Chapter 47

2.5K 301 2
                                    

Chapter-47
ဆန်းကြယ်သောရတနာရှာပုံတော် (၄)
.............................

နျဲ့ပုဖန်ဟာ ကြက်များ ခေါ်ဆောင်ရာနောက် လိုက်ရင်း လှိုဏ်ဂူ၏ နက်ရှိုင်းသော အပိုင်းကို ရောက်ရှိသွားသည်။
ပတ်ဝန်းကျင်မှာ အေးစိမ့်စိမ့်နှင့် မှောင်ပြပြ ဖြစ်နေသည်။ ဖုန်မှုန့်နံ့များ ရပြီး ရံဖန်ရံခါ ညှီစို့စို့ အနံ့စူးစူးတို့ နှာခေါင်းထဲ ဝင်လာတတ်၏။ လှိုဏ်ဂူ၏ နံရံဘက်ဆီမှ အကောင်ပလောင်တွေ သွားလာနေသောအသံများလည်း ကြားရသည်။

''ဘယ်ဘက်ကို သွားရမလဲ''

အရှေ့မှ လမ်းနှစ်ခွကို ကြည့်ကာ နျဲ့ပုဖန် မေးလိုက်သည်။
ထိုအခါ ကြက်ကလေးများက လမ်းခွဲတစ်ဖက်ဆီသို့ ပြေးကာ တွန်ကြူးသည်။
နျဲ့ပုဖန်လည်း ၎င်းတို့ အချက်ပြမှုကို နားလည်သော အနေနှင့် ခေါင်းညိတ်ပြ၏။
နျဲ့ပုဖန်နှင့် ၎င်း၏ ကြက်များ ကြားတွင် အချင်းချင်း နားလည်နိုင်သော ထူးခြားသည့် ဆက်သွယ်မှုတစ်မျိုး ရှိသည်။
သူ ခြေလှမ်း အနည်းငယ် လျှောက်ပြီးနောက် အဝေးဆီက စုချန်းယီ၏ ကြုံးဝါးသံကို ကြားလိုက်ရ၏။ လှိုဏ်ဂူ နံရံများပင် တုန်ခါနိုင်စွမ်းသော ၎င်းအော်သံကို နျဲ့ပုဖန် လန့်ပေမယ့်၊ စုချန်းယီအားကိုယ်တုံးလုံး ထား၍ ဂလဲ့စားချေခဲ့ရသည့်အပေါ် သူ ကျေနပ်မိသည်။

ဤသို့ဖြင့် လျှောက်လာလိုက်ရာ မကြာမီတွင်ရတနာသိုက်ခန်းတစ်ခုကို ထပ်တွေ့လိုက်ရ၏။ ၎င်းနေရာသည် မှောင်မနေပဲ ဝါဖျော့ဖျော့ အလင်းရောင်များ လင်းနေ၏။
ထိုအထဲသို့ နျဲ့ပုဖန် ဝင်သွားလိုက်သည်။
ဝါဖျော့ဖျော့ အလင်းရောင်၏ အရင်းအမြစ်ဟာ အခန်း၏ လေးဘက် လေးထောင့်တွင် ထားရှိသော ပန်းကန်လုံး အရွယ်အစား ကမာခွံတို့ထဲရှိ ပုလဲလုံးတို့ထံမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။
၎င်းတို့မှာ အလွန် အဖိုးတန်မည့်ပုံပေါ်သည်။

နျဲ့ပုဖန် တအံ့တသြ ဖြစ်နေခဲ့ပြီး နောက်တွင် ၎င်းတို့ထဲမှ နှစ်ခုအား သူ့ လွယ်အိတ်ထဲ ကောက်ထည့်လိုက်၏။ အမှန်စင်စင်တွင် နျဲ့ပုဖန် ရတနာပစ္စည်းကို မက်မော၍ ယူခြင်း မဟုတ်ပေ၊ သဘာဝအတိုင်း အလင်းရောင် ထွက်နေပုံကို သဘောကျ၍ သိမ်းလိုက်ခြင်း ဖြစ်သည်။

အခန်းကို တစ်ပတ်လှည့်ပတ် ကြည့်ပြီးနောက် အခန်းတွင် ဝင်ပေါက် ထွက်ပေါက် တစ်ပေါက်တည်းသာ ရှိသည်ကို နျဲ့ပုဖန် သိသွားသည်။ ဒါ့အပြင် နံရံဘက်၌လည်း ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော သေတ္တာကြီးငယ် အရွယ်အစား အမျိုးမျိုး ရှိနေသည်ကို တွေ့လိုက်ရသည်။
၎င်း ကျောက်စိမ်းသေတ္တာတို့၏ မျက်နှာပြင်ဟာကိုင်ကြည့်လိုက်တာနဲ့ ချောမွေ့ကြည်လင်ကာ အေးစက်နေသည်။
အလွန် တန်ဖိုးကြီးပုံရသော ၎င်း ကျောက်စိမ်းသေတ္တာများထဲတွင် ရှိနေမည့် ပစ္စည်းကလည်းအင်မတန် အဖိုးထိုက်တန်လိမ့်မည်။

၎င်းတို့ထဲမှာ ကျောက်စိမ်း သေတ္တာတစ်ခုကို ယူကာနျဲ့ပုဖန် ဖွင့်ကြည့်လိုက်သည်။
အတွင်း၌ တွေ့လိုက်ရသည်မှာ သဲနုရောင် အမှုန့်တစ်မျိုးနှင့် ရွှေမှုန့်ကလေးများ ရောစပ်ထားသော အရာဖြစ်သည်။ ၎င်းအမှုန့်များတွင် မွှေးသောရနံ့လည်းရှိသည်။ ၎င်းတို့ကို ဘာမှန်း မသိပေမယ့် ဤမျှ အဖိုးတန်သော ကျောက်စိမ်းသေတ္တာထဲ ထည့်သိမ်းထားပုံထောက်လျှင် ၎င်းတို့သည် သေတ္တာထက်တော့ များစွာ တန်ဖိုးကြီးမည်မှာ အသေအချာဖြစ်သည်။
ထို့နောက် တခြားသေတ္တာတွေကိုလည်း နျဲ့ပုဖန် လိုက်ဖွင့်ကြည့်သည်။ ၎င်းတို့ထဲမှာလည်း ထူးဆန်းသော အလုံးအစေ့များ၊ အမှုန့်များနှင့်စေးကပ်ပျစ်ချွဲသော အရေများ ပါရှိနေသည်။
၎င်းတို့ကို အတော်ကြာကြာ လိုက်စပ်စုပြီး ပျင်းသွားသောအခါတွင် နျဲ့ပုဖန် နောက်တစ်နေရာကို ထပ်ကြည့်ပြန်သည်။
ထိုနေရာဟာ စားပွဲခုံတစ်လုံးပေါ်တွင်စားပွဲ သောက်ပွဲ ခင်းကျင်းထားဟန် တူပြီး ကြွေထည်အိုးခွက်ပန်းကန်များ ရှိနေကြသည်။ အချို့က ကြမ်းပြင်ပေါ်တွင် ကျကွဲနေကြသည်။
အစားအသောက်ဟု ထားရသောအရာများကလည်း ပုပ်သိုးခြောက်သွေ့ကာ ပုံပျက်နေပေမယ့် အနံ့တော့ မရှိ။

ထိုအထဲမှ ဖော့စို့ဖြင့် အဝကို ပိတ်ထားသော ခရားတစ်လုံးကို နျဲ့ပုဖန် ယူလိုက်သည်။
ထိုဖော့ဆို့ကို ဆွဲဖယ်ဖို့ လုပ်ရာ တော်တော်နှင့် မထွက်ပဲ ကြပ်နေ၏။

''အသေ ပိတ်ထားတာပါလား''
နျဲ့ပုဖန် ဖွင့်ရင်း ရေရွတ်လိုက်သည်။
သူ လုပ်နေပုံကို ကြက်များကလည်း စိတ်ဝင်တစား ဝိုင်းအုံကြည့်နေ၏။

နောက်ဆုံး၌ ဖော့စို့အဖုံး ဖယ်လိုက်နိုင်ပြီးနောက်တွင် သင်းပျံ့သော ဝိုင်ရနံ့အတူ၊ ခရားအတွင်းဝိုင်တို့ အပြည့်ရှိနေတာကို နျဲ့ပုဖန် တွေ့လိုက်ရ၏။

''အင်း...အနံ့က တော်တော်ကောင်းတယ်''

ဝိုင်၏ ရနံ့ကို ခံစားရင်း နျဲ့ပုဖန် ပြုံး၏။

''ဒါက တကယ် အဖိုးတန် ဝိုင်ပဲ၊ အနည်းဆုံးတော့နှစ်ရာနဲ့ချီ ရှိလောက်ရောပေါ့''

ကြက်များက နားလည်သည့်အလား အတောင်များခတ်ကာ တွန်ကြူး၍ ဝမ်းသာသည့်ဟန် လုပ်ပြကြသည်။

''ကောင်းပြီ၊ မင်းတို့ကိုလည်း အနံ့ခံခွင့် ပေးမယ်''

နျဲ့ပုဖန်သည် ကြက်များ အနံ့ရစေရန် ဝိုင်ခရားကိုဝှေ့ယမ်းလိုက်၏။
အမှန်တွင် ကြက်များက သေရေ အရက် အကြောင်း ဘာမှ မသိပေမယ့်၊ ထိုအနံ့ကို ရသောအခါ၌ ဂဏာမငြိမ် ဖြစ်ကြသည်။

''ပြီးရင် ငါ နည်းနည်း စမ်းကြည့်မယ်''
နျဲ့ပုဖန်သည် ပြောရင်း သူ့ လွယ်အိတ်ထဲက သစ်သား ဇွန်းလေးကို ထုတ်လိုက်၏။
ထို့နောက် ဝိုင်းနည်းနည်း ခပ်ကာ အရသာကို မြည်းစမ်းကြည့်သည်။
ဝိုင်ဟာ ပါးစပ်ထဲသို့ ရောက်သောအခါ မွှေးပြီးလျှာဖျား၌ ထုံကျင်သော အရသာရှိသည်။ ထို့နောက် ခန္ဓာကိုယ်ရှိ အကြောအချဥ်များ အားလုံး ရုတ်တရက် ပြေလျော့သွားသဖွယ်။

နျဲ့ပုဖန် နောက်တစ်ဇွန်း ထပ်မြည်းကြည့်သည်။ ဒီတစ်ခါမှာတော့ အချိုနှင့် အခါး၏ အစပ်ဟပ်တည့်သော အရသာကို ခံစားရ၏။
ထို့ကြောင့် မနေနိုင်ပဲ တတိယအကြိမ် ထပ်သောက်လိုက်သောအခါ ရုတ်တရက် မူးဝေ၍ နှလုံးခုန်နှုန်းများ မြန်လာသည်၊ သူ၏ စိတ်ဝိညာဥ်သည်ဝိုင်၏ အရှိန်ဖြင့် မူးရစ် ရီဝေကာ တိမ်တွေပေါ် လွင့်နေသကဲ့သို့ ဖြစ်နေသည်။
နျဲ့ပုဖန် ဘဝတွင် ဤမျှလောက် ယစ်မူး ကောင်းမွန်မှုမျိုးကို တစ်ခါမှ မခံစားရဖူးပါ။
သူသည် အရက်သေစာ ကြိုက်သူ မဟုတ်သော်လည်း ဤ စပျစ်ဝိုင်က အလွန် ထူးခြားကြောင်း ဝန်ခံရပါမည်။
ဆက်သောက်ချင် စိတ်ကို တွန်းလှန်၍ စားပွဲပေါ် တက်မွှေတော့မည့် ကြက်တွေကို အရင်ဟန့်တားရသည်။

''မင်းတို့တွေ ဒီစားပွဲပေါ်က ဟာတွေကို ဘာမှထိလို့ မရဘူးနော်၊ တစ်ခုခု ကျကွဲလို့ကတော့ မင်းတို့ကို လွင့်ပစ်မယ်''

နျဲ့ပုဖန် ထိုသို့ သတိပေးလိုက်တာနဲ့ ကြက်တွေလည်း နားခံကာ စားပွဲနားမှ ခွာသွား၏။
ထို့နောက်တွင် နျဲ့ပုဖန် ခြေလှမ်း အနည်းငယ်လျှောက်လိုက်ရာ ခေါင်းထဲ တရိပ်ရိပ် လေးလံ မူးဝေမှုကို ခံစားလိုက်ရသည်။
အမြင် အာရုံများလည်း ဝေဝါးလာသည်။
ထို့ကြောင့် နံရံကို အားပြုကာ မှီလိုက်ရသည်။
အရက်ရှိန် တစ်ဖြေးဖြေး တက်လာပါပြီ။

မတ်တပ် မရပ်နိုင်သည့် အဆုံးတွင် နျဲ့ပုဖန် နံရံကို မှီကာ မြေကြီးပေါ်၌ ထိုင်ချလိုက်၏။
သူသည် အစောက ချစ်ရည်လူးခြင်းကိုလည်း လုပ်ခဲ့ပြီး အခု ဝိုင်သောက်ထားသည်။ သည်လောက်ဆိုအခုနေ သေသွားရင်တောင် လူဖြစ်ရကျိုးနပ်ပြီဟု ဆိုရလိမ့်မည်။

မျက်ခွံများ၏ လေးလံမှုကို ထိန်းထားပေမယ့်လည်း၊ အိပ်ချင်လာတာကြောင့် ဤနေရာတွင်တစ်ရေးတစ်မော အိပ်ရန် နျဲပုဖန် ဆုံးဖြတ်လိုက်သည်။

''ဟေ့ ကလေးတွေ၊ ငါ တစ်ရေးလောက် အိပ်လိုက်ဦးမယ်၊ စောင့်ကြည့်ပေးထား၊ အရေးကြီးရင် ငါ့ကိုလာနှိုးလိုက်''

နျဲ့ပုဖန် သူ့ ကြက်များကို လေးလုံးမကွဲသော အသံနှင့် မှာပြီးနောက် အိပ်ပျော်သွား၏။

ကြက်များကလည်း နားလည်သည့်အလား တစ်ကောင်နှင့် တစ်ကောင် အကြည့်ချင်း အချက်ပြကာ  နျဲ့ပုဖန် အိပ်နေသော နေရာမှ အလိုက်တသိ ထွက်သွားပေးကြသည်။

နျဲ့ပုဖန် အိပ်ပျော်နေသည်မှာ မည်မျှကြာသွားသည် မသိသော အချိန်တွင် ၎င်း ရတနာခန်းထဲသို့ လေအဟုန်တစ်ခုနှင့်အတူ လူတစ်ယောက် ရောက်လာ၏။
မှိန်ဖျော့ဖျော့ အလင်းအောက်တွင် ၎င်း၏ ပုံရိပ်မှာ ထင်ရှားလာခဲ့သည်။ ထိုသူမှာ လေနှင့်အတူပေါ့ပါးသော ဝမ်ရှင်းချန် ဖြစ်နေသည်။

နျဲ့ပုဖန် နံရံကို မှီ၍ အိပ်ပျော်နေတာကို တွေ့ရာ ဝမ်ရှင်းချန်က ဂရုတစိုက်အနားကို ကပ်သွားပြီး ဒူးထောက်ထိုင်လိုက်သည်။

''နျဲ့ပုဖန်...နျဲ့ပုဖန်''

ဝမ်ရှင်းချန်က နျဲ့ပုဖန်၏ ပါးကို အသာပုတ်ကာ နှိုးသည်။
ဤတွင် နျဲ့ပုဖန်၏ နှုတ်ခမ်းများ ပွင့်လာသောကြောင့် ပါးစပ်ထဲမှ ဝိုင်နံ့ကို ရလိုက်သည်။ ထို့ကြောင့် နျဲ့ပုဖန် မူးပြီး အိပ်ပျော်နေကြောင်း သိလိုက်၏။

နျဲပုဖန်မှာ ဝမ်ရှင်းချန် ထိလိုက်သောကြောင့် မြေပြင်ပေါ် လဲကျသွား၍ ခြေထောက်များကို ကွေးကာ ဆက်အိပ်နေသည်။
ဝမ်ရှင်းချန်လည်း နျဲ့ပုဖန်ကို ဆွဲထူဖို့ အင်္ကျီစကို ဆွဲလိုက်တဲ့အခါ အင်္ကျီအောက်မှာ ပေါ်လာသော သံသယဖြစ်ဖွယ် သွားရာများ၊ မာကင်ရာများကိုအမှတ်မထင် တွေ့လိုက်ရ၏။
စုချန်းယီနဲ့ နျဲ့ပုဖန်တို့ တကယ်ပဲ ဖြစ်ခဲ့ကြသလား။
စောစောက လှိုဏ်ဂူတစ်လျောက် ပဲ့တင်ထပ်ခဲ့သောအသံများကို ဝမ်ရှင်းချန် ပြန်တွေးမိကာ ရင်ဘတ်ထဲ ခံရခက်စွာ ခံစားလိုက်ရသည်။
ဝမ်ရှင်းချန်မှာ အိပ်ပျော့နေသော နျဲ့ပုဖန်ကိုသာ စိုက်ကြည့်ကာ ''မင်းက တကယ်ဆိုးတဲ့ အပေအတေကောင်ပဲ'' ဟု ရေရွတ်ရင်း နဖူးကို ဆက်ဆက်လေး ရိုက်လိုက်၏။

ဒါ့အပြင် ပိုသေချာသွားအောင် အတည်ပြုနိုင်ဖို့ နျဲ့ပုဖန် နိုးမသွားအောင် ဘောင်းဘီကို ဝမ်ရှင်းချန်အသာလေး ချွတ်ကြည့်၏။
ခြေထောက်ကြား ဖြဲကြည့်လိုက်ရာ နှုတ်ခမ်းသားလေးမှာ နီရဲကာ ရောင်ရမ်းနေတာကို တွေ့လိုက်ရသည်။
နျဲ့ပုဖန်လည်း အိပ်ပျော်နေရင်း တစ်ချက် တွန့်သွားပြီး ''နာတယ်..'' ဟု ညည်းညူလိုက်၏။

ဝမ်ရှင်းချန်လည်း မျက်လုံးများ မှိတ်ကာသက်ပြင်းချမိသည်။
သို့ရာတွင် သူ့ အကြည့်များက နျဲ့ပုဖန်၏ နီမြန်းနေသော အောက်ပိုင်းမှ ဖရိုဖရဲဖြစ်ကာ လစ်ဟာနေသော ခန္ဓာကိုယ်အပေါ်ပိုင်းသို့ ရောက်သွား၏။ အဝတ်များက ဟပြဲဖြစ်နေပြီး ရင်ဘတ်နှင့် ညှပ်ရိုးလည်တိုင် တလျောက်တွင် သွားရာ အမှတ်အသားများ တစ်သီတတန်း ရှိသည်။ ဒါ့အပြင် ကွေးကွေးလေး အိပ်နေပုံမှာ ခိုကိုးရာ ကင်းမဲ့သော ကလေးငယ်ကဲ့သို့ သနားဂရုဏာသက်ဖွယ် ဖြစ်နေ၏။

''မင်းနဲ့တော့ ခက်ပြီကွာ..''

ဝမ်ရှင်းချန်သည် ဖြစ်ပေါ်လာသော ထူးဆန်းသည့် ခံစားချက်များကြောင့် ရေရွတ်မိ၏။

နောက်တွင် နျဲ့ပုဖန်ကို အဝတ်တွေ ပြန်ဝတ်ပေးဖို့သိုင်းဖက်လိုက်ပေမယ့် နျဲ့ပုဖန် ခေါင်းလေးက သူ့ရင်ဘတ်ဆီ မှီကျလာသည်။
ဝမ်ရှင်းချန်လည်း သက်ပြင်းချကာ နျဲ့ပုဖန်အား သူ့ရင်ခွင်တွင် မှီ၍ အိပ်စေသည်။
နျဲ့ပုဖန်က ပိုသက်သောင့်သက်သာ ဖြစ်ရန်အတွက် သူ့ ရင်ဘက်ပေါ် ခေါင်းလေး ခွေ့သောအခါ ဝမ်ရှင်းချန်မှာ မပြုံးပဲ မနေနိုင် ဖြစ်သွားရသည်။
ထို့ကြောင့် ဝမ်ရှင်းချန်လည်း နျဲ့ပုဖန် နဖူးလေးကိုငုံနမ်းပြီး၊ ငြိမ်ငြိမ်လေးတရားထိုင်နေရန်ဆုံးဖြတ်လိုက်၏။
ထိုစဥ်မှာပဲ အခန်းထဲသို့ တခြားလူတစ်ယောက်ရောက်လာခဲ့သည်။ ၎င်းမှာ စုချန်းယီ ဖြစ်သည်။ စုချန်းယီသည် ဝမ်ရှင်းချန်နှင့် နျဲ့ပုဖန်တို့နှစ်ယောက်၏ နီးနီးကပ်ကပ် ပူးဖက်ထားကြပုံကို မမျှော်လင့်ပဲ မြင်လိုက်ရသည်။
နျဲ့ပုဖန်တစ်ယောက် ဝမ်ရှင်းချန်နဲ့ ထပ်ဖြစ်ထားသေးလားဟု စုချန်းယိ တွေမိသွားသည်။
စုချန်းယီမှာ အတွေးလွန်ကာ အလွန် စိတ်မသက်မသာ ဖြစ်မိသည်။

''ကိလေသာ ကုန်ခမ်းနေတဲ့ အရှင်မင်းသားက အခုလို ကိလေသာနဲ့ ပျော်မွေ့နေမယ်လို့ မထင်ထားဘူး''
စုချန်းယီက ရွဲ့စောင်းကာ ပြောသည်။

''မင်းသာ စုချန်းယီလောက်တော့ ငါကိုယ်တော် မပျော်မွေ့သေးပါဘူး''

နျဲ့ပုဖန်ကို အသာအယာ ပွေ့ဖက်ထားရင်းမှ ဝမ်ရှင်းချန်က အေးဆေးတည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

စုချန်းယီ မျက်လုံးထဲတွင် မီးဝင်းကနဲ တောက်ကာ ဝမ်ရှင်းချန်တို့ အနားသို့ ပိုတိုးလာခဲ့သည်။

''ဒါဆို အခု သူက ဘယ်လိုဖြစ်တာလဲ''

''အိပ်ပျော်နေတာ''

သည်ကောင်က သည်လို နေရာမှာလည်း အိပ်နိုင်တာပဲလား၊ ဘယ်လောက်တောင် အရေထူလိုက်သလဲ၊ တော်တော်များ ပင်ပန်းသွားလို့လား...စုချန်းယီ စိတ်ထဲက ရေရွတ်လိုက်၏။

''ဒါဆို မင်းရော သူနဲ့ ဖြစ်ပြီးပြီလား''
စုချန်းယီ ထပ်မေးသည်။

''ဖြစ်ပြီးပြီ''
ဝမ်ရှင်းချန်က တည်တည်ငြိမ်ငြိမ်ပဲ ဝန်ခံသည်။
အခုလောက်ကြီး တည့်တိုးဖြေဖို့ မမျှော်လင့်ထား၍ စုချန်းယီ ခဏမျှ ဘာပြန်ပြောရမယ် မသိဖြစ်သွားသည်။

ထိုအချိန်မှာ ဝမ်ရှင်းချန်က နျဲ့ပုဖန်ကို အသာလေးဘေးမှာ ချကာ မတ်တပ်ရပ်လိုက်၍ စုချန်းယီနှင့် မျက်နှာချင်းဆိုင်လိုက်၏။

''ခုနက မင်း သူ့ကို ဘာလုပ်ခဲ့တာလဲ။ အတင်းအဓမ္မ ကျင့်ခဲ့တာလား''

''ဘာကိုလဲ''

''မင်းတို့အသံတွေ ငါကြားတယ်''

''သူက အမြဲအဲ့လိုပဲလေ၊ သူ့ အကျင့်ကို မင်း မသိဘူးလား၊ သူက လူ့ကျင့်ဝတ်လည်း မရှိ၊ လေးစားမှုယဥ်ကျေးမှုလည်း မရှိပဲ ဥပဒေမဲ့ မိုက်မဲတဲ့ လူမိုက်ကောင်ပဲလေ''
စုချန်းယီ ဆင်ခြေပေးသည်။

''ဒါဆို မင်းက ဥပေဒေတွေ၊ စည်းမျဥ်းတွေ သင်ကြားထားတဲ့ မင်းသားတစ်ပါးလေ၊ ဘာကြောင့် စည်းမဲ့ဘောင်မဲ့ လုပ်ရက်ကို လုပ်တာလဲ''

ဝမ်ရှင်းချန်စကားကြောင့်စုချန်းယီပါးစပ်ပိတ်သွား၏။

''သူက လောကကျင့်ဝတ်တွေ၊ အဆုံးအမတွေ ဘာကိုမှ ဂရုမစိုက်ပဲ ဆန်းကြယ်ပြီး အထိန်းအကွပ်မဲ့တဲ့ဘဝမှာ ကြီးပျင်းနေထိုင်ရတဲ့ လူတစ်ယောက်လေ၊ သူ့ ပတ်ဝန်းကျင်နဲ့ သူ့ကိုယ်သူ တန်ဖိုးထားရကောင်းမှန် သူကိုယ်တိုင်တောင် မသိတာလည်းဖြစ်နိုင်တယ်။ သူ့ဘဝက အပူအပင်ကင်းတယ် ဆိုပေမယ့် တစ်ဖက်မှာလည်း အထီးကျန်ပြီး ခိုကိုးရာမဲ့နေတယ်။ သူ့ကို နားလည်ဖို့က ခက်တယ်။ ဒါပေမယ့် သူ့ဘေးမှာရှိနေတဲ့ လူတွေက သူ့အပေါ်မတော်မတရား လုပ်နေကြရင်၊ သူလည်း လူတစ်ယောက်ပဲ၊ ကိုယ်ရောစိတ်ပါ ထိခိုက်မှုတွေမလွဲမသွေ ရှိလာလိမ့်မယ်''

''မင်း ဘာကို ပြောချင်တာလဲ''

''အရှင်မင်းသားက မင်းသားတစ်ပါး ဖြစ်နေတဲ့အတွက် တော်ဝင်ကျင့်ထုံးနဲ့အညီ နေထိုင်ရမယ်၊ ယောကျ်ားတစ်ယောက်အနေနဲ့ တော်ဝန်မျိုးနွယ်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် ဘယ်အရာကို မဆိုလုပ်လို့ မဖြစ်ဘူး။ မင်းအတွက်တော့ နျဲ့ပုဖန်ဆိုတာ အချိန်မရွေး စွန့်ပစ်ခဲ့လို့ရတဲ့ ကစားစရာအရုပ်တစ်ရုပ်အပြင် မပိုပါဘူး။ ဒီကိစ္စလေးအတွက်နဲ့ မင်းဘဝမှာ ဘာလို့ အရိပ်မည်းတွေ အဖြစ်ခံမှာလဲ''

''ငါက တော်ဝင်မျိုးနွယ် မင်းသားတစ်ပါးဆိုရင် မင်းကရော မင်းသားတစ်ပါးပဲ မဟုတ်ဘူးလား၊ မင်းရော အရိပ်မည်းတွေ ဖြစ်မှာ အရှက်တကွဲဖြစ်မှာ မကြောက်ဘူးလား''

''ငါက မင်းနဲ့ မတူဘူးလေ၊ မိသားစုက ငါ့ကို မိသားစုဝင်တစ်ယောက်လို သဘောမထားကြတာ ကြာပြီ၊  ငါ့ဘဝက တစ်ကိုယ်တည်း လွတ်လပ်ပါတယ်။ ဘာမှ ပူပန် စိုးရိမ်စရာ မလိုဘူး''

''မင်း သူနဲ့ သိတာ ဘယ်လောက်ကြာသေးလို့ သူ့အတွက် အရာအားလုံး စွန့်လွှတ်ရဲလောက်တဲ့အထိဖြစ်နေတာလဲ''
စုချန်းယီ တအံ့တသြ မေးသည်။

''ငါ့ ကံတရားနဲ့ ငါ့ ရွေးချယ်မှုကို ငါယုံတယ်။ ပြောရရင် ငါ ဘာမှ မဆုံးရှုံးဘူး အရာ အားလုံး စွန့်လွှတ်ရရင်တောင် ဆန့်ကျင်ဘက်အနေနဲ့ သူ့ကို ငါ ပိုင်ဆိုင်ရမယ်လေ''

ဝမ်ရှင်းချန်က နျဲ့ပုဖန်ကို ငုံ့ကြည့်ကာ ပြုံးလိုက်သည်။

''ငါသာနေမယ်ဆိုရင် သူလည်း ငါနဲ့ အတူတူ ရှိနေမှာ အသေအချာပဲလေ၊ အနာဂတ်မှာ ငါတို့နှစ်ယောက် အတူတူနေကြမယ် တစ်ရက်မှ ခွဲမှာ မဟုတ်ဘူး''

''မမေ့ပါနဲ့။ သူက သာမာန် ယောကျ်ားတစ်ယောက် မဟုတ်ဘူး''

''ငါ သိပါတယ်''

ဝမ်ရှင်းချန်က စုချန်းယီကို တစ်လှည့်ကြည့်လာ၏။

''ငါက ငါးလေးကို ရေမှာ ပျော်အောင် ကြိုးစားနေတာ မဟုတ်ဘူး၊ သူ့ ဘဝ တစ်လျောက်လုံး ဘယ်လိုဆန္ဒပဲရှိရှိ ငါကတော့ အဆင်ပြေအောင်နေမှာလို့ဆုံးဖြတ်ပြီးပါပြီ၊ စောင့်ကြည့်ရမှာပေါ့၊ ဘယ်ပြောလို့ရမလဲ''

စုချန်းယီမှာ ဘာမှ ပြန်မပြောနိုင်။
နျဲ့ပုဖန်ဟာ ရူးမိုက်ပြီး မဆင်မခြင် လုပ်တတ်တာမှန်ပေမယ့် သူ့ မျက်လုံးများက အမြဲကြည်လင်တောက်ပကာ ရိုးသားဖြူစင်နေသည်။ ထိုကဲ့သို့ကောက်ကျစ် ရမ္မက်ကြီးသော လူစားမျိုး မဟုတ်နိုင်။

''ဒီလောက်ဆို အရှင်မင်းသားလည်း သူနဲ့ ထူးခြားတဲ့ ဆက်ဆံရေးအပေါ် ဘယ်လိုဖြေရှင်းရမလဲဆိုတာတွေးတတ်လိမ့်မယ်နဲ့တူပါတယ်''

ဝမ်ရှင်းချန်၏ မျက်လုံးများသည် အေးစက်နေ၏။

''အကယ်၍ မင်း သူ့ကို ထပ်ပြီး ထိခိုက်နာကျင်အောင် လုပ်မယ်ဆိုရင်တော့ မင်းအတွက် မလွယ်ဘူး ဖြစ်သွားလိမ့်မယ်နော်၊
အဲ့ဒါထက် ဟောဒီ အပြင်လောက ကမ္ဘာကြီးထဲမှာ မင်း စူးစမ်းချင်နေတဲ့ အရာတွေက အရှင်မင်းသားအတွက် ထင်သလောက်လွယ်မှာ မဟုတ်ပါဘူး...''

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now