Chapter 101

1.3K 153 0
                                    

Chapter - 101
တားမြစ်ထားတဲ့ ဇာတ်လမ်း တစ်ပုဒ်


''အစ်ကို ဝမ်၊ ထမင်းစားချိန်ရောက်ပြီ"

နျဲ့ပုဖန် သည် ဝမ်ရှင်းချန်၏ နောက်ကျောပေါ်သို့ခုန်တက်ကာ လက်နှစ်ဘက်စလုံးတွင် ကြက်ဥ နှစ်လုံးကို ကိုင်ထားပြီး ဝမ်ရှင်းချန်၏ မျက်လုံးများဆီသို့ကာလိုက်၏။

ဝမ်ရှင်းချန်က သူ့ကို တစ်ချက် လှည့်ကြည့်လိုက်ပြီး

“ဒီနေ့ နေ့လည်စာက ကြက်ဥလား။ ငါ ကြက်ဥ မစားဘူး"

"ဟုတ်တယ်၊ ဒါက ကျွန်တော့်ရဲ့ မရှိမဖြစ် ဟင်းပွဲလေ''
နျဲ့ပုဖန် က တခစ်ခစ်ရယ်ကာ
"အစ်ကို ဝမ်က တောရိုင်း အသီးအရွက်တွေပဲ စားလေ''

ဝမ်ရှင်းချန်က နျဲ့ပုဖန် ခေါင်းကို လှည့်၍ ပွတ်သပ်ပေးလိုက်သည်။

နျဲ့ပုဖန်က သူ့ လက်ကို ဖယ်ထုတ်ပြီး နောက်သို့ တွန့်ဆုတ်ကာ “ပြီးရင် လက်ဆေးဖို့ သတိရပါ” ဟုသတိပေးသည်။

ထို့ကြောင့် ဝမ်ရှင်းချန်သည် လက်ဆေးရန်အေးအေးဆေးဆေး ထွက်လာခဲ့သည်။

ခြံဝင်းထဲမှာ လူတွေ ဝိုင်းထိုင်နေကြပြီး အားလုံးက နျဲ့ပုဖန်နဲ့ ဝမ်ရှင်းချန်တို့ တစ်ယောက်ကို တစ်ယောက် ချစ်ခင် ကြင်နာနေကြပုံကို မမှိတ်မသုန်ကြည့်နေကြ၏။
ဝမ်ရှင်းချန်၏ အေးဆေး တည်ငြိမ်သော အသွင်အပြင်ကို မြင်ရသည်မှာ တကယ်ပင် မျက်စိဆံပင်မွှေး ဆူးစရာ ဖြစ်သည်။

ယခုအခါတွင် နျဲ့ပုဖန်သည် ၎င်းတို့အား သာမန်နေထိုင်သူများ အဖြစ်သာ ဆက်ဆံခဲ့သည်။  သူသည် ၎င်းတို့အပေါ် တွင် အလွန် စိတ်အားထက်သန် ဖော်ရွေစွာ ဆက်ဆံသော်လည်း ဝမ်ရှင်းချန်အပေါ် ဆက်ဆံပုံနှင့် နှိုင်းယှဉ်ပါက  ကွာဟချက်မှာ အလွန် ထင်ရှားနေသေးသည်။ ဝမ်ရှင်းချန်အပေါ် ထားသော ယုံကြည်မှုနှင့် ရင်းနှီးမှုမျိုးသည် အပြင်လူတွေ လုံးဝ လက်လှမ်းမမီနိုင်ဘူးဟု ကန့်သတ်ချက် ထားရှိနေသယောင် ဖြစ်သည်။

အရင်တုန်းကတော့ နျဲ့ပုဖန်၏ အားလုံးကို ဆက်ဆံပုံမှာ အတူတူ တပြေးညီ ဖြစ်ပြီး ဘာမှ ထူးထူးခြားခြား မရှိခဲ့ပေ။ ဒါပေမဲ့ သူ့ ဘေးကနေ တကယ်ထုတ်ပယ်ခံရပြီးနောက်မှာတော့ ဘယ်လိုပုံစံကွာခြားသွားသလဲဆိုတာ သူတို့ သိလာရ၏။ သူတို့၏ နှလုံးသားထဲတွင် အက်ဆစ် ရေပူများ လောင်းချနေသကဲ့သို့၊ ပေါက်ကွဲတော့မည့်မီးတောင် တစ်ခု ကိန်းအောင်လျှက်ရှိသည်။

လက်ရှိတွင် ဝမ်ရှင်းချန်သည် နျဲ့ပုဖန် မှတ်မိနိုင်သည့် တစ်ခုတည်းသော အရာ ဖြစ်ပြီး၊ ဖြစ်နိုင်ချေမှာ မနေ့ညက တစ်ခုခု ဖြစ်ခဲ့ဟန်တူသည်။  ပြီးတော့ ဒီအရာနဲ့ ပတ်သက်ပြီးတော့ သူတို့ လည်ပင်းပေါ်က ယောင်ဝါးဝါး မြင်ရတဲ့ အမှတ်အသား ဒဏ်ရာတွေ ကနေ ခန့်မှန်းလို့ရသည်။ ကြက်သိုက်ရွာမှာ နေမကောင်း ဖြစ်ဖူးသူတွေလည်း အလားတူ အတွေ့အကြုံတွေ ရှိခဲ့ကြသည်။ တစ်စုံတစ်ယောက်သည် ထူးဆန်းသော ကိုယ်ခန္ဓာ ရှိ၍ လိင်ဆက်ဆံခြင်းသည် သည်းမခံနိုင်ဖွယ် ရောဂါများစွာကို ဖြေရှင်းပေးနိုင်သည်။

"ဒီည ငါ့အလှည့်ပဲ" ဝေဒီက ရုတ်တရက် ပြောလိုက်သည်။

သို့သော် စုချန်းယီက ဝင်ဖျက်လိုက်၏။

"ခေါင်းဆောင် ဝေ၊ အရာအားလုံးကို သူ့ အစီစဥ်အတိုင်း လုပ်ရပါမယ်၊ ကြားထဲက လူတွေ အများကြီးကို ကျော်ပြီး ခုန်တက်ချင်လို့ မရဘူးလေ၊ ဒါကအားလုံး သဘောတူထားတဲ့ စည်းကမ်းနဲ့ မကိုက်ညီဘူး မဟုတ်လား"

"ဒါဆို မင်းသားက ဘယ်လိုဖြစ်စေချင်တာလဲ''

ဝေဒီက သူ့ကို စိုက်ကြည့်ရင်း ပျင်းရိတဲ့ လေသံနဲ့ ပြော၏။

"အနည်းဆုံးတော့ ခေါင်းဆောင် ဝေရဲ့အလှည့်မဟုတ်ပါဘူး''
စုချန်းယီက ဝိုင်ခွက်ထဲမှ ဝိုင် တစ်ငုံ သောက်လိုက်သည်။

ဝေဒီက လက်သီးတွေကို တင်းတင်း ဆုပ်ထားပြီး ပတ်ပတ်လည်က လူများကို အေးစက်စွာ လှည့်ကြည့်ကာ စိန်ခေါ်လိုက်၏။

"ဒီမှာ ငါ့ရဲ့ ပြိုင်ဘက်က ဘယ်သူလဲ"

"ခေါင်းဆောင် ဝေက အင်အား သုံးပြီး ဖြေရှင်းဖို့ ရည်ရွယ်နေတာလား"

"ဘာလို့ မဖြစ်ရမလဲ"

စုချန်းယီနှင့် နှစ်ယောက်သား မျက်လုံးချင်း ဆုံကာ လေထဲ၌ လူသတ်ချင်စိတ်များ ပေါက်ကွဲထွက်သွားသည်။

ကျန်းကျွင်းရှီကတော့ သူ့ နဖူးကို သူ ပွတ်သပ်ရင်း မျက်လုံးတွေ မှိတ်ကာ စိတ်လျော့ထားလိုက်၏။ ပုဖန်နဲ့အတူ အိပ်ရသော ပထမဆုံး လူတစ်ယောက်အနေနဲ့ သည်အခွင့်အရေးကို သူ တကယ်လက်လွတ်သွားခဲ့လေပြီ။ မျက်ရည်များသည် သူ့ နှလုံးသားထဲတွင် မြစ်ကဲ့သို့ စီးကျနေပြီ ဖြစ်သည်။

လီရီသည် စကား တစ်ခွန်းမှ မပြောဘဲ ငြိမ်သက်နေကာ တည်ကြည်သော မျက်နှာထားရှိသော်လည်း သူ့ တစ်ကိုယ်လုံးနှင့် သူ့ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အေးခဲသွားစေလောက်အောင် အေးစက်သော အငွေ့အသက်များက ဖြာထွက်နေ၏။

လီဟွေကတော့ ထမင်း စားရင်း အခြေအနေအားလုံးကို စောင့်ကြည့်ခဲ့သည်။

ဖန်းလုံမှာ သူ့ပန်းကန်ထဲက အစားအစာကို စိုက်ကြည့်ရင်း ဘာတွေ တွေးနေမှန်း မသိပေ။

ထိုက်ပိုင်သည် နောက်ကျမှ ရောက်လာသူ ဖြစ်သောကြောင့် ယခုလို အချိန်မျိုးတွင် ဘာတစ်ခုမှ လုံးဝ ဝင်ပြောခွင့် မရှိပေ။

ရှန်းမုလန်၊ ထျန်းနွီ၊ ထိုက်ယန်နှင့် နတ်ဆေး ဆရာကြီးတို့ကတော့ ဤဇာတ်လမ်း၏ ဖြတ်လျောက် ဇာတ်ကောင်များ ဖြစ်ပြီး နောက်ခံ တစ်ရပ် အဖြစ်သာ ပံ့ပိုးရသူများ ဖြစ်၏။

"အရင် အစီစဥ်အရဆိုရင် မင်းသား စု ရဲ့အလှည့်ပဲ မဟုတ်လား" လီဟွေ့ က သူ့ ဘေးက ရှန်းမုလန် ကို တိုးတိုးလေး ပြောလိုက်သည်။

ရှန်းမုလန်ကတော့ ပြုံးလျှက်ပင် ဘာမှ ပြန်မပြောခဲ့ပေ။ သူ့ စိတ်ထဲမှာတော့ သည်လို တွေးနေလေ၏။

သည်လို မေးခွန်းမျိုးတွေ လာမမေးပါနဲ့။ ဝေဒီရဲ့ လူသတ်လိုစိတ် အငွေ့အသက်ကြီးက ဘယ်လောက်ထိ ကြောက်စရာကောင်းသလဲဆိုတာကို မမြင်ဘူးလား။ ငါက ဖြတ်လျောက် ဇာတ်ကောင်တစ်ယောက်ပဲ၊ မင်းတို့ရဲ့ရှုပ်ထွေးတဲ့ အချစ် ဇာတ်လမ်းမှာ ဝင်မပါချင်ဘူး။

စုချန်းယီ၏ နှုတ်ခမ်းထောင့်မှာတော့ အပြုံး တစ်ခုဖြစ် ပေါ်နေပြီး လီဟွေ့ကို ချီးမွမ်းသလို ကြည့်လိုက်သည်။

ဝေဒီက လှောင်ပြုံးပြုံးရင်း
“ဒါဖြင့် အချိန်တန်ရင် တကယ့် အောင်နိုင်သူကဘယ်သူလဲဆိုတာ မင်းတို့ အားလုံးကို ပြမယ်''

နျဲ့ပုဖန်ကတော့ ဝါးတူများကို ပါးစပ်တွင် ကိုက်လျှက် ၎င်းတို့ကို ထူးထူးဆန်းဆန်း ကြည့်ကာ ဝမ်ရှင်းချန်ကို မေးလိုက်၏။ 

''အစ်ကို ဝမ်..သူတို့ ဘာတွေ ပြောနေတာလဲ"

“အင်း.. ကြက်လှောင်အိမ်ထဲမှာ အရင် အိပ်ရဖို့အတွက် တိုက်ပွဲဝင်နေကြတာလေ” 
ဝမ်ရှင်းချန်က တည်ငြိမ်စွာ ပြန်ဖြေသည်။

"ကြက်လှောင်အိမ်၊ ဟုတ်လား" နျဲ့ပုဖန်ကမေးခွန်း ထုတ်၏။

"ကောင်းလွန်းတဲ့ ကုတင်အစား ကြက်လှောင်အိမ်မှာ ဘာလို့ အိပ်ရတာလဲ"

"သူတို့ အားလုံးက ကြက်ကို ချစ်တဲ့ လူတွေ မို့လို့ပေါ့''

နျဲ့ပုဖန် အံ့အားသင့်သွား၏။

“တကယ်ကို ရှားပါးလှပါလား၊ သူတို့ အားလုံး ဝတ်ကောင်းစားလှတွေနဲ့ မွေးကတည်းက ရွှေဇွန်းကိုက် မွေးလာကြတယ်ဆိုပေမယ့် အခုလို တကယ်ချစ်စရာ ကောင်းတဲ့ စိတ်နှလုံးတွေ ရှိကြပါလား''

သည်စကားကြားတော့ တခြားလူတွေ အားလုံးက သူ့ကို ဒေါသ မျက်လုံးနဲ့ ကြည့်နေကြ၏။

ထိုတွင် နျဲ့ပုဖန်က ရက်ရော ပျော်ရွှင်စွာဖြင့်ကမ်းလှမ်းလိုက်၏။

"ဟင်း.. မင်းတို့ကြက်လှောင်အိမ်ကို တကယ်ကြိုက်ရင် ငါ နောက်ထပ် ကုတင် နည်းနည်း ထပ်ဆောက်ပြီး အားလုံး အတူတူ အိပ်လို့ ရအောင် လုပ်ပေးပါမယ်''

“…..” လူတိုင်းက ဒေါသ အမျက် ထွက်သွားကြလေသည်။

ဝမ်ရှင်းချန်က နျဲ့ပုဖန် ခေါင်းကို ပွတ်သပ်ပြီး “ကြက်လှောင်အိမ်က လူ တော်တော်များများ အိပ်ဖို့လောက် မကျယ်ပါဘူး၊ ဒါကြောင့် သူတို့ အားလုံးကို ထည့်လို့ မဆံ့ဘူး”

"ဘာလို့ မဆံ့ရမှာလဲ" နျဲ့ပုဖန်က က ဝမ်ရှင်းချန်ရင်ဘတ်ကို ပွတ်သပ်ပြီး "ဒီမှာ ငါနဲ့အတူ မင်းအားလုံး အတူတူ ဝင်ဆံ့မယ့် နေရာ တစ်ခု ရှိမယ်ဆိုတာ ငါ အာမခံတယ်" လို့ ပြောလိုက်၏။

ဝမ်ရှင်းချန်သည် ခေါင်းကို လှည့်ကာ အနည်းငယ် ချောင်းဆိုးလိုက်သည်။

တခြားသူတွေ အားလုံးမှာ ထူးဆန်းတဲ့ အမူအရာတွေ ရှိနေပြီး ဘာတုန့်ပြန်မှုမှတော့ ထူးထူးခြားခြား မပြသကြပေ။

ကျန်းကျွင်းရှီက သက်ပြင်းချရင်း

''ပုဖန်၊ မင်း ဒီကိစ္စကို ခေါင်းထဲ သိပ်မထည့်နဲ့''

''ခေါင်းထဲ မထည့်ရဘူးလား။ ဘာမှားနေလို့လဲ''

နျဲ့ပုဖန်းက မေးခွန်းပြန်ထုတ်သည်။

"မှားတာက ရှင်နဲ့ ကြက်လှောင်အိမ်ထဲမှာ သူတို့ အိပ်နေတာပဲ" ထျန်းနွီသည် မနေနိုင်ပဲ နောက်ဆုံးတွင် သူ့ကို သတိပေးသလို ပြောလိုက်၏။

"ငါနဲ့ အတူတူလား" နျဲ့ပုဖန်က သူ့ကိုယ်သူ လက်ညှိုး ထိုးပြပြီး "ဘာလို့လဲ"

"အတူတူ အိပ်ပြီးရင် မင်းသိမှာပါ" 
လီဟွေ့က ပြုံးပြီး ပြန်ဖြေသည်။

နျဲ့ပုဖန်သည် မျက်မှောင်ကြုတ်ကာ လူတိုင်းကို တစ်ချက်ဝှေ့ ကြည့်ပြီး ဝမ်ရှင်းချန် အား
"အစ်ကို ဝမ်၊ ဒီသူငယ်ချင်းတွေက တော်တော်လေးထူးဆန်းတယ်၊ သူတို့က ရူးများ ရူးနေကြတာလား''

ဝမ်ရှင်းချန်က “အင်း၊ ဖြစ်နိုင်တယ်” လို့ တိုးတိုးလေး ပြန်ဖြေ၏။

"သူတို့နဲ့ မအိပ်ချင်ဘူး" နျဲ့ပုဖန်က ဝမ်ရှင်းချန် ရဲ့ပေါင်ပေါ်မှာ ခြေထောက် တစ်ဖက် ပစ်တင်ပြီး "ကျွန်တော်က အရမ်း သစ္စာရှိပြီး ချစ်တတ်တဲ့သူပါ၊ အစ်ကိုနဲ့ပဲ အိပ်ချင်တယ်"

ဒါကို ကြားတော့ အားလုံးက ကျောက်ရုပ်ကြီးလို အမူအရာနဲ့ သူ့ကို ကြည့်နေကြသည်။

အချစ်မှာ သစ္စာရှိသတဲ့လား။
မင်း လိမ်ချင် သရဲတစ္ဆေတွေကို သွားလိမ်ပြောလိုက်။

ဝမ်ရှင်းချန်၏ ပါးစပ်ထောင့်တွင် အပြုံး တစ်ခု ပေါ်လာပြီး သူသည် တို့ဟူး တစ်ပိုင်းကို ကောက်ယူကာ နျဲ့ပုဖန်၏ ပါးစပ်ထဲကို ကျွေးလိုက်သည်။

နျဲ့ပုဖန်သည် မျက်လုံးများကို မှိတ်လိုက်ပြီး အလွန်အရသာရှိစွာ စားလိုက်၏။

တခြားသူတွေရဲ့ မျက်လုံးထဲမှာ ကြောက်စရာကောင်းတဲ့ အစိမ်းရောင် အလင်းတန်း ပေါ်လာသည်။

လီရီသည် ပေါက်ကွဲကာ ဒေါသတကြီး ထရပ်၍ ထမင်းစားပွဲမှ ထွက်သွားသည်။

ဝေဒီလည်း သူ့ ဝါးတူတွေကို ချလိုက်ပြီး သူ့ ဝတ်ရုံလက်ကို ခါပစ်လိုက်သည်။

စုချန်းယီကတော့ ဘာမှ ပြင်းပြင်းထန်ထန် မတုန့်ပြန်ပဲ လှောင်ပြုံးပြုံးနေသည်။

ကျန်းကျွင်းရှီ၊ ဖန်းလုံ၊ လီဟွေ နှင့် အခြားလူများမှာလည်း ကိုယ်ပိုင် အတွေးကိုယ်စီ ရှိကြသည်။

သည်ည ဘယ်သူက အောင်နိုင်သူဖြစ်ပြီ ဘယ်သူက အရှုံးလဲဆိုတာ ဆုံးဖြတ်ရမှာပေါ့။

နေ့လယ်ခင်း တစ်ခုလုံး ကြက်သိုက်ရွာသည် အလွန်သာယာပြီး ငြိမ်သက်နေပုံရသည်။

စုချန်းယီ၊ လီဟွေနှင့် အခြားသူများသည် ရတနာများကို စာရင်းသွင်းပြီး နန်းတော်သို့ စာရင်း ပေးပို့ခဲ့သည်။ စုချန်းယီ သည် တော်ဝင်မိသားစု၏ ကိုယ်စားပြုပြီး ဧကရာဇ်မင်း မင် သည်လည်း ဤရတနာသိုက် သော့ပိုင်ရှင် အိမ်တော် လေးခုတွင်တစ်ခုအပါဝင်ဖြစ် သောကြောင့် ၎င်းတို့ကို ဦးစွာကြည့်ရှုရန် အခွင့်အရေးရခဲ့သည်။

ဧကရာဇ်မင်းသည် "ဝေရှောင်ပေါင်" ဟာ ကြက်သိုက်ရွာ၏ ရွာသူကြီး နျဲ့ပုဖန် ဖြစ်သည်ကို အမှန်တကယ်ပင် မသိခဲ့ပေ။ ထို့ကြောင့် လူတိုင်းကလည်း နျဲ့ပုဖန်သည်အကြောင်းပြချက်မရှိဘဲ နောက်ထပ် အစွမ်းထက်သော ပြိုင်ဘက်ကို ဆွဲဆောင်လာမည်ကို စိုးရိမ်၍ အမှန်အတိုင်း မပြောရဲကြပေ။

ညစာ စားပြီးနောက် စုချန်းယီ နှင့် အခြားသူများသည် သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ကြပြီး ပြင်းပြသော စိတ်ဓာတ်များဖြင့် နျဲ့ပုဖန်၏ အိမ်သို့ ရောက်ရှိလာကြလေသည်။ သို့ရာတွင် တစ်စုံတစ်ယောက်သည်ထပ်မံ ပျောက်ဆုံးသွားကြောင်းတွေ့လိုက်ရ၏။

အချိန်အတော်ကြာ ရှာဖွေပြီးနောက်တွင် ဤကိစ္စ၏ လက်သည်မှာ ချစ်စရာကောင်းပြီး ရက်ရောပုံရသော ဝမ်ရှင်းချန်ဖြစ်နေသည်။ သူသည် နျဲ့ပုဖန်ကို တိတ်တဆိတ် ခေါ်ဆောင်သွားကြောင်း သိရှိလိုက်ရသည်။

"သူ့ကို ရှာကြ"  ဝေဒီက သူ့လက်ကို ဝှေ့ယမ်းပြီး သွားတွေကို အံကြိတ်ကာ ဤမေးခွန်းထုတ်လိုက်၏။

"သူ့ကို တွေ့ရင် ဘယ်သူက အရင် ယူရမှာလဲ"

ဤသို့ လူတိုင်း စိတ်တိုနေချိန်မှာတော့ ဝမ်ရှင်းချန်  သည် နျဲ့ပုဖန်ကို တစ်ချိန်က သူတို့၏ အချစ်ဇာတ်လမ်းတွင် ချစ်ကြိုးသွယ်ခဲ့ဖူးသည့် လှိုဏ်ဂူသို့ ခေါ်ဆောင်သွားခဲ့ပြီး ဖြစ်သည်။

"ငါတို့ ဘာလို့ ဒီကိုလာတာလဲ" နျဲ့ပုဖန်က လှည့်ပတ် ကြည့်လိုက်တော့ လှိုဏ်ဂူကြီး ပြောင်းလဲသွားတာကို တွေ့ရသည့်အတွက် အံ့သြနေသည်။ စားပွဲ၊ ကုလားထိုင်နှင့် ကုတင်တို့ သာမကဘဲ တမင်တကာ အလှဆင်ထားသည်။

"မင်းနဲ့အတူ လမင်းကို ထိုက်ကြည့်ပြီး ပျော်ချင်တယ်" ဝမ်ရှင်းချန်က နျဲ့ပုဖန်ကို သူ့ ရင်ခွင်ထဲ ဆွဲသွင်းပြီး ဂူပေါက်ဝက ကော်ဇောပေါ်မှာ အတူထိုင်လိုက်သည်။

"အပြင်မှာ အေးနေတယ်၊ လမင်း ကြည့်ရတာ ဘာ ပျော်စရာ ကောင်းလို့လဲ'' နျဲ့ပုဖန်က သူ့ နှုတ်ခမ်းကို တွန့်ချိုးလိုက်ပြီးနောက် သူသည် ဝမ်ရှင်းချန်၏ ရင်ခွင်ကို မှီကာ လက်ကောက်ဝတ်တွင် ပတ်ထားသော ဗုဒ္ဓဘာသာ ပုတီးစေ့များဖြင့် ကစားနေသည်။

"မင်း ငြိမ်ငြိမ် မနေဘူးလား''

ဝမ်ရှင်းချန်က သူ့ကို ပွေ့ဖက်လိုက်ပြီး သူ့ မေးရိုးကို ခေါင်းပေါ်တင်ကာ တိုးတိုးလေး ပြောလိုက်သည်။

"မနေနိုင်ပါဘူး''
 
နျဲ့ပုဖန်၏ သေးငယ်သော ကိုယ်လုံးလေးသည် ဝတ်ရုံဖြင့် ထုပ်ပိုးခံထားရပြီး သူ၏ ဦးခေါင်းကိုလည်း ဖုံးအုပ်ထားသည့်အတွက် နှင်းလုံးကဲ့သို့ ဖြစ်နေသည်။

"လကို ကြည့်ရတာ ပျင်းဖို့ ကောင်းလိုက်တာ၊ ငါတို့ ပုံပြင် ပြောကြမလား" 
နျဲ့ပုဖန်က စိတ်ပါ လက်ပါ အကြံပြုသည်။

"မင်းက အကောင်းဆုံးပုံပြင်ပဲလေ''
ဝမ်ရှင်းချန်က ခေါင်းငုံ့ပြီး လည်ပင်းကို နှုတ်ခမ်းနဲ့ ပွတ်သပ်နေပြီး “ငါက ပုံပြင်ပြောသူ ဖြစ်မှာပါ…..” လို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။

“ဟားဟား၊ ကလိထိုးတယ်” နျဲ့ပုဖန်က ဝမ်ရှင်းချန်ရဲ့မျက်နှာကို တွန်းထုတ်လိုက်ပြီး ယားယံသွားတဲ့သူ့လည်ပင်းကို ကုတ်ကာ “ငါက ဘယ်လို ဇာတ်လမ်းမျိုးလဲ” လို့ မေးလိုက်သည်။

ဝမ်ရှင်းချန် က ပြုံးပြီး “တားမြစ်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့” ဟု ဆို၏။

အံ့သြစရာ ကောင်းတယ်၊ ဆွဲဆောင်မှုအား ပြင်းထန်ပြီးတော့၊ ရစ်မူးစရာတွေဟာ သောက်လေ သောက်လေ ငတ်မပြေပဲ။

နျဲ့ပုဖန် က ခေါင်းလှည့်ပြီး ဝမ်ရှင်းချန် ကို ထူးဆန်းစွာ ကြည့်ကာ "တားမြစ်ထားတဲ့ ဇာတ်လမ်းတွေကို ဖတ်ရတာ ကြိုက်တဲ့သူတွေဟာ လူကြီး လူကောင်းတွေ မဟုတ်ဘူး" ဟူ၍ ပြောသည်။

ဝမ်ရှင်းချန်က သူ့ စကားအတိုင်း ပုံပြင်ပြောသူအဖြစ် နျဲ့ပုဖန် နှုတ်ခမ်းကို နမ်းလိုက်ပြီး သူတကယ် လူကြီး လူကောင်း မဟုတ်ကြောင်း လက်တွေ့ကျကျ သက်သေပြခဲ့သည်။

"အင်း... ပုံပြင် ပြောမလို့လား" နျဲ့ပုဖန်သည် ရင်ခွင်ထဲတွင် ပိတ်မိနေပြီး မလှုပ်ရှားနိုင်တော့ပေ။

"ငါ အခု ဇာတ်လမ်း စဖို့ ပြင်ဆင်နေပါပြီ"  ဝမ်ရှင်းချန်က နျဲ့ပုဖန်ကို ဖိထားလိုက်ပြီး သူ့ လက်တွေကို ရင်ခွင်ထဲကို ဆွဲသွင်း၏။

"မလုပ်နဲ့ အရမ်းအေးတယ်" သူ့ အရေပြားက ညဘက် လေကို မခံနိုင်ဘူး။

"မကြောက်ပါနဲ့။ ငါ မင်းရဲ့အဝတ်အစားတွေကိုအကုန် မချွတ်ဘူး" ဟု ဆိုကာ ဘောင်းဘီကို ချွတ်လိုက်၏။

"အင်း...ဟင့်" 
ဘယ်တုန်းက လက်ချောင်းတွေ ဝင်လာတာလဲ။  တစ်ချောင်းနဲ့ နှစ်ချောင်း….. သုံးချောင်းတောင်။

နျဲ့ပုဖန်၏ အာရုံ အားလုံးကို သူ့ အောက်ပိုင်းရှိ ခံစားချက်တို့က ဆွဲဆောင်သွားသည်။ မီးတောက်တွေက သူ့ ခန္ဓာကိုယ် အောက်ခြေကနေ အပေါ်အထိ တောက်လောင်နေသည်။

ပတ်ဝန်းကျင် တစ်ခုလုံးဟာ တိတ်ဆိတ်ငြိမ်သက်နေပြီး အေးစက်စက် လေတိုးသံကိုသာ ကြားနေရသည်။

ဒါပေမယ့် လူ နှစ်ဦးကတော့ တောက်လောင်နေတဲ့ အရောအနှောထဲမှာ ရောထွေးနေလေ၏။

ရုတ်တရက် ဝမ်ရှင်းချန်၏ နားများသည် တစ်စုံတစ်ခုကို ကြားလိုက်ရသလို တုန်လှုပ်သွားသည်။

ဒါပေမယ့် သူ့ လှုပ်ရှားမှုတွေကို မရပ်တန့်ခဲ့ပါ။  သူသည် တင်ပါးကို အနည်းငယ်မြှင့်ကာ တည့်တည့် ထိုးသွင်းလိုက်သည်။

“အင်း…..” နျဲ့ပုဖန်၏ အတွင်းသို့ ပူပြင်း မာကျောသော အရာဝတ္ထုက လက်ချောင်းများ အစား သူ့ ခန္ဓာကိုယ်ကို ပြည့်သိပ်သွားစေသည်ဟု ခံစားလိုက်ရသည်။

ထပ်ခါတလဲလဲ တွန်းအားပေးခြင်းနှင့်အတူ နှစ်ယောက်သား တဖြည်းဖြည်း လိုက်ဖက်လာကာ မရေရာသော အသံများက လေနှင့်အတူ ကခုန်နေသည်။

"ပုဖန်၊ မင်းက ငါ့အတွက်ပဲ''
ဝမ်ရှင်းချန် က ခပ်တိုးတိုး တိုးတိုးလေး ပြောပြီး သူ့ရဲ့ ခွန်အားကို နည်းနည်း အားစိုက်လိုက်သည့်အတွက် သူ့လှုပ်ရှားမှုတွေက ပြင်းထန်ကာ ပို၍ လျင်မြန်လာသည်။

“အာ… ဖြေးဖြေးလုပ်ပါ …”

“ဟား၊ အရမ်း တင်းကျပ်ပြီး အားလုံးက ငါ့ကို ညှစ်ထားတယ်” သူက နျဲ့ပုဖန် နားရွက်ကို ကိုက်ပြီး “မင်း စိတ်တွေကို လျော့ထားပါ''

“ဘာ…အင့်…” နျဲ့ပုဖန်၏ အသံသည် ကြေကွဲစွာ ထွက်လာပြီး သူတို့သည် အံဝင်ခွင်ကျ ဖြစ်နေသည်။

လှုပ်ရှားမှုက ပိုမြန်လာသည်။ ဝမ်ရှင်းချန်သည် စိတ်ကို ချုပ်တည်းကာ  နျဲ့ပုဖန် ကျယ်လောင်စွာအော်နိုင်လောက်အောင် ရှေ့ကို ပြင်းပြင်းထန်ထန် တွန်းသွင်းထုတ်လိုက်သည်။

ကြိမ်ဖန်များစွာ ပြင်းပြင်းထန်ထန် လုပ်ပြီးနောက် ဝမ်ရှင်းချန်မှာ ခေါင်းကို မော့ကာ သက်ပြင်း တစ်ချက် ရှိုက်လိုက်သည်။

နျဲ့ပုဖန်သည် အတွင်းမှ အရည်ပူများ စီးဆင်းသွားသည်ကို ခံစားလိုက်ရပြီး သူ့အတွင်းနံရံများမှာလည်း တုန်ခါသွားကာ ကျေနပ်မှုသည် ဦးခေါင်းထဲအထိ ထိုးတက်လာသည်။

"အစ်ကို ဝမ်၊ တစ်ယောက်တည်း စားရတာ နည်းနည်းတော့ လောဘကြီးပုံ ရတယ် မထင်ဘူးလား"  အေးစက်စက် အသံ တစ်ခု ထွက်ပေါ်လာသည်။

ဝမ်ရှင်းချန်သည် နျဲ့ပုဖန် ကိုယ်ထဲမှ နုတ်ထွက်လိုက်ပြီး နျဲ့ပုဖန်အား ဘောင်းဘီကို ပြန်ဝတ်ပေးကာ ရောက်လာတဲ့ သူကို လှည့်မကြည့်ခင် နျဲ့ပုဖန်ကို သူ့ ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်၏။

"ညီအစ်ကို လီ၊ မင်း ဒီကို မြန်မြန်ရောက်လာတာပဲ''

လီရီသည် အေးစက်စွာ ရယ်မောလိုက်ပြီး ဝမ်ရှင်းချန်၏ ရင်ခွင်ထဲမှ နျဲ့ပုဖန်ကို  ဒေါသအမူအရာဖြင့် ကြည့်လိုက်သည်။ စွဲဆောင်မှု ရှိတဲ့ နီမြန်းတဲ့အသွင်အပြင်က တကယ်ကို စိတ်နာစရာ ဖြစ်သည်။

"ကဲ၊ မင်း ပြီးရင် သူ့ကို ငါ့ဆီ ပေးလို့ရမလား" 

လီရီက ပြတ်ပြတ်သားသား မေးသည်။

ဝမ်ရှင်းချန်က ပြန်မဖြေဘဲ ခေါင်းကို လှည့်ကာ နျဲ့ပုဖန်ကို ကြည့်ပြီး "မင်း သူ့ကို ကြိုက်လား" ဟု မေးလိုက်၏။

နျဲ့ပုဖန်က သူ့ ခေါင်းကို စောင်းကာကြည့် လိုက်ပြီး
"သူ့ ပုံစံက လူသတ်သမားနဲ့ တူပေမယ့် သူက မုန်းစရာတော့ မကောင်းပါဘူး"

လီရီ၏ အမူအရာ တောက်ပလာသည်။ ပထမဆုံတွေ့တုန်းက သည်လူက သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ခေါ်သွားတယ်လို့ထင်ခဲ့တာကို သူ မှတ်မိသည်။

"ဒါဆို မင်းသူ့ကို ချစ်ဖို့ ဆန္ဒရှိလား" 
ဝမ်ရှင်းချန်က ထပ်မေးသည်။

နျဲ့ပုဖန်၏ အဖြေကို မစောင့်ဘဲ လီရီက အော်ပြော၏။

"သူ ဘာမှ မမှတ်မိတော့ဘူးလေ။ ဒါကို သူ ဘယ်လိုဖြေနိုင်မှာလဲ"

ဝမ်ရှင်းချန်က နျဲ့ပုဖန်ကို တစ်ချက်ကြည့်လိုက်သည်။

နျဲ့ပုဖန်က ဇဝေဇဝါဖြစ်ပြီး ခေါင်းကိုခါကာ "ဘာလို့ သူ့ကို ချစ်ရမှာလဲ"

“အဲဒါကို လုပ်မှပဲ အဖြေသိရမယ်” 
ဝမ်ရင်းချန်က မသိချင်ယောင်ဆောင်ကာ ပြန်ဖြေသည်။

နျဲ့ပုဖန်က ခဏလောက် စဉ်းစားပြီး အဓိပ္ပါယ်ပေါင်း တစ်ထောင်ပါနေတဲ့ လီရီရဲ့ မျက်လုံးတွေကို ကြည့်လိုက်တော့ သူ့ နှလုံးသားက အနည်းငယ် လှုပ်ရှားသွား၏။

"ငါ မင်းကို အရင်က သိလား" နျဲ့ပုဖန်က သူ့ မေးစေ့သူ ပွတ်ကာ စဥ်းစားပြီး "ငါ အရေးကြီးတာ တစ်ခုခု မေ့နေတာလား"

"မှန်တယ်" လီရီက ဝမ်းသာအားရဖြင့် "မင်း အခု မေ့နေပေမယ့် ငါ့ကို နှိုးဆွပြီးရင် မင်း ငါ့ကို ဘယ်တော့မှ မေ့ပစ်ခွင့် မပေးဘူး"

"မင်းကို နှိုးဆွပြီးရင် မင်းကို မမေ့ပစ်ရဘူးလား...ငါတို့မှာ ဒီလို ဆက်ဆံရေးမျိုး ရှိလား”
နျဲ့ပုဖန်က မယုံနိုင်စွာမေးသည်။

“ဟုတ်တယ်” လီရီက ပြန်ပြော၏။
“ဒီတော့ မင်း ငါ့ကို တာဝန်ယူရမှာပေါ့”

ထိုတွင် နျဲ့ပုဖန်က ဝမ်ရှင်းချန်ကို ကြည့်ကာ "အစ်ကို ဝမ်၊ ငါက မင်းအပေါ် ဖောက်ပြန်ခဲ့တာလား''

ဝမ်ရှင်းချန်က ခေါင်းညိတ်လိုက်သည်။

နျဲ့ပုဖန်လည်း မယုံနိုင်ဖြစ်ကာ – “မဖြစ်နိုင်ဘူး။ မင်းအပေါ် ဖောက်ပြန်ချင်ရင်တောင် ငါက နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်တဲ့ အလှလေးကို ရှာခဲ့မှာ။  ဘာ့ကြောင့် ရေခဲတုံးကို ရှာရမှာလဲ"

လီရီ၏ မျက်နှာတစ်ခုလုံး မည်းနက်သွားသည်။

ဝမ်ရှင်းချန်က အေးဆေးတည်ငြိမ်စွာပြောသည် "အံ့သြစရာ မဟုတ်ပါဘူး၊ မင်းရဲ့အကြိုက်က အမြဲတမ်း ထူးခြားနေတာပဲလေ"

"မှန်တယ်။ အစ်ကို ဝမ်ကတော့ ငါ့ရဲ့အကောင်းဆုံးအကြိုက်ပဲ''

“…..”

“ကောင်းပြီ၊ အခု အချိန်က စပြီး သူနဲ့ ငါ့ရဲ့ အချိန်ပဲ”  လီရီသည် သူတို့ နှစ်ဦး ရှိရာသို့ သွားကာ နျဲ့ပုဖန်ကို သူ့ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

"ဟင့်အင်း မဟုတ်ဘူး" နျဲ့ပုဖန်က ဝမ်ရှင်းချန် ရဲ့ ဝတ်ရုံကို တင်းတင်းကျပ်ကျပ် ဆွဲထားလိုက်ပြီး

"အစ်ကို ဝမ်၊ ငါ့ကို ကယ်ပါဦး "

ဝမ်ရှင်းချန် က သက်ပြင်းချကာ ဝမ်းနည်းတဲ့ လေသံနဲ့ "ပုဖန်၊ ငါ မင်းကို မကယ်နိုင်ဘူး"

"ဘာလို့လဲ။ ဒီလိုမျိုး တခြားလူက ဆွဲခေါ်သွားတာကို မင်း ဒီအတိုင်း ကြည့်နေမှာလား” 

နျဲ့ပုဖန်သည် ဝမ်ရှင်းချန်ကို  နှလုံးသားမဲ့တဲ့ လူတစ်ယောက်ကဲ့သို့ ကြေကွဲနေသော  မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

ဝမ်ရှင်းချန် ကတော့ ဗုဒ္ဓပုတီးစေ့တွေကို ထုတ်ယူပြီး “မင်းအတွက် ဆုတောင်းပေးပါ့မယ်” လို့ တိုးတိုးလေး ပြောလိုက်သည်။

"မဟုတ်ဘူး--" နျဲ့ပုဖန်မှာ ရှိုက်ကြီးတငင် အော်ဟစ်ကာ ရုန်းကန်နေ၏။

နောက်ဆုံးတွင် နျဲ့ပုဖန်သည် မကောင်းဆိုးဝါးများ၏ ဆွဲငင်ခြင်းမှ မလွတ်မြောက် နိုင်တော့ပဲ လီရီ ဆွဲခေါ်ရာနောက် ယက်ကန် ယက်ကန် ပါသွားတော့သည်။

ဝမ်ရှင်းချန်သည် နျဲ့ပုဖန် သူ့ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်ကို ကြည့်ကာ လက်အုပ် နှစ်ဖက် ချီလျှက် ''ကျေးဇူး ကြီးမြတ်လှပါသော ရှင်ကြီး ဗုဒ္ဓ'' ဟူ၍ ဂရုဏာသံဖြင့် ရေရွတ်လိုက်လေသတည်း။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now