Chapter-8
လစ်ဟာနေခြင်း၊ အထီးကျန်အဖော်မဲ့ခြင်း။
..............ကျန်းကျွင်းရှီ သည် လမ်းပျောက်နေသောသနားစရာ ကလေးတစ်ယောက်နှင့် တူနေသည်။ နျဲ့ပုဖန်တစ်ယောက် မပြောမဆိုနှင့် ပျောက်သွားကတည်းက သူ၏ ပျော်နေသောခံစားချက်လေးမှာ ပျောက်သွားရ၏။
မြို့၏အရှေ့အနောက် တောင်မြောက်နျဲ့ပုဖန်သွားတတ်လောက်မည့် အရပ်တိုင်းမှာလိုက်လံရှာဖွေကြည့်သည်။
နျဲ့ပုဖန်မှာ သည် ပြသနာမရှာပဲ အေးအေးဆေးဆေးနေတတ်သူဆိုတာသိသော်ငြားလည်း မပြောမဆိုပျောက်သွားသည်မှာကြာပြီဖြစ်၍ စိတ်မချဖြစ်နေခြင်းဖြစ်၏။ထို့ကြောင့် ဆက်တိုက် ရှာဖွေနေမိခြင်းဖြစ်ပါသည်။
သူ့ပတ်ဝန်းကျင်၌ ဖြတ်သန်းသွားလာနေကြသောလူသူများထဲတွင် သူ့နှလုံးသားထဲမှတောင်းတနေသော လူ၏အရိပ်အယောင်ကို ရေးရေးလေးမှမတွေ့ရပဲဖြစ်နေသည်။
ကျန်းကျွင်းရှီ သည် ၎င်းလူထူးလူဆန်းအား ထူးထူးခြားခြား ဂရုစိုက်နေမိပြီဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုလက်ခံထား၏။ နောက်ပြန်ရှာတွေ့ပါက ကောင်းကောင်းရိုက်ပစ်လိုက်မည်ဟု ကြိတ်မှတ်ထားသည်။
ကျင်းကျွင်းရှီမှာ လိုက်ရှာရင်း ခြေကုန်လက်ပမ်းကျလာလေသည်။''သူဌေး ဒါဘယ်လိုရောင်းလဲ''
ရုတ်တရက် တရင်းတနှီးရှိနေသောအသံကိုကြားလိုက်ရသဖြင့် ကျန်းကျွင်းရှီ လှည့်ကြည့်လိုက်သည်။
ထိုနေရာတွင် မျက်နှာဖုံးအရောင်းသမားတစ်ယောက်ကို တွေ့လိုက်ရသည်။ ၎င်း၏ဘေး၌ ထူးဆန်းသောမျက်နှာဖုံးကို ကိုင်ထားသည့်လူတစ်ယောက်ရှိနေသည်။ ထိုသူ၏မျက်နှာ၌လည်း မျက်နှာဖုံးတစ်ခုတပ်ထားလျှက်ရှိ၏။ သို့သော် ထိုလူသည် မျက်နှာဖုံးကို ဖြေးဖြေးချင်းချွတ်လိုက်သောအခါ၌ တောက်တောက်ပပပြုံးနေသောမျက်နှာလေးပေါ်လာ၏။ ထိုသူမှာ ကျန်းကျွင်းရှီရှာဖွေနေခဲ့သော နျဲ့ပုဖန်ပင်ဖြစ်သည်။ လူပေါင်းများစွာတို့ကြား၌ရှာဖွေခဲ့ရသော ထိုသူမှာ ယခုတွင်အလင်းရောင်မှိန်မှိန်အောက်၌သူ့အားပြုံးပြလျှက်ရှိနေပါသည်။နျဲ့ပုဖန် လည်း ကျန်းကျွင်းရှီ အားမြင်မြင်ချင်းပင်သူ့လက်တွေကိုမြှောက်ကာအော်လိုက်သည်။
''အစ်ကို ကျန်း၊ ဒီမှာ..ဒီမှာ''
YOU ARE READING
ကြက်သခင် နျဲ့ပုဖန် (Complete ✅)
RandomGong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။