Chapter-41
မဖြစ်နိုင်ဘူး
..............
နျဲ့ပုဖန်တစ်ယောက် ကြက်လှောင်ချိုင့်ကို ခေါင်းမှီကာ အိပ်ငိုက်နေသည်။ သူခေါင်းစိုက်ကျသွားသောအခါ၌ အရှိန်လွန်ကာ လဲကျ၍ နာကျင်သွား၏။
သောက်ကျိုးနည်း လီယီ ...
နျဲ့ပုဖန်၏ မျက်လုံးများမှာ နီရဲနေသည်။ သူသည်အနားရှိ လှောင်ချိုင့်ကို ပစ်ပေါက်လိုက်သောကြောင့် ကြက်များပင် ကြောက်လန့်ကာ ငြိမ်ကုပ်သွားကြသည်။
ထို့နောက် နျဲ့ပုဖန် ထလာကာ သူ့အဝတ်များကို ဖုန်ခါလိုက်သည်။
ညက လီယီသည် ထူးဆန်းနေသည်။ တကယ်ဆို သူဝင်လျှင် အစောင့်ချထားသော ကြက်များ သိကို သိရမည်။ သို့သော် ဝမ်ရှင်းချန်၏ အလင်းသိုင်းပညာ သုံးထားသကဲ့သို့ ဘယ်သူမှ မမြင်၊ မတွေ့နိုင်ဖြစ်ခဲ့ပုံရသည်။ လီယီတစ်ယောက် ဝမ်ရှင်းချန်နှင့် ပေါင်းမိပြီး အလင်းသိုင်းတွေများ တတ်လာသလားဟု နျဲ့ပုဖန် သံသယဝင်နေမိ၏။
နျဲ့ပုဖန် အချိန်အတော်ကြာ တွေးတောနေပြီးနောက်တွင် သဲလွန်စ တစ်စုံတစ်ရာရယ်လို့ စဥ်းစားမရတာမို့ ထိုကိစ္စကို ဘေးဖယ်ထားဖို့သာ ဆုံးဖြတ်လိုက်သည်။
ထို့နောက် နျဲ့ပုဖန် ရေချိုးသန့်စင်ပြီး အပြင်ထွက်လာချိန်တွင် မကောင်းဆိုးဝါး လီယီသည် နျဲ့ပုဖန်အနားသို့ ပြုံးပြုံးရွှင်ရွှင်ဖြင့် ချဥ်းကပ်လာ၏။
နျဲ့ပုဖန် သူ့ကို စိုက်ကြည့်လိုက်သည်။
၎င်း၏ အသွင်အပြင်က ခမ်းနားပြီး ဆွဲဆောင်မှုရှိလှသော်လည်း တစ်နည်းအားဖြင့် တက်မက်ဖွယ်ကောင်းသော အရာတွေဟာ အဆိပ်ရှိကြသည်ဟူသော ဆိုရိုးကိုတော့ မေ့ထား၍ မဖြစ်။
လီယိသည် သူ့ရှေ့က နျဲ့ပုဖန်၏ ထူးဆန်းသောပုံစံကို သတိထားမိသည်။
နျဲ့ပုဖန်ကတော့ လီယီကို တစ်ချက်ကြည့်ကာထွက်ပြေး၏။
လီယီလည်း နောက်က အမြန်ပြေးလိုက်၏။
''ဘာလို့ ထွက်ပြေးတာလဲ''
''ဘာလို့ ငါ ထွက်ပြေးလဲဆိုတာ မင်းကိုယ်မင်း အသိဆုံးဖြစ်မှာပါ''
နျဲ့ပုဖန်က လှမ်းအော်ပြောသည်။
လီယီကတော့ ဘာမှမသိပဲ နောက်ကပြေးလိုက်၍ မေးသည်။
''ဘာလဲ။ ငါ နားလည်အောင် ရှင်းပြစမ်းပါ''
''မင်း မသိချင်ယောင် ဆောင်မနေနဲ့''
''ငါ တကယ်မသိဘူး၊ ဘာဖြစ်တာလဲ''
''မင်း ဘာလုပ်ထားလဲဆိုတာ မင်းကိုယ်မင်းကောင်းကောင်းသိလိမ့်မယ်။ ရူးချင်ယောင်မဆောင်နဲ့''
လီယီကတော့ တကယ်ကို ဘာမှမသိသူဖြစ်သည်။
ထို့နောက် သူသည် နျဲ့ပုဖန်ကို မှီသွားပြီး လှမ်းဆွဲထားလိုက်၏။
''ဘာဖြစ်တာလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြစမ်းပါ''
နျဲ့ပုဖန်လည်း လီယီ၏ မျက်လုံးများကို သေချာအကဲခတ်ကြည့်လိုက်ရာ လီယီ၏ မျက်လုံးများမှာပကတိ ရိုးသားဖြူစင်နေ၏။
လီယီသည် ဖြောင့်မတ်သူ ဖြစ်သည့်အတွက်ကြောင့် အပြစ်လုပ်မိပါက မလိမ်ညာနိုင်မှန်း နျဲ့ပုဖန်ကောင်းကောင်းသိသည်။
ထို့ကြောင့်ပင် ပြီးခဲ့သောညတွေက ကိစ္စတွေရဲ့တရားခံဟာ တကယ်ပဲ လီယီ မဟုတ်ဘူးလားဟူ၍ နျဲ့ပုဖန် သံသယဝင်လာ၏။
''ဒါနဲ့ မင်း ညက ဘယ်မှာလဲ''
နျဲ့ပုဖန် အကဲခတ်၍ မေးလိုက်သည်။
''အိမ်မှာပဲပေါ့''
''အပြင် လုံးဝမထွက်ဘူးပေါ့''
''မထွက်ဘူး''
''သက်သေရှိလား''
''မင်း ကျန်းကျွင်းရှီကို သွားမေးကြည့်''
''ဟမ်၊ ကျန်းကျွင်းရှီကို မေးရမယ် ဟုတ်လား''
နျဲ့ပုဖန် မျက်ခုံး တစ်ချက်ပင့်သွားသည်။
လီယီသည် မျက်နှာ မကြည်မသာဖြင့် ဆက်ပြောပြ၏။
''အဲ့ဒီကောင်က ငါ ဘယ်မှမသွားနိုင်အောင်လို့ ကြက်တွေကို လာဒ်ထိုးပြီး ငါ့ကို စောင့်ကြည့်ခိုင်းထားတယ်လေ''
နျဲ့ပုဖန်လည်း နှာခေါင်းကို ပွတ်လျှက် စိတ်ထဲမှာတော့ ငါ့ကို စော်ကားသွားတာ ဒီကောင် မဟုတ်ရင်ဘယ်ကောင်လဲဟု အသည်းအသန်တွေးတောနေသည်။
သူပထမဆုံး သံသယဝင်မိသူမှာ အလင်းစွမ်းအားရှင် ဝမ်ရှင်းချန် ဖြစ်၏။ သို့သော် ၎င်းသည် ကိလေသာကင်းစင်၍ တရားဓမ္မ၌ ပျော်မွေ့သူ ဖြစ်သည့်အတွက်ကြောင့် ထိုသို့ ညစ်ညမ်းသော လုပ်ရပ်မျိုး မလုပ်တန်ရာ။
ဒုတိယတစ်ဦးမှာ စုချန်းယိ ဖြစ်၏။ သို့သော် စုချန်းယိသည်လည်း မင်းမျိုးမင်းနွယ်မှ ဆင်းသက်လာသူဖြစ်ကာ ဂုဏ်သိက္ခာ ကြီးမား၍ ရိုးဖြောင့်သောယောကျာ်းဖြစ်သည့်အတွက် ၎င်းလည်း မဖြစ်နိုင်ချေ။
နောက်ထပ် သံသယတရားခံမှာ လီဟိုက်ပင်ဖြစ်သည်။ သို့ရာတွင် ၎င်းသည် သိုင်းပညာညံ့ဖျင်း၏။ အငြိုးအာဃာတ တရားကြီးလွန်းသူဖြစ်၍ ရာဇဝတ်မှု ကြီးကြီးမားမား ကျူးလွန်တတ်ပေမယ့်လည်း ထိုသို့ ရိုင်းပြစော်ကားသော ပြစ်မှုမျိုးကိုတော့ ကျူးလွန်နိုင်မည့်သူ မဟုတ်ပေ။
နောက်ထပ် ရှန်းမုလန်နှင့် လီယီတို့မှာလည်း အိန္နြေသိက္ခာကြီး၍ ကိုယ်ကျင့်တရားကောင်းသူများဖြစ်လေရာ သူတို့လည်း မဖြစ်နိုင်။
နျဲ့ပုဖန် ခေါင်းရှုပ်နေသည်။
ထို့နောက် သူသည် လက်ကို ဆန့်ထုတ်ကာ လီယီ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတို့အား မျက်နှာမှစ၍ ကိုယ်လက်အစိတ်အပိုင်းတွေကို ထိကြည့်ရန်ကြိုးစား၏။
လီယီက နျဲ့ပုဖန်လက်ကို ကိုင်လိုက်ပြီး
''မင်း ငါ့ကို အဲ့လောက်လွမ်းနေရင်လည်း အခန်းထဲသွားရအောင်လေ'' ဟု ဆိုသည်။
နျဲ့ပုဖန်သည် လီယီ လက်အား ပုတ်ထုတ်လိုက်သည်။
''အသာနေစမ်းပါ။ ငါ အရေးကြီးတဲ့ ပြဿနာတစ်ခုကို အဖြေရှာဖို့ ကြိုးစားနေတာ၊ မနှောက်ယှက်နဲ့''
ထို့နောက် လီယီ၏ တောင့်ဖြောင့်သော ခန္ဓာကိုယ်အချိုးစားသည် မနေ့ညက လူနှင့် ဆင်ဟန်ရှိနေသည်။ သို့သော် ကျီဝေါရွာရှိ ယောကျ်ားသားတိုင်းသည် ခန္ဓာကိုယ်ကျင့်ခိုင်သူများဖြစ်ကြသည့်အတွက် ခွဲခြားရန် မထူးပေ။ ဒါ့အပြင် ထိုညတုန်းကလည်း နျဲ့ပုဖန်မှာ မှောင်ကြီးထဲ သွေးတွေ၊ ချွေးတွေ ငရဲနဲ့ နိဗ္ဗာန်ကြားမှာ ကူးလူးနေရသည့်အတွက် ၎င်းပုဂ္ဂိုလ်၏ ခန္ဓာကိုယ်ကို အသေအချာ မှတ်မထားနိုင်ခဲ့။
နျဲ့ပုဖန်သည် အတွေးထဲ ပေါ်လာသော မဖွယ်မရာပုံရိပ်များကို ဖယ်ထုတ်လိုက်ပြီး လေးလေးနက်နက်ဆက်တွေးနေခဲ့သည်။
၎င်းသူခိုးကို ဘယ်လိုဖမ်းရပါ့ ...
''မင်း တစ်ခုခု ဖြစ်လို့လား''
လီယီသည် နျဲ့ပုဖန် မျက်နှာရှေ့တွင် လက်ကို ဝှေ့ရမ်းကာ နျဲ့ပုဖန်၏ အတွေးများကို နှောက်ယှက်လိုက်သည်။
ဒီနေ့ နျဲ့ပုဖန်သည် တစ်ခုခု ထူးဆန်နေသည်။
နျဲ့ပုဖန်လည်း သူ့မျက်နှာရှေ့က လီယီလက်ကို မော့ကြည့်၍ ဆွဲယူကာ အနံ့ခံလိုက်သည်။
တစ်ခါ နမ်းကြည့်သည်။ ထို့နောက် နောက်ထပ်တစ်ခါ နမ်းကြည့်သည်။
''မင်း... ဘာဖြစ်နေတာလဲ''
နျဲ့ပုဖန်၏ ထူးဆန်းသော အပြုမူကြောင့် လီယီမှာ မျက်နှာတွေ နီမြန်းကာ နှလုံးခုန်သံ မြန်လာလေသည်။
''လက်ကလည်း ချွေးတွေနဲ့ နံလိုက်တာ''
နျဲ့ပုဖန်က နှာခေါင်းရှုံ့လိုက်သည်။
လီယီလည်း ရှက်သွား၏။
''ငါ...သိုင်းကျင့်ပြီး ပြန်လာလို့ပါ''
''နံတယ်။ ငါနဲ့ ဝေးဝေးနေ''
နျဲ့ပုဖန်က ဆူဆူအောင့်အောင့်ပြောကာ ထွက်သွား၏။
''ဒီလောက် ပူတဲ့ရာသီဥတုကြီးမှာ သိုင်းကျင်ပြီးရင်သန့်ရှင်းရေး လုပ်ရကောင်းမှန်းတောင် မသိဘူးလား''
လီယီမှာ အရှိုက်ထိ၍ တစ်ကိုယ်တည်း ကျန်ခဲ့ရသည်။
တကယ်တမ်းတွင် လက်မှ ချွေးများသည် သူသိုင်းကျင့်ခဲ့သောကြောင့် မဟုတ်ပဲ နျဲ့ပုဖန်၏ နီးနီးကပ်ကပ် အပြုအမူကြောင့် ရင်ခုန်သံတွေ မြန်ကာဇောချွေးများ ပြန်နေခဲ့ခြင်း ဖြစ်ပါသည်။
နျဲ့ပုဖန်ကတော့ လီယီ၏ အဖြစ်ကို မသိရှာပေ။
တစ်ဖက်မှာလည်း နျဲ့ပုဖန်သည် ထိုညက လူ၏ အငွေ့အသက် ပုံပန်းသွင်ပြင်တို့ကို သေချာမသိခဲ့ရ။
သူ သိသည့် တစ်ခုတည်းသောအရာမှာသူ၏ ခန္ဓာကိုယ်ထဲကို ထိုးဝင်ခဲ့သောအရာ၏ အရွယ်အစားကိုသာ ဖြစ်သည်။
၎င်း၏ အရွယ်အစား၊ အလုံးအရှည်နှင့် ပြင်းအားအထိအတွေ့ကိုတော့ ကောင်းကောင်းမှတ်မိနေသည်။
ထို့နောက် သူသည် တစ်ယောက်ချင်း လိုက်စမ်းသပ်ကြည့်ရကောင်းမလားဟူသော ရူးမိုက်သည့်အတွေးကိုလည်း တွေးမိသည်။ သို့သော် သူ့အပေါ်ထပ်မံ၍ မည်သူမျှ စော်ကားတာမျိုး လက်မခံလိုပေ။
ထိုရက်များအတွင်း ကျီဝေါရွာရှိ ယောကျ်ားသားတို့၏ ခန္ဓာကိုယ်အောက်ဘက် အစိတ်အပိုင်းကို စူးရှစွာ ကြည့်တတ်သော နျဲ့ပုဖန်၏အကြည့်ကိုတွေ့ရမည် ဖြစ်သည်။ သူ့အကြည့်သည် ပြင်းထန်လွန်း၍ ၎င်းတို့၏ ဘောင်းဘီများ မီးလောင်မတတ်ပင် ဖြစ်၏။
သည့်နောက်တွင် ယောကျ်ားသားတို့မှာ နျဲ့ပုဖန်အားမြင်သည်နှင့် ၎င်းတို့၏ ပေါင်ကြားနေရာကိုအသာကွယ်ထားကြရတော့သည်။
စုချန်းယိသည် မနေနိုင်၊ မထိုင်နိုင် လီယီနှင့် ကျန်းကျွင်းရှီတို့ကို သွားပြောခဲ့သေးသည်။
''မင်းတို့တွေ မင်းတို့ကောင်ကို စိတ်ကျေနပ်အောင် မလုပ်ပေးထားနိုင်ကြဘူးလား။ ငါ သွားလုပ်ပေးရမလား''
လီယီက ရေနွေးခွက်ကို စောင့်ချလိုက်သည်။
ကျန်းကျွင်းရှီကတော့ ဝတ်ကျေတန်းကျေ ပြုံး၍
''ဒီကိစ္စ ခင်ဗျား စိတ်ပူစရာ မလိုပါဘူး'' ဟု ပြောလိုက်သည်။
ထိုနေ့ည၌ ကျန်းနှင့် လီတို့ နှစ်ဦးသားသည်နျဲ့ပုဖန်အား စိတ်ကျေနပ်နှုပေးဖို့ရည်ရွယ်ကာနျဲ့ပုဖန်အိမ်သို့လာခဲ့ကြ၏။
သို့သော် အိမ်တွင် နျဲ့ပုဖန်၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရပေ။
ကျန်းကျွင်းရှီသည် ပန်းပွင့်မိန်းကလေးအား ဖမ်း၍ ''မင်းရဲ့သခင် ဘယ်မှာလဲ'' ဟု မေးလိုက်၏။
ပန်းပွင့်မိန်းကလေးမှာ အတော်ထိတ်လန့်နေပုံရသည်။
''သူရှိတဲ့ဆီ ခေါ်သွားပေး'' ဟု ခြိမ်းခြောက်က ကျန်းကျွင်းရှိက ပြန်ချပေးလိုက်သည်။
ပန်းပွင့်မိန်းကလေးမှာ လမ်းပြဟန်ဆောင်က အခွင့်သာချိန်တွင် ချောင်ထဲ ပြေးဝင်ပုန်းသွား၏။
''တစ်ခုခု ထူးဆန်နေတာ သေချာတယ်''
လီယီ ရေရွတ်လိုက်သည်။
''ငါတို့ သူမလာမချင်း ဒီကပဲ စောင့်နေမယ် ဆိုရင်ရော''
ကျန်းကျွင်းရှီသည် စားပွဲတွင်ထိုင်ကာ လက်ဖက်ရည်ကြမ်း တစ်ခွက်ငှဲ့လိုက်သည်။
လီယီသည်လည်း နံရံတွင်မှီကာ ရပ်လျက် ကျန်းကျွင်းရှီကို တစ်ချက်ကြည့်လိုက်သည်။
''ငါ နျဲ့ပုဖန်ကို လက်မလျော့နိုင်ဘူး''
''ငါရောပဲ''
''ဘယ်သူက နောက်ဆုံးအနိုင်ရမလဲဆိုတာ စောင့်ကြည့်ရတာပေါ့''
''အင်း...''
......
နောက်ထပ် ညတစ်ည၌ ဖြစ်သည်။
နျဲ့ပုဖန်သည် အိပ်ရာပေါ်တွင် နာရီအတော်ကြာလှဲလျောင်းလျှက် ထိုမည်သူမှန်း မသိရသော လူအကြောင်းကို စဥ်းစားနေခဲ့၏။
ရွာရှိ ယောကျ်ားသားတိုင်းကို သူအကဲခတ်ကြည့်ပြီးပြီ၊ အားလုံးသည် အမှန်တကယ်ပဲ ဘာမှမသိသော ရိုးသားသူများ ဖြစ်ပါလိမ့်မည်။
တစ်ယောက်ချင်းဆီကိုတော့ 'ဟေ့၊ မင်းတို့ အဲ့ညကငါ့ကို ဂူထဲခေါ်သွားပြီး စော်ကားခဲ့သေးလား' ဟုလိုက်မေးဖို့ မသင့်။
သူသည် ထိုသူခိုးကို အမိဖမ်းဖို့ရာ ၎င်းနောက်တစ်ကြိမ်ပေါ်လာမည့် အချိန်ကို စောင့်နေခဲ့သည်မှာ ကြာပါပြီ။ ၎င်းသည် ဤမျှလောက်ဖြင့် ရပ်သွားလိမ့်မည်မဟုတ်ဟု သူယုံကြည်သည်။ ခိုးစားဖူးသောသူသည် ခိုးစားရသော အရသာကို မက်မောစွဲလမ်းသွားတတ်စမြဲ ဖြစ်သည်။
နျဲ့ပုဖန်သည် ထိုည၌ အိပ်ချင်ယောင်ဆောင်ကာ သူခိုးကို စောင့်နေခဲ့၏။
အမှန်တကယ်ပင် သူအိပ်ပျော်သွားခဲ့ပြီးနောက် တိမ်တွေပေါ်လွင့်နေသော ခံစားချက်နှင့်အတူ နိုးထလာခဲ့ရသည်။
နျဲ့ပုဖန်၏ လက်များသည် သူ့အပေါ်က ပုဂ္ဂိုလ်အားဖက်တွယ်လျှက်ရှိနှင့်နေပြီး သူ၏ အောက်ပိုင်းသည် ထိုးသွင်း လှုံ့ဆော်ခံနေရချေပြီ။
သူ မျက်လုံးကို ကြိုးစားပြီး ဖွင့်ကြည့်လိုက်ရာ အမှောင်ထု ပကတိကိုသာ မြင်လိုက်ရသည်။
နျဲ့ပုဖန်၏ ခြေလက်များသည် ၎င်းပုဂ္ဂိုလ်၏ ကိုယ်လုံး၌ မြွေကဲ့သို့ ရစ်ပတ်တွယ်နေပြီး ခန္ဓာကိုယ်တို့၏ လှုပ်ရှားမှုများမှာ ထပ်တူကျလျက်ရှိပါသည်။
နျဲ့ပုဖန်သည် အသက်ကို အလုအယက်ရှုနေရသည့်ကြားကပင် ၎င်း၏ မျက်နှာကို ထိကြည့်ဖို့ အတွေးကိုလည်း မမေ့လျော့ခဲ့ပေ။
၎င်း၏ လည်တိုင်တွင် သိုင်းဖက်ထားသောလက်တို့သည် တဖြေးဖြေးအားယူကာ မျက်နှာနားသို့ ကပ်သွား၏။
၎င်းပုဂ္ဂိုလ်သည် ကြိုသိနေသည့်အလား နျဲ့ပုဖန်အား ဆွဲလှည့်ကာ မှောက်ချလိုက်သည်။
၎င်းတို့၏ ခန္ဓာကိုယ်များမှာတော့ ဟန်မပျက် ဆက်လျှက်ရှိနေ၏။
နျဲ့ပုဖန်သည် လက်မလျော့သေးပဲ နောက်သို့လှည့်ကာ မျက်နှာအား ကြည့်ရန် ကြိုးစားပြန်၏။
သို့သော် မထူးပေ၊ ၎င်းသည် သူ့အားအနောက်ဘက်မှနေ၍ မရပ်မနား ဆက်ဆံနေသည်။
''အား...အမ်း...အား...''
နျဲ့ပုဖန်သည် ကောင်းမွန်သော ခံစားမှုများကို မလွန်ဆန်နိုင်ပေ။
ထိုသူ၏ စွမ်းဆောင်မှုမှာ တစ်ဖြေးဖြေးပို၍ ကောင်းလာသည်။
တစ်ဆင့်ချင်း တိုးဝင်တိုက်ခိုက်နေပုံက ဗျူဟာကျကျ စစ်ဆင်တတ်သော စစ်သူကြီးတစ်ဦးအလားဖြစ်နေ၏။
ထိုကြားထဲမှ နျဲ့ပုဖန်သည် ၎င်း၏ မျက်နှာကို လှည့်လှည့်ကြည့်နေပါသော်လည်း အကြောင်းမထူးပေ။
ထို့ကြောင့် ရှိသမျှအားဖြင့် တွန်းလှန်ကာ ပြောလိုက်သည်။
''ခင်ဗျား ဘယ်လောက်ကြာဦးမှာလည်း၊ ငါအပေါ့သွားချင်နေပြီ''
ထိုအခါတွင် ၎င်း၏ လှုပ်ရှားမှုသည် တုံ့နှေးသွားကာ နျဲ့ပုဖန်၏ ပစ္စည်းအား ထိကိုက်ရန် လက်လှမ်းလိုက်သည်။
''ဟ၊ ဘာလုပ်တာလဲ။ ငါ့ဟာငါ ထသွားမယ်လို့ ပြောတာ၊ မင်းကို အပေါ့သွားရအောင် လုပ်ပေးလို့ မပြောမိပါဘူး"
သို့သော် ၎င်းသည် လှုပ်ရှားမှုဖြင့် သက်သေပြလိုက်၏။
ထိုသူ၏ ခန္ဓာကိုယ်မှ အတော်လေးတောင့်တင်းပြီးကောင်းမွန်သည်ဆိုတာကတော့ မရသော အချက်ပေ။
''အိုး၊ ငါ အပေါ့မသွားတော့ပါဘူး...ပက်လက်ပဲ ပြန်လှည့်ပေးပါကွာ''
ထိုအခါတွင် ၎င်းသည် နျဲ့ပုဖန်အား အသာလေးပြန်လှည့်ပေးကာ တဆက်တည်း ငုံ့နမ်းလိုက်လေ၏။
လှုပ်ရှားမှုများမှာ အဆက်မပြတ်နေရာ နောက်ဆုံး၌ နောက်ဆုံးတွင် ခန္ဓာကိုယ်ထဲမှာ အပူလှိုင်းတို့ပေါက်ကွဲထွက်သွားတော့သည်။
နျဲ့ပုဖန်၏ ခေါင်းတစ်ခုလုံး ဗလာဖြစ်သွားသည်။
သည့်နောက် မမေ့မလျော့ပဲ ထိုပုဂ္ဂိုလ်၏ မျက်အစိတ်အပိုင်းတို့ကို ထိတွေကြည့်လိုက်ရာ ၎င်းမှာမျက်လုံးအစုံမှိတ်လျှက် စိတ်လျော့ကာ အမောဖြေနေဟန်တူသည်။
ဤသည်ကို အခွင့်ကောင်းယူကာ နျဲ့ပုဖန်သည် ၎င်းအား အလင်းရရာဘက်သို့ ဆွဲလိုက်ကာ မျက်နှာကိုမြင်ရန် ကြိုးစားခဲ့၏။
၎င်းပုဂ္ဂိုလ်၏ မျက်လုံးတို့မှာ ညအမှောင်ထုကို ခွင်းမည့်သဖွယ် တောက်ပလျှက်ရှိနေပါသည်။
''ခင်ဗျား ဘယ်သူလဲ''
နျဲ့ပုဖန် အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
ထိုသူလည်း နျဲ့ပုဖန်အပေါ်တွင် ခွထိုင်၍ တည်ငြိမ်စွာနေ,နေ၏။
နျဲ့ပုဖန်သည် ထိုသူ၏ လည်တိုင်ကိုကပ်ကာ နမ်းရှုတ်၍ အနံ့ခံလိုက်သည်။
ဤအနံ့သည် လီယီ၊ ကျန်းကျွင်းရှီ၊ စုချန်းယိတို့တွင်ရှိသော ကိုယ်သင်းနံ့မျိုး မဟုတ်ပေ။
''ဝမ်ရှင်းချန်၊ ခင်ဗျားလား''
ဝမ်ရှင်းချန်၏ ဆံနွယ်များသည် နံ့သာဖြူရနံ့ သင်းသင်းလေး မွှေးနေလေ့ရှိသည်။
''ဟုတ်တယ်။ ငါပဲ၊ မငြင်းပါဘူး''
''ဘာလို့လဲ''
နျဲ့ပုဖန် ရှုပ်ထွေးသွားချေပြီ။ ဝမ်ရှင်းချန် လိုလူက ဒီလိုကိစ္စမျိုး လုပ်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခြင်းကြောင််ဖြစ်သည်။
ထို့နောက် ဝမ်ရှင်းချန်သည် နျဲ့ပုဖန်၏ ခါးကို သူ့လက်များဖြင့် ညင်သာစွာ ဖက်လိုက်၏။
''အဲ့ဒီညကတည်းက မင်းဟာ ငါ့နှလုံးသားထဲက ဗုဒ္ဓကို မောင်းထုတ်ပြီး အဲ့ဒီနေရာကို မင်းအပြီးအပိုင်ယူသွားခဲ့တာ။ အဲ့ဒီကတည်း ငါ့စိတ်တွေ ဂဏာမငြိမ်ဖြစ်ပြီး သုတ္တန်တွေလည်း မရွတ်နိုင်တော့ဘူး။ မင်းကိုငါ မစွန့်ပယ်နိုင်တော့ဘူး''
နျဲ့ပုဖန်သည် နှုတ်ဆိတ်နေ၏။
၎င်းတို့ ကြား၌ တိတ်ဆိတ်သော အခြေအနေသည်ခေတ္တအကြာတွင် နျဲ့ပုဖန်က စကားစလိုက်၏။
''ခင်ဗျားရဲ့ရင်ထဲမှာ ဗုဒ္ဓက အချိန်တော်တော်ကြာကိန်းအောင်းနေခဲ့တာလေ။ ငါက အဲ့ဒီနေရာကိုဘယ်လိုလုပ် အစားထိုးနိုင်မှာတဲ့လဲ''
ထိုအခိုက်တန့်၌ နျဲ့ပုဖန်၏ ရင်ထဲတွင် ကိန်းအောင်းနေသော တရားသဘောကို ဝမ်ရှင်းချန်မြင်လိုက်ရသည်။
နျဲ့ပုဖန်က ဆက်၍ ပြောသည်။
''တစ်ခုပြောမယ်။ ခင်ဗျားနဲ့ ပတ်သတ်ပြီး ငါ့မှာ ဘာပြောရမှန်းမသိတဲ့ ဖြစ်နေပေမယ့် ခင်ဗျားလိုသူတော်စင်တစ်ယောက်အပေါ်ကို ပျက်ရယ် မပြုချင်ပါဘူး''
''ငါ၊ သူတော်စင် မဟုတ်ပါဘူး''
''ဒါဆို ခင်ဗျားမှာ သူတော်စင်တစ်ယောက်ဖြစ်လာဖို့လုံးဝ စိတ်ကူးမရှိခဲ့ဖူးဘူးလို့ ပြောရဲလား''
''အဲ့လိုလည်းမဟုတ်ဘူး။ အရင်ကတော့ ရှိပါတယ်''
''ဒါဆို ခင်ဗျားက သူတော်စင်တစ်ပိုင်းပဲလေ''
''ဒါပေမယ့်၊ အခု မင်းကြောင့် ငါ စိတ်ပြောင်းသွားပြီ''
''မပြောင်းပါနဲ့၊ သူတော်စင်တစ်ပါးဖြစ်လာဖို့ ခင်ဗျား တရားဓမ္မတွေ၊ ကုသိုလ်တရားတွေ အများကြီး ကျင့်ကြံခဲ့ရတာ မဟုတ်လား။ တစ်ဝက်တစ်ပျက်ကြီးမှာ လက်မလျော့လိုက်ပါနဲ့''
''တကယ်တော့ ငါက တရားဓမ္မထက် သိုင်းပညာကိုပိုလေ့ကျင့်ထားတာပါ''
နျဲ့ပုဖန် ဘာဆက်ပြောရမှန်း မသိ။ ခေါင်းထဲ ဗလာဖြစ်သွားသည်။
ထိုအချိန်မှာပဲ အောက်ပိုင်း၏ လှုံ့ဆော်များက တစ်ဖန် စတင်လာခဲ့ပြန်သည်။
တဖြေးဖြေး အရှိန်မြင့်လာသော လှုပ်ရှားမှုတို့သည်နျဲ့ပုဖန်အား အံဝင်ခွင်ကျဖြစ်ဖို့ရာပင် အချိန်မပေး...
''မလုပ်နဲ့၊ တော်ပါတော့...''
ဤသို့ဖြင့် ညအမှောင်ထုထဲမှ ငိုကြွေးအော်ငြီးသံသည် ကောင်းကင်ယံတစ်ခွင်သို့ တိုင်အောင်ပဲ့တင်ထပ်နေခဲ့လေသတည်း။
YOU ARE READING
ကြက်သခင် နျဲ့ပုဖန် (Complete ✅)
RandomGong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။