Chapter 45

2.6K 300 1
                                    

Chapter-45
ဆန်းကြယ်သောရတနာရှာပုံတော် (၂)
.........................

စုချန်းယီသည် ကြောက်ဖို့ကောင်းအောင် ပြုံးကာ နျဲ့ပုဖန် ဘက်သို့ လှည့်ကြည့်လာ၏။

''နျဲ့ပုဖန်၊ ငါ မင်းကို ထထိုးမိရင် စိတ်ဆိုးမှာလား။ ငါ မင်းကို ထိုးချင်တဲ့စိတ် မနည်းထိန်းထားရတယ်''

''ငါ့ကို ထိုးမယ်၊ ဟုတ်လား။ ဒါဆိုရင်တော့ အကြီးကြီး စိတ်ဆိုးရမှာပေါ့''

နျဲ့ပုဖန်သည် ရင်ဘတ်ကို လက်ဖြင့်ကာရင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။

ငါက သူ့ကို ထိုးမယ်ပြောတာ သည်ငကြောင်က ဘာလို့ ရင်ဘတ်ကို လက်နဲ့ ကာတာလဲဟု တွေးကာ စုချန်းယီ ပို၍ အောင့်သက်သက် ဖြစ်သွား၏။

''ဒါဖြင့် မင်းရဲ့ ကြက်တွေကို မင်း ထိန်းရင်ထိန်း၊နောက်ထပ် ရတနာတွေ ထိခိုက်လို့ကတော့အကုန်လုံး ချက်စားပစ်မယ်၊ ငါ့ အဆိုးမဆိုနဲ့''

သို့သော် စုချန်းယီ၏ စကားပင် မဆုံးလိုက်သေးပဲ၊ 'ခလွမ်း' ကနဲဟု ကျကွဲသံတစ်ခုက ထွက်လာလေသည်။
ဤသည်မှာ အဖိုးတန် ရှေးဟောင်းကြွေအိုးတစ်ခုကျကွဲသွားခြင်းဖြစ်ပြီး ကြက်တို့သည်ထူးဆန်းသော အသံများဖြင့် ပမာမခန့် တွန်ကြူးကြသည်။
ထို့ကြောင့် စုချန်းယီ၏ အမှုန့်ကြိတ် သတ်ချင်နေသော မျက်ထောင့်နီကြီးသည် နျဲ့ပုဖန်ထံ တစ်ဖန်လှည့်လာပြန်၏။

''မင်း၊ မင်း ကြက်တွေကို ခေါ်ပြီး ဒီထဲက အမြန်ဆုံးထွက်သွားလိုက်တော့''

စုချန်းယီသည် တစ်ဖက်ရှိ ဂူပေါက်ဝကို လက်ညိုးထိုးကာ နျဲ့ပုဖန်တို့အား နှင်ထုတ်လိုက်၏။

''အင်း''
နျဲ့ပုဖန်လည်း ဘာမှ စောဒကတတ်ပဲ သူ့ကြက်များကို ချော့မော့ပြောဆိုကာ ထွက်သွားဖို့လုပ်၏။
ကြက်များမှာလည်း ဘာမှ ဂလန်ဂဆန် လုပ်ခြင်းမရှိပဲ စကားနားထောင်၍ ညီညီညာညာ ထွက်သွားကြသည်။

၎င်း မကောင်းဆိုးရွား ကြက်များမှာ ဤမျှ လိမ္မာနေသည့်အတွက် တစ်ခုခု ထူးဆန်းနေသည်ဟု စုချန်းယီ သံသယ ဖြစ်မိသည်။

ထိုစဥ်မှာပင် နျဲ့ပုဖန်တို့ ထွက်သွားရာ ဂူပေါက်ရှိကျောက်တံခါးကြီးမှာ 'ဂျလိမ်း' ကနဲ မြည်ကာ ပိတ်ကျသွားတော့သည်။
ဤသို့ဖြင့် စုချန်းယီသည် ဂူထဲတွင် တစ်ယောက်တည်း ပိတ်မိသွားလေ၏။

စုချန်းယီလည်း လန့်ကာ ကျောက်တံခါးဆီ ပြေးသွားခဲ့သည်။

''ဘယ်လိုဖြစ်တာလဲ''

''တောင်းပန်ပါတယ် အစ်ကိုစု၊ ငါ ခုနက ခလုတ်တစ်ခုကို မတော်တဆ ဖိမိလိုက်တာ၊ တံခါးက အဲ့လို ပိတ်သွားတယ်''
တစ်ဖက်မှ နျဲ့ပုဖန်၏ အသံထွက်လာသည်။

''ဒါဆိုလည်း အဲ့ခလုတ်ကို ပြန်ရှာပြီး တံခါးပြန်ဖွင့်ပေးစမ်း''

စုချန်းယီ ပိတ်မိနေသော လှိုဏ်ခေါင်းသည် အလင်းရောင် မှိန်ပြပြသာရှိပြီး ဂူနံရံ၌ ကျောက်ရိုင်းအချို့က ပြိုးပြိုးပျက်ပျက် တောက်ပနေသည်ကလွဲလျှင် ၎င်းနေရာသည် လေဝင်လေထွက်လည်း မရှိတော့သောကြောင့် ဖုန်မှုန့်များထူထပ်ကာ အသက်ရှုရခက်စေသည်။

''ခဏစောင့်ပါ။ ငါ ဖွင့်ဖို့ ကြိုးစားနေတယ်''

နျဲ့ပုဖန်သည် ထိုသို့ပြောပြီး ကျောက်ပြားတံခါးကို မှီထိုင်ကာ ပါလာသော ကြက်ဥပြုတ်တစ်လုံးကိုအခွံခွာ၍ စားနေလိုက်သည်။
စုချန်းယီကတော့ အပြင်က ဂျိုးဂျိုးဂျွတ်ဂျွတ်အသံများကြောင့် နျဲ့ပုဖန် တံခါးဖွင့်ဖို့ လုပ်နေတယ်ဟုထင်ကာ စိတ်ရှည်ရှည်ဖြင့် စောင့်နေ၏။
သို့သော် အတန်ကြာသည့်တိုင် တံခါးသည် ဘာမှထူးခြားမလာသောကြောင့် စုချန်းယီ မစောင့်နိုင်တော့ပဲ မေးလိုက်သည်။

''ဘယ်လိုလဲ။ ဖွင့်လို့ အဆင်ပြေလား''

''ရတော့မယ်။ ခဏလောက် သည်းခံပြီး စောင့်ပါဦး''

နျဲ့ပုဖန်သည် ပါးစပ်ထဲမှ ကြက်ဥကို မျိုချရင်းပလုပ်ပလောင်းဖြင့် ဖြေလိုက်သည်။ ထို့အတူ တံခါးကိုလည်း အသံထွက်အောင် ခေါက်နေလိုက်သည်။

''မင်းတို့ အဲ့ဘက်မှာ အခြေအနေ ဘယ်လိုရှိလဲ''

တစ်ဖက်နံရံမှ လီဟိုက်၏ လှမ်းမေးသံထွက်လာ၏။

''အင်း. .အကုန် အဆင်ပြေတယ်''

နျဲ့ပုဖန်သည် ကြက်ဥများ မသီးအောင် ပါလာသောရေဘူးကို ခါးမှ ဖြုတ်၍ တစ်ငုံသောက်လိုက်သည်။

''နျဲ့ပုဖန်၊ မင်း ဖွင့်လို့ မရသေးဘူးလား''
အထဲက စုချန်းယီမှာလည်း စိတ်မရှည်တော့ပဲအတော်လေး သည်းမခံနိုင် ဖြစ်နေချေပြီ။

''မလောပါနဲ့၊ ငါ ကြိုးစားနေပါတယ်''

''မြန်မြန်လုပ်ကွာ''

''အေး၊ ငါလည်း ဒီမှာ လက်ကိုင်ကို လှည့်ဖို့ ကြိုးစားနေတာပဲ။ ဒါပေမယ့် လှည့်မရဘူး ဖြစ်နေတယ်''

''မင်း သေသေချာချာ မလှည့်ကြည့်လို့ နေမှာပေါ့''
စုချန်းယီ စိတ်မရှည်စွာ အော်ပြောသည်။

''ထူးဆန်းတယ်။ ငါလည်း အားကုန်သုံးပြီး လှည့်နေပေမယ့် ဘယ်လိုမှမရဘူး''

''မင်းက အားမရှိတဲ့ ငပျော့ပဲ''

''အေးပါ၊ ငါရထပ်ကြိုးစားကြည့်မယ်။ အား ...''

''ဘာဖြစ်တာလဲ''

''လက်ချော်သွားလို့ပါ''

''မချော်အောင်် လုပ်လေကွာ''
စုချန်းယီမှာ အသက်ရှု အတော်လေးကျပ်ပြီး နေရခက်နေချေပြီ။

''မင်းက လောနေတာကိုး၊ ငါလည်း အမြန်လုပ်ရတော့ ချောတာပေါ့''

''ဖွင့်မှသာ ဖွင့်စမ်းပါ''

''လုပ်နေတယ်...အမ်း...ဟမ်း ဟမ်း၊ အရမ်းကျပ်တယ်.. အား နာတယ်...''

နျဲ့ပုဖန်၏ မဖွယ်မရာဆန်သော အော်သံသည် လှိုဏ်ဂူ နံရံများတစ်လျောက် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာလေသည်။

''မင်း အသံ ပိတ်စမ်း။ မင်း ယောကျ်ား မဟုတ်ဘူးလား''
စုချန်းယီက အံကြိတ်ကာ ဟောက်လိုက်၏။

''ဟမ်း...''
ထိုအခါမှ နျဲ့ပုဖန် အသံလျော့သွားသည်။

''မင်းတို့ ဘာတွေ လုပ်နေကြတာလဲ''

၎င်း ထူးဆန်းသော အသံကြောင့် တစ်ဖက်မှ လီဟိုက် ထပ်မေးလာသည်။

''နျဲ့ပုဖန်၊ မင်း မဖွယ်မရာတွေ မလုပ်နေနဲ့''
လီယီကလည်း အသံမြင့်မြင့်ဖြင့် ဟောက်ဟမ်းလိုက်၏။

ဝမ်ရှင်းချန်ကတော့ ရောက်ရာအရပ်ကနေချက်ချင်းပျောက်ကာ အသံလာရာ နောက်ကို လိုက်ရန် ထွက်သွားသည်။
နျဲ့ပုဖန်၏ အဖွယ်မရာ အသံများကြောင့် လီယီနှင့်ဝမ်ရှင်းချန်တို့မှာ သွေးများ ဆူပွက်ကာ ဂဏာမငြိမ်ဖြစ်သွားကြသည်။ ၎င်းတို့မှာ စိတ်မငြိမ်နိုင်ပဲ သည်ကိစ္စကြီး မြန်မြန်ပြီးကာ နျဲ့ပုဖန်နှင့် အတူတူနေရဖို့ကြိတ် ဆုတောင်းနေကြသည်။

သို့ရာတွင် ၎င်းတို့ ပြောဆိုနေကြသော အသံများကိုနားထောင်ကြည့်မည်ဆိုပါကာ နျဲ့ပုဖန်သည်အထက်ပုဂ္ဂိုလ် ဖြစ်နေပြီး၊ စုချန်းယီက သူ့ကို လုပ်ဖို့ခွင့်ပြုထားကာ အဆင်မပြေ၍ ကြိတ်မနိုင် ခဲမရဖြစ်နေဟန်နှင့် တူသည်။

စုချန်းယီလည်း တခြားသူများ အထင်လွဲသွားသည်ကို သတိထားမိမိချင်း၊ မျက်နှာကြီး နီရဲကာ အသက်ရှုတွေ မြန်လာပြီး ဘာမှ ဆက်,ရန်မတွေ့တော့ပဲ တံခါးကိုသာ ဆက်တိုက် ထုနေလိုက်သည်။

နျဲ့ပုဖန်ကတော့ တစ်ဖက်တွင် ကိုယ်ကာယ လေ့ကျင့်ခန်းအချို့ ပြုလုပ်ရင်း ထူးဆန်းသော အသံများဆက်လုပ်နေသည်။
တအောင့်ကြာပြီး နောက်မှာတော့ တော်လောက်ပြီဟု နျဲ့ပုဖန် တွေးမိကာ တံခါးကို ဖွင့်ပေးရန် ဆုံးဖြတ်လိုက်၏။

သို့သော် သူ နောက်မလှည့်ခင်မှာပဲ တံခါးပွင့်လာသံကို ကြားလိုက်ရသည်။
ထိုအထဲမှာ ဖုန်မှုန့် အလိပ်လိုက်နှင့်အတူ စုချန်းယီသည် သုန်မှုန်နေသော မျက်နှာဖြင့် ထွက်လာ၏။ ၎င်း၏ သုန်မှုန်နေသော မျက်နှာသည် ကြက်ဥပြုတ်အခွံများကို မြင်လိုက်ရသောအခါ၌ ရုတ်တရက်ဒေါသများ လှိမ့်တက်လာလေသည်။
စုချန်းယီသည် မြင့်မြတ်သော တော်ဝင်မင်းသားတစ်ပါးဖြစ်သည့်အလျောက် ၎င်းကို မည်သူမျှဤသို့ မစော်ကားဝင့်ပေ။

''ဟမ်...ထွက်လာပြီလား''
နျဲ့ပုဖန်သည် ပြုံးစိစိဖြင့် မေးလိုက်၏။

''မင်းပြောတော့ တံခါးကိုဖွင့်ဖို့ ကြိုးစားနေတယ်ဆို"
စုချန်းယီသည် လူသတ်ချင်နေသော အကြည့်ဖြင့် နျဲ့ပုဖန်အနားသို့ တစ်လှမ်းချင်း ချဥ်းကပ်လာ၏။

''ဟုတ်တယ်။ မင်း ထွက်လာတော့ ငါ နောက်ဆုတ်လိုက်တာ''
နျဲ့ပုဖန်သည် မျက်ခုံးတစ်ဖက်ပင့်ကာ ဗြောင်လိမ်သည်။
''ဒါနဲ့ ဘယ်လိုလုပ် ထွက်လာတာလဲ''

''အထဲမှာ တံခါးဖွင့်လို့ရတဲ့ လက်ကိုင်ဖုတစ်ခု ရှိနေတယ်လေ''

စုချန်းယီသည် ကျောက်နံရံကို လက်တစ်ဖက်ဖြင့်ထောက်ကာ နျဲ့ပုဖန်အား သူ့လက်နှင့် နံရံကြားတွင်ညှပ်ထားလိုက်၏။

''ငါ့ကို မင်း ဘယ်လိုဆင်ခြေပေးမှာလဲ။ တံခါးဖွင့်နေတုန်း ချော်သွားလို့ဆိုတဲ့ကောင်က ကြက်ဥပြုတ်ထိုင်စားနေရသလား''

''ဟုတ်တယ်။ ငါ အားသိပ်မရှိလို့ ကြက်ဥပြုတ်တစ်လုံး စားလိုက်တာ။ ဒါမှ အားတွေရှိပြီး မြန်မြန် ဖွင့်ပေးလို့ရမှာမလား''

နျဲ့ပုဖန်က မျက်နှာပြောင်တိုက်ကာ ပြောင်လိမ်သည်။

''ဟုတ်လို့လား''
စုချန်းယီက နှာမှုတ်သလို အသံဖြင့် ကပ်ပြောသည်။
''မင်း ကြည့်ရတာ ငါ့ကို အခုလိုလုပ်ရတဲ့အတွက်ပျော်နေသလိုပဲ''

''ဟ၊ ငါ့ အသံက ပျော်တဲ့ပုံ ပေါက်နေလို့လား''

ဤတွင် စုချန်းယီသည် လက်တစ်ဖက်ဖြင့် နျဲ့ပုဖန်းမေးစေ့ကို ပင့်ကာ နားအနားသို့ ကပ်ပြောလိုက်သည်။

''မင်း ပျော်နေတဲ့ အသံလေးက ဘယ်လိုဖြစ်မလဲနားထောင်ကြည့်ရမလား''

စုချန်းယီသည် ပြောပြောဆိုဆိုဖြင့် နျဲ့ပုဖန် ပေါင်ကြားမှ အရာကို ကိုင်လိုက်သည်။

''အား...ဒါ ဘာလုပ်တာလဲ...''

''မင်းရဲ့ အသံလေး ကြားချင်လို့လေ''

စုချန်းယီက လေသံလေးဖြင့် ကပ်ပြောကာ လက်ကလည်း အချက်မှန်မှန် ပွတ်သပ်ပေးနေသည်။
နျဲ့ပုဖန် အင်အားသုံးကာ ရုန်းဖို့ကြိုးစားပေမယ့် နံရံတွင် ပိုမိုဖိကပ်ခြင်း ခံလိုက်ရသည်။ နှိုးစွမှုကိုလည်း အဆက်မပြတ် ခံစားနေရသည်။

''အစ်ကိုစု၊ ဒါ မလုပ်သင့်ပါဘူး...ဒီနေရာမှာ စောင့်ကြည့်နေကြတဲ့ မျက်လုံးတွေ အများကြီးရှိတယ်''

''ဟုတ်လား''
စုချန်းယီသည် ဘေးပတ်လည်ရှိ ကြက်များကို စူးစူးရှရှ တစ်ချက်ဝှေ့ကြည့်ကာ ပွတ်တိုက်မှုကိုဆက်လုပ်နေခဲ့သည်။

နျဲ့ပုဖန်သည် ပွတ်တိုက်နေသော လက်အား ဖမ်းဆုပ်ထားလိုက်ပြီး တားကြည့်သည်။
''အစ်ကိုစု၊ ဒီလို ဆက်လုပ်နေမယ်ဆိုရင် ကျွန်တော့်အဆိုးမဆိုနဲ့''

''စမ်းကြည့်လိုက်လေ''
ယခုအချိန်တွင် စုချန်းယီသည် သူ၏ စည်းများကိုအလုံးစုံ ချိုးဖောက်ခဲ့ပြီဖြစ်သည်။ သူသည်မင်းသားတစ်ပါးတွင် ရှိသင့်သော ဂုဏ်သိက္ခာများအားလုံးကို လွင့်ပစ်လိုက်ချေပြီ။

''ဟမ်း...မှားမယ်နော်''
နျဲ့ပုဖန်သည် ရုန်းကန်ကာ လွတ်မြောက်ဖို့ ကြိုးစားပေမယ့်လည်း သူသည် အချက်အချာ နေရာကိုဆုပ်ကိုင်ခံထားရသည် ဖြစ်၍ ကိုယ့်ကိုယ်ကို ပိုနာကျင်စေသည်။
သာယာမှုနှင့် နာကျင်မှု ရောထွေးသော ခံစားချက်များက နျဲ့ပုဖန်တွင် လှိမ့်တက်လာ၏။

''ဒီအရှင်က မင်းကို ဒီနေ့အဖို့ ကောင်းတဲ့ခံစားချက်တွေ ဖန်တီးပေးမယ်''

ထိုသို့ဆိုကာ စုချန်းယီသည် ဘောင်းဘီကိုချွတ်၍ အထဲမှ အရာကို ထုတ်ကာ နျဲ့ပုဖန်အား ထိုးဖောက်ရန် ကြိုးစားသည်။

''ဟမ်း...အမ်း...''
နျဲ့ပုဖန်မှာ တိုးဝင်လာသော ဒဏ်ကြောင့် မျက်လုံးများ ပြာတတ်သွားရသည်။

''အစ်ကိုစု၊ ခင်ဗျားရဲ့လှုပ်ရှားမှုတွေက အရမ်းကျွမ်းကျင်တယ်။ ဒါမျိုးတွေ လုပ်နေကျလား...အား''

ထိုစကားကို ကြားသောအခါ စုချန်းယီ စိတ်မထိန်းနိုင်တော့ပဲ ၎င်း၏ အရာကို တဆုံးဆောင့်ထည့်လိုက်သည်။

''စိတ်မဆိုး ... မလောပါနဲ့''
နျဲ့ပုဖန်လည်း ခြေထောက်တစ်ဖက် မြောက်ကာအလိုက်သင့် အနေအထား ဖြစ်သွားသည်။

''အစ်ကိုစု၊ အခုလုပ်နေတာတွေက တော်ဝင်မျိုးနွယ်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ သိရဲ့လား''

စုချန်းယီ မျက်နှာရှုံ့မဲ့သွား၏။

''ဒါပေမယ့် တကယ်တမ်းတော့ မင်းသားတစ်ပါးဖြစ်နေရတာ စည်းတွေ စောင့်ထိန်းရင်း အထီးကျန်တယ် မဟုတ်လား''

နျဲ့ပုဖန်သည် လက်များကို စုချန်းယီ ပုခုံးထက် ဖက်တွယ်လိုက်၏။

''ဒီတစ်ကြိမ်တော့ အစ်ကိုစုကို ပျော်ပါးခွင့်ပေးလိုက်မယ်၊ နောက်ဆို ဒီလိုလုပ်ရတဲ့ကိစ္စကို စွဲလမ်းသွားလိမ့်မယ်''

နျဲ့ပုဖန်သည် မျက်လုံးများ မှိတ်ကာ သာယာမှုကိုအလိုက်သင့် ခံစားရန် ပြင်ဆင်ထားလိုက်၏။
သူ ဒါတွေ လုပ်ရတာ မုန်းတယ်ဆိုပေမယ့် မငြင်းဆန်နိုင်တာကိုတော့ ဘယ်တတ်နိုင်ပါ့မလဲ။

စုချန်းယီလည်း ခံစားချက်တွေ ကောင်းလာတာနဲ့အမျှ အစောတလျင် ပြုမူလာကာ စိတ်မထိန်းနိုင်ပဲနျဲ့ပုဖန်း နှုတ်ခမ်းတွေကို ငုံ့ကာ ကိုက်လိုက်၏။

''အား''
နျဲ့ပုဖန်မှာ နာကျင်မှုကြောင့် ပါးစပ်ဟကာ အော်လိုက်မိသည်။ ဤသည်ကို အခွင့်ကောင်းယူကာ စုချန်းယီသည် နျဲ့ပုဖန် ခံတွင်းအတွင်းသို့ ချယ်လှယ်ဝင်ရောက်လိုက်လေသည်။
တစ်ချိန်တည်းမှာ လက်တွေကလည်း မအားလပ်နိုင်ရှာပဲ နျဲ့ပုဖန်၏ အဝတ်များကို ချွတ်ရင်းခန္ဓာကိုယ်အား ပွတ်သပ်ရင်း အလုပ်များနေခဲ့သည်။
၎င်းတို့၏ အသက်ရှုသံတို့မှာလည်း တစတစမြန်ဆန်ကာ ရောပြွန်း ရှုပ်ထွေးလာခဲ့သည်။
အဝတ်များလည်း ကျွတ်ကာ ဝတ်လစ်စလစ် ဖြစ်နေကြချေပြီ။
သူတစ်ပါး အပေါ်လှည့်စားတတ်သော၊ အကောက်ကြံတတ်သော အနှီ နျဲ့ပုဖန်အား စုချန်းယီ စိတ်ရှိတိုင်း ပညာပြ ဆုံးမနေခဲ့သည်။

သံချောင်းကဲ့သို့ မာကျောသောအရာ၏ ကောင်းမွန်သော အသွင်းအထုတ်ကြောင့် နျဲ့ပုဖန်မှာ ခံနိုင်ရည်မရှိပဲ စုချန်းယီ၏ ကျောပြင်ကိုလက်သည်းများဖြင့် ထိုးစိုက် ကုပ်ခြစ်ထားသည်။ ခန္ဓာကိုယ်လေးမှာလည်း တဆက်ဆက် တုန်ခါလျှက်ရှိပြီး ခြေချောင်းများလည်း ကွေးကုပ်နေသည်။

ဤမြင်ကွင်းကြောင့် စုချန်းယီ ကျေနပ်စွာ ပြုံးမိသည်။
ထို့အပြင်နျဲ့ပုဖန်၏ နီရဲရဲ ပါးပြင်နှင့် ရီဝေဝေမျက်လုံးများကြောင့် စုချန်းယီ ပိုမို စိတ်ပြင်းပြကာ အရှိန်ပိုမြင့်လိုက်သည်။

သို့ဖြစ်၍ နျဲ့ပုဖန်၏ အတွင်းပိုင်း၌ အဓိကအချက်အချာ နေရာလေးကို ထိုးထိမိကာ နျဲ့ပုဖန်မှာ တစ်ကိုယ်လုံး ဓာတ်လိုက်သကဲ့သို့ ခံစားရကာကျင်တတ်သွားတော့သည်။
တင်ပါးလေး မြောက်ကာ ကျောက နံရံကို ကပ်လျှက် ကော့တတ်သွားသည်။

သူ အသိစိတ် ပြန်ကပ်လာချိန်၌ စုချန်းယီနှင့် ကစားမိနေတာကို သိပြီး တုန်လှုပ်သွားခဲ့သည်။
ထို့ကြောင့် နျဲ့ပုဖန်သည် နောက်ဘက်ရှိ နံရံကိုခြေထောက်များ၊ လက်များဖြင့် အားပြုကာ မျောက်ကဲ့သို့ ကုတ်ကွယ်တတ်လိုက်၍ စုချန်းယီ၏ အရာဖြင့် ဝေးသတက်ဝေးအောင် ကြိုးစားသည်။

''မင်း ဘာလုပ်နေတာလဲ''

စုချန်းယီသည် နျဲ့ပုဖန်အား ဆွဲကာ အထဲ ထပ်ထည့်ဖို့လုပ်သည်။

''ငါ့ရဲ့နောက်ဆုံးခံစစ်ကို ထိန်းသိမ်းဖို့ ကြိုးစားနေတာလေ''

နျဲ့ပုဖန်၏ မျက်နှာပေါ်မှ နီရဲသော အရောင်များမှေးမှိန်ကာ ရီဝေဝေ မျက်လုံးများလည်း ကြည်လင်လာသည်။

''ဒီအချိန်မှာတောင် မင်းက ထွက်ပြေးချင်နေသေးတာလား''

စုချန်းယီသည် နျဲ့ပုဖန်ကို ပြန်ဆွဲချကာ မီးတောက်မတတ် စိုက်ကြည့်နေသည်။

နျဲ့ပုဖန်က ပြန်ရုန်းကာ ငြင်းဆန်သည်။

''အစ်ကိုစု၊ ငါ လူတွေ အများကြီးနဲ့ အိပ်ခဲ့ဖူးတယ်ဆိုပေမယ့်၊ ငါ့မှာလည်း ကိုယ့်ဆန္ဒနဲ့ ကိုယ့်ရွေးချယ်မှုနဲ့ ရှိပါသေးတယ်''

''လူတွေ အများကြီးနဲ့ အိပ်တယ်၊ ဟုတ်လား''

စုချန်းယီ၏ မျက်နှာသည် ချက်ချင်း မှောက်ကုတ် ခက်ထန်သွား၏။

''မင်းက အများကြီး ခံဖူးကြောင်း လာကြွားနေတာလား။ ပြောပါဦး၊ ဘာတွေ ရွေးချယ်တာလဲ''

''အာ...အစ်ကိုစု၊ မင်းရဲ့ အဆင့်အတန်း ဂုဏ်သိက္ခာ၊ မင်းရဲ့ ရုပ်ဆင်း အသွင်အပြင်တွေက ငါနဲ့ မတန်ပါဘူး''

''ကဲ၊ ငါ အရှင်ရဲ့ အသွင်ပြင်က ဘာဖြစ်နေလို့တုန်း''

''စွဲမက်ဖွယ် ကောင်းလွန်းတယ်၊ သိမ်မွေ့ပြီး ဂုဏ်အိန္နြေ ကြီးမားတယ်။ ဒါပေမယ့် အစ်ကိုစုရဲ့အရွယ်အစားက စံအရွယ်အစား မဟုတ်ဘူး...''

စုချန်းယီသည် မျက်နှာကြီး ချက်ချင်း နီမြန်းကာ ပထမဆုံးအကြိမ်အဖြစ် လူတစ်ယောက်ကိုလည်ပင်း ညစ်သတ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာ၏။

ရာရာစစ တော်ဝင်မင်းသားတစ်ပါးရဲ့ ဖွားဖက်တော်ကို သေးတယ်လို့ ပြောဝံ့တာလား ...

စုချန်းယီ၏ မျက်လုံးများသည် မီးဝင်းဝင်းတောက်လျှက်ရှိကာ ကြင်နာမှုကင်းမဲ့စွာဖြင့် နျဲ့ပုဖန်အား ခါးမှ အတင်းအကြပ် ဖက်ကာ ၎င်း၏ အရာကို နျဲ့ပုဖန်အတွင်းထဲသို့ ကြမ်းကြမ်း ထိုးသွင်းလိုက်တော့သည်။

''ဘာလုပ်တာလဲ..."

ဤသို့ဖြင့် အော်သံများသည် လှိုဏ်ဂူတစ်လျောက် ပဲ့တင် ထပ်နေလေတော့သည်။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now