Chapter 83

1.3K 157 1
                                    

Chapter - 83
အချစ်အတွက် တိုက်ပွဲ အပိုင်း - ၇


"ရှောင်ပေါင် ဘယ်မှာလဲ" 
ဧကရာဇ်မင်းသည် သူ၏ အိပ်ခန်းသို့ ပြန်ရောက်သောအခါ လွန်ခဲ့သည့် ရက် အနည်းငယ်က အမြဲရှိနေခဲ့သော လူကို မတွေ့ရတော့သဖြင့် မေးလိုက်သည်။

အမတ်က “ဝေ စာရေးဆရာက အမှုထမ်း အခန်းမှာ သွားနေနေပါတယ်” ဟု ပြန်ပြောသည်။

"သူက အဲ့ကို ဘာအတွက် သွားတာလဲ"  ဧကရာဇ်မင်းသည် မျက်မှောင်ကြုတ်လိုက်သည်။

“အရှင်မင်းကြီး” အမတ်က ထူးဆန်းသော အမူအရာဖြင့်
“ဝေ စာရေးဆရာဟာလည်း သာမာန် အမှုထမ်းတွေလိုပဲ ညဘက်မှာ အမှုထမ်း အခန်းမှာ နေထိုင်သင့်ပါတယ်'' ဟု ဆိုလိုက်၏။

ဧကရာဇ်မင်းသည် ခေတ္တရပ်ကာ စဥ်းစားနေပြီး
''ကောင်းပါပြီ။ ကျန်းလည်း သူ့ကို နေရာပြောင်းပေးဖို့ စဥ်းစားနေတာပါ''

မိန်းမစိုးကတော့ လိမ္မာပါးနပ်စွာ နှုတ်ဆိတ်နေ၏။

ဧကရာဇ်မင်းသည် သူ၏ အဝတ်အစားကို ပြောင်းကာ လွတ်နေသော အိပ်ခန်းထဲတွင် ထိုင်နေ၍ တစ်ခုခုကို တွေးတောနေသည်။

မိန်းမစိုးက သတိကြီးစွာ ဤအကြံပြု စကားကိုဆို၏။

“အရှင်မင်းကြီး၊ အရှင် ကြင်ယာတော် မခေါ်ဘဲနေတာ ရက်ပေါင်းများစွာ ရှိနေပါပြီ။ ဒီည ကြင်ယာတော်ကို ခေါ်ဆောင်ချင်ပါသလား''

ဧကရာဇ်မင်းသည် တခဏမျှ တိတ်ဆိတ်သွားပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။

မိန်းမစိုးလည်း ကြိတ်ကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား၏။
ထို့နောက် ဧကရာဇ်မင်း၏ ကိုယ်လုပ်တော်များ ရောက်ရှိလာရန်အတွက် တက်ကြွစွာ ပြင်ဆင်လေ သည်။

သာမန် မောင်းမမိဿံများသည် ဧကရာဇ်မင်းမြတ်၏ စံအိမ်တော်တွင် တစ်ညလုံး မနေနိုင်ပေ။  ဧကရာဇ်မင်းသည် သူ နှစ်သက်သော မိန်းကလေးကို ရွေးလိုက်သည်နှင့်၊ မိန်းမစိုးသည် ကျန်မောင်းမများကို ကွမ်းရန် ခန်းမဆောင် သို့မဟုတ် ဖူရင်  နန်းတော်သို့ ခေါ်ဆောင်ကာ ဧကရာဇ်မင်းမြတ်၏ ကျေးဇူးတော်ကို သိတတ်စွာ စောင့်ဆိုင်းနေခိုင်းလေသည်။

နန်းတော်ရဲ့စည်းမျဉ်းတွေက အချစ်ရေး ကိစ္စမှာအထိန်းအကွပ်မဲ့တဲ့ ဧကရာဇ်မင်းကို လုံးဝ ချုပ်နှောင် မထားနိုင်ပါဘူး။ သူ့ စိတ်နိုးကြားနေသရွေ့ ဘယ်နေရာမှာမဆို ဖြစ်သွားနိုင်ပါသည်။

"ချန်းချီက အရှင်မင်းကြီးကို ဂါရဝပါတယ်" 
ဖူရင်း နန်းတော်တွင် လူအများအပြား ဒူးထောက်ထိုင်ကြပြီး ရှေ့ဆုံးတွင် ကြင်ယာတော် ရှီသည် ယနေ့ည အိပ်ရာဝင်ရာတွင် အမှုထမ်းမည့် ကြင်ယာတော် ဖြစ်၏။ 

(TN: ချန်းချီ= ကြင်ယာတော်၊ မောင်းမတော်များ ကိုယ့်ကိုယ်ကို သုံးသော စကား)

“ထပါ” ဧကရာဇ်မင်းက ပြုံးကာ ကြင်ယာတော် ရှီ၏ သွယ်လျသော ခါးကို ဆွဲကိုင်လိုက်၏။ ချက်ချင်းပင် လန်းဆန်းသော ရနံ့သည် သူ့ အာရုံများကို လွှမ်းခြုံသွားသည်။ သူအရင်တုန်းက အလွန် ရင်းနီးခဲ့သော ရနံ့သည် ယခုအချိန်တွင် အနည်းငယ် ထူးဆန်းနေ၏။ သဘာဝတရား၏ အလှကို ခံစားပြီးနောက် မြို့၏ ဖုန်မှုန့်ထူထပ်တဲ့ထဲသို့ ရုတ်တရက် ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ မြို့သည် ချစ်စရာကောင်းပြီး သာယာသော်လည်း အေးချမ်းမှု မရှိပေ။

"အရှင်မင်းကြီး၊ ချန်ချီက အရှင့်အတွက် သန်းခေါင်ယံ သရေစာ ပြင်ဆင်လာပါတယ်။  တစ်ခုခု စားချင်လား ဒါမှမဟုတ် တန်း အိပ်ယာဝင်မလား" ကြင်ယာတော် ရှီ၏ အသံသည် အဆုံး မရှိ ကျက်သရေ အပြည့် ဖြစ်နေပြီး ငှက်မလေးနှင့်တူသည်။ လူတွေကို အားကျရတဲ့ ငှက်ကလေး တစ်ကောင်ကဲ့သို့ပဲ သူမဟာ ဧကရာဇ်မင်းမြတ်ကို မှီပြီး သူ့ရဲ့ ထွားကျိုင်းတဲ့ ရင်သားတွေကို ဧကရာဇ်၏ ခန္ဓာကိုယ်နဲ့ မထိတထိ ဖိကပ်လိုက်၏။

ဧကရာဇ်မင်းက စူးစူးရဲရဲ စိုက်ကြည့်ကာ "အိပ်ရာဝင်ကြမယ်'' ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။

ထို့နောက် နန်းတော် အစေခံများသည် တံခါးကို တင်းတင်းကျပ်ကျပ် ပိတ်လိုက်ပြီး နှစ်ယောက်သား ကုတင်၏ လိုက်ကာများ အတွင်း ဖုံးကွယ်သွားကြသည်။

ကြင်ယာတော် ရှီသည် ရှက်ရှက်နှင့်  ဧကရာဇ်မင်း၏ ခန္ဓာကိုယ်မှ ထွက်လာသော ရနံ့ကို အနံ့ခံပြီး သူ၏ ခွန်အားကို တွေးတောရင်း သူမ၏ အတွေးများသည် မှောင်ရီဝေဝါးနေ၏။

"ကျန်းနဲ့ စကားပြောရအောင်'' ဧကရာဇ်မင်းသည် ကြင်ယာတော် ရှီကို နမ်းရင်း ပြောလိုက်သည်။

"အရှင်က ချန်ချီကို ဘာပြောချင်တာလဲ" ကြင်ယာတော် ရှီသည် သူမ၏ ခန္ဓာကိုယ်ကို လိမ်ကွေးကာ မျက်လုံးများ မှိန်းနေလေသည်။

“ဘာမဆို လုပ်လို့ရလား၊ မယ်မင်း လက်ခံလား''

ဧကရာဇ်မင်း၏ ဆန္ဒများ နိုးကြားလာသော်လည်း ထူးထူးခြားခြား ဗလာကျင်းနေသလို ခံစားရသည်။

"အင်း...ညဘက်က အေးတယ်၊ ဒါပေမယ့် အရှင့်ခန္ဓာကိုယ်ကြောင့် နွေးနေတာပဲ၊ ဒီအချိန်မှာ ဘာပြောစရာ လိုသေးလို့လဲ"

ဧကရာဇ်မင်းသည် စကားတစ်ခွန်းမှ မပြောဘဲ နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။

(ရာသီဥတုက အရမ်းအေးနေလို့ အိပ်ယာကို နွေးနွေးထွေးထွေး ကူညီပေးတာပါ)

တစ်စုံတစ်ယောက် ပြောခဲ့တာကို ရုတ်တရက် ပြန်သတိရသွားသည်။ ချစ်စရာကောင်းပြီး နုံအတဲ့ပုံစံက တကယ်ကို အသည်းယားဖွယ် ဖြစ်၏။

ထိုသူနဲ့ စကားပြောတာက အမြဲတမ်း စိတ်အေးလက်အေးဖြစ်စေပြီး မိမိရဲ့ကိုယ်ပိုင်အဆင့်အတန်းကိုပါ မေ့သွားစေသည်။
ထိုသူဟာ မိုက်မဲပြီး  စိတ်အနှောက်ယှက် ဖြစ်စေ ခံစားချက်တွေ ပျက်ပြားစေရုံသာမကဘဲ ကုတင်ပေါ် မှာလည်း ကွဲပြားတဲ့ ပျော်ရွှင်မှုမျိုးကို ထပ်လောင်းပေးသေးသည်။

(အရှင်က အရည်အချင်းရှိပေမယ့် မြန်မြန်ကြီး ပြီးတော့ ဘာလုပ်ရမှာလဲ၊ ပြန်ထိန်းဖို့ လိုတယ်)

ဧကရာဇ်မင်က အကျယ်ကြီး မရယ်ဘဲ မနေနိုင်။  သူ့ အောက်ပိုင်းတစ်ခြမ်းက ပူနေပေမယ့် သူ့အတွေးတွေက တခြားနေရာကို လွင့်ပျံနေ၏။ အရှင့်ကို အသုံးတော်ခံဖို့ စောင့်စားရင်း အောက်မှာ လဲလျောင်းနေတဲ့ အလှကို လုံး၀ လျစ်လျူရှုလိုက်မိသည်။

“အရှင်မင်းကြီး…” ကြင်ယာတော် ရှီ၏ အသက်ရှုသံက နားထဲတွင် ထွက်ပေါ်လာသည်။

ဧကရာဇ်မင်သည် နောက်ဆုံးတွင် ကြင်ယာတော် ရှီထံ အာရုံပြန်လည့်လာသည်။ သူ၏ မောင်းမမိဿံအားလုံးသည် လှပပြီး ကျက်သရေ အမျိုးမျိုး ရှိကြသည်ကို ဝန်ခံရမည် ဖြစ်သည်။ သို့သော် သူတို့ဟာ ချစ်စရာကောင်းတဲ့ အသွင်အပြင်ကို ဖယ်ထုတ်ကာ အိန္နြေဖြင့် တည်ကြည်နေကြခြင်းကြောင့် ပျင်းရိ ရိုးအီဖွယ် ကောင်း၏။ သူတို့သည် မွေးကတည်းက သေးငယ်သော စက်ဝိုင်းလို ပတ်ဝန်းကျင်မှာပဲ ချုပ်နှောင်ထားခံခဲ့ပြီး အာဏာရရန်၊ မျက်နှာသာရရန်သာ နေထိုင်ကြသည့်အတွက်၊ ၎င်းတို့တွင် စိတ်ရင်းမှန် ပျောက်ဆုံးနေကြလေသည်။

ရှောင်ပေါင်သည် ကွဲပြား၏။ သူသည် အတားအဆီးမဲ့ကာ အထိန်းအကွပ်မဲ့သည်။  သူ့မျက်လုံးများထဲတွင် ဧကရာဇ်မင်းသည် အခြားသူများနှင့် အတူတူသာဖြစ် သောကြောင့် ဧကရာဇ်ကို ပုံမှန်လူတစ်ယောက်လို သဘောထားကာ ရယ်မော၍ လွတ်လွတ်လပ်လပ် ဆော့ကစားပြီး စိုးရိမ်ပူပန်မှုများကို အလွယ်တကူ မေ့သွားအောင်စွမ်းဆောင်နိုင်သည်။

ဤတွင်ဧကရာဇ် မင် သည် ရုတ်တရက် ထရပ်ကာ အပြင်ဘက်၌ မိန်းမစိုးအား “ကြင်ယာတော် ရှီကို နန်းတော်သို့ ပြန်ပို့လိုက်ပါ” ဟု အော်လိုက်သည်။

ထို့နောက် နဂါး ဝတ်ရုံကို ၀တ်ဆင်ကာ မိမိ အိပ်ရာ ရှိရာသို့ လမ်းလျှောက်သွားခဲ့သည်။

"အရှင်မင်းကြီး" ကိုယ်လုပ်တော် ရှီသည် ထိတ်လန့်သွားပြီး ဆောက်တည်ရာမရ ဖြစ်သွား၏။ သူသတိလည်လာချိန်မှာတော့ ဧကရာဇ်ကို မမြင်ရတော့ပေ။

"သွား၊ ဝေ စာရေးဆရာကို သွားရှာချေ၊ ကျန်းကအခေါ် လွှတ်လိုက်တယ်လို့''

အိပ်ခန်းထဲ ပြန်ရောက်သောအခါ ဧကရာဇ်မင်းသည် အပြင်းအထန် အမိန့်ပေးလိုက်သည်။

“အရှင်မင်းကြီး၊ ဒီအချိန်မှာ ဝေ စာရေးဆရာက အိပ်ရာ ဝင်တော့မှာပါ…” အမတ်ကြီးသည် ဧကရာဇ်မင်းမြတ်၏ ရည်ရွယ်ချက်များကို ချေမှုန်းရန် ဤအကြောင်းပြချက်ကို အသုံးပြုခဲ့သည်။

"ဒါဆို သူ အိပ်ရာဝင်သွားပြီဆိုရင် ဘယ်လိုလုပ်မလဲ" ဧကရာဇ်မင်းသည် သူ့ လက်ကို ဝှေ့ယမ်းလိုက်ပြီး
"အိပ်နေလျှက်နဲ့ သူ့ကို ကျန်းဆီ ခေါ်ဆောင်လာခဲ့ပါ''

မိန်းမစိုးသည် ဝမ်းနည်းသော မျက်နှာဖြင့် ထွက်ခွာသွားကာ ခဏအကြာတွင် အိပ်ပျော်နေဆဲဖြစ်သော နျဲ့ပုဖန်အား အစောင့်များက သယ်ဆောင်လာခဲ့၏။

ဧကရာဇ်မင်းသည် သူ့အား နဂါးကုတင်ပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် ကုတင်ပေါ်မှ အပိုစောင်ဖြင့် ခြုံပေးလိုက်ပြီး အခြားလူများကို နှင်ထုတ်လိုက်သည်။

နျဲပုဖန်၏ အသိစိတ်သည် မှုန်ဝါးဝါး ဖြစ်နေ၏။  အခြေအနေကို သူ မသိလိုက်မီတွင် တစ်စုံတစ်ယောက်သည် သူ့ကို ဖိကပ်ကာ ပြင်းပြင်းထန်ထန် နမ်းလိုက်သည်။

“အမ်…အင့်…” သူ မသိစိတ်မှ ညည်းညူမိ၏။ ၎င်းက သူ့ ခန္ဓာကိုယ်ကို အဆက်မပြတ် ခြယ်လှယ်နေသည်။

တစ်ဝက်တစ်ပျက်နဲ့ နိုးတဝက်အိပ်တဝက်နေချိန်မှာပင် မုန်တိုင်းထန်လာပြီး မကြာခင်မှာပဲ သူ့ခန္ဓာကိုယ်ကို ပြင်ပ အရာဝတ္ထုတစ်ခုက ရုတ်တရက် ကျူးကျော် ဝင်ရောက်လာခဲ့သည်။

ဘာလဲ....ဒါက ဘာလဲ။ နျဲ့ပုဖန် မျက်လုံးဖွင့်လိုက်သောအခါတွင် စိတ်အားထက်သန်မှုနှင့် ဆန္ဒများပြည့်နှက်နေသော ဧကရာဇ် မျက်နှာနှင့် အလွန်နီးကပ်နေလေ၏။ ဧကရာဇ်က သူ့မျက်နှာကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး ဆံပင်ရှည်ရှည်များက သူတို့ ပတ်ပတ်လည်တွင် တွဲလောင်းကျနေသည်ကို တွေ့ရမည်။ သူ၏ သန်မာသော ကြွက်သားများသည် လှုပ်ရှားမှုတိုင်း၊ ခွန်အားနှင့် စည်းချက် အပြည့်ဖြင့် တင်းကျပ်နေသည်။

ပြီးဆုံးခြင်းသို့ ရောက်သောအခါ သူ၏ နှုတ်ခမ်းများကို တစ်ဖန် ကျူးကျော်လာကာ လျှာနှင့် သွားများ ရောယှက်၍ လေးလံသော အသက်ရှုသံများကို ဖလှယ်ကြသည်။ နှလုံးသား နှစ်ခုသည် ပြင်းထန်စွာ ခုန်နေပြီး ဗလာကျင်းနေသောအရေပြားများ အချင်းချင်း ပွတ်တိုက်လိုက်ခြင်းဖြင့် သူတို့နှစ်ဦးသည် ပြင်းထန်ပြီး ပြင်းပြသော ချစ်ခြင်းမေတ္တာထဲသို့ လုံးလုံး နစ်မြုပ်သွားကြ၏။

နောက်တစ်နေ့ ရောက်နေပြီ ဖြစ်သော်လည်း ဧကရာဇ်မင်သည် နျဲ့ပုဖန်ကို မလွှတ်ပေးသေးပေ။
ခြေထောက်များ ကြားတွင် ရောယှက်မှုက အဆက်မပျက်ပဲ ရှိနေလေရာ တစ်စုံတစ်ဦးသည် ခုခံရန် အားကိုးရာမဲ့နေပြီး ဧကရာဇ်မင်းက သူ့ ခန္ဓာကိုယ်ပေါ်တွင် "ချစ်ခြင်း" သင်္ကေတများကိုသာ ဆက်လက် ဖန်တီးနေခဲ့သည်။

မိန်းမစိုးက မနက်ခင်း ညီလာခံ အကြောင်းကို တတိယအကြိမ် သတိပေးသောအခါမှ ဧကရာဇ်မင်းသည် တွန့်ဆုတ်စွာ ထလာ၏။ မထွက်ခွာမီတွင် ဧကရာဇ်သည် ယခုမှစ၍ နျဲ့ပုဖန်ကို ဤနန်းတော်တွင် နေထိုင်ရန်နှင့် ၎င်း၏ နေရာကို မရွှေ့ရန် လူအချို့အား တမင်တကာ သတိပေး ပြောခဲ့သည်။

နျဲ့ပုဖန်သည် ဤရူးသွပ်နေသော ဧကရာဇ်အားစိတ်ကုန်နေ၏။ မည်သို့ အဆုံးသတ်ကမှန်း မသိပေ။
သူ၏ ငြိမ်းချမ်းသော ဘဝလေးကို ပြန်ရနိုင်ပါ့မလားဟူ၍ ပူပန်နေမိသည်။

နောက်နှစ်ရက်တွင် ဧကရာဇ်မင်းသည် နျဲ့ပုဖန်၏ လွန်ကဲစွာ မြူးကြွ၍ သီချင်းငြီးကာ ကခုန်နေသည်ကိုကြည့်ပြီး အတိုင်းမသိ နှစ်ခြိုက် ဝမ်းသာလျှက်ရှိသည်။ နိုင်ငံ့ အရေးကိစ္စတွေမှာ နေ့စဉ်နဲ့အမျှ ပင်ပန်းနွမ်းနယ်နေတဲ့ နှလုံးသားက ထိုသူ့ကို မြင်တိုင်း ပင်ပန်းမှုတွေ အကြွင်းမဲ့ ပျောက်ကွယ်သွားခဲ့သည်။ ဧကရာဇ် ရှေ့တွင်၊ ထိုသူသည် ဧကရာဇ်မင်းမြတ်ဟူသော လေးစား ရိုကျိုးသည့် ဟန်မျိုး မထားရှိပဲ သဘာဝအတိုင်း၊ သူ့ သဘောအတိုင်း လွတ်လပ်စွာနေလေသည်။

ဤသို့ဖြင့် နန်းတွင်းထဲမှာ ကောလဟာလတွေ တဖြည်းဖြည်း ပေါ်လာလေ၏။ ဧကရာဇ်မင်းမြတ်၏ မျက်နှာသာပေးမှုကို ရထားသည့် "ယောက်ျားများကို မြူဆွယ်သော ဝေရှောင်ပေါင်" ဟူ၍ ကောလဟာလများဖြင့် နန်းတွင်းရှိ လူတိုင်းက သူ့ကို မုန်းတီးခဲ့ကြသော်လည်း ဧကရာဇ်မင်း၏ ရည်ရွယ်ချက်ရှိရှိ ကာကွယ်မှုအောက်တွင် သူသည် များစွာ နှောင့်ယှက်ခြင်း မခံရဘဲ ပေါ့ပေါ့ပါးပါးနေထိုင်နေဆဲ ဖြစ်သည်။

အမှန်တွင် နျဲ့ပုဖန်မှာ တစ်စုံတစ်ရာကို ကြံစည်အားထုတ်နေခဲ့ခြင်း ဖြစ်ပြီး သူ တစ်ခုခု လုပ်နေတုန်းပါပဲ၊ အနည်းဆုံးတော့ ဧကရာဇ်မင်းဆီမှ အလုံးစုံ အစွမ်းထက်တဲ့ သြဇာအာဏာကို အသုံးချပြီး အင်ပါယာ နန်းတော်ထဲ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်အောင် လှည့်စားနိုင်ခဲ့သည်။ ကြက်သိုက်ရွာရှိ သူငယ်ချင်းများနှင့် ဆက်သွယ်နေသမျှ ကာလပတ်လုံး လွတ်မြောက်ရန် အခွင့်အလမ်းကို ရှာတွေ့နိုင်မည် ဖြစ်ကာ ထိုအချိန်မှစ၍ ကောင်းကင်ပြင်ကျယ်ကြီးတွင် ငှက်ကလေး လွတ်မြောက်သွားသလို ဖြစ်နေခဲ့၏။

ရန်ရှန်းမြို့၏ အနောက်ဘက်ခြမ်းတွင် ဧကရာဇ်မင် ယာယီ စံမြန်းနေ၏။
အပြင်ဘက်တွင် ဇိမ်ခံမြင်းလှည်းများ တန်းစီထားသည်။  မြို့တော်ရှိ သြဇာကြီးပြီး ချမ်းသာကြွယ်ဝသူ အများစုသည် ဤသို့ရောက်ရှိလာသောကြောင့် ထုံးစံအတိုင်း အချင်းချင်း အရိုအသေပြု နှုတ်ဆက်ကြရင်း အလွန် စိတ်လှုပ်ရှားဖို့ကောင်းသော မြင်ကွင်းမျိုး ရှိနေသည်။

ယာယီ ဧကရာဇ် နေထိုင်ရာ နေရာသည် အလွန်ကျယ်ဝန်းသော ဧရိယာ ဖြစ်ကာ တောင်စောင်းပေါ်တွင် ဘုံဗိမာန်များနှင့် ခြံဝင်း တန်းစီခတ်ကာ ပတ်ပတ်လည် တောင်များနှင့် သစ်တောများအကြား ရောယှက် တည်ဆောက်ထားသည်။  ဧကရာဇ် အမဲလိုက်ရန်အတွက် သီးသန့် ထားရှိသော ယာယီ ဧကရာဇ် နန်းဆောင်၏ နောက်ကွယ်တွင် အမဲလိုက်ကွင်း တစ်ခုလည်း ရှိသည်။ အမဲလိုက်မြေ၏ အစွန်းများကို ကျောက်နံရံများဖြင့် ပိတ်ဆို့ထားပြီး ပြင်ပ လူများကို ဝင်ခွင့် မပြုပေ။

အမဲလိုက်မြေ ပတ်လည်တွင် မြင့်မားသောအကာအရံများ ရှိပြီး အဝေးမှ တောင်တန်းများနှင့် သစ်တောများကို မြင်တွေ့ရသည်။ ဤနေရာသည် ကျားပြပွဲ ကျင်းပရန်နှင့် တိပွဲ ကြည့်ရှုရန် အကောင်းဆုံး နေရာလည်း ဖြစ်ခဲ့သည်။

ဧကရာဇ်မင်းသည် မြင့်မားသော ပုလင်ပေါ်တွင် အကောင်းဆုံး မြင်ကွင်းကို ကြည့်ရန် ထိုင်နေသည်။နျဲ့ပုဖန်အား သူ့ ဘေးမှာ နေရာ ချထား၏။ နှစ်ဖက်စလုံးတွင် ပထမအဆင့် အရာရှိများ ပါဝင်သော်လည်း အခြား အဆင့်နိမ့် အရာရှိများ မပါဝင်ပေ။ မြင့်မားသော ပွဲကြည့်စင် ပတ်လည်တွင် သတိအပြည့်ဖြင့် စောင့်ကြပ်နေသော အစောင့်များရှိသည်။

နျဲ့ပုဖန်သည် စိတ်ဝင်တစားဖြင့် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ ရုတ်တရက် စူးရှသော အကြည့် တစ်ခုကို ခံစားလိုက်ရသည်။ သူ့ ခေါင်းကို လှည့်ကြည့်လိုက်တော့ ဝေဒီသည် လှပသော ၀တ်စုံကို ၀တ်ထားပြီး တစ်ဖက်စွန်းတွင် ထိုင်နေ၏။ ဝေဒီက သူ့ကို ပြင်းစွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

နျဲ့ပုဖန်က သူ့ကို အမူအရာဖြင့် နှုတ်ဆက်ပြီး မျက်လုံး မှိတ်ပြသည်။

ဝေဒီ၏ လက်ထဲမှ ဝိုင်ခွက်သည် ကြေမွသွားကာ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။ သူသည် တစ်စုံတစ်ယောက်သော သူကို ရှာဖွေနေသည်မှာ ကြာမြင့်နေပြီ ဖြစ်ပြီး ၎င်းအား တော်ဝင်နန်းတော်ထဲတွင် အမှန်တကယ် ပုန်းအောင်းနေကြောင်း သိလိုက်ရသည်။ ပို၍ပင် မုန်းစရာကောင်းသည်မှာ ၎င်းသည် ဧကရာဇ်မင်းမြတ်နှင့် ထူးခြားသော ဆက်ဆံရေး ရှိနေခြင်းပင် ဖြစ်၏။

ဝေရှောင်ပေါင်၊ တကယ်ကို အထင်ကြီးစရာ ကောင်းတဲ့ ဝေရှောင်ပေါင်ပါပဲ။
သည်ကောင်ကတော့ လောကကြီး ဖရိုဖရဲမဖြစ်တော့မှာကို စိုးရိမ်နေသလား မှတ်ရတယ်။ မင်း ဧကရာဇ်မင်းရဲ့ အကာအကွယ်နဲ့ နေနေလို့ သည်မြေခွေးက ဖမ်းနိုင်မှာ မဟုတ်ဘူးလို့ မထင်လိုက်နဲ့။

နျဲ့ပုဖန်က သူ့ အကြည့်တွေကို လွှဲလိုက်ပြီး ဒေါသတွေ တောက်လောင်နေတဲ့ ဝေဒီကို မကြည့်တော့ဘဲ သူ့ရဲ့ ချစ်စဖွယ် သူငယ်ချင်းတွေကို လိုက်ရှာနေခဲ့သည်။

ကံမကောင်းစွာပဲ လူများလွန်းသဖြင့် သူ့ လူတွေ ကိုရှာရန် ခက်ခဲနေသည်။

သည်အခိုက်အတန့်မှာ သူ့ ဘောင်းဘီ ခြေထောက်အနားစတွေကို တစ်စုံတစ်ခုက ရုတ်တရက် ဆွဲလိုက်သလို ခံစားလိုက်ရသည်။
အောက်ကိုငုံ့ကြည့်လိုက်တော့ ဘယ်ကလာမှန်းမသိတဲ့ ကြက်တစ်ကောင်ကို တွေ့လိုက်ရ၏။ လက်ရှိတွင် ၎င်းသည် ပတ်ဝန်းကျင်ကို ခိုးကြောင်ခိုးဝှက်ကြည့်ရှုနေပြီး မည်သူမျှ ဂရုမစိုက်ကြောင်း သေချာသောအခါတွင် လက်သည်းကြား ကုပ်ထားသော သေးငယ်သည့် စက္ကူ အပိုင်းအစကို နျဲ့ပုဖန် အရှေ့သို့ ချပေးလိုက်၏။

နျဲ့ပုဖန်က ၎င်းကို ကောက်ယူပြီး တိတ်တဆိတ် ဖွင့်ကြည့်ကာ စာ၏ အဓိပ္ပါယ်ကို ခက်ခဲစွာ ပုံဖော်နေခဲ့သည်။ 
ကျန်းကျွင်းရှီ၊ လီရီနှင့် ဝမ်ရှင်းချန်တို့ အားလုံး ဒီကိုရောက်လာကြပြီး လက်ရှိတွင် ပွဲကြည့်စင်၏ အနောက်တောင်ဘက်တွင် ရှိနေကြ၏။ တွေ့ဆုံရန် သဘောတူထားသော နေရာနှင့် အချိန်သည် ဝေရှီချိန် (၁-၃) နာရီတွင် ရှီအန်း ဂေဟာ၌ ဖြစ်သည်။

နျဲ့ပုဖန်သည် တိတ်တဆိတ် ဝမ်းသာပီတိဖြစ်ကာ တုံ့ပြန်ရေးသားလိုသော်လည်း အခြေအနေများကဤသို့ ခွင့်မပြုခဲ့ပေ။ သူသည် ဧကရာဇ်မင်း၏ လက်ဖက်ရည် စားပွဲ ဘေးရှိ ပုလဲအရွယ် အနီရောင် အသီး တစ်လုံးကို အမှတ်မထင် တွေ့လိုက်ရသောကြောင့် ရှေ့သို့ ငုံ့ကာ တစ်လုံးကို ဖြည်းညှင်းစွာ ဆွဲကာ စာရွက်တွင် ထုပ်လိုက်သည်။ ထို့နောက် ဆံပင် အနည်းငယ်ကို ဆွဲနှုတ်လိုက်ပြီး ဆံပင်နှင့်စက္ကူလိပ်ကို ကြက်ခြေထောက်နှင့် တွဲ၍ အမြန်ချည်လိုက်သည်။

ကြက်ကလေးက အလုပ်ပြီးသွားမှန်း သိသောကြောင့် ခေါင်းကို အမြန် ပြန်လှည့်ကာ သဲလွန်စ မရှိဘဲ ပျောက်ကွယ်သွားခဲ့၏။

နျဲ့ပုဖန် ပြန်ထိုင်လိုက်သောအခါတွင် အနီရောင်သစ်သီး တစ်လုံးသည် သူ့ ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ ဧကရာဇ်မင်းသည် ပြုံးပြီး အနီရောင် သစ်သီးများကို သူ့ ပါးစပ်ဆီသို့ ခွန့်ကျွေးနေ၏။

''မင်းက အသီးတွေ ခိုးစားနေတာပဲ၊ မင်း လိမ္မာနေတဲ့အတွက် ကျန်းက မင်းကို ဆုချမယ်''
နျဲ့ပုဖန်သည် ၎င်းကို လက်ဖြင့် ယူသော်လည်း အနီရောင် သစ်သီးများက ဧကရာဇ်မင်း၏ လက်ချောင်းများကြားတွင် ခိုင်မြဲစွာ ညှပ်ထားသကဲ့သို့ ရှိသည်။

သူသည် မျက်လုံးများကို မော့ကာ ကြည့်လေရာ ဧကရာဇ်မင်းသည် ဘာမှ မဖြစ်သကဲ့သို့ သူ့ ရှေ့တွင် သူ့ လက်ကို ဆက်လက် မြှောက်ထားသည်။

ဒါက သူ့ကို ကိုယ်တိုင် ကျွေးတာ၊ ခွန့်ကျွေးနေတာ မဟုတ်လား။

နျဲ့ပုဖန်လည်း တစ်ဖက်က လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး အနီရောင် အသီးများကို ပါးစပ်ထဲသို့ သွင်းလိုက်သည်။

မိန်းမစိုးသည် သမရိုးကျ မဟုတ်သော သူတို့၏ ပရောပရည်ကျသည့် အမူအရာအတွက် အကာကွယ်အဖြစ် သူတို့ နှစ်ဦး၏ ရှေ့တွင် တောင့်တင်းစွာ မတ်တပ်ရပ်နေ၏။

"မင်း နောက်ထပ် လိုချင်သေးလား" ဧကရာဇ်မင်က မေးသည်။

နျဲ့ပုဖန်သည် အသီးကို ဝါးရင်း၊ မူလက သူ မလုပ်ချင်သော်လည်း မိန်းမစိုးက သူ့ကို လူသတ်လိုသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို သတိပြုမိကာ ဝမ်းသာအားရ ခေါင်းညိတ်လိုက်၏။

ထို့နောက် ဧကရာဇ်မင်းသည် သူ့ နှုတ်ခမ်းများကို လက်ချောင်းများဖြင့် ပွတ်သပ်ရန် အခွင့်အရေး ယူကာ နောက်တစ်မျိုးကို ကျွေးလေသည်။

"နန်းတော်ကို ပြန်သွားတဲ့အခါကျရင်လည်း မင်းက ကျန်းကို ဒါမျိုး ပြန်ကျွေးရမယ်''
ဧကရာဇ်မင်က နျဲ့ပုဖန် နှုတ်ခမ်းများကို  သုတ်ပေး ပြီး “ဒါကို သုံးပါ” လို့ တိုးတိုးလေး ပြောလိုက်၏။

နျဲ့ပုဖန်က သူ့အား မျက်လုံးပြူးကြည့်သည်မှအပ အခြား တုံ့ပြန်ခြင်း မရှိပေ။

သနားစရာ ကောင်းသော မိန်းမစိုးသည် စိတ်နှလုံးထဲတွင် ညှိုးငယ်စွာ ဆဲရေးမိလေသည်။
အရှင်မင်းကြီး၊ နေ့ခင်းကြောင်တောင်ကြီးကို လူတိုင်းရဲ့ မျက်လုံး ရှေ့မှာ ကျေးဇူးပြုပြီး အိန္နြေလေးထိန်းပါဦး။

ဤအခိုက်အတန့်တွင် ဗုံကြီးသည် အဝေးမှတီးခတ်လာ၍ ငှက်များကိုပင် လန့်ဖျပ်သွားစေသည်။  ဖျော်ဖြေပွဲ စတင်တော့မည်ကို လူတိုင်း သိလိုက်ကြပြီး၊ သူတို့၏ အာရုံစူးစိုက်မှုသည် အမဲလိုက်ကွင်း၏ အဝင်ဝသို့ ပြောင်းသွား၏။ သည်အချိန်မှာ တစ်စုံတစ်ယောက်က ကောင်းကင်ကို မော့ကြည့်လိုက်ရင် ကြောက်စရာကောင်းတဲ့ ငှက်အုပ်စုလေထဲမှာ ပျံလာကြပြီး ထိုပျံနေတဲ့အထဲမှာ ကြက်အနည်းငယ် ရောယှက်နေတာကို တွေ့ကြလိမ့်မည်။ ရောင်စုံ အမွေးအတောင်များဖြင့် ကြက်တစ်ကောင်သည် အလွန် ထူးဆန်းစွာ အော်ဟစ်လိုက်လေသည်။ ယခုအချိန်တွင်  "ဆောင်းဦးရာသီ ခြောက်သွေနေပြီ၊ ဖယောင်းတိုင်မီးကို သတိထားပါ" ...

"အရှင်မင်းကြီး၊ အားလုံး အဆင်သင့်ဖြစ်ပါပြီ"

"အင်း၊ ဒါဆို စလိုက်ရအောင်"

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now