Chapter 103

1.4K 149 0
                                    

Chapter-103
အိပ်ရာပေါ်က စကား


လူအများစု ထွက်သွားပြီးနောက် ကြက်သိုက်ရွာသည် ရုတ်တရက် အထီးကျန်သွား၏။
ရှားရှားပါးပါးပင် နျဲ့ပုဖန်သည်  ရက်အတော်ကြာ စိတ်ဓာတ်ကျခြင်းကို ခံစားခဲ့ရသည်။ သူသည် အစာတစ်နပ်စီတွင် အသား သုံးခွက်အောက်သာ စားနိုင်ပြီး ကိုယ် အလေးချိန်လည်း အတော်ကျဆင်းသွား၏။

မြေကြီးမှာ နှင်းတွေ ဖုံးနေသော ဆောင်းဥတုအရောက်တွင် သူ့စိတ်တွေ တဖြေးဖြေး တိုးတက်လာပြီး သူ့ကြက်တွေကို နေ့တိုင်း သွား၍ နှောင့်ယှက်နေခဲ့သည်။

သို့သော် မကြာမီ သူသည် ဆိုးရွားသော ပြဿနာတစ်ခုကို ရင်ဆိုင်ရ၏။ ကြက်သိုက်ရွာရှိ တိုက်ကြက် အရေအတွက် လျော့နည်းသွားခြင်းဖြစ်သည်။ ဒါက အရင်က မဖြစ်ဖူးတဲ့ အခြေအနေပင်။ ကြက်သိုက်ရွာ၏ ထူးဆန်းသော ကျိန်စာကြောင့် ဖြတ်သွားဖြတ်လာ ကံမကောင်းသော တိရစ္ဆာန်များသည် ကြက်များ အဖြစ်သို့ ပြောင်းလဲသွားသောကြောင့် ကြက်အရေအတွက်သာ တိုးလာလေ့ရှိကာ တစ်ခုမှ မလျော့ဘူးပေ။

သာမန် အသားစား ကြက်များ၏ တိုးပွားမှုနှုန်းမှာ ပုံမှန် ဖြစ်သော်လည်း တိုက်ကြက်များမှာ တမဟုတ်ချင်း လျော့နည်းနေ၏။ တစ်ကောင်၊ နှစ်ကောင်သာ ပျောက်ဆုံးသွားပါက အံ့သြစရာ မဟုတ်သော်လည်း တစ်ကြိမ်လျှင် ဒါဇင်နှင့် ချီ၍ ပျောက်နေခြင်းမှာ အနည်းငယ် ထူးဆန်းနေသည်။

"ညီအစ်ကို ကျန်း၊ ငါ့ ကြက်တွေ ဘယ်ရောက်သွားလဲ မင်း သိလား" နျဲ့ပုဖန် သည် ကျန်းကျွင်းရှီ ကို အပြေးအလွှား ရှာကာ သွားမေးခဲ့သည်။

"အင်း၊ သူတို့ ဘယ်ရောက်သွားတာလဲဆိုတာ ငါလည်း မသိဘူး"
ကျန်းကျွင်းရှီလည်း မသိပါ။

"မင်းလည်း မသိဘူးလား။ ကြက်တွေ အများကြီး ပျောက်နေတာကို ငါ တွေ့ခဲ့ရတယ်၊ လူကုန်ကူးတဲ့သူတွေ ခေါ်သွားတယ်လို့ မင်း ထင်လား"

“မဖြစ်နိုင်ဘူး။ သူတို့က အရမ်း ထက်မြက်တယ်၊ လူကုန်ကူးသူတွေက မင်း ကြက်တွေကို ဘယ်လိုဖမ်းလို့ရမှာလဲ" 

ဘယ်သူတွေကများ သည်ကောင့်ရဲ့ ဘုရားစူး ကြက်တွေကို ပြန်ပေးဆွဲဝံ့မှာတဲ့လဲ။

"တကယ်လား" နျဲ့ပုဖန်က ခေါင်းကို ကုတ်ပြီး သူ့အခန်းထဲ ပြန်ဝင်သွား၏။ အခန်းထဲ တစ်ချက်ကြည့်လိုက်တော့ မီးဖိုဘေးမှာ အိပ်ပျော်နေတဲ့ ဟီးရိုးကို တွေ့လိုက်ရသည်။

နျဲ့ပုဖန်သည် ပေါ့ပေါ့ပါးပါး လျှောက်သွားကာ ဟီးရိုး၏ ခေါင်းဖြီးကို ညှစ်၍ ပြင်းပြင်းထန်ထန် လှုပ်ယမ်းလိုက်သည်။

“အာ၊ လူသတ်နေတယ်၊ လူသတ်နေပါတယ်ဗျို့''

ဟီးရိုးသည် ထိတ်လန့်၍ တုန်လှုပ်စွာအော်ဟစ်၏။

"ဟီးရိုး၊ ငါ မင်းကို တစ်ခု မေးချင်တယ်" နျဲ့ပုဖန်က သူ့ကို လွှတ်လိုက်ပြီး ဘေးမှာ ဝင်ထိုင်၏။

ဟီးရိုးက သူ့ကို တစ်ချက် စိုက်ကြည့်ပြီးနောက် လှည့်ကာ လျစ်လျူရှုလိုက်သည်။

သို့သော် နျဲ့ပုဖန် က နောက်တစ်ကြိမ် သူ့ဘက်ကိုပြန်လှည့်စေပြီး “မင်းကို မေးကြည့်မယ်။ ရွှေခဲနဲ့ တခြား ကြက်တွေ ဘယ်မှာလဲ။  သူတို့ ဘယ်သွားကြတာလဲ။”

“မသိဘူး” ဟီးရိုးက လှည့်သွားပြန်သည်။

နျဲ့ပုဖန်က နောက်တစ်ကြိမ် ပြန်လှည့်စေပြီး "လိမ်တာ မကောင်းဘူး"

“ကျစ်” ဟီးရိုးက မခိုးမခန့် စုပ်သက်လိုက်သည်။

"မင်း တကယ်ကို မာနပိုကြီးလာတာပဲ" နျဲ့ပုဖန် က သူ့နှုတ်သီးတွေကို ညှစ်လိုက်ပြီး “မင်းကို ငါ ကြက်သားဟင်း မလုပ်ပစ်တာ ကျေးဇူးတင်သင့်တယ်'' ဟု ပြင်းပြင်းထန်ထန် ငေါက်လိုက်၏။

ထို့ကြောင့် ဟီးရိုးက လက်သည်းတို့ကို ဆန့်ကာ ကုတ်ခြစ်ပြီး ဒေါသတကြီးဖြင့်

''ဟမ့်၊ မင်းလို ယုံကြည်စရာ တစ်စက်မှ မရှိတဲ့ လူကို ဒီဟီးရိုးက ကြောက်လိမ့်မယ် မထင်နဲ့''

"အိုး။ ဘာလို့လဲ၊ ပြောစမ်း၊ ငါက ဘာလို့မယုံရတာလဲ"

"မင်း ငါ့ကို အလှတရား တစ်ဒါဇင်လောက် ရှာပေးမယ်လို့ ကတိပေးခဲ့တယ် ကဲ၊ အခု အလှတွေ ဘယ်မှာလဲ” ဟု ဟီးရိုးက အသံကျယ်ကျယ်ဖြင့် ပြန်ထေ့သည်။

"ငါ ဘယ်တုန်းက သဘောတူခဲ့လို့လဲ"
နျဲ့ပုဖန်က ရူးချင်ယောင်ဆောင်၏။

''မင်း ပြန်ပေးဆွဲခံရတုန်းက ငါ ကယ်ခဲ့တယ်အတွက် ဆုလာဘ်လေ''

နျဲ့ပုဖန် ပို၍ပင် စိတ်ရှုပ်သွားသည်။  သူဘယ်တုန်းက ပြန်ပေးဆွဲခံရတာပါလိမ့်။

''ဟမ့်၊ မင်းနဲ့ စကားပြောရတာ အချိန်ပုပ်တယ်ကွာ''

ဟီးရိုးသည် ချက်ချင်းပဲ  တောင်ပံများကို ခတ်ကာ အခန်းတွင်းမှ ခုန်ပေါက်ထွက်သွားလေသည်။

ထိုအချိန် နျဲ့ပုဖန်သည် လေးလေးနက်နက် တွေးတောကာကျန်ခဲ့၏။ သည်လောက် အရေးကြီးသောအရာတစ်ခုကို သူ မေ့သွားခဲ့တာလား။ သူ့နှလုံးသားသည် ဟာလာဟင်းလင်း လေများဝင်ထွက်နေသော ပြတင်းပေါက် တစ်ခုနှင့် တူသည်။

ဝမ်ရှင်းချန် နဲ့ ကျန်းကျွင်းရှီ တို့ကလည်း ထိုကိစ္စနဲ့ပတ်သတ်ပြီးဘာမှ မပြောဖူးကြပေ။ မေးခွန်းပေါင်းများစွာနှင့်အတူ သူ ကုတင်ပေါ် ပစ်လှဲလိုက်၏။

ထို့နောက် မေးစေ့ကို ပွတ်ကာ ထူးဆန်းသော အမူအရာမျိုးနှင့် စဥ်းစားခန်း ဖွင့်လျှက် ရှိသည်။

ထိုည၌ ကျန်ကျွင်းရှီ၏ အခန်းထဲမှ သာယာမိန်းမောဖွယ် ညည်းတွားသံများ ထွက်လာပြီးနောက် နှစ်ဦးသား ကုတင်ပေါ်တွင် လူးလွန့်နေကြသည်။

အထွတ်အထိပ်သို့ ရောက်ခါနီးတွင် နျဲ့ပုဖန်က လှည့်၍ ကျန်းကျွင်းရှီ ပေါ်တွင် ထိုင်လိုက်သည်။  ညင်သာစွာ ပွတ်သပ်လှုပ်ရှားရင်း သူက တိုးတိုးလေးမေး၏။
''အစ်ကို ကျန်း၊ ခံစားလို့ ကောင်းလား''

"အင်း... ပုဖန်၊ မြန်မြန်လုပ်" 

ကျန်းကျွင်းရှီ၏ အသံသည် တိုးလျှ မောဟိုက်လျှက်ရှိကာ သူ့ မျက်လုံးများ၌ ရမ္မက် မီးတောက်နေသည်။

“စိတ်မပူပါနဲ့” နျဲ့ပုဖန် သည် တင်ပါးကို အနည်းငယ်မြှောက်လိုက်ပြီး အပေါ်အောက်ကြမ်းကြမ်းလှုပ်ရှားလိုက်၏။

"အစ်ကို ကျန်း၊ မနေ့ညက အစ်ကို ဝမ်က ငါ့ကို တစ်ခု ပြောခဲ့တယ်"

"အိုး။ သူ ဘာပြောလဲ" ကျန်းကျွင်းရှီ သည် နျဲ့ပုဖန် ၏ ခါးကို ထိန်း၍ သူ့အောက်သို့ တွန်းလှဲရန် ကြိုးစားသည်။

သို့သော် နျဲ့ပုဖန်က ကျန်းကျွင်းရှီ ဆန္ဒကို ငြင်းဆန်၍ လက်ရှိ အနေအထားအတိုင်း တောင့်ခံကာ ဆက်ထိန်းထား၏။

"ပုဖန်" ကျန်းကျွင်းရှီက သူ့ကို စိတ်ဆန္ဒ အပြည့်နဲ့ ကြည့်နေသည်။

"ခဏ၊ ငါ အစ်ကို ဝမ် ပြောတဲ့ အကြောင်း အရင်ပြောပါရစေ"

ကျန်းကျွင်းရှီက သက်ပြင်းချလိုက်ပြီး "မင်း ငါ့ အိပ်ယာပေါ်မှာ တခြားလူအကြောင်း ပြောစရာ မလိုဘူး"

"ဒါမယ့် အစ်ကိုဝမ်က တခြားလူ မဟုတ်ပါဘူး၊ နောက်ထပ် ငါ့ယောက်ျား တွေ အများကြီးအကြောင်းလည်း ပြောပြချင်သေးတယ်"

နျဲ့ပုဖန်က ကျန်းကျွင်းရှီ ၏ ခန္ဓာကိုယ်တစ်ဖက် တစ်ချက်၌ လက်နှစ်ဘက်လုံးကို ထောက်လိုက်ပြီး ငုံ့ကြည့်နေ၏။ တစ်ဖက်၏ ရင်ဘတ်ပေါ်ကျနေသော ဆံပင်ရှည်များနှင့်၊ သူ့ အကြည့်များက ချစ်ခင် စွဲမက်ဖွယ် ဖြစ်နေသည်။

ထိုတွင် ကျန်းကျွင်းရှီက ခေတ္တရပ်လိုက်ပြီး ချီတုံချတုံနဲ့ "မင်း ဘာတွေ ပြောနေတာလဲ။  မင်းယောက်ျားတွေ အများကြီး အကြောင်းဆိုတာကဘာလဲ''

''မင်းရယ်၊ အစ်ကို ဝမ်၊ လီ ညီအစ်ကို၊ ခေါင်းဆောင် ဝေနဲ့ ပြီးတော့... ''

"ခဏနေပါဦး။ မင်း အဲဒါတွေ အကုန် မှတ်မိလား"  ကျန်းကျွင်းရှီ လန့်သွားသည်။

နျဲ့ပုဖန်က မျက်လုံးကို မှိတ်ထားပြီး
“အိုး၊ မဟုတ်ဘူးလား၊ အစ်ကို ဝမ် ပြောတာ မှန်မယ်ထင်တယ်။ သူတို့ အားလုံးက တကယ် ငါ့ယောက်ျားတွေလား"

"ဒါ ဝမ်ရှင်းချန်က မင်းကို ပြောတာလား" 
ကျန်းကျွင်းရှီ မျက်မှောင်ကြုတ်လိုက်၏။ သူ သေချာ စဉ်းစားကြည့်တော့မည့် အချိန်တွင် နျဲ့ပုဖန် သည် ရုတ်တရက် ထိုင်ချလိုက်ပြီး နွေးထွေးချောမွေ့သော နံရံများတွင် သူ့ ဆန္ဒကို တင်းတင်းကြပ်ကြပ် ဖြည့်စွက်ပေး ထားသည်။

“အင်း…..” ကျန်းကျွင်းရှီက ကျေနပ်စွာ ညည်းညူရင်း သူ့ အတွေးတွေ ပြတ်တောက်သွားသည်။

"သူ ပြောတာတွေက အများကြီးပဲ" နျဲ့ပုဖန်က သူ့တင်ပါးတွေကို လှုပ်ခါလျှက်
“ငါ ဘာမှ မမှတ်မိဘူး''

''မင်း အကုန် မေ့သွားတာ''

ကျန်းကျွင်းရှီမှာ မျက်လုံး တစ်ဝက် မှေးလျှက် တစ်ဖက်သား၏ လှုပ်ရှားမှုနှင့် ကိုက်ညီအောင် လုပ်နေသည်။

"ငါ အများကြီး မေ့သွားတာ" နျဲပုဖန် ရုတ်တရက်ရပ်ပြီး "ဒါပေမယ့် ခန္ဓာကိုယ်ကတော့ အားလုံးကိုမှတ်သားထားတယ် ထင်တယ်"

"ခန္ဓာကိုယ်က မှတ်သားထားတာလား" 
ကျန်းကျွင်းရှီက သူ့ကို စူးစူးစိုက်စိုက်စိုက်ကြည့်ကာ "အဲ့ဒါက ဘယ်လို မှတ်ဉာဏ်မျိုးလဲ"

ထို့နောက် ကျန်းကျွင်းရှီသည် နျဲ့ပုဖန်ကို ရုတ်တရတ် လှန်ချလိုက်ကာ ကိုယ်အောက်ကို ဖိထားပြီး ပြင်းပြင်းထန်ထန် တွန်းသွင်းလိုက်သည်။

“အင်း…..”

"ဒီလို အမှတ်တရမျိုးလား" နျဲ့ပုဖန်၏ ခြေထောက်ကို မြှောက်စေကာ ဆက်လက်တိုက်ခိုက်သည်။

“…..အား… အရမ်း နက်လွန်းတယ်… ဖြေးဖြေး ……” နျဲ့ပုဖန်မှာ ကျန်းကျွင်းရှီ၏ လှုပ်ရှားမှုတွေကို မခံ မရပ်နိုင် ဖြစ်နေရှာသည်။

"မလုံလောက်သေးဘူး၊ ဒီလောက်နဲ့ မရသေးဘူး"

ခါတိုင်းလို နူးညံ့ သိမ်မွေ့ပုံနှင့် မတူဘဲ ကျန်းကျွင်းရှီ သည် ယခုအချိန်တွင် အနည်းငယ် ရိုင်းပြ၏။

“အား..”
ကျန်းကျွင်းရှီ ဆေးသောက် မှားနေတာလား။ နျဲ့ပုဖန် နာမည်တွေကို ပြောခဲ့ပြီး အဓိက အချက်ကို မပြောရသေးဘူး။ ဒါပေမယ့် သေချာတာ တစ်ခုက၊ အရင်က ထွက်ခွာသွားခဲ့တဲ့ လူတွေဟာ သူနဲ့ အထူးရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး သူတကယ်ပဲ အမှတ်တရတွေ အများကြီး ဆုံးရှုံးခဲ့ရတာပဲ။

အိုး၊ ဘယ်လို မှားယွင်းမှုတွေနဲ့ ဘယ်လို မှတ်ဉာဏ်တွေ ပျက်စီးသွားခဲ့တာလဲ။ အဲ့လူတွေကိုရော သူဘယ်လိုများ နှိုးဆော်ခဲ့သလဲ။ သူ့ရဲ့ ဆွဲဆောင်မှုက လူအများကြီးကိုဖမ်းစားနိုင်တဲ့အထိ တကယ်ကို ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်ခဲ့တာလား။

နျဲ့ပုဖန်၏ စိတ်လွင့်နေရာမှ သတိပြုမိချိန်တွင် ကျန်းကျွင်းရှီ  သည် ခေါင်းငုံ့ကာ လေးလေးနက်နက် စိုစွတ်သော အနမ်းများဖြင့် နမ်းရှိုက်နေသည်။

ထို့နောက်တွင် သားရဲကဲ့သို့ ပြင်းပြင်းထန်ထန် ဟစ်အော်သံများနှင့်အတူ အသားချင်းရိုက်သံများသာ အခန်းထဲ၌ ရှိတော့သည်၊ မကြာမီ သူတို့နှစ်ဦးလုံး အထွတ်အထိပ်သို့ ရောက်ရှိသွားကြသည်။

ပြင်းထန်သော တိုက်ပွဲ အပြီးတွင်၊ ကျန်းကျွင်းရှီ သည် သူ့ရင်ခွင်ထဲ၌ အိပ်ပျော်နေသော နျဲ့ပုဖန်ကိုကြည့်ကာ လေးလေးနက်နက် တွေးတောနေခဲ့၏။

ဤယောကျ်ားရဲ့ စောစောက စကားတွေဟာ ချစ်တင်းနှောခြင်း အလယ်မှာ တမင်သက်သက် နှိုးဆွပေးဖို့ ရည်ရွယ်ချက်နဲ့ပဲ ပြောခဲ့တာလား။

ကျန်းကျွင်းရှီ  ပြုံးလိုက်၏။ မနာလို ဖြစ်နေပေမယ့်လည်း သူ့ကံကြမ္မာကို လက်ခံပြီးသား ဖြစ်သည်။  ဒီယောကျ်ားဟာ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားသည့်တိုင်၊ ငြိမ်ငြိမ်ထိုင်ပြီး ဒုက္ခကင်းအောင် နေရမည့်သူ မဟုတ်ဘဲ အနာဂတ်တွင် ပျားလုပ်သားများနှင့် လိပ်ပြာဖိုများကိုလည်း တစ်ယောက်ပြီး တစ်ယောက် ဆွဲဆောင်နေပေလိမ့်မည်။ ကျန်းကျွင်းရှီမှာ လုပ်နိုင်တာဆိုလို့ သည်လူ့ဆီ ရောက်လာမယ့် ပျားတွေ၊ လိပ်ဖိုပြာတွေ အရေအတွက်ကို တတ်နိုင်သမျှ နည်းအောင် ထိန်းချုပ်ဖို့ပါပဲ…အိုက်ယား၊ ဘဝကြီးက ဒီထက်ပိုပြီး ဝမ်းနည်းစရာ ကောင်းတာ ရှိသေးရဲ့လား။

ကျန်းကျွင်းရှီ သဝန်တိုပြီး အိပ်ပျော်နေတဲ့သူရဲ့ပါးကို လက်ဖြင့် လိမ်ဆွဲလိုက်၏။ သည့်နောက် အ အသံအုပ်အုပ်နဲ့ ကြိမ်းမောင်းလိုက်သည်။

''ပုဖန်၊ မင်း ငါ့ကို ထပ်မေ့သွားရဲ မေ့သွားကြည့် ငါမင်း အသားကို ပါးပါးလှီးပြီး ကြက်တွေကို သွားကျွေးပစ်မယ်''

“အင်း…ကြက်တွေ အစာကျွေးဖို့ အချိန် ရောက်ပြီ…” နျဲ့ပုဖန်က အိပ်မက် ယောင်ရင်း တိုးတိုးလေးညည်းတွား၏။
“အစ်ကို ကျန်း၊ ကြက်စာသွားကျွေးပါ……”

ကျန်းကျွင်းရှီ  မျက်လုံး ပြူးသွားလေသည်။
.......

နောက်တစ်နေ့တွင် နျင်းပုဖန်သည် အားကြိုးမာန်တက်၊ အားအင် အပြည့်ဖြင့် ရွာတစ်ဝိုက်တွင် ပြေးလွှားကာ တုပုန်းကို လက်ဆွဲ၍ ရွာရိုး တစ်လျှောက် ကြက် အရေအတွက်ကို စတင်မှတ်တမ်း ကောက်တော့သည်။ နံပါတ်များကို စာရင်းဇယား တစ်ခုအဖြစ် ခွဲလိုက်သည်။

တိုက်ပွဲစွမ်းအား အတော်အတန် ရှိသော ရွှေခဲကဲ့သို့သော အကြီးစား တိုက်ကြက်များ အပါအဝင်အနည်းဆုံး ပျောက်ဆုံးနေသော ကြက်ကောင်ရေ ၂၀ ခန့်သာ ရှိသည်။

ထို့ကြောင့် နျဲ့ပုဖန်လည်း စိတ်အေးသွားရသည်။ ပျောက်နေသော ကြက်များသည် ယုန်နှင့် သမင်ကဲ့သို့သော မျိုးစိတ်များ ဖြစ်လျှင် ၎င်းအတွက် စိတ်မပူရပေမည်။  ၎င်းတို့ အားလုံးဟာ တောတွင်း သတ္တဝါတွေ ဖြစ်တာကြောင့် ဘာမှ စိုးရိမ်စရာ မရှိပေ။

သို့သော်ငြားလည်း ၎င်းတို့ ပြန်ပေးဆွဲခံရခြင်း ဖြစ်ပါက ပြန်ပေးသမားများသည် မိမိတို့ ကံကြမ္မာအတွက် ဘုရားရှင်ဆီမှာ ဖင်ပူးတောင်း ထောင်ဆုတောင်းရုံသာ ရှိပေလိမ့်မည်။

နောက်တစ်နေ့ ညတွင် နျဲ့ပုဖန်သည် ဝမ်ရှင်းချန် ၏အခန်း၌ တစ်ညတာ အိပ်ခဲ့သည်။ ဝမ်ရှင်းချန်နဲ့ ကျန်းကျွင်းရှီ တို့ဟာ တိကျသေချာတဲ့ နားလည်မှုတစ်ခုကို အချင်းချင်း မျှဝေထားခဲ့ကြသလိုပင်။ ကံကောင်း ထောက်မစွာနဲ့ နျဲ့ပုဖန် သန်စွမ်းလှတဲ့ ပြန်လည် ထူထောင်နိုင်စွမ်း ရှိပြီး သူ့ ဂန္ဓမာကို ဖောက်ရမှာလည်း မကြောက်ခဲ့ပေ။ ကျန်းကျွင်းရှီ  နှင့် ဝမ်ရှင်းချန် တို့က သူ့ ကျန်းမာရေးကို ထိန်းသိမ်းရန်လည်း ပုံမှန် ကူညီပေးခဲ့သည်။

"ဘာမှ မေးစရာ မရှိဘူးလား" 
ဝမ်ရှင်းချန် သည် နျဲ့ပုဖန် နားထဲတွင် တိုးညှင်းသော အသံဖြင့် မေးလိုက်သည်။

"ဘာကိုလဲ"

"မနေ့ညက မင်း ကျန်းကျွင်းရှီကို မေးလိုက်တယ်မဟုတ်လား" ဝမ်ရှင်းချန်သည် သူ့ နားရွက်များကို ဖြည်းညှင်းစွာ နမ်းလိုက်သည်၊ ပြင်းထန်သော အသက်ရှုသံများက တဆက်တည်းမှာ ဝဲထကာ တုန်လှုပ်သွားစေသည်။

နျဲ့ပုဖန်က သူ့ ခေါင်းကို စောင်းလိုက်ပြီး

“ငါ သူ့ကို ဘာမေးလိုက်တာလဲ မသိဘူး။ ဒါက ပျော်စရာကောင်းအောင် ပြောတဲ့ အိပ်ရာပေါ်က စကားတွေပဲလေ''

ဝမ်ရှင်းချန်၏ ပါးစပ် အဟောင်းသား ဖြစ်သွား၏။ အိပ်ယာပေါ်က စကားတွေတဲ့လား။ စကားမှာ ဤသို့သော အမျိုးအစား ခွဲခြားမှု ရှိပါသလား။  အပျော်သဘော အနေနဲ့ကတော့ စိတ်ထိခိုက်အောင်မပြောတာနဲ့တင် ကောင်းချီး တစ်ခုလို ဖြစ်နေပါပြီ။

"မင်း ကျန်းကျွင်းရှီကို ငါ မင်းကို ပြောခဲ့တာတွေ အများကြီး ပြောလိုက်လား" 

ဝမ်ရှင်းချန်သည် စကားလမ်းမချော်ပဲ  ထိုအကြောင်းအရာကို ဆက်လက်မေးခဲ့သည်။

“အိုး” နျဲ့ပုဖန်သည် ရုတ်တရက် ဝမ်းနည်းပူဆွေးစွာ သက်ပြင်းချလိုက်ပြီး "မင်း မသိပါဘူး၊ မင်း နာမည်ကို ငါပြောပြီး ချက်ချင်းပဲ သူက တိရစ္ဆာန် တစ်ကောင် ဖြစ်သွားတာ''

"အိုး"

“သူ့ ကုတင်ပေါ်မှာ တခြားလူရဲ့နာမည်ကို မဖော်ပြဖို့ ပြောတယ်။ ဒါပေမယ့် ငါက တစ်ခုတည်းတောင်မကဘူး နာမည်တွေ အများကြီး ပြောလိုက်တာ''

"မင်း ဘယ်သူ့ နာမည်ကို ပြောလိုက်တာလဲ"
ဝမ်ရှင်းချန်က ပေါ့ပေါ့ပါးပါး လေသံဖြင့် မေးသည်။

"ငါ သိတဲ့ လူတိုင်း" နျဲ့ပုဖန် က ရယ်မောလိုက်၏။

"မင်းက သိပ်ချစ်ဖို့ကောင်းတဲ့ လူယုတ်မာလေးပဲ" 

ဝမ်ရှင်းချန်က နျဲပုဖန် ရင်ဘတ်ကို ကိုက်လိုက်ပြီး စည်းချက်ညီညီ မလှုပ်ရှားမီ တစ်ချက် ထိုးဝင်လိုက်သည်။

“အဟင့်….အင့်…..”

"နောက်တစ်ခါ မင်း သိချင်တာရှိရင် ငါ့ကို  တိုက်ရိုက်မေးပါ"

"သိချင်တာတွေအကုန် ပြောပြမှာလား"

"ငါ မင်းကို တတ်နိုင်သလောက် ပြောပြမယ်"

“…..ဟမ်း”

"တံခါး မြန်မြန်ဖွင့်၊ ပုံမှန် စစ်ဆေးချိန် ရောက်ပြီ" 
မနက်အစောကြီး၌ နတ်ဆေး ဆရာက တံခါးကို လာခေါက်သည်။

ဝမ်ရှင်းချန် တံခါးဖွင့်ပြီး သူ့ကို ဝင်ခွင့်ပြုလိုက်သည်။

နျဲ့ပုဖန်သည် စောင်ခြုံထားလျှက် ကုတင်ပေါ်တွင် လဲလျောင်းနေဆဲဖြစ်သည်။

"နတ်ဆေးဆရာကြီး ခင်ဗျား စစ်ဆေးနေတာ ကြာပြီ၊ ရလဒ်တွေ ဘယ်လိုရှိလဲ''

“ဟဲဟဲ၊ ဟုတ်သားပဲ၊ ရှိတယ် ရှိတယ်” 
နတ်ဆေးဆရာသည် မုတ်ဆိတ်မွေးကို ပွတ်ကာ
“အံ့သြဖွယ် လျှို့ဝှက်ချက် တစ်ခုကို ငါ တွေ့ထားပြီ” ဟု လေးလေးနက်နက် ပြောပြီး ပြုံးလိုက်၏။

"ဘာ လျှို့ဝှက်ချက်လဲ"

သို့သော် နတ်ဆေးဆရာက ဟိတ်ဟန်ကြီးသောမျက်နှာပေးဖြင့် မေးစေ့ကို မော့ကာ ''မင်း တောင်းဆိုကြည့်လေ'' ဟု မောက်မာစွာ စျေးကိုင်သည်။

နျဲ့ပုဖန်ကတော့ သူ့ကို မထီမဲ့မြင် အကြည့်နဲ့ ကြည့်ပြီး

''ခင်ဗျား ဘာတွေများ တွေ့ထားသေးလို့လဲ၊
မဟုတ်မှ ခင်ဗျားရဲ့ ဦးခေါင်း ခွဲစိတ်မယ့် အကြံဉာဏ်ကြီးကို ထပ်တရားဟောမှာတော့ မဟုတ်လောက်ပါဘူးနော်''

"ဟေး၊ ငါ့ကို လျှော့မတွက်နဲ့။ ဝက်ခေါင်းနဲ့ ဆတ်တစ်ကောင် ခေါင်းကို ငါ အောင်အောင် မြင်မြင်ဖွင့်ခဲ့ပြီးပြီကွ'' ဟု  နတ်ဆေး ဆရာကမကျေနပ်ပြောသည်။

နျဲ့ပုဖန်က သူ့ကို အသံတိတ် စိုက်ကြည့်လိုက်သည်။

"ကောင်းပြီ။ မင်းတို့ မသိချင်ဘူးဆိုလည်း မပြောတော့ဘူး''

နတ်ဆေးဆရာက သူတို့ကို မျက်နှာ လွဲကာ လက်ဝှေ့ယမ်းလိုက်၏။

“အထူးသဖြင့် မင်း ယောက်ျားတွေနဲ့ အိပ်ရာဝင်ပြီးတိုင်း မင်းရဲ့ သွေးခုန်နှုန်း အခြေအနေက တဖြည်းဖြည်း တည်ငြိမ်လာနေပြီဆိုတာ မပြောတော့ဘူး''

ခေတ္တတွေးနေ ပြီးနောက် သူက ဆက်ပြောသည်။

“ဒါပေမယ့် မှတ်ထားစရာ တစ်ခုက သခင်လေး ဝမ်၊ သခင်လေး ကျန်းတို့ နှစ်ယောက်တည်းနဲ့တော့  မင်းရဲ့ အချိန်မတန်မီ သေဆုံးခြင်းကနေ လုံးဝဘေးကင်းဖို့ မလုံလောက်ဘူးဆိုတာပါပဲ။ ယန် စွမ်းအင်ကို စုပ်ယူနိုင်တဲ့ အမျိုးသားတွေ နောက်ထပ် ရှာဖို့ အကြံပြုချင်တယ်။”

ယန်စွမ်းအင်ကို စုပ်ယူတာလား။ သူ့ကို ဝိညာဉ်နတ်ဆိုးက ချုပ်ကိုင်ထားတာများလား။ နျဲ့ပုဖန်က နတ်ဆေးဆရာ ကို စိုက်ကြည့်နေသည်။

ဝမ်ရှင်းချန်ကတော့ ဆိတ်ဆိတ်နေလျှက် ပြန်လည်မွေးဖွားခြင်း မန္တန်ကို တိတ်တဆိတ် ရွတ်ဆိုနေသည်

"ဒါပေမယ့်၊ ငါ ပြောချင်နေတဲ့ ရှာဖွေ တွေ့ရှိမှုဆိုတာ ဒီကိစ္စကို ရည်ညွှန်းတာတော့ မဟုတ်ဘူး"

နတ်ဆေး ဆရာသည် ရုတ်တရက် ထူးဆန်းသောမျက်နှာထားဖြင့် “သိချင်သလား” ဟု ဗဟေဠိဆန်ဆန် မေးလိုက်သည်။

"အိုက်တင် ခံမနေနဲ့၊ ပြောပြစမ်းပါ''

နတ်ဆေးဆရာသည် ဝမ်ရှင်းချန် ကို တစ်ချက်ကြည့်ပြီးနောက် နျဲ့ပုဖန်၏ နားထဲသို့ ကပ်ကာ စကား အနည်းငယ် တိုးတိုးလေး ရေရွတ်၍ပြော လိုက်သည်။

"ဘာလဲ တကယ်လား" နျဲ့ပုဖန်က မယုံနိုင်သော မျက်နှာဖြင့် သူ့ကို စိုက်ကြည့်နေသည်။

နတ်ဆေးဆရာက ခေါင်းညိတ်ပြီး
“ယုံပါ၊ ဒါတော့ ငါ လုံးဝ မမှားနိုင်ဘူး” ဟု ယုံကြည်ချက်ရှိရှိအာမခံသည်။

ထို့နောက် နျဲ့ပုဖန်က ဝမ်ရှင်းချန် ကို တစ်ချက်ကြည့်လိုက်ပြီး ချောင်းဆိုးလိုက်ပြီး

"ကောင်းပြီ သိပါပြီ ၊ ကြိုးစားကြည့်လိုက်ပါမယ်"

ဤသို့ဖြင့် နတ်ဆေး ဆရာက ထွက်သွားပြီးနောက်တွင် နျဲ့ပုဖန်က ဝမ်ရှင်းချန် အနား ကပ်ကာ

“အစ်ကို ဝမ်၊ နတ်ဆေးဆရာက ငါ့ကို ဘာပြောသွားလဲဆိုတာ မင်း ကြားလိုက်လား”

“မကြားဘူးလေ'' ဝမ်ရှင်းချန် က မသိချင်ယောင်ဆောင်ကာ ပြန်ဖြေသော်လည်း သူ့ မျက်လုံးထဲတွင် အလင်းရောင် တစ်ခု လင်းလက်လျှက်ရှိသည်။

"မကြားတာ ကောင်းတယ်" 

အနာဂတ်တွင် ချစ်တိုးနှောမှု ပမာဏကို ထိန်းထားရန် အာရုံစိုက်ထားရမည်ဟု သူ့ကိုယ်သူ တွေးကာ နျဲ့ပုဖန်သည်  ခြောက်ခြောက် ကပ်ကပ် ရယ်မောလိုက်လေ၏။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now