Chapter-9
အစီအစဥ်တကျ
........................"ဩဂုတ်လဆောင်းဦးရာသီ၊ တွန်လဲမြည်ဟီး တိုက်ခတ်နေသော မြောက်ပြန်လေဟာ တဲအိမ်ကလေးရဲ့ သက်ကယ်အမိုးကို စုတ်ဖြဲပစ်လိုက်တယ်။ အထည်စောင်ဟာလည်း သံကဲ့သို့အေးစက်နေတာ နှစ်ကာလပေါင်းများစွာကြာခဲ့ပါပြီ။ ပက်ကြားအက်လုလု မြေကြီးပေါ်မှာတော့ ကွေးကွေးလေးလှဲနေတဲ့ ကျောက်အာဆိုသောလူတစ်ဦးရှိတယ်။ အိမ်ခေါင်မိုးက ဆီးနှင်းများ ယိုကျနေပြီး သူ့ခြေထောက်တွေဟာလည်း မလှုပ်နိုင်အောင်အေးခဲနေပြီ''
နံနက်စောစောစီးစီးတွင် အိမ်အပြင်ဘက်မှ အော်ကြီးဟစ်ကျယ်ဖြင့် စာဖတ်နေသော နျဲ့ပုဖန် ၏ အသံကိုလီယီကြားလိုက်ရ၏။ သူသည် မနေ့ညက နျဲ့ပုဖန် ကို နည်းနည်းလန့်သွား၍ ကောင်းကောင်းမအိပ်နိုင်ခဲ့ပါ။
ထိုလူကတော့ ဘာမှမဖြစ်သလို နေနေနိုင်သည်။''စိုစွတ်၍ ချမ်းအေးလှတဲ့ ဆောင်းညဟာ အဘယ့်ကြောင့်များ အိပ်မရလောက်အောင် ဤမျှသွေးပျက်ဖွယ်ကောင်းရပါသနည်း။
လူထောင်ပေါင်းများစွာတို့ဟာ နွေးထွေးစွာအိပ်စက်နေနိုင်ပါလျှက်နှင့် ...
လောကကြီးဟာ ပျော်ရွှင်ဖွယ်ရာတွေ ပြည့်နှက်နေပါလျှက်နှင့် ...
ဆီးနှင်းနဲ့ ဥတုသုံးပါးသည်လည်း ကျောက်တောင်ပမာမပြောင်းမလဲတည်မြဲနေပါလျှက်နှင့် ..."ကောင်းလေစွ၊ ဤလူထူးဆန်းမှာ မထင်မှတ်ရလောက်အောင်လည်း စာပေပါရမီကရှိနေပြန်သည်။ သူ့ကဗျာမှာ သူ့ဟာနှင့်သူတော့ အဓိပ္ပါယ်ရှိလေသည်။
''ဝူးး..ဟူးး..''
နျဲ့ပုဖန် သည် အိမ်ရှေ့တံခါးဝမှာ ခပ်တည်တည်ရပ်သည်။ ထို့နောက် ခံစားချက်အပြည့်ပါသော အမူအရာဖြင့်ပြောလိုက်သည်။''ငါ့အိမ်လေးကိုလည်း ကြည့်ပါဦး၊ ကြည့်လိုက်တာနဲ့ အိမ်လေးက တစ်စစီကျိုးပဲ့ပြီး အေးခဲသေသွားတော့မလို ခံစားနေရတယ်''
လီယီ သည် နျဲ့ပုဖန် ၏ မျက်လုံးအတိုင်းကြည့်လိုက်ရာ အိမ်ခေါင်မိုးမှာ တစ်ဖက်လန်နေသည်ကိုတွေ့လိုက်ရ၏။ မနေ့ညက အတူတူအိပ်ဖို့ အသည်းအသန်ရောက်လာခြင်းမှာ အံ့သြစရာတော့မရှိပေ။
''တုပုန်း ရေ..လာဦးဟ''
သက်သယ်မိုးအိမ်လေးမှာ ဆောင်းလေကြောင့်ယိုင်နဲ့နေလေသည်။
YOU ARE READING
ကြက်သခင် နျဲ့ပုဖန် (Complete ✅)
RandomGong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။