Chapter-31
ခေါက်ဆွဲမလုပ်တော့ပါ
..........................
နျဲ့ပုဖန် နိုးလာသောအခါ လီယီ၏ မကောင်းဆိုးဝါးမျက်နှာကို တစ်ချက်ကြည့်လိုက်၏။
ထို့နောက် သူ အသက်ဝဝရှုလိုက်ပြီး သူ့လက်တွေကို ဖြည်ပေးထားမှန်း သိလိုက်ရသည်။ လက်တွေဖြည်ထားပေမယ့်လည်း သူ့ခန္ဓာကိုယ်သည် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေ၏။
နျဲ့ပုဖန်သည် နာကျင်မှုကို အံကြိတ်အောင့်ခံကာ ထူးထူးဆန်းဆန်း ပုံစံဖြင့် ကုတင်ပေါ်တွင် ပျံ့ကျဲနေသော သူ့အဝတ်တွေကို လီယီ မနိုးအောင် တိုးတိုးတိတ်တိတ်ရှာလိုက်၏။
အပေါ်ဝတ်ရုံကို ပြန်ရုံပြီးနောက် လီယီအား ကျော်ခွ၍ ကုတင်ပေါ်မှ ဆင်းရန် အားထုတ်နေစဥ် သန်မာသော လက်မောင်းတစ်ဖက်က သူ့ခါးကို အားဖြင့်ဆွဲယူလိုက်၏။
လီယီသည် အိပ်ချင်မူးတူးအသံဖြင့် မေးသည်။
''ဘယ်သွားမလို့လဲ''
နျဲ့ပုဖန်သည် လီိယီကို ဘာမှမဖြစ်သလို သာမန်အကြည့်မျိုးဖြင့် လှည့်ကြည့်သည်။
''အိပ်ရာထရတော့မယ်လေ၊ နောက်ကျနေပြီ''
''အိုး...''
လီယီသည် ထထိုင်လိုက်ကာ နျဲ့ပုဖန်အား သူ့ပေါင်ပေါ်သို့ ဆွဲခေါ်လိုက်၏။
''ဒါ ဘယ်နေရာလဲ''
နျဲ့ပုဖန်သည် ရုန်းကန်ခြင်းမပြုပဲ ဘာမှမသိဟန်ဖြင့် မေးသည်။
''လီအိမ်တော် ဆွေမျိုးသားချင်းတွေရဲ့အိမ်ဟောင်းလေ၊ ပုံမှန် သန့်ရှင်းရေးလာလုပ်ပေးတဲ့ အစေခံတွေကလွဲရင် ဘယ်သူမှမနေကြဘူး''
''ဟုတ်လား၊ ဒါဆို ငါတို့က ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ''
လီယီသည် နျဲ့ပုဖန်ကို မေးခွန်းပြန်မထုတ်ခင် နျဲ့ပုဖန်၏ မျက်နှာကို စေ့စေ့ကြည့်လိုက်သည်။
''ဘာဖြစ်တယ်လို့ ထင်လဲ''
နျဲ့ပုဖန်သည် စဥ်းစားနေဟန်ဖြင့် ဘာမှပြန်မဖြေပဲ ဘောင်းဘီကို ဝတ်လိုက်သည်။
ပြီးမှ တွေးစစဖြင့် ပြန်ဖြေသည်။
''ငါမှတ်မိသလောက် ငါပြည့်တန်ဆာအိမ်ကိုသွားတယ်၊ နောက် ကောင်မလေးတွေခေါ်ပြီးဝိုင်သောက်ရင်း စကားပြောကြတယ်၊ နောက်တော့...''
''နောက်တော့ ဘာလဲ''
လီယီသည် မထင်မှတ်ထားသော နျဲ့ပုဖန် စကားကြောင့် မျက်နှာပျက်နေချေပြီ။
''နောက်တော့ ဘယ်လိုဖြစ်သွားလဲ ငါမမှတ်မိတော့ဘူး၊ ငါနိုးလာတော့ ဒီရောက်နေတာပဲလေ''
နျဲ့ပုဖန်သည် သူ့လည်ဂုတ်သူ ပွတ်သပ်ရင်း ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါး ပြောနေသည်။
''ငါ ဘာလို့ အဲ့နောက်ပိုင်းကိစ္စတွေ မမှတ်မိတော့တာလဲ မသိပါဘူးကွာ''
''မင်း ညက ဘာတွေဖြစ်ခဲ့တယ်ဆိုတာ တစ်ခုမှမမှတ်မိတော့ဘူးလို့ ဆိုလိုတာလား''
လီယီသည် အံကြိတ်လျှက် မေး၏။
''အင်းလေ...ငါ အရက်မူးနေလို့ ဘာမှ မမှတ်မိတော့တာနေမယ်၊ ဒါပေမယ့် တစ်ကိုယ်လုံးတော့ နာကျင်ကိုက်ခဲနေတာပဲ''
''......''
''လီယီ၊ မင်းမျက်နှာ ကြည့်ရတာ မသက်မသာနဲ့၊ ဘာဖြစ်နေတာလဲ''
လီယီသည် နျဲ့ပုဖန်၏ လက်ကိုကိုင်ကာ ဝတ်ဖို့ပြင်နေသော နျဲ့ပုဖန်၏ ဘောင်းဘီစကို ဆွဲထားလိုက်၏။
''မင်း အရက်မူးတယ်လို့ ရူးချင်ယောင်ဆောင်လိုက်တာနဲ့ ပြီးမယ် ထင်နေလား''
''ဘာလဲ။ ငါ မဟုတ်တာ တစ်ခုခု လုပ်မိသေးလို့လား''
နျဲ့ပုဖန်က အသံအုပ်အုပ်ဖြင့် ပြန်မေးသည်။
လီယီက မျက်နှာကြီး မှုန်ကုပ်ကာ ဘာမှပြန်မပြောပေ။
''...ဒါဆို မင်းငါ့ကို တစ်ခုခုလုပ်ခဲ့သေးလို့လား''
နျဲ့ပုဖန်သည် လီယီကို ရန်မယ်ရှာချင်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သော်လည်း လီယီ ဆွဲမချွတ်နိုင်အောင် ဘောင်းဘီခါးသာရေကြိုးကိုတော့ တင်းတင်းဆုပ်ထား၏။
''မင်း ငါ့ဘောင်းဘီကို လွှတ်ပေးပါလား''
လီယီက ငြိမ်နေသည့်အတွက် နျဲ့ပုဖန် မေးလိုက်သည်။
''မလွှတ်ဘူး''
''အခုက နွေဦးဆိုပေမယ့် ဒီရက်ပိုင်းတွေ နံနက်ခင်းဆို အအေးဓာတ် မပျယ်သေးဘူးလေ''
''မင်း မမှတ်မိသေးဘူးလား၊ ဒီဟာလေ''
လီယီသည် ပြောပြောဆိုဆိုဖြင့် နျဲ့ပုဖန်၏ ပေါင်ကြားထဲမှ အရာကို လှမ်း၍ ဆုပ်ကိုင်လိုက်၏။
''ဘာလဲ။ ငါ့မှာ အဲ့လိုအကျင့်မရှိဘူးလေကွာ''
နျဲ့ပုဖန် ပြာပြာသလဲ ငြင်းဆို၏။
သို့သော် လီယီသည် နျဲ့ပုဖန် နားရွက်နား ကပ်ကာ ''ငါ့ကတော့ရှိတယ်လေကွ'' ဟုပြောလိုက်၏။
နျဲ့ပုဖန်သည် မရုန်းပဲ လီယီကို အလိုက်သင့်မှီလိုက်၏။
''လီယီ၊ ငါ ခေါင်းတွေလည်းကိုက်လာတယ်။ နေမကောင်းဖြစ်ပြီလား မသိဘူး''
လီယီ၏ နျဲ့ပုဖန် ပေါင်ကြားထဲမှ အရာကို ထိတွေ့နေသောလက်မှာ နဖူးကို အဖျားစမ်းပေးရန် အသင့်ဖြစ်နေ၏။
နျဲ့ပုဖန်သည် ခေါင်းကိုထိရန်လာသော လီယီ၏ လက်ကို တားလိုက်သည်။
''လီယီ၊ ကိစ္စကအသေးအဖွဲလေးဆိုပေမယ့် မသန့်ရှင်းတဲ့ လက်နဲ့ ငါ့ကိုထိတာ မကြိုက်ဘူးကွ''
''.........''
ကြက်သိုက်ထဲနေ,နေတဲ့လူက လီယီကို မသန့်ရှင်းဘူးဟု ပြောနေသည်။
ဤသို့ လီယီ တွေဝေသွားသည်ကို အခွင့်ကောင်းယူကာ နျဲ့ပုဖန်သည် သူ၏ ခါးစည်းကြိုး မစည်းရသေးသော ဘောင်းဘီအား သတိထား၍ ဘောင်းဘီအား မ,ကာ လီယီ လက်ထဲမှ ခုန်ထွက်လိုက်သည်။
ထို့နောက် နျဲ့ပုဖန်သည် ကုတင် ထောင့်စွန်းတွင် ထိုင်လိုက်၏။ သူ့အောက်ပိုင်းသည် ကုတင်နှင့် ထိသောအခါ နာကျင်စွာ ခံစားရလေသည်။ သို့ပေမယ့် လီယီကို ဘာမှမပြောလို၍ လီယီ မရိပ်မိအောင် ကြိတ်ခံနေလိုက်၏။
သို့သော် နာကျင်မှုကြောင့် လီယီကို စိတ်ထဲမှာ အလွန်ဒေါသထွက်နေခဲ့သည်။ တကယ်ဆိုရင် ရူးရူးမိုက်မိုက်တွေလုပ်ပြီး လီယီကို သူလုပ်ခဲ့တဲ့အပြစ်အတွက် နာကျင်ခံစားရအောင် ပြန်လက်တုန့်ပြန်ချင်သည်။ နျဲ့ပုဖန်မှာ စိတ်တွေ ရှုပ်ထွေးနေရသည်။ စိတ်ရှုပ်မှုကြောင့် မျက်နှာသည်လည်း ရှုံ့သွားလိုက်၊ မဲ့သွားလိုက် ရုပ်ပျက်သွားလိုက်ဖြင့် အမျိုးမျိုး ဖြစ်နေ၏။
''မင်း ဘာတွေတွေးနေတာလဲ''
လီယီက နျဲ့ပုဖန် မျက်နှာ မကြည်မသာဖြစ်နေသည်ကို မြင်သောအခါ မေးလိုက်သည်။ သူ နျဲ့ပုဖန်ကိုစိတ်ကျေနပ်အောင် လုပ်ပေးချင်သည်ပင်။
နျဲ့ပုဖန်သည် ကိုယ့်မျက်နှာကို ကိုယ်ပွတ်သပ်ကာ စိတ်လျော့၍ ဘာမှမဖြစ်သလို ဟန်ဆောင်နေသည်။
''ဘာမှမဖြစ်ပါဘူး။ ဒီလိုပဲ တွေးမိတွေးရာ တွေးတာပေါ့''
''......''
အမှန်တွင် လီယီသည် သည်နံနက်အိပ်ရာနိုးတာနှင့် ကြုံတွေ့ရမည့် စိတ်လှုပ်ရှားစရာများကို တွေးကာ ပျော်နေခဲ့ခြင်းဖြစ်သည်။ သို့သော် သူ၏ ပျော်ရွှင်မှုတို့သည် နျဲ့ပုဖန်၏ စကားများကြောင့် ရိုက်ချိုးခံလိုက်ရလေသည်။ မနေ့ညက ကိစ္စအားလုံး သဲထဲရေသွန်သလို ဖြစ်ကုန်သည်။ နျဲ့ပုဖန်သည် လူကို ရူးအောင်လုပ်နိုင်ပေသည်။
''ငါတို့ အခု အိပ်ရာထကြတော့မလား''
နျဲ့ပုဖန်က မေးသည်။
လီယီသည် လက်ခါပြကာ နျဲ့ပုဖန်ကို အရင်သွားဖို့ ပြောလိုက်သည်။
သူ၏ နုနယ်သော နှလုံးသားလေးမှာ ဤမျှပြင်ထန်သော ထိုးနက်မှုကို ခံနိုင်စွမ်းမရှိပေ။
နျဲ့ပုဖန်သည် ကျေနပ်စွာပြုံး၍ ခါးကို မနာကျင်အောင် သတိထားကာ နေရာမှ ထလိုက်သည်။ ခါးပတ်ကြိုး ရှာမတွေသေး၍ ဘောင်းဘီကို လက်ဖြင့် ထိန်းထားရသည်။
ထိုအချိန်၌ အိမ်တခါးကို တစ်ယောက်ယောက်က ဆောင့်ကန်ဖွင့်လိုက်၏။ ထိုသူမှာ ကျန်းကျွင်းရှီ ဖြစ်သည်။ ကျန်းကျွင်းရှီက အစောတလျှင် ဝင်လာသောကြောင့် နျဲ့ပုဖန်မှာ တအံ့တသြ ဖြစ်သွားရသည်။ အံ့သြသွားသည်နှင့် တစ်ပြိုင်နက် ဘောင်းဘီအား ထိန်းထားသောလက်ကိုလည်း လွှတ်ချမိသဖြင့် ဘောင်းဘီသည် အောက်သို့ ကွင်းလုံးကျွတ် ကျွတ်ကျကာ နျဲ့ပုဖန်၏ အောက်ပိုင်းသည် ဗလာဖြစ်သွား၏။
ကျန်းကျွင်းရှီနှင့် လီယီတို့မှာ မှင်သက်ကာ ပါးစပ်အဟောင်းသားဖြင့် နျဲ့ပုဖန်၏ ပေါင်တံများကို ကြည့်နေကြသည်။
နျဲ့ပုဖန်သည် သူ့ပေါင်ကြားနေရာကို လက်ဖြင့်အုပ်ကာ ၎င်းတို့နှစ်ယောက်ကို ဓားသွားကဲ့သို့ စူးရှသော မျက်စောင်းများဖြင့် ကြည့်လိုက်၏။
''ယုတ်မာတဲ့ မျက်လုံးတွေနဲ့ ကြည့်မနေကြနဲ့''
ကျန်းကျွင်းရှီသည် မျက်နှာလှည့်သွား၏။ ထိုစဥ် လီယီက နျဲ့ပုဖန်၏ ဘောင်းလီကို ကောက်၍ ဝတ်ပေးဖို့ ကြိုးစားနေသည်။ သို့သော် နျဲ့ပုဖန်က ရှက်ကာ ကန်လိုက်၍ သူ့ဘာသာသူ ဘောင်းဘီကိုအလျင်စလို ပြန်ဝတ်လိုက်သည်။
ကျန်းကျွင်းရှီသည် မျက်နာပြန်လှည့်လာပြီး လီယီနှင့် မျက်လုံးချင်းဆုံသောအခါ လီယီ၏ မျက်လုံးထဲ၌ အောင်နိုင်သူ အရိပ်အယောင်များ တွေ့လိုက်ရသည်။
ထို့နောက် နျဲ့ပုဖန်သည် ကုန်းကုန်းကွကွဖြင့် အိပ်ရာမှ ထွက်လာခဲ့သည်။ သူသည် သန်းဝေရင်း ကျန်းကျွင်းရှီကို ပြောလိုက်၏။
''အစ်ကိုကျန်း၊ ငါ မနေ့ညက အရက်မူးနေလို့''
''ဟုတ်လား''
ကျန်းကျွင်းရှီသည် မျက်နှာ မသာမယာဖြင့် နျဲ့ပုဖန် အဝတ်စားတွေကို ကောက်ဝတ်ပေးနေ၏။ ဤတွင် နျဲ့ပုဖန် လည်ပင်းမှ ထူးဆန်းသောအမှတ်ကွက်များ မြင်လိုက်ရသောအခါ၌ စွံ့အ,သွားရသည်။
နျဲ့ပုဖန်က လက်နှစ်ဖက်ကို တန်းလျှက် အင်္ကျီဝတ်ပေးတာကို အသာတကြည်ခံနေ၏။
''ဒါနဲ့ အစ်ကိုကျန်း၊ မင်းဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ''
''မင်း ကြက်ခေါ်လာတာလေ''
နျဲ့ပုဖန် အောက်ကို ငုံ့ကြည်လိုက်အပြီး
မှာတော့ ကျန်းကျွင်းရှီ ပြောတဲ့ သူ့ကြက်ခေါ်လာတဲ့ကိစ္စက မှန်ကြောင်းသိလိုက်၏။
ပန်းပွင့်မိန်းကလေးသည် ခေါင်းလေး ပြူထွက်ကာ ချောင်းကြည့်ပြီးနောက် ပြန်ထွက်ပြေးသွားသည်။
ဒီကောင်တွေ ကိုယ့်သခင်ကို သစ္စာဖောက်တာပဲ၊ ကောင်းကောင်း ဆုံးမထားရမယ်။
''ဒါဆို ပြန်ကြရအောင်''
ကျန်းကျွင်းရှီသည် နျဲ့ပုဖန်ကို အဝတ်ဝတ်ပေးပြီးနောက် လက်ကို ဆွဲကာ ထွက်သွားဖို့လုပ်ပေမယ့် လီယီက နျဲ့ပုဖန်၏ ကျန်လက်တစ်ဖက်ကို ဆွဲပြီးတားထားတာကို တွေ့လိုက်ရ၏။
''အတူတူ ပြန်ကြမယ်''
လီယီက တခြားလက်တစ်ဖက်ဖြင့် နျဲ့ပုဖန် ခေါင်းကို ပုတ်လိုက်သည်။
ကျန်းကျွင်းရှီ နှင့် လီယီတို့ မျက်လုံးချင်းဆုံသောအခါ အကြည့်များသည် လေထဲတွင် လျှပ်စီးလက်သွားသကဲ့သို့ ဖြစ်နေသည်။
နျဲ့ပုဖန် ကြည့်လိုက်တဲ့အခါ သူတို့သုံးယောက်သည် တစ်ယောက်လက် တစ်ယောက်တွဲထားသော ရူးကြောင်ကြောင် လူသုံးဦးကဲ့သို့ ဖြစ်နေ၏။
ထို့ကြောင့် နျဲ့ပုဖန်သည် လီယီနှင့် ကျန်းကျွင်းရှီ တို့နှစ်ဦး၏ လက်ကို ထပ်ပေးလိုက်ကာ ...
''သူငယ်ချင်းတွေ အချင်းချင်း ချစ်ချစ်ခင်ခင်နေကြပါကွ'' ဟု ပြောလိုက်သည်။
လီယီနှင့် ကျန်းကျွင်းရှီတို့မှာ တစ်ယောက်ကိုတစ်ယောက် အနေခက်စွာကြည့်၍ ချက်ချင်းလက်တွေ ပြန်သိမ်းလိုက်ကြသည်။
''ဟုတ်ပြီ။ အတူတူ ပြန်ကြရအောင်''
နျဲ့ပုဖန်က ကျေကျေနပ်နပ်ပြုံးလျှက် လက်ကိုနောက်ပစ်ကာ ထွက်သွားရန် ခြေလှမ်းပြင်လိုက်ပေမယ့် သူ့ခြေထောက်များသည် လမ်းလျောက်ဖို့ မစွမ်းနိုင်ပဲ တဆက်ဆက်တုန်ရီနေသည်။
နျဲ့ပုဖန်သည် သူ၏ အားနည်းချက်ကို မဖော်ပြချင်သော်လည်း ခန္ဓာကိုယ်သည် ဆိုးဝါးလှသော နာကျင်မှုအပေါ် သည်းခံနိုင်မှု အတိုင်းအတာအား ကျော်လွန်နေပြီ ဖြစ်ပေသည်။
မခံနိုင်တော့ပေ။ နျဲ့ပုဖန်သည် ကျန်းကျွင်းရှီ ပုခုံးကို လှမ်း၍ ဆုပ်ကိုင်ကာ ပြုံးပြလိုက်ပြီး လီယီအား ဗီလိန်တစ်ယောက်အဖြစ် ခံစားစေလိုက်သည်။
လီယီမှာ နျဲ့ပုဖန်၏ အခြေနေကိုကြည့်ပြီး စိုးရိမ်မိသလို စိတ်ထဲ၌လည်း ဂုဏ်ယူဝံ့ကြွား ဖြစ်နေမိသည်။ ထို့နောက် နျဲ့ပုဖန် အနားသို့ တိုးကပ်ကာ နျဲ့ပုဖန်အား သူ့ရင်ခွင်ထဲသို့ ထည့်ဖက်ထားလိုက်သည်။
ကျန်းကျွင်းရှီ အံ့သြသွား၏။
''မင်း ဒါဘာလုပ်တာလဲ''
လီယီက အေးအေးဆေးဆေးဟန်ဖြင့် ပြောပြသည်။
''သူ အဆင်မပြေဖြစ်နေတာကို မင်း မတွေ့ဘူးလား။ ဒီကနေ ရွာကို ပြန်ဖို့က အဝေးကြီးသွားရမှာ သူ ဒီအတိုင်း လမ်းမလျောက်နိုင်မှာတောင် စိုးရိမ်ရတယ်''
ကျန်းကျွင်းရှီမှာ ဘာမှပြောမသာတော့ပဲ အံကြိတ်၍သာ လီယီကို စိုက်ကြည့်နေလိုက်သည်။
''သူ မနေ့ညက ပင်ပန်းထားတယ်လေ''
လီယီက ပြုံး၍ ထပ်ပြောလိုက်သည်။
ကျန်းကျွင်းရှီ ဒေါသ ထောင်းကနဲ ထွက်သွား၏။
သို့သော် နျဲ့ပုဖန်က ပြန်ဖာထေး ပြောလိုက်သည်။
''ဟုတ်တယ်။ ငါ မနေ့ညက ကောင်းကောင်းအိပ်မပျော်ဘူး၊ အိပ်မက်ဆိုးတွေ မက်လိုက်တာလည်း မပြောနဲ့၊ နောက်တစ်ခါဆို အရက်ကို မူးအောင် မသောက်တော့ပါဘူး''
လီယီက ရယ်သည်။
ကျန်းကျွင်းရှီ၏ မျက်နှာမှာ မှောင်ကုတ်နေဆဲ ဖြစ်သည်။
''ငါတို့ရွာကို ပြန်မှရတော့မယ်။ မြန်မြန်ပြန်ရအောင်''
နျဲ့ပုဖန်က ဤအခြေအနေမှ ထွက်ရန် လမ်းကြောင်းပြောင်းလိုက်၏။
''သွားမယ်''
လီယီက နျဲ့ပုဖန်ကို ကူတွဲလျှက် ကျန်းကျွင်းရှီ ဘေးမှ ဖြတ်လျောက်သွား၏။
ကျန်းကျွင်းရှီသည် ၎င်းတို့နှစ်ယောက်၏ ကျောပြင်ကို ဒေါသဖြင့် စိုက်ကြည့်နေပြီး အတန်ကြာမှာတော့ ဒေါသမှ စိတ်အတွင်းတင်းကျပ်မှုတစ်ခုအဖြစ်သို့ အစားထိုးပြောင်းလဲလာခဲ့လေသည်။
ဤသို့ဖြင့် ကျီဝေါရွာ အဝင်သို့ ရောက်လာသောအခါ နျဲ့ပုဖန်သည် လီယီကို သူ့အား မတွဲပေးတော့ဖို့ ပြောလိုက်သည်။ ရွာလူကြီးတစ်ယောက်အနေနဲ့ ဤသို့ ပျော့ညံ့သောပုံစံကို ရွာတွင် လာနေကြသူများနှင့် ရွာရှိ တိရစ္ဆာန်များကို မမြင်စေချင်ပေ။ ဤသည်မှာ သူ့ဂုဏ်သိက္ခာအရှိန်အဝါကို ထိခိုက်မည်စိုး၍ ဖြစ်သည်။
ရွာကို ပြန်ရောက်ပြီးနောက်တွင် နျဲ့ပုဖန် နတ်မိမယ်ကို တွေ့လိုက်ရ၏။ နတ်မိမယ်ကို သူပြုံးပြကာ နှုတ်ဆက်လိုက်သည်။
''ခင်ဗျား ပြန်ရောက်နေသားပဲ။ ကျုပ်က စိတ်ပူနေတာ''
''ဒီမိန်းမငယ်လေးကို စိတ်ပူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်၊ ရွာလူကြီးမင်းရှင့်''
ယုချုံက ညင်ညင်သာသာဟန်ဖြင့် ဖြေလိုက်ပေမယ့် သူ့မျက်လုံးထဲ၌ နျဲ့ပုဖန် အပေါ် မကျေနပ်မှုများကို အထင်းသား မြင်နေရသည်။
တကယ်တော့ မနေ့ည လီယီ ရောက်လာသည်ကို စင်္ကြန်တွင် ရှိနေသော ယုချုံ မြင်လိုက်ပေမယ့် သူမက ရုပ်ဖျက်ထားသောကြောင့် မသိချင်ယောင်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ နောက်တွင် နျဲ့ပုဖန်ကလည်း သူမကို လာမခေါ်ခဲ့။ ဒေါသထွက်စရာလုပ်ရက်ပေမယ့် ဤသို့ ဆိတ်ဆိတ်နေလိုက်ခြင်းက ကိုယ့်ဂုဏ်သိက္ခာကိုယ် ကာကွယ်ရာရောက်သည်ဟုယုချုံ ထင်နေသည်။
နျဲ့ပုဖန်သည် ယုချုံ၏ မကျေနပ်မှုများကို အတိုင်းသားမြင်နေရသောကြောင့် စိတ်မသက်မသာခံစားရပေမယ့် သွားတန်းဖွေးဖွေးတွေ ပေါ်အောင် ပြုံးရယ်ပြကာ မျက်နှာချို သွေးလိုက်သည်။
''ခင်ဗျား အဆင်ပြေဖို့ အရေးကြီးတာပါဗျာ။ အပြင်မှာ နေက တော်တော်ပူနေပြီ၊ အပြင်ထွက်မယ်ဆို အကာကွယ်လေး၊ ထီးလေး ယူသွားပါဦး''
ယုချုံ ကောင်းကင်ကို မော့ကြည့်လိုက်တော့လည်းရာသီဥတုက နွေးနွေးလေးနှင့် အုံ့မှိုင်းမှိုင်းဖြစ်နေသည်။ နေရောင်အကာအကွယ် ဘယ်မှာလိုလို့လဲ။
နျဲ့ပုဖန်ကတော့ ထူးဆန်းတဲ့ အပြူံးမျိုး ပြူံးပြလျှက် လှည့်ထွက်သွားသည်။
နျဲ့ပုဖန် ခြံဝန်းဆီကို ရောက်တဲ့အခါမှာတော့ ကောင်းကင်မှ အရိပ်များ အစုလိုက်ထိုးကျလာသည်ကို တွေ့လိုက်ရ၏။
ထို့နောက် ခြံဝန်းအတွင်း ပေါက်ကွဲသံ ကျယ်ကြီးနှင့်အတူ ဖုန်မှုန်များ လွင့်ကုန်သည်။
နျဲ့ပုဖန် မျက်လုံးကိုပွတ်သပ်ပြီး ကြည့်လိုက်သောအခါ၌ အလောင်းကောင်များကို တွေ့လိုက်ရသည်၊ အလောင်းမှာ တစ်ကောင်တည်းမဟုတ်။ သုံးလေးကောင် ဖြစ်နေသည်။
အိမ်ခေါင်မိုးပေါ်မှာလည်း လူတစ်ယောက်က ရပ်လျှက်ရှိနေသည်။ ၎င်းသည် တနိခိုးရှင်လိုလို၊ စွမ်းအားရှင်လိုလို ဖြစ်နေသည်။ ထိုသူမှာ ရွာထဲသို့ ခြေရာလက်ရာမရှိပဲ တိတ်တိတ်လေးဝင်ထွက်သွားလာနိုင်သော ဝမ်ရှင်းချန်ဖြစ်၏။
''ဒါ ဘာတွေလဲ''
နျဲ့ပုဖန်သည် မြေပြင်ပေါ်မှ အလောင်းများကို လက်ညိုးထိုးကာ မေးလိုက်၏။
''ကြက်သူခိုးတွေ''
ဝမ်ရှင်းချန်က တိုတိုတုတ်တုတ်ပင် ဖြေလိုက်သည်။
''ကြက်သူခိုးတွေ ဟုတ်လား''
နျဲ့ပုဖန် အလောင်းကောင်တစ်ခုကို မသက်မသာဖြင့် ကန်ကြည့်လိုက်သည်။
''ကြက်သူခိုးတွေကို ရွာပြင်မှာပဲ မောင်းထုတ်လိုက်လေ။ ဘာလို့ ဒီလိုလုပ်ပြီး ငါ့ခြံထဲယူလာတာလဲ''
''ငါ မင်းရွာကို စောင့်ကြည့်ပေးမယ်လို့ ကတိပေးထားတဲ့အတွက် ငါ့အလုပ်က ပြီးပြည့်စုံနေရမယ်လေ''
ဝမ်ရှင်းချန်က လေးလေးနက်နက် ပြောလိုက်သည်။
''နောက်ပြီး ငါ့အလုပ်က သူခိုးဖမ်းဖို့ပဲ မဟုတ်လား။ သူခိုးတွေနဲ့ ညှိုနှိုင်းဆွေးနွေးဖို့ မပါဘူးလေ''
''.....''
နျဲ့ပုဖန်သည် ဤအတည်ပေါက်လုပ်တတ်သော လေးနက်သည့် လူကို လျော့တွက်မိခဲ့ခြင်း ဖြစ်သည်။
နျဲ့ပုဖန် ခဏတွေနေသည့်နောက် ဝမ်ရှင်းချန်သည် ပြန်လည်ပျောက်ကွယ်သွားပြီး ခြံဝန်းထဲ၌ အလောင်းကောင်များသာ ကျန်ခဲ့တော့သည်။
ထို အဖြစ်အပျက်များနောက်တွင်နျဲ့ပုဖန် ကိုယ်တိုင်သာ ရွာကို လှည့်ပတ်စစ်ဆေးတော့သည်။
ဒါက နည်းနည်းတော့ ဆိုးသည်။
သူ့ရွာတွင် လာရောက်နေထိုင်ကြသူများသည် ဆိုးသောအကျင့်စရိုက်များ ရှိနေကြသည်။ ထိုအချက်များကြောင့် သူ၏ ဂုဏ်သိက္ခာနှင့် ရွာ၏ နာမည်ကို ထိခိုက်မှာ နျဲ့ပုဖန် စိုးရိမ်နေခဲ့ချေသည်။
YOU ARE READING
ကြက်သခင် နျဲ့ပုဖန် (Complete ✅)
RandomGong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။