Chapter - 69
ထိုက်ပိုင်
ဝေဒီနှင့် အခြားသူများသည် ခရီး မဆက်မီ ကျင်းယွင်မြို့တွင် တစ်ရက်သာ တည်းခိုခဲ့သည်။
နျဲ့ပုဖန်ကို သယ်ဆောင်ရန်အတွက် ဝေဒီသည် အထူး ရထားလုံး တစ်စီးကို ငှားရမ်းခဲ့၏။ ပုံမှန်ဆို ဝေဒီက ခရီးသွားလျှင် မြင်းစီး၍ အမြဲသွားသူဖြစ်ပေမယ့်လည်း ယခု နျဲ့ပုဖန်နှင့် အတူ ရထားလုံး စီးခဲ့သည်။
နျဲ့ပုဖန်သည် ရထားလုံးပေါ် ရောက်သည်နင့်တစ်ယောက်တည်း နေရာ အကျယ်ကြီး ယူကာပျင်းရိစွာ နေနေ၏။
ဝေဒီက သူ့ နံဘေးမှာ ထိုင်ပြီး စာဖတ်နေပေမယ့် ရံဖန်ရံခါ သူ့ မျက်လုံးထောင့်ကနေ သူ့ကို တစ်ချက်တစ်ချက် ကြည့်၍ စိတ်ထဲက တွေးမိသည်။
သည်ကောင်က ဘာလို့ သည်လောက် ငြိမ်နေတာလဲ။
ဒါကို သူ စဉ်းစားနေတုန်းမှာပဲ နျဲ့ပုဖန်က ရုတ်တရက် မေးတာကို ကြားလိုက်ရ၏။
“ဦးလေး ဝေ၊ ငါ အရင်ပေးခဲ့တဲ့ ကြက်ဥက ဘယ်မှာလဲ”
"ကြက်ဥ၊ ဟုတ်လား" ဝေဒီနှင့် တည်းခိုခန်းမှာ အတူတူ စားခဲ့တဲ့ အချိန်တုန်းက နျဲ့ပုဖန် ကြက်ဥတစ်လုံး ပေးခဲ့တာကို ပြန်သတိရသွားပြီး အနည်းငယ် စဥ်းစားလိုက်သည်။
ထို့နောက် ဝေဒီက ''ကြက်ဥ လွှင့်ပစ်လိုက်တယ်” လို့ ပြန်ဖြေလိုက်သည်။
"လွှင့်ပစ်လိုက်တယ်လား။ မင်း ဘာလို့ ပစ်လိုက်တာလဲ”
နျဲ့ပုဖန်က သူ့ကို စိုက်ကြည့်နေ၏။
"ငါ ကြက်ဥ မကြိုက်ဘူး၊ လွှင့်ပစ်တာ မဟုတ်ရင် ငါဘာလုပ်ရမလဲ"
ဝေဒီက နျဲ့ပုဖန်ကို ထူးထူးဆန်းဆန်း ကြည့်လိုက်၏။ ကြက်ဥ တစ်လုံး အကြောင်း အတည်ပေါက်ကြီးနဲ့ လာမေးနေတာ ဘာကြောင့်လဲ ဟု အံ့သြနေသည်။
နျဲ့ပုဖန်က ဆက်မမေးတော့ပေ။ သူနဲ့အတူ သယ်ဆောင်လာတဲ့ ကြက်ဥတိုင်းက မျိုးအောင်ပြီး အားလုံး အကောင် ပေါက်ကြတာမှ မဟုတ်ဘဲ။ ဝေဒီကို ပေးခဲ့တဲ့ ဥကလည်း မျိုးမအောင်တဲ့ဥ ဖြစ်ချင်ဖြစ်နေမှာပါလေ။
အင်း၊ လူတစ်ယောက်ရဲ့ စရိုက်က တကယ်ကို အရေးကြီးတယ်။
ထိုအချိန်တွင် ရထား အပြင်ဘက်ရှိ အစောင့်တစ်ဦးက လှမ်းပြောလာ၏။ “သခင်၊ နေ့လည် ရောက်နေပြီ၊ ကျွန်တော်တို့ ခဏလောက် လမ်းဘေးမှာ ရပ်ပြီး အနားယူကြမလား''
“မရပ်နဲ့၊ အရှိန်တင်ပြီး သွားမယ်၊ မောင်း။ ညအချိန်ကျရင် ရန်ရှန်းကို ရောက်မှရမယ်”
ထိုတွင် အစောင့်၏ တုံ့ပြန်မှုကို မစောင့်ဘဲ နျဲ့ပုဖန် က ဝင်ပြောသည်။
“ခဏနေပါဦး ငါ့ ကျောက နာကျင်နေပြီ၊ နောက်ပြီး မောပန်းပြီး ဗိုက်ဆာနေပြီ၊ ငါ တကယ် အနားယူဖို့လိုတယ်”
ဝေဒီကက သူ့ကို စူးစူးရှရှ စိုက်ကြည့်လိုက်၏။ : မင်း ဒီရထားပေါ်မှာ ထိုင်နေတာ ဘာတွေများ ပင်ပန်းနေလဲ။
နျဲ့ပုဖန်သည် ဝေသနာ ခံစားနေရဟန်ဖြင့် ရထားပြတင်းပေါက်မှ ငုံ့ကာ အော့အန်တော့မည်ကဲ့သို့ ပျော့ဖက်ဖက်ဖြင့် ပြောလိုက်သည်။
''ငါ နေမကောင်းရင် မင်းပဲ စိတ်ဆင်းရဲရလိမ့်မယ်နော်''
ဝေဒီကတော့ သူ့ကို လျစ်လျူရှုကာ တစ်ဖက်သို့ လှည့်သွားချိန်တွင် နျဲ့ပုဖန်သည် ရုတ်တရက် ဝေဒီ ကို လှဲချကာ လည်ပင်းအား လက်နှစ်ဖက်ဖြင့် ချိတ်၍ အမိန့်ပေးတော့၏။ သူ့ကို အပြစ်တင်တဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်ရင်း ...
“ဦးလေး ဝေ၊ ငါ့ရဲ့ နုနယ်သေးတဲ့ ခန္ဓာကိုယ်ကို မင်းမတွေးပေး ရင်တောင် အနည်းဆုံးတော့ ငါ့ရဲ့ သိမ်ငယ် ညိုးငယ်နေတဲ့ စိတ်ကလေးကိုတော့ညှာတာပေးပါဦး၊ မင်း အတင်းအကြပ်တွေ လုပ်နေရင် ငါ့ကိုယ်ငါ တစ်ခုခု လုပ်မိမလား မသိနိုင်ဘူး''
"အိုး" ဝေဒီ က ပြုံးပြီး "ဒါဆို မင်း ဘာလုပ်မယ်ဆိုတာ ငါ စောင့်ကြည့်မယ်"
“ဒီလို မလုပ်ပါနဲ့”
နျဲ့ပုဖန်က ဝေဒီ ရင်ဘတ်ကို လှမ်းကိုင်ပြီး အသက်ပြင်းပြင်း ရှူကာ ...
"ရထားပေါ်ကနေ ဆင်းပြီး လတ်ဆတ်တဲ့လေကို ရှူရှိုက်ရင်း ရှုခင်းတွေ မကြည့်ချင်ဘူးလား။ ဒါမှမဟုတ် တစ်ခုခုကို မခံစားချင်ဘူးလား ရထားပေါ်မှာ အကြာကြီး ထိုင်နေရတာ တစ်ကိုယ်လုံး တောင့်တင်းပြီး တင်ပါးတွေ နာကျင်နေတယ်လို့ မထင်ဘူးလား"
ဝေဒီ၏ အကြည့်သည် နျဲ့ပုဖန်၏ ခါးအောက်ပိုင်းသို့ ရွေ့သွားပြီး တစ်ဝက်တစ်ပျက် ပြုံးလိုက်၍ ...
"မင်းရဲ့ ဒဏ်ရာကြောင့် နာကျင်နေတာလား''
မနေ့ညက သူ့ကို အိပ်ခွင့်မပြုဘဲ မိုးလင်းတဲ့အထိ လုပ်ခဲ့၏။
နျဲ့ပုဖန် စိတ်ဓာတ်ကျလာသည်။ ဝေဒီကို အကြင်နာကင်းမဲ့တဲ့ လူတစ်ယောက်လိုမျိုးစိုက်ကြည့်ကာ ညည်းညူပြန်၏။
“မင်း အပြစ်ပဲလေ၊ ဒါကို နည်းနည်းလေးတောင် သနားညှာတာ စိတ်မရှိဘူးလား”
ဝေဒီက ပြုံးလိုက်၏။
နျဲ့ပုဖန်မှာ မဲ့ရွဲ့ကာ သူ့ကို စူးစူးရဲရဲကြည့်ရင်း ရှုံ့မဲ့နေသည်။
လူတိုင်း လေးစားရတဲ့ ဝူလင် ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ့ကို ဒါမျိုး ရန်စပြီး ချီးကပ်ဝံ့တဲ့သူ ဘယ်သူမှ မရှိခဲ့ဘူးပါ။ ယခင်ကလည်း ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဝေဒီက အနားအကပ် မခံခဲ့။
နျဲ့ပုဖန် တစ်ဦးတည်းသာ သူ့အပေါ် ထိုသို့ပြုမူခွင့်ပေးထားခြင်း ဖြစ်သည်။
"ကောင်းပြီ။ ငါတို့ ခဏ နားလိုက်မယ်" ဝေဒီ နောက်ဆုံးတော့ သဘောတူလိုက်သည်။
"ဟေး..."
နျဲ့ပုဖန်သည် အောင်ပွဲခံ၍ လက်သီးလက်မောင်း တန်းကာ သူ့ မျက်နှာပေါ်မှ ဟန်ဆောင်မျက်ရည်များကို သုတ်လိုက်သည်။
ထို့နောက် ရထားပေါ်မှ ခုန်ချလိုက်သည်နှင့် တစ်ပြိုင်နက် စိတ်အားထက်သန်စွာ ဖြင့် လက်နှစ်ဖက်ကို ဖြန့်ကာ လေများကို လေးလေးနက်နက် ရှူသွင်းလိုက်လိုက်ပြီး သူ့ မျက်နှာပေါ်မှ ကျေနပ်သည့် အမူအရာ ပေါ်လာသည်။
ဝေဒီက သူ့ကို ကြည့်ရင်း မျက်လုံးထဲထိအောင် ပြုံးနေမိ၏။
သည့်နောက်တွင် နျဲ့ပုဖန်သည် ရေကန်ငယ် တစ်ခုဆီသို့ ပြေးသွားပြီး မျက်နှာကို ဆေးကြောလိုက်သည်။ ကောင်းကင်ကို မျှော်ကြည့်လိုက်တဲ့အခါ လင်းယုန်ငှက် တစ်ကောင် ပျံနေသေးသည်ကို မြင်လိုက်ရ၏။
သူ ခေါင်းငုံ့ပြီး ရေကန်ထဲ၌ သူ၏ ချောမောတဲ့ မျက်နှာကို ရောင်ပြန်ထင်ဟပ်ကာ ရှုပ်ပွနေတဲ့ ဆံပင်တွေကို လက်နဲ့ ဖြီးရင်း စိတ် ကျေနပ် သဘောကျမှု မျိုးစုံကို ခံစားနေ၏။
သူ စိတ်လွတ် ကိုယ်လွတ် နေနေချိန်မှာပဲ သူနဲ့ မီတာဝက်လောက် ဝေးတဲ့နေရာမှာ ရေကန်ထဲက ဦးခေါင်းတစ်ခု ရုတ်တရက် ထွက်လာ၏။ ၎င်းမှာ ရေတွေ စိုရွဲကာ ခေါင်းမှ ရေများ စီးကျနေသည်။ နျဲ့ပုဖန် သတိထားမိတဲ့ အခိုက်အတန့်တွင် ထိုသူမျက်နှာသည်လည်း ရေစက်များနှင့်အတူ ရွှန်းလဲ့နေသည်။
ရေကန်ထဲက လူက စိုရွဲနေတဲ့ သူ့ မျက်နှာကိုသူ သုတ်လိုက်ပြီး နျဲ့ပုဖန်ကို တောက်ပစွာ ပြုံးပြလိုက်၏။
နျဲ့ပုဖန်သည် ထိတ်လန့် တုန်လှုပ်သွားသော်လည်း သူ့ မျက်နှာ အမူအရာသည် အာရုံကြော လှုံ့ဆော်မှုကို လိုက်မမီနိုင်သောကြောင့် ထိတ်လန့် ကြောက်ရွံ့ ခြင်း ခံစားချက်များကို ဖုံးကွယ်ထားသကဲ့သို့ မတုန်မလှုပ်ဟန်ရှိနေခဲ့သည်။
ထို့နောက် စိတ် ငြိမ်သွားတဲ့အခါ နျဲ့ပုဖန်က သူ့ရှေ့က ရေထဲကနေ ရုတ်တရက် ထွက်လာတဲ့လူကို စတင် စစ်ဆေးခဲ့သည်။
၎င်းမှာ အသက် ၂၅ နှစ်ဝန်းကျင်ရှိပြီး ညိုမည်းသော အသားအရေ၊ နှာတံမြင့်မြင့်၊ မျက်လုံးနက်နက်များနှင့် ကြည်လင်သော အပြုံး များရှိ၏။ သူ၏ မျက်နှာသွင်ပြင်မှာ အနောက်တိုင်းသွင်ပြင်လက္ခဏာ အနည်းငယ်ရှိပြီး သူ၏ အပြုံးသည် ပွင့်လင်းပြီး ညင်သာနေသည်။
နျဲ့ပုဖန်က နောက်ကို လှည့်ကြည့်လိုက်တော့ ဝေဒီက သူ့ အစေခံ တွေနဲ့ စကားပြောနေတာကို တွေ့လိုက်ရပြီး လောလောဆယ်တော့ သည်ဘက်ကို ဂရုမစိုက်အားပေ။
ထို့နောက် နျဲ့ပုက “ဆရာကြီး၊ ခင်ဗျားက ...” ဟု အသံတိုးတိုးဖြင့် မေးလိုက်သည်။
"ကျွန်တော် ဆရာကြီးဆိုတဲ့ နာမည်ကို မခံယူဝံ့ပါဘူး၊ ကျွန်တော်က ထိုက်ပိုင်လို့ ခေါ်ပါတယ်'' ထိုလူကလည်း ခပ်တိုးတိုး ပြန်ဖြေသည်။
မောင်ဖြူစင် လို့ ဆိုလိုတာလား မင်းလို ညိုမဲတဲ့ လူထွားကြီး တစ်ယောက်အတွက် သည်လို နာမည်ပေးရတာ နည်းနည်းတော့ လွဲနေတယ် မဟုတ်ဘူးလား။(TN- ထိုက်ပိုင် သည် 'ဖြူလွန်းသည်' ဟု အဓိပ္ပါယ်ရသည်)
"အစ်ကို ထိုက်ပိုင် က ဘယ်ကလာတာလဲ"
နျဲ့ပုဖန်သည် ရေအောက်တွင် ဖျတ်လတ်စွာလှုပ်ရှားနေသော ကိုယ်လုံးတီး ကိုယ်ထည်ကို ကြည့်ပြီး မေးလိုက်သည်။
"ခင်ဗျားက စိတ်ကောင်းထားပြီး ရေကန်ထဲမှာ ပေါ့ပေါ့ပါးပါး ကူးခတ်နေတာ ဘာလို့လဲ''
ဆောင်းဦးပေါက်နေပြီ ဖြစ်ပြီး၊ လူ အများစုသည် အေးမြသော ရေကန်ထဲတွင် ကိုယ်လုံးတီးဖြင့် ကူးခတ်ရန် စိတ်မဝင်စားကြပေ။
"ဟီးဟီး၊ ဆောင်းဦးလေက အေးစိမ့်စိမ့်နဲ့ ရေကူးဖို့ အချိန်ကောင်းပဲလေ'' ထိုက်ပိုင်က ကျေနပ်စွာ ရယ်မောလိုက်ပြီး "ဒီညီလေးကရော ဘာ ခေါ်လဲ မသိဘူး"
"နျဲ့ပုဖန်"
နျဲ့ပုဖန်သည် လက်ဆွဲနှုတ်ဆက်ဖို့လက်ကမ်းရင်းဖြေလိုက် သည်။ သည်တစ်ချိန်မှာ သူ အမည်ပြောင်ကို မသုံးခဲ့ပါ။
"ပျော်ရွှင်စရာ တွေ့ဆုံမှုပဲ" ထိုက်ပိုင် သည် လည်းရေထဲမှာ သူ့ လက်များကို ကမ်းပေးကာ တုံ့ပြန်ခဲ့သည်။
ထို့နောက် သူသည် နျဲ့ပုဖန်၏ နောက်သို့ လှမ်းကြည့်ကာ အခြေအနေကို အကဲခတ်၍ မေးလာ၏။
"ဘာဖြစ်လို့လဲ၊ ညီလေး နျဲ့ရဲ့ အခြေအနေက နည်းနည်းတော့ မူမမှန်သလိုပဲ''
“ဟုတ်တယ်၊ လောလောဆယ် ဓားစာခံ အဖမ်းခံလာရတယ်”
နျဲ့ပုဖန် သက်ပြင်းချလိုက်၏။
"မင်း အကူအညီလိုသလား" ထိုက်ပိုင် က စိတ်အားထက်သန်စွာ မေးလိုက်သည်။
"ဟုတ်တယ်။ ငါ အကူညီလိုတယ်" နျဲ့ပုဖန် ကပြန်ပြောသည်။
“အစ်ကို့မှာ အကြံကောင်းတွေ ရှိလား။ ငါ့နောက်က လူတွေကို ရန်သွားစလို့တော့ မဖြစ်ဘူး''
"ကျွန်တော် သိပါတယ်၊ အဲဒါက ဝူလင်း ခေါင်းဆောင် ဝေဒီပဲ၊ သူနဲ့ မင်းရဲ့ဆက်ဆံရေးကဘာလဲ"
“ပြန်ပေးဆွဲသူနှင့် ဓားစာခံကြား ဆက်ဆံရေးပေါ့''
ထိုက်ပိုင်သည် ခဏတာ တိတ်ဆိတ်သွားပြီး “မင်းက ဘယ်သူမို့လို့ ဝေဒီက ဘာလို့ ဖမ်းလာတာလဲ” ဟု သံသယနဲ့ မေးလိုက်သည်။
“ငါ့ရဲ့ထူးကဲနဲ့ ဉာဏ်ပညာနဲ့၊ ဖြောင့်မတ်မှုကြောင့် သူ့ရဲ့ ဓားစာခံ ဖြစ်လာရတာ နေမယ်''
နျဲ့ပုဖန်၏ လေသံမှာ ကျွမ်းကျင် ပညာရှင် တစ်ဦး၏ အထီးကျန်ဆန်မှုများ အပြည့်ပါဝင်သည်။
ထိုက်ပိုင်က သဘောကျပြီး ချစ်စရာ မျက်လုံးနှင့်သွားဖွေးဖွေးများ ပေါ်အောင် တခစ်ခစ် ရယ်လိုက်သည်။
"အစ်ကို ထိုက်ပိုင်၊ မင်းမှာ အဲ့ မကောင်းဆိုးဝါးတွေရဲ့ ချည်နှောင်မှုကနေ လွတ်မြောက်အောင် ကူညီပေးနိုင်တဲ့ နည်းလမ်းကောင်းတွေ ရှိလား" နျဲ့ပုဖန်က နှိမ့်ချစွာ အကြံဉာဏ်တောင်း၏။
"နည်းလမ်းက တကယ်တော့ အရမ်း ရိုးရှင်းပါတယ်။" ထိုက်ပိုင်က "မင်း ရေထဲမှာ ငုပ်လိုက် မင်းကို လျှို့ဝှက်တဲ့ နေရာကို ခေါ်သွားပေးမယ်''
နျဲ့ပုဖန်က ပတ်ပတ်လည်ကို ကြည့်ပြီး "ဒီရေကန်က ဒီလောက်လေးပဲ ကျယ်တာကို ဘယ်ကို ဦးတည်နိုင်တဲ့ ထွက်ပေါက်ရှိမှာလဲ"
“ဒီအတွက် မင်း စိတ်ပူနေစရာ မလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဝေဒီတို့က မင်းကိုရှာတွေ့မှာမဟုတ်ဘူး” ထိုက်ပိုင် က ယုံကြည်မှု အပြည့်နဲ့ ပြောလိုက်၏။
နျဲ့ပုဖန်သည် ဖြစ်နိုင်ချေကို ချိန်ဆကာ စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဝေဒီနဲ့ နေရခြင်းကို သူ ငြီးငွေ့နေသည်။ အကယ်၍ သူလွတ်မြောက်နိုင်ခဲ့ပါက ကံကောင်းခြင်း တစ်ခုသာဖြစ်ပြီး မဟုတ်ပါက ခါတိုင်းထက် အကြိမ်ပေါင်းများစွာ အပြစ်ပေးခံရမည်သာ ဖြစ်သည်။ သည်လိုဆိုရင် နျဲ့ပုဖန် အရမ်းကို သေချင်တဲ့အထိ မောပန်းနွမ်းနယ်ရုံသာ ရှိလိမ့်မည်။ မည်သို့ပင် ဆိုစေကာမူယခု ထွက်ပြေးပါကလည်း သူ့ဘက်တွင် ဆုံးရှုံးမှုများစွာ မရှိပေ။
ထိုအကြောင်းကို စဉ်းစားပြီးနော် နျဲ့ပုဖန် ခေါင်းညိတ်ကာ သဘောတူလိုက်၏။
ထိုအချိန်တွင် ဝေဒီသည်လည်း နျဲ့ပုဖန် ရေကန်ထဲသို့ ခုန်ဆင်းသွားသည်ကို မြင်လိုက်၏။
သူ့ မျက်နှာသည် ရုတ်ခြည်း ပြောင်းလဲသွားကာ ခုန်ပေါက်၍ ရေကန် ကမ်းစပ်ဆီသို့ အပြေးအလွှားရောက်လာခဲ့ပေမယ့် ရေကန်၏ မျက်နှာပြင်ပေါ်တွင် လှိုင်းလုံးကြီးများကိုသာ မြင်လိုက်ရတော့သည်။
“ရေကူးတတ်တဲ့သူတွေ ဆင်းပြီး ရှာကြစမ်း''
သူအမိန့်ပေးလိုက်တာနဲ့ အစောင့်များသည် တွေဝေမနေပဲ ရေကန်ထဲသို့ ခုန်ချသွားကြသည်။
ဝေဒီကတော့ အတော်ကို ဒေါသထွက်နေလေ၏။
ရေကန်အောက်တွင် ထိုက်ပိုင်သည် နျဲ့ပုဖန်အား ရေညှိဖတ်များကို ဖယ်၍ ထိုမှ တစ်ဆင့် လမ်းကြောင်းတစ်ခုသို့ ကူးခတ်ရန် ဦးဆောင်ခေါ်သွားခဲ့သည်။
လမ်းတစ်ဝက်မှာ နျဲ့ပုဖန်က ထိုင်ပိုင် ရဲ့အဝတ်အစားတွေကို ရုတ်တရက် ဆွဲကိုင်လိုက်၏။
ထိုက်ပိုင်က ခေါင်းကို လှည့်ကြည့်လိုက်တော့ အသက်ရှူမဝတဲ့ အကြည့်ကို မြင်လိုက်ရသည်။ သူ ချက်ချင်း လန့်ဖျပ်သွား၏။ ဤလူသည် ခုဏက သူ့အစီစဥ်ကို တွေဝေခြင်း မရှိပဲ သဘောတူခဲ့သည်၊ ထို့ကြောင့် ထိုသူသည် ရေအောက်တွင် ကျွမ်းကျင်မှု အလွန်ရှိမည်ဟု သူထင်ခဲ့သည်၊ သို့သော် တစ်ဝက်တစ်ပျက်သာ ခရီးရောက်သေးသည် အခြေအနေတွင် ရေမွန်နေလေပြီ။ စောစောကတည်းက ကြိုပြောသင့်သည်။
သူ ခဏတာ တွေဝေသွားပြီးချိန်တွင် နျဲ့ပုဖန်က သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားကာ နှုတ်ခမ်းချင်း ဖိ၍ ပါးစပ်ထဲက အောက်ဆီဂျင်ကို စုပ်ယူနေ၏။
ထိုက်ပိုင် နေရာမှာပင် အံ့အားသင့်သွားသည်။
သူတို့ နှစ်ဦး၏ လျှာနှင့် သွားများသည် ရောယှက်လျက်ရှိပြီး ရေထဲတွင် စီးမျောနေကြသည်။ ရှည်လျားသော ဆံနွယ်ကြိုးများသည် ညင်သာစွာ လွင့်ပျံကာ ပိုးသားကဲ့သို့ ပျော့ပျောင်းသော နက်ပြာရောင် ရေကန်ကြီးထဲတွင် တစ်ခုနှင့် တစ်ခု ချည်နှောင်ထားသလိုပဲ။
ခဏအကြာတွင် နျဲ့ပုဖန်က လွှတ်လိုက်ပြီး အဆင်ပြေသွားသည့် အမူအရာ လုပ်ပြသည်။
ထိုက်ပိုင်၏ အသက်ရှုသံသည် အနည်းငယ် ဖရိုဖရဲဖြစ်ကာ ရေထဲတွင် နှာချေလု နီးပါး ဖြစ်နေ၏။ နောက်ဆုံးတွင် သူသည် သူ၏ သွေးခုန်နှုန်းကို တည်ငြိမ်စေကာ အသက်ရှုမှုကို ပြန်ချိန်ညှိလိုက်သည်။
သူသည် သွားများကို အံကြိတ်လျှက် နျဲ့ပုဖန်နှင့်အတူ ဆက်လက် ကူးခတ်ခဲ့သည်။
ထိုက်ပိုင်သည် အလွန် လျင်မြန်စွာ ကူးခတ်ခဲ့ပြီး နျဲ့ပုဖန်ကို တစ်ကြိမ်မှ လှည့်မကြည့်တော့ပါ။ ရုတ်တရက် အနမ်းက သူ့ကို စိတ်ရှုပ်ထွေးစေပြီး စိတ်ငြိမ်ဖို့ ခက်စေ၏။
ထို့နောက် သူ့ အာရုံ ပြန်စုစည်းမိချိန်တွင် နောက်ပြန် လှည့်ကြည့်လိုက်တဲ့အခါ နျဲ့ပုဖန် ပျောက်သွားတာကို တွေ့လိုက်ရလေသည်။
သူ စိုးထိတ် သွားပြီး ရှာဖွေရန် အမြန်ပြန်သွားခဲ့သည်။ ခဏလောက် ရေကူးပြီးတာနဲ့ ရေမျက်နှာပြင်ပေါ် တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ လူ နှစ်ယောက် ပုံရိပ်ကို တွေ့လိုက်ရသည်။ ၎င်းတို့မှာ နျဲ့ပုဖန်နဲ့ ဝေဒီတို့ ဖြစ်သည်။
အစောက နျဲ့ပုဖန်သည် ထိုက်ပိုင် ဆီမှ အောက်ဆီဂျင် အနည်းငယ်ကို ရှူရှိုက် ပြီးသွားကာ ရေကူးတော့မည့် အချိန်တွင်ရုတ်တရက် သူ၏ ညာခြေကို လက်ကြီး တစ်ဖက်က ဖမ်းဆွဲထားခဲ့သည်။
နျဲ့ပုဖန်လည်း ရုန်းကန်ရန် အချိန်မရလိုက်ပဲ တစ်စုံတစ်ဦးမှ ရေကန် မျက်နှာပြင်ဆီသို့ ဆွဲခေါ်သွားခြင်းခံခဲ့ရသည်။ ထိုက်ပိုက်ကတော့ အရှေ့က ရေညှိများကြားထဲ ကူးခတ်ပြီး ပျောက်ကွယ်သွားခဲ့၏။
“ဟိုင်း ယား” နျဲ့ပုဖန်မှာ ရေအချို့ကိုအန်ထုတ်လိုက်သည်။
"နျဲ့ပုဖန်၊ မင်း သေချင်နေတာလား" ဝေဒီ၏ အေးစက်သော အသံသည် နျဲ့ပုဖန်၏ နားထဲတွင် ထွက်ပေါ်လာ၏။
မျက်နှာပေါ်မှ ရေများကို သုတ်ကာ အရှက်မဲ့စွာ ရယ်မောရင်း “ဦးလေး၊ ဒေါသမထွက်ပါနဲ့။ ရံဖန်ရံခါ ရေထဲမှာ ရေကူပေးတာက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်”
"မဟုတ်ဘူး မင်း ငါ့ဆီကနေ ထွက်ပြေးချင်နေတာလေ''
ဝေဒီက အော်ဟစ်လိုက်သည်။
"တကယ်ပါ ငါတကယ်အဲ့လိုလုပ်ဖို့မရည်ရွယ်ပါဘူး...ဒီအတိုင်းပျင်းလို့ပါ'' နျဲ့ပုဖန်က ရယ်မောပြီး ပြန်ဖြေသည်။
ဝေဒီမှာ အလွန်အမင်း ဒေါသထွက်ကာ အသားတွေ ဆက်ဆက်တုန်နေပြီး လူသတ်ချင် စိတ်ကို ချုပ်တည်းရန် အစွမ်းကုန် ကြိုးစားနေသကဲ့ရှိသည်။ သည်ကောင်က သူ့ ခံနိုင်ရည် ကန့်သတ်ချက်ကို အမြဲ စိန်ခေါ်နေတာပဲ။
ဝေဒီ မျက်လုံးထဲတွင် ဒေါသ မီးတောက်ကို မြင်လိုက်ရတော့ နျဲ့ပုဖန်သည် ထိုမျက်လုံးများကို ဖုံးအုပ်ရန် လက်ကိုဆန့်လိုက်သည်။
“မင်း မျက်လုံးထဲက အရောင်တွေက တကယ်ကြောက်စရာကောင်းတယ်” လို့လည်း ကြောက်လန့်တကြား အသံလေးနဲ့ ပြောလိုက်သည်။
ဝေဒီက သူ့ လက်ကို ဆွဲမဖယ်ဘဲ အေးစက်စက်နဲ့ပြန်ပြော၏။
“မင်း ကြောက်ရကောင်းမှန်း သိတာ သိပ်နောက်ကျသွားပြီ''
''သိပ် နောက်မကျသေးပါဘူး၊ နောက်ကျသွားရင်ရော ဘာဖြစ်မှာလဲ''
နျဲ့ပုဖန် က သူ့ အနားကို ချဉ်းကပ်ပြီး နှုတ်ခမ်းဖျားလေးဖြင့် တိုးတိုးလေးပြော၏။
"တကယ်ပဲ၊ ဦးလေးဝေရဲ့ မျက်လုံးတွေကို အုပ်ထားလိုက်ရင် ခင်ဗျား အရမ်းကို နူးညံ့သိမ်မွေ့ တဲ့သူပဲ''
နှာခေါင်းနှင့် ပါးစပ်ကိုသာ မြင်ပြီး “နူးညံ့သိမ်မွေ့ခြင်း” ရှိ၊ ရမရှိ ဆိုတာကို သင်မည်ကဲ့သို့ ပြောနိုင်မည်နည်း။
ထို့နောက် ဝေဒီ၏ နှုတ်ခမ်းတွေကို တစ်စုံတစ်ရာက နူးညံ့စွာ လာထိသည်။
ထိုအရာက ပုစဉ်း တစ်ကောင်လို ပေါ့ပါးပြီး ဆန်မုန့်လေးလို ပူနွေးပျော့ပျောင်းနေ၏။
သူ၏ ကြမ်းတမ်းနေသော စိတ်များမှာလည်း ရုတ်ချည်း တည်ငြိမ်ကာ နူးညံ့လာ၍ နှလုံးသားကပင်ခုန်ပေါက်နေသည်။
ဝေဒီသည် နျဲ့ပုဖန်၏ လက်ကို ဆွဲကာ တောက်ပသော မျက်လုံးများဖြင့် သူ့ကို ကြည့်နေသည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ်ကြည့်ရင်း ရေထဲတွင် ဖြည်းညှင်းစွာ လွင့်မျောနေခဲ့၏။
"ဦးလေး ဝေ၊ ဘာလို့ ကမ်းပေါ်တက်ပြီး ဆက်မလုပ်တာလဲ" နျဲ့ပုဖန်သည် ရေထဲတွင် တဆတ်ဆတ် တုန်နေပြီ ဖြစ်ပြီး သူ့ တစ်ကိုယ်လုံးကို ဝေဒီနှင့် ဖိကာ သူ့ ခန္ဓာကိုယ်မှ အနွေးဓာတ်ကို ရယူနေ၏။
"မင်း အအေးကို ကြောက်ပေမယ့် ရေကန်ထဲကို ခုန်ချဖို့ သတ္တိရှိတယ်ပေါ့"
ဝေဒီသည် နှိမ့်ချသော အသံဖြင့် ပြစ်တင်ရှုတ်ချသော်လည်း သူ့ လေသံမှာ တစိမ့်စိမ့် မြတ်နိုးနေသော အရိပ်အရောင်များ ပါနေ၏။
နျဲ့ပုဖန် ရယ်လိုက်သည်။
ဝေဒီ မျက်လုံးများ မှိတ်သွားပြီး နျဲ့ပုဖန်၏ ခေါင်းနောက်ကို ဆုပ်ကိုင်ကာ ပြင်းပြင်း ထန်ထန် နမ်းကာ အသက် မရှူခင်အထိ နမ်းနေခဲ့သည်။
"ဒီည မင်းကို ငါ ကောင်းကောင်း ဆုံးမရမယ်''
သည့်နောက်တွင် ဝေဒီက ခြိမ်းခြောက်ပြီး သူ့ကို ကမ်းစပ်ဆီသို့ ကူးခတ်လျှက် ဆွဲခေါ်သွားလေသည်။
ကမ်းပေါ် ရောက်သောအခါ နျဲ့ပုဖန်သည် နောက်ပြန် လှည့်ကြည့်ကာ စိတ်ထဲက တွေးလိုက်သည်-
ဝေဒီက ထိုက်ပိုင်ကို ရှာမတွေ့ခဲ့မှန်း သိသာ၏။ ဒါ ပိုကောင်းမယ် မဟုတ်ရင် သူ ကြိုးစားခဲ့တာ အချည်းနှီး ဖြစ်သွားလိမ့်မည် ထိုက်ပိုင်သည် သာမာန် လူတစ်ယောက် မဟုတ်ဟု သူ ခံစားမိသည်။ ဝေဒီကို ဆန့်ကျင်ဝံ့သူသည် အင်္ကျီ လက်အောက် တွင် ဝှက်ဖဲအချို့ ရှိရမည်။ ဒါပေမယ့် ဝေဒီက သူ့အကြောင်း မသိသွားတာ အကောင်းဆုံးပဲ။ သူ ဝေဒီကို ပိုဒုက္ခပေးမိသလို ခံစားလိုက်ရသည်။
ဘယ်သူပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် နျဲ့ပုဖန်က အားလုံးကို မွှေနှောက်မည်ပင်။
YOU ARE READING
ကြက်သခင် နျဲ့ပုဖန် (Complete ✅)
RandomGong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။