မြူးထူးနေကြသည်။

စုချန်းယိလည်း နျဲ့ပုဖန်နေုာက်မှ အသာလိုက်လာကာ ဘာလုပ်မလဲဆိုတာ လိုက်ကြည့်သည်။

နျဲ့ပုဖန်သည် ရွာအပြင်သို့ လမ်းလျောက်ထွက်လာခဲ့ပြီး ရတနာသိုက်ရှိရာ ရေကန်သို့ အရောက်တွင်အဝတ်အစားများကို ဖြေးဖြေးချင်း ချွတ်ချလိုက်သည်။

''ဟေ့၊ မင်း ဘာလုပ်မလို့လဲ''

စုချန်းယိက ကြည့်ကာ နောက်မှ လှမ်းအော်သည်။

''ပူလို့လေ၊ ရေဆင်းစိမ်မလို့''

ထို့နောက် နျဲ့ပုဖန်သည် အတွင်းခံဘောင်းဘီလေးတစ်ထည်တည်းနှင့် ရေထဲသို့ မဆင်းမီ ခန္ဓာကိုယ်ကို အကြောလျော့ကာ လေ့ကျင့်ခန်းလုပ်နေ၏။ သူ၏ လှပသော အသားအရေနှင့် ခန္ဓာကိုယ်ကောက်ကြောင်းသည် နေရောင်ခြည်အောက်တွင်ဝင်းလက်နေသည်။

စုချန်းယိမှာ ထိုဆွဲဆောင်မှုရှိလာသောမြင်ကွင်း၏ ပူလောင်သောခံစားမှုကြောင့် အကြည့်များ အဝေးသို့ လွဲှလိုက်ရသည်။

စုချန်းယိ ဘဝတစ်လျောက်လုံး၌ မည်သို့သောယောကျ်ားမျိုးကမှ သူ့ရှေ့တွင် ဤမျှ ရိုင်းပြသောအပြုအမူမျိုးကို မပြုလုပ်ဝံ့ကြပေ။ နျဲ့ပုဖန် ၏ အပြုအမူများသည် ရိုင်းပြသည်ဟု မဆိုသင့်ပေမယ့် အဆင်အခြင်မဲ့ကာ စည်းလွတ်ဝါးလွတ် နေတတ်လွန်းသည်။ ထိုသို့နေခြင်းမှာ တစ်ခါတစ်ရံတွင် အလွန်ဆိုးဝါး၏။

ထိုသို့ စုချန်းယိကြည့်နေတုန်းမှာပင် နျဲ့ပုဖန်သည်ရေထဲသို့ ခုန်ချသွားလေပြီ။
နျဲ့ပုဖန်၏ အရှိန်ကြောင့် စုချန်းယိ၏ မျက်နှာသို့ ရေများစင်ကုန်၏။
ထို့နောက်တွင် နျဲ့ပုဖန်သည် ပျော်ရွှင်စွာ ရေကစားရင်း စုချန်းယိကိုပါ လက်ယက်ခေါ်၏။

''အစ်ကိုစု၊ ရေထဲဆင်းခဲ့ပါလား။ ဒီမှာ ပျော်စရာကြီး''

''မလိုဘူး''

စုချန်းယိ ငြင်းလိုက်သည်။
စုချန်းယိ ငယ်စဥ်က သင်ယူခဲ့ရသည်မှာ နေ့လည်ဘက်တွင် ရေကူးခြင်းသည် ကျန်းမာရေး ထိခိုက်နိုင်သည်ဟုဆိုသည်။ ထို့ကြောင့် ရေထဲ မဆင်းလိုပေ။

သို့သော် အလွန်ပျော်မြူးနေသော နျဲ့ပုဖန်ကို ကြည့်ကာ အနည်းငယ် မနာလိုဖြစ်မိသည်။

နျဲ့ပုဖန်သည် ရေထဲတွင် နောက်ပြန်ကူးလိုက်၊ပက်လက်ကူးလိုက်၊ ငါးတွေလို ရေမျက်နှာပြင်ပေါ်ပေါလော ဖော်နေလိုက်၊ ရေငုပ်လိုက်ဖြင့် တော်တော် ပျော်မြူးနေပုံရသည်။

''ဟေ့ အစ်ကိုစု၊ ခင်ဗျားကို ကျွန်တော်တစ်ခုသတိပေးမယ်။ အခုနေ ခင်ဗျား ကိုယ့်ဘာသာကိုယ်ရေထဲဆင်းမလာရင် နောင်တရလိမ့်မယ်''

နျဲ့ပုဖန်က ရေထဲမှ လှမ်းအော်သည်။

စုချန်းယိက ဘာမှပြန်မပြောပဲ မသိချင်ယောင်ဆောင်နေ၏။

''ခင်ဗျား ရေမကူးတတ်ဘူးလား''

နျဲ့ပုဖန်က တစ်ခုခုကို နားလည်သွားသည့်နှယ့် စာနာသဖွယ်ဆို၏။

''ဒါဆိုလည်းနေပါစေ။ အတင်းမခိုင်းပါဘူး''

စုချန်းယိ မျက်နှာပျက်သွားပေမယ့် ဘာမှပြန်မပြောပေ။

နျဲ့ပုဖန်က မဲ့ပြုံးပြုံးလိုက်သည်။
ထို့နောက် ခေတ္တမျှ ရေဆော့နေပြီး ကမ်းပေါ်သို့ ပြန်တတ်လာ၏။

''မင်း ပြီးပြီလား''
စုချန်းယိက မေးသည်။

''မပြီးသေးဘူး''

နျဲ့ပုဖန်က စုချန်းယိ ဘေးနားသို့ ရောက်လာ၏။

''ဒါဆို အခုဘာလုပ်နေတာလဲ''

''ဘာလို့လဲဆိုတော့..''
နျဲ့ပုဖန်က သူ့ကိုစိုက်ကြည့်၍

''ခင်ဗျားကို ရေထဲဆွဲချမလို့လေ''

ဟုဆိုကာ စုချန်းယိ ဘာမှမလုပ်နိုင်ခင်မှာ ရေထဲတွန်းချလိုက်တော့သည်။

''မလုပ်နဲ့...''

စုချန်းယိမှာ ရုပ်ပျက်ဆင်းပျက်ဖြင့် မအော်ဟစ်နိုင်ခင်မှာ ရေထဲနစ်မြုပ်သွားတော့သည်။

ထို့နောက် နျဲ့ပုဖန်သည် ရေထဲသို့ခုန်ချကာ မြုပ်သွားသော စုချန်းယိကို ပြန်ဆယ်၍ စိုးရိမ်စွာမေးလိုက်သည်။

''အဆင်ပြေရဲ့လား''

သို့သော် စုချန်ယိသည် ရေတွေမွန်းကာ ချောင်းဆိုးနေပြီး နျဲ့ပုဖန်မှာ စုချန်းယိ၏ နဂါးမျက်စောင်းကိုသာ ရလိုက်၏။

ထိုအခါ နျဲ့ပုဖန်က စုချန်းယိကျောကို ကြင်နာစွာပွတ်သပ်၍ ကူညီပေးရင်း

''ကျွန်တော် ခင်ဗျားရေကူးတတ်အောင် ရေကူးသင်ပေးမလို့ပါ။ မကြောက်ပါနဲ့''

''ဘယ်သူက ကြောက်နေလို့လဲ''
စုချန်းယိက ဒေါသတကြီး ပြော၏။

''မင်း ငါ့ကို ရေထဲဆွဲချယုံလောက်နဲ့ ငါကြောက်စရာလားကွ''

ဒီကောင် အကျင့်မကောင်းဘူးဆိုတာ ငါသိတာ ကြာပြီ။ ဘယ်လိုများ သတိလက်လွတ်နေမိတာလဲ။
စုချန်းယိ စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။

''ခင်ဗျား ရေကူးနည်း သိလား''

''အဲ့ဒါ ဘယ်လောက်များ ခက်ခဲလို့လဲ''

နျဲ့ပုဖန်သည် မဲ့ပြုံးပြုံးလိုက်ပြီး စုချန်းယိအား ထိန်းပေးထားသောလက်ကို ဖြုတ်ချလိုက်၏။

စုချန်းယိသည် နျဲ့ပုဖန်ကို အားဖြင့် လှမ်းဆွဲထားလိုက်ပေမယ့် နျဲ့ပုဖန်က ရုန်းတာကြောင့် သူ့မှာ ရေထဲ မြုပ်လုနီးပါးဖြစ်နေရသည်။

နျဲ့ပုဖန်သည် သူ့ကို အထင်သေးစွာကြည့်၏။

''ဘာလဲ၊ ခင်ဗျားက ရေထဲမှာ ရန်ဖြစ်ချင်တာလား။ ခင်ဗျား ကျွန်တော့်ကို ကုန်းပေါ်မှာသာ ရိုက်ရင်ရိုက်လို့ရမယ်။ ရေထဲမှာတော့ မရဘူးနော်''

''ငါ့ကို ကမ်းပေါ်တင်ပေးစမ်း''

စုချန်းယိက ဒေါသတကြီးအော်၏။

နျဲ့ပုဖန်သည် စုချန်းယိအဖြစ်ကို ကြည့်ကာ လှောင်ရယ်လိုက်သည်။

''ဝိုး...ဟား ဟား ဟား ဟား''

''မင်းက ဘာကိုရယ်တာလဲ''

စုချန်းယိ အံတကြိတ်ကြိတ် ဖြစ်နေသည်။

''ခင်ဗျား ကြောက်ရင် ကြောက်တယ်ပြောပေါ့၊ ဘာတွေ ရှက်နေတာလဲ''

နျဲ့ပုဖန်က သရော်သည်။

စုချန်းယိ၏ မျက်နှာမှာ ရေညှိဖက်ကြီးကဲ့သို့ မဲပုတ်နေပြီ ဖြစ်လေသည်။
နျဲ့ပုဖန်ကို သတ်တော့ဖြတ်တော့မလို မျက်လုံးဖြင့်ကြည့်နေ၏။
နျဲ့ပုဖန်ကတော့ ဂရုမစိုက်ပဲ လက်ခုပ်ဖြင့် ရေအပြည့်ခပ်ကာ စုချန်းယိ ခေါင်းပေါ်မှ လောင်းချလိုက်သည်။

စုချန်းယိမှာ ပွက်ပွက်ဆူနေသော ရေနွေးအိုးကြီးကဲ့သို့ ခေါင်းမှ အငွေ့များပင် ထွက်လာသလိုရှိသည်။
ထို့နောက် သူသည် ရုတ်တရက်ပင် နျဲ့ပုဖန်အား သိုင်းဖတ်လိုက်ပြီး နား,နားကပ်ပြောလိုက်သည်။

''တော်တော် ပျော်တယ်ပေါ့လေ။ ဒီထက် ပိုပျော်စရာကောင်းအောင် လုပ်ပေးရမလား''

ထိုသို့ ပြောပြီးသည်နှင့် သူသည် နျဲ့ပုဖန်အား ရေထဲသို့ ဆွဲနှစ်ချလိုက်တော့သည်။

အမှန်တကယ်တွင် သိုင်းပညာ သင်ကြားထားသောသူများသည် အသက်ရှုခြင်း လေ့ကျင့်ခန်းများကိုကျွမ်းကျင်တက်မြောက်ကြ၏။ ရေအောက်တွင်လည်း ကောင်းကောင်း အသက်အောင့်ထားနိုင်ကြပေသည်။
ဒီကောင် နျဲ့ပုဖန်သည် နည်းနည်းလေး အကျောပေးလိုက်သည်နှင့် သူ့ကိုယ်သူ ဟုတ်လှပြီမှတ်နေသည်။

နျဲ့ပုဖန်မှာ ရေအောက်ထဲတွင် အောက်ဆီဂျင်ပြတ်လတ်ကာ အသက်ရှုကျပ်လာသည်။ ချောင်းများဆိုးကာ ပါးစပ်ထဲကပင် လေပူဖောင်းများထွက်လာ၏။

စုချန်းယိမှာ နေရခက်နေသော နျဲ့ပုဖန်ကို ကြည့်ကာ ဝမ်းသာနေသည်။
တစ်ယောက်ကို တစ်ယောက် လှည့်စားရာတွင်အနိုင်ရဖို့ကသာ အရေးကြီးသည်။
စုချန်းယိ ကလဲ့စား ပြန်ချေလိုက်ရ၍ ကျေနပ်နေသည်။

ထိုသို့ကြားပါက နျဲ့ပုဖန်တစ်ယောက် ပေါက်ကွဲပြီးငိုယိုနေတော့မည်ပင်။

နျဲ့ပုဖန်သည် သူ့ကို ကျေနပ်ခွင့်မပေး။ ရုတ်တရက် စုချန်းယိ၏ လည်ပင်းကို သိုင်းဖက်ကာ နှုတ်ခမ်းချင်းဖိကပ်၍ ပါးစပ်ထဲမှ အောက်ဆီဂျင်များကို စုပ်ယူ နမ်းရှိုက်လိုက်သည်။

စုချန်းယိလည်း နျဲ့ပုဖန် နည်းတူနမ်းမိနေပြီး ခံစားချက်များ ကောင်းမွန်ကာ မျက်လုံးမှေးစင်း၍ လှပသော သက်တန့်များကိုပင် မြင်ယောင်နေမိသည်။
နျဲ့ပုဖန်သည် အသက်ရှုဝသည်နှင့် စုချန်းယိနှုတ်ခမ်းမှ ခွာ၍ တွန်းကန်ကာ ရေမျက်နှာပြင်ပေါ်သို့ တက်သွားသည်။

ထို့နောက် လေကိုဝအောင် ရှုလိုက်သည်။

''ဟူး၊ အခုမှပဲ အသက်ရှုဝတော့တယ်''

စုချန်းယိလည်း နျဲဲ့ပုဖန်ကို အားပြုကာ ရေပေါ်ပြန်တက်လာ၏။

နျဲ့ပုဖန်သည် နှာခေါင်းတစ်ချက်ရှုံ့ကာ စုချန်းယိကိုကြည့်၍ ပြောလိုက်သည်။

''ကျွန်တော်က အစက အစ်ကိုစုကို လျို့ဝှက်ချက်တစ်ခုပြောပြမလို့ပဲ။ အခုတော့ ခံစားချက်တွေ မကောင်းလို့ မပြောပြတော့ဘူး''

စုချန်းယိက မျက်ခုံးတစ်ဖက်ပင့်ကာ နျဲ့ပုဖန်နားနားကပ်၍ ညုတုတုမေးသည်။

''ဘာလျှိို့ဝှက်ချက်တွေ ရှိနေလို့လဲ''

နျဲ့ပုဖန်သည် အာငွေ့ကြောင့် ပူကနဲဖြစ်သွားသောနားရွက်ကို အုပ်ကိုင်ကာ စိတ်ပျက်စွာလှည့်ကြည့်လိုက်သည်။

''ကျွန်တော့်ကို ဖြားယောင်းဖို့ မကြိုးစားပါနဲ့၊ ဒါမျိုးတွေ အများကြီးကြုံဖူးပြီးပြီ။ ဒီတစ်ခါ ထပ်အဖြစ်ခံမှာ မဟုတ်တော့ဘူး''

''အများကြီး ကြုံဖူးတယ်၊ ဟုတ်လား''

စုချန်းယိ၏ အသံမှာ ပို၍ ညို့သံပါလာ၏။

''ဘယ်လို ဖြားယောင်းမှုမျိုးလဲ၊ ဒါမျိုးလား''

ပြောပြောဆိုဆိုပင် စုချန်းယိသည် နျဲ့ပုဖန်ဘောင်းဘီအောက်သို့ နှိုက်လိုက်သည်။

''ဟာ၊ မလုပ်ပါနဲ့ဆို လုပ်ပြန်ပြီ''

နျဲ့ပုဖန်က ရုန်းသည်။

''လွှတ်စမ်းပါဗျာ''

''မင်းပြောတဲ့ လျှို့ဝှက်ချက်ဆိုတာကို မပြောမချင်းမလွတ်ဘူး''

စုချန်းယိက ဆက်၍ ကိုင်ထား၏။

''ခင်ဗျား တကယ်သိချင်ရင် လက်နဲ့ မပွတ်နဲ့''

အစကတော့ သိချင်ရင် ရေအောက်ထဲ ငုပ်ကြည့်ဖို့ နျဲ့ပုဖန် ပြောမလို့ပေမယ့် အခုတော့ စုချန်ယိ၏ လုပ်ရပ်ကြောင့် စိတ်ပြောင်းကာ မပြောပြရန်ဆုံးဖြတ်လိုက်သည်။

''ကောင်းပြီ၊ မပွတ်တော့ဘူး ပြောပြ''

မလုပ်လည်း ပြောပြစရာလား။

နျဲ့ပုဖန်သည် ခံစားချက်မဲ့သော မျက်နှာဖြင့် စုချန်းယိကို ကြည့်လိုက်သည်။

''အစ်ကိုစု၊ ခင်ဗျား စိတ်ကျေနပ်မှု မရတာဘယ်လောက်ကြာပြီလဲ''

စုချန်းယိ ဘာပြောရမှန်းမသိ ဖြစ်သွား၏။

နျဲ့ပုဖန်က သက်ပြင်းချလျှက် ဆက်ပြောသည်။

''အိုး၊ ဒီလိုဆို နောက်ပြည့်တန်ဆာအိမ်ကို သွားတဲ့အခါ ခင်ဗျားကို ခေါ်သွားပါ့မယ်''

''မလိုပါဘူး။ မင်းနဲ့ဆိုရင် ပိုပြီး ပျော်ရမယ် ထင်တယ်''
စုချန်းယိက ဖျက်စီးလိုသော အကြည့်ဖြင့် ပြော၏။

နျဲ့ပုဖန်လည်း စိတ်မဆိုးမိအောင် ထိန်းထားသည်။

''ဒါတော့ ခင်ဗျားသဘောပါ၊ ကျွန်တော်နဲ့တော့ မပျော်ချင်ပါနဲ့။ ဒါပေမယ့် အစ်ကိုစုကို တစ်ခုပြောပြမယ်''

''ဘာလဲပြော''

''လီယီလည်း ခင်ဗျားလိုပဲ၊ အရင်က စိတ်ကျေနပ်မှုမရခဲ့ဘူး''

''အင်း''

''ဒါပေမယ့် သူနဲ့ ကျွန်တော်အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့ကြတာ သိလား''

''ဘာတွေဖြစ်ခဲ့တာလဲ''

''သိချင်လား။ မပြောပြပါဘူး...''

''.....''

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now