Chapter 90

1.3K 136 0
                                    

Chapter - 90
အချစ်အတွက်တိုက်ပွဲ (အပိုင်း ၁၄)


အနှိပ်ခန်း အိမ်တွင် တစ်ရက်ကြာ ပျော်ပါးပြီးနောက် နျဲ့ပုဖန်သည် ဖန်းလုံ၏ အိမ်သို့ ပြန်သွားခဲ့သည်။ အမှောင်ထဲတွင် ဧကရာဇ် စေလွှတ်ထားသော အရိပ် အစောင့်ရှောက်တွေ ရှိနေတာကြောင့် ဝေဒီနှင့် တခြားသူတွေမှာ နျဲ့ပုဖန်ကို ခိုးပြေးဖို့ အခွင့်အရေး မရှိတော့ပေ။

နျဲ့ပုဖန်သည် ရထားပေါ်၌ ထိုင်လျှက် ထွက်သွားရင်းမှ စောင့်ကြည့်နေသူများကို ဝမ်းသာ အားရ ဝှေ့ယမ်းပြသည်။ ဝေဒီ၏ မျက်လုံးများက အနည်းငယ် ကြောက်စရာ ကောင်းသည်မှ လွဲ၍ ကျန်လူများ အားလုံးက ပြန်ပြုံးပြကြသည်။ ၎င်းအပြုံးတို့ရဲ့နောက်ကွယ်မှာ ဝမ်းနည်းမှုတွေက သူတို့တတွေပဲ သိလေသည်...

နိုင်ငံတော် ပညာရှိ၏ အိမ်တော်တွင် နှစ်ရက်နေထိုင်ပြီးနောက် နျဲ့ပုဖန်သည် ဖန်းလုံ၏ မျက်နှာသာပေးမှုကို အခွင့်ကောင်းယူပြီး ဖန်းလုံ၏ အိမ်တော်ပေါ်သို့ကြက်အုပ်ကို ပေါ်ပေါ်တင်တင် ခေါ်ယူလာခဲ့သည်။

ယခုအခါ ကြက်များသည် ဤအိမ်တော် အပါအဝင် တော်ဝင်နန်းတော်နှင့် အမဲလိုက်ကွင်းများအား ၎င်းတို့၏ နယ်မြေများအဖြစ် သတ်မှတ်ထားကြသည်။  မြက်ခင်းပြင်များ၊ သစ်ကိုင်းများကြား၊ နံရံထောင့်များ၊ တံစက်မြိတ်များပေါ်တွင် အသစ်တည်ဆောက်ထားသော ကြက်အသိုက်များကို အခါအားလျော်စွာ တိုက်မိနိုင်ပါသည်။ ရေကန်ထဲ၌ အလှမွေး ငါးတို့၏ ဘဝမှာ လုံးဝ ကပ်ဆိုးကျရောက်ခဲ့ရပြီး မျိုးတုံးကုန်လေပြီ။

အရင်တုန်းကဆိုလျှင် ဒါမျိုး လုပ်ရပ်များကို သည်းမခံနိုင်တော့ဘဲ နျဲ့ပုဖန်ကို အထုပ်အပိုးတွေ ပြင်ပြီး နန်းတော်ဆီ ပြန်ပို့လိုက်မှာပေမယ့် အဲ့အနမ်း အပြီးမှာတော့ တစ်ချို့အရာတွေက သိမ်မွေ့စွာ ပြောင်းလဲသွားပုံရသည်။
ဤအကြိမ်တွင် ဖန်းလုံသည် နျဲ့ပုဖန်ကိုပစ်ပယ်ရန်မကြိုးစားတော့ပေ။

ဤသို့ဖြင့် သုံးရက်မြောက်သောနေ့သို့ ရောက်လာလေ၏။
နောက်ဆုံးတွင် ဧကရာဇ်မင်းသည် နျဲ့ပုဖန်အား နန်တော်သို့ ပြန်လာရန် အမိန့်ထုတ်လေသည်။ အမိန့် မပေးပါက ထိုတစ်စုံတစ်ဦးသည် နန်းတော်သို့ လုံးဝပြန်လာရန် ရည်ရွယ်ချက် မရှိဟု သံသယရှိလာသည်။

ဤကာလအတွင်း နိုင်ငံတော် အရေးကိစ္စများအပြင် ထိုနေ့က အဆိပ်သုံးသည့် တရားခံကိုလည်း  ရှာဖွေ ဖမ်းဆီးရန် ကြိုးစားခဲ့ရသည်။
ဖန်းလုံနှင့် တော်ဝင် ဆေးကျောင်းတော်မှ တပည့်များ၏ ကျေးဇူးကြောင့် အဆိပ်၏ ရင်းမြစ်ကို အချိန်မှီ ရှာဖွေတွေ့ရှိခဲ့ပြီး သဲလွန်စများကို လိုက်လံရှာဖွေရာ နောက်ဆုံးတွင် ကြင်ယာတော် လီနှင့် လျှို့ဝှက် ဆက်သွယ်ထားသော တရားခံကို တွေ့ရှိခဲ့သည်။ အဆိပ်သင့်ရခြင်း အကြောင်းရင်းမှာ ဧကရာဇ်မင်းသည် ကြင်ယာတော် လီ၏ ဗိုက်ထဲတွင် ရှိနေသော ကလေးအား ဖျက်ချရန် အမိန့်ပေးခဲ့သောကြောင့် ဖြစ်သည်။

အမှုမှန်ပေါ်ပြီးနောက်တွင် ကြင်ယာတော် လီကို မသတ်ခဲ့သော်ငြားလည်း သူမအား အအေးနန်းတော်တွင် ထာဝစဉ် အကျဉ်းချထားခဲ့သည်။ ဤအဖြစ်အပျက်သည် အငြိုးအတေး ကြီးသော မိဖုရား တစ်ပါး၏ ကလဲ့စားချေမှု ဖြစ်ခဲ့ပြီး
ကံမကောင်းစွာပင် ဤကိစ္စ၌ နျဲ့ပုဖန် ပါဝင်လာသောကြောင့် ကြင်ယာတော် လီသည် မအောင်မြင်ရုံသာမက သူ၏ အဆိပ်ခတ် လုပ်ကြံခြင်းကို နောက်တစ်ကြိမ် ထပ်မံပြုလုပ်ရန် အခွင့်အရေးလည်း မရရှိခဲ့ပေ၊ အားလုံး ပြီးဆုံးသွားခဲ့လေပြီ။

နျဲ့ပုဖန်ကတော့ ဤနန်းတွင်း ဇာတ်လမ်းကို ဘာမျ မသိသလို သိချင်စိတ်လည်း မရှိပေ။  ကမ္ဘာကြီးရဲ့ အမှောင်ထုဘက် အခြမ်းဟာ အဆုံးမရှိတာကြောင့် ရှုပ်ထွေးမှုတွေ ကြားမှာ သရဖူ ဆောင်းရခြင်းထက် ပေါ့ပေါ့ပါးပါးနဲ့ မိုက်မဲတဲ့ လူတစ်ယောက် ဖြစ်ရတာက ပိုကောင်းပါသည်။

ဤသို့ဖြင့် ဖန်းလုံသည် နျဲ့ပုဖန်ကို နန်းတော်ထဲကိုပြန်ခေါ်လာခဲ့သည်။

သူ နန်းတော်သို့ ပြန်ရောက်ရာတွင် ပထမဆုံးကြားလိုက်ရသော ဧကရာဇ်မင်း၏ စကားမှာ
''မင်း နန်းတော်ကို ပြန်လာဖို့ တော်တော် ဝန်လေးနေပုံရတယ်၊ ကျန်းသာ ပြန်မခေါ်ဘူးဆိုရင် မောင်မင်းကိုယ်တိုင် ပြန်လာဖို့ စိတ်ကူး မရှိဘူးလား''

နျဲ့ပုဖန်ကတော့ နန်တော်ထဲ ပြန်လာရသည့်အတွက် သူ၏ မကျေနပ်မှုတွေကို လျစ်လျူရှုထားပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်လျောက်တင်လိုက်သည်။

"အရှင်မင်းကြီး၊ အရှင်က လူဆိုးတွေကို ပြောင်ပြောင်မြောက်မြောက် ဖမ်းမိသွားပြီဆိုတာ ငါကြားတယ်"

''အင်း''
ဧကရာဇ်မင်သည် မကျေနပ်သော အသံဖြင့်တုံ့ပြန်သည်။

''ဒီတော့ ကျွန်တော်နဲ့ ပတ်သတ်တဲ့ နားလည်မှု လွဲမှားနေတာတွေကိုရော အရှင်မင်းကြီး ရှင်းရှင်းလင်းလင်း သိရှိပြီးသွားပြီပေါ့''

နျဲ့ပုဖန်က ထပ်မေး၏။

ဧကရာဇ်မင်းသည် သူ့ကို စိုက်ကြည့်လျက် "မင်း ဘာပြောချင်တာလဲ"

နျဲ့ပုဖန်က တောက်ပစွာ ပြုံးလိုက်ပြီး
"ကျွန်တော့် နာမည်လည်း ရှင်းလင်းသွားပြီ ဖြစ်တဲ့ အတွက် ဒီဝေရှောင်ပေါင်က နန်းတော်ထဲကနေ ထွက်သွားလို့ရပြီလား''

"နန်းတော်က ထွက်သွားမလို့လား" ဧကရာဇ်မင်းသည် လေးနက်သော မျက်နှာထားဖြင့် “ဒီကိစ္စကို ဖြေရှင်းပြီးရင် ကျန်းက မင်းကို နန်းတော်က ထွက်သွားခွင့်ပေးမယ်လို့ ဘယ်တုန်းက ပြောမိလို့လဲ။  ကျန်းက မင်းကို ဘုရင့် စာအုပ်တိုက် အစေခံအဖြစ် တရားဝင် ခန့်ထားဖို့ ဆုံးဖြတ်လိုက်ပြီ"

နျဲ့ပုဖန် ခဏတုံ့ဆိုင်းသွားသည်။

“အရှင်မင်းကြီး၊ ဒီရှောင်ပေါင် တစ်ချက် ရှင်းပြချင်ပါတယ်”

"ဘာများလဲ"

"အမှန်အတိုင်းပြောရရင် ဒီရှောင်ပေါင် က စာမတတ်တဲ့ သာမန် ကျေးရွာက လယ်သမားလေး တစ်ယောက်ပါ။ စာအုပ်တိုက် အစေခံလို အဆင့်မြင့်ရာထူးက ကျွန်တော့်အတွက် အမှန်တကယ် မသင့်လျော်ပါဘူး။ ဆုလာဒ်တော်တွေ ချီးမြှင့်ပေးတာကပဲ အလွန့် အလွန် ကျေးဇူးကြီးလှပါပြီ။ ဒါကြောင့် ဘုရင်မင်းမြတ်ဟာ ပြည်သူတွေကို အကောင်းဆုံး အသုံးချနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကြက်မွေးမြူသူက ဆက်လက်ပြီး ကြက်မွေးရင်း တိုင်းပြည်ကို အကျိုးပြုရပါမယ်။
ပညာရှိတွေကလည်း ပညာရှိတို့ရဲ့တာဝန်ဝတ္တရားတွေကို ဆက်လက်ထမ်းဆောင်ပြီး တိုင်းပြည်အတွက် ရှင်သန်ရပါမယ်။ ဒါမှ တိုင်းပြည် တစ်ခုလုံး အေးချမ်းသာယာပါလိမ့်မယ်''

ဧကရာဇ်မင်း၏ ပါးစပ်ထောင့်များ တွန့်ကွေးသွားကာ ခဏတာ နှုတ်ဆိတ်နေခဲ့သည်-
"စိတ်မပူပါနဲ့၊ ငါ သေချာပေါက် 'ပြည်သူ တွေကို အကောင်းဆုံး အသုံးချပါမယ်' ဆိုတော့ မောင်မင်းလည်း နန်းတော်ထဲမှာ ထိုက်သင့်တဲ့ နန်းဆောင်တော်ရလိမ့်မယ်။ မင်း ကြက်မွေးမြူရတာ ဝါသနာပါရင် ကြက်မွေးမြူလို့ ရတယ်။ အပြင်ထွက်ပြီး လေကောင်းလေသန့် ရချင်ရင် လွတ်လွတ်လပ်လပ် သွားလို့ရတယ်၊ ကျန်းက မင်းကို ဘာမှပိတ်ပင် တားဆီးမှာ မဟုတ်ဘူး''

ထိုအခါ နျဲ့ပုဖန်က ဝမ်းနည်းဟန်ဖြင့် ဖန်းလုံကိုအားကိုးတကြီး လှည့်ကြည့်လိုက်ပြီးနောက် ဧကရာဇ်မင်းအား စေ့စေ့စပ်စပ်ကြည့်ကာ ရုတ်တရက် လျောက်တင်လိုက်၏။ “အရှင်မင်းကြီး၊ ကျွန်တော့်မှာ ရှင်းပြစရာ တစ်ခု ရှိသေးတယ်”

“ပြောပါ” ဘာကြောင့် ဒီလောက် ရှင်းပြစရာတွေ များနေရတာလဲ။ မင်းကို စာအုပ်တိုက်စောင့် အဖြစ် ရာထူးပေးတာဟာ လွယ်ကူတဲ့ကိစ္စလို့ ထင်နေတာလား။

ထိုအခါ နျဲ့ပုဖန် က အသက်ပြင်းပြင်းရှူရင်း လက်သီး တင်းတင်းဆုပ်ကာ

"ဒီရှောင်ပေါင်မှာ ချစ်ခင် စုံမက်မိနေတဲ့သူ ရှိပါတယ်။ အရာ အားလုံးကို ဘေးဖယ်ထားပြီး ထိုသူနဲ့အတူ ထာဝရနေဖို့ စီစဉ်နေပါတယ်"

ဧကရာဇ်မင်း၏ အကြည့်များ စူးရှလာကာ ဖန်းလုံလည်း အနည်းငယ် ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။

သေချာပါတယ်၊ နျဲ့ပုဖန်က သူ့ ခေါင်းပေါ်ကို ဆင်ခြေထောက်ကြီးကြီးနဲ့ တက်နင်းလိုက်လေပြီ။

“ကျွန်တော်နဲ့ နိုင်ငံတော် ပညာရှိကြီးတို့က တစ်ယောက်ကို တစ်ယောက် ချစ်မိသွားခဲ့ကြပါတယ်၊ ကျွန်တော်တို့ နှလုံးသားထဲမှာ ဆုံးဖြတ်ပြီးသွားပြီ။  နန်းတော်မှ ထွက်ခွာပြီးတဲ့အခါ တရားဝင် လက်ထပ်ပြီး တစ်သက်တာ ပေါင်းသင်းသွားဖို့ပါ။
မြတ်စွာဘုရားရှင်တောင်မှ နှလုံးသားရဲ့ချစ်ခြင်းမေတ္တာဟာ လွန်ဆန်နိုင်တဲ့အရာ မဟုတ်ဘူးလို့ ဟောကြားခဲ့သေးတာပဲ၊ ကျွန်တော်တို့ကိုလည်းလက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်''

ဧကရာဇ်မင်းသည် နျဲ့ပုဖန်၏ မိုက်မဲသော စကားကို မယုံနိုင်စွာဖြင့် မျက်လုံးများကို မှိတ်ထားသည်။  သူသည် ဖန်းလုံနှင့် အတူတူ ကြီးပြင်းခဲ့သည် ဖြစ်ရာဖန်းလုံ၏ ပင်ကိုယ်စရိုက်ကိုလည်း ကောင်းကောင်း နားလည်ထားသည်။ အေးစက်ပြီး အရာရာကို ရှောင်ဖယ်နေသူ တစ်ယောက်ရဲ့ နှလုံးသားကို ဘယ်သူက သိမ်းပိုက်နိုင်မှာလဲ။ ဘယ်လို ထိခိုက်နိုင်သလဲ။
ဒါဟာ ယောကျ်ားခြင်း ကာမဆက်ဆံတဲ့ စာအုပ် ပေးမိခြင်းအတွက် ဆိုးကျိုးရလာဒ်ပေလား။ ဖန်းလုံးကိုယ်တိုင်ကတော့ သည်ခြေလှမ်းကို တစ်ဖက်တည်းလှမ်းလိမ့်မည် မဟုတ်ပေ။

ဖန်းလုံသည် ဘေးကနေ နျဲ့ပုဖန်ကို ကြည့်လိုက်သည်။ သည်ကောင်က သူ့ကို ဆိတ်တစ်ကောင်လို အသုံးချမယ်လို့ ကြိုပြောထားသားပဲ။ အခု သူပြောတဲ့အတိုင်း တကယ်လုပ်ခဲ့ပြီ။ အပြစ်တွေ အားလုံးကို မိမိအပေါ် လုံးလုံးလျားလျား ပုံချလိုက်လေပြီ။

"နိုင်ငံတော် ပညာရှိကြီးရော ဘာပြောချင်သေးလဲ"  ဧကရာဇ်မင်းသည် ပေါ့ပေါ့ပါးပါးမေးသည်။

မမျှော်လင့်ဘဲ ဖန်းလုံက  မထင်မှတ်ထားတဲ့ အဖြေတစ်ခု ပေးလိုက်၏။

- "ရှောင်ပေါက် ပြောသလိုပဲ၊ ဒီအရာရှိက ယောကျ်ား တစ်ဦးကို နှစ်သက်မြတ်နိုးမိပါတယ် အရှင်။
အရှင်သာ ကျွန်တော်တို့ကို လက်ခံနိုင်ရင် ဒီအရာရှိဟာ နိုင်ငံတော်ရဲ့ပညာရှိ အဖြစ်ကနေ ချက်ချင်းနှုတ်ထွက်ပြီး လောကီ လောကထဲကနေ ထွက်ခွာသွားဖို့ ဆန္ဒရှိနေပါတယ်”

ဧကရာဇ်မင်းသည် ဖန်းလုံအား မယုံကြည်နိုင်စွာကြည့်နေခဲ့လေသည်။ ဖန်းလုံး၏ မျက်လုံးထဲတွင် နျဲ့ပုဖန်ကို နှစ်သက်သော အကြည့်များ အထင်းသား ရှိနေ၏။

အခန်းသည် တိတ်ဆိတ်သွားသည်။ ဧကရာဇ်မင်းသည် နှစ်ယောက်သားကို ငြိမ်သက်စွာ အကဲခတ်နေရာ ၎င်းတို့က တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်ကို မြင်လိုက်ရသည်၊ ဤနေရာတွင် အမှန်တကယ်ပင် အိမ်ထောင်ရေး ဖောက်ပြန်သော တရားခွင်ကဲ့သို့ အငွေ့အသက်မျိုး ရနေ၏။

နောက်ဆုံးတွင် ဧကရာဇ်မင်းက မိန့်လိုက်သည်။

''မင်းတို့ကို ကျန်း ခွင့်ပြုပေးမယ်၊ ဒါပေမယ့် အခြေအနေ တစ်ခုတော့ ရှိတယ်''

အမှန်တွင် သူသည်အတ္တကြီးသောရှင်ဘုရင်တစ်ပါးဖြစ်သည့် လက္ခဏာရပ်နှင့် အညီ အရှုပ်အထွေး ပြဿနာများကို လုံးဝ ဂရုမစိုက်ပဲ လိုချင်တာကိုရအောင် ယူမည် ဖြစ်သည်။ ဒါပေမယ့် ဖန်းလုံ က သူ့ရဲ့လူယုံ ဖြစ်ပြီး သူ ယုံကြည်ရဆုံးသူလည်း ဖြစ်နေသည်။ အကယ်၍ ဤဖန်းလုံသည် သူ၏ မောင်းမများကိုသာမက တခြားသူ၏ သားမယားကို လိုချင်သည်ဟု တောင်းဆိုမည်ဆိုရင်တောင်မှ သူ တစ်ချက်မှ တွန့်မနေပဲ ရက်ရောစွာ ပေးပစ်မည်ဖြစ်သည်။

သို့သော် ဤရှောင်ပေါင်အပေါ်မျာတော့ တွန့်တိုနေမိသည်။
၎င်းတို့  နှစ်ယောက်သား၏ ဆက်ဆံရေးမှာ အတုအယောင်တွေလား ဒါမှမဟုတ် တကယ်ချစ်နေလားဆိုတာ သူ သေချာသိချင်၏။

“ဒါဆို ဘုရင်မင်းမြတ်ရဲ့ သဘောထားအတိုင်းလုပ်ဆောင်ပါမယ်၊ ကျွန်တော်တို့ ဘာလုပ်ရမှာလဲ”  ဖန်းလုံက မေးလိုက်သည်။

"ကျန်း မင်းတို့ကို နန်းတော်ထဲမှာ ချစ်တင်းနှောခွင့်ပြုပေးမယ်''
ဧကရာဇ်မင်းသည် မကောင်းသော ရည်ရွယ်ချက်ဖြင့် ပြောလိုက်၏။

နိုင်ငံတော် ပညာရှိမှာ အံ့သြသွားသည် - "ဘယ်လို"

ဧကရာဇ်မင်းက ဆက်ပြောသည်။
"ကျန်းရဲ့မျက်စိ ရှေ့မှာ"

ထိုတွင် နျဲ့ပုဖန်ကလည်း ချက်ချင်း ဝင်ကာကွယ်၍ ပြောပေးသည်။

“အရှင်မင်းကြီး၊ နိုင်ငံတော်ရဲ့ပညာရှိလို ရှက်တတ်တဲ့လူက အရှင့်ရှေ့မှာ ဘယ်လိုမျိုး ဒီကိစ္စကိုလုပ်နိုင်မှာလဲ”

ဒါက အဓိအချက် မဟုတ်သေးဘူးလေ။
ဖန်းလုံ ရှုပ်ထွေးစွာဖြင့် နျဲ့ပုဖန်ကို ကြည့်သည်။

''အိုး...ဒါဆို မောင်မင်းက ကျန်းရှေ့မှာ မဟုတ်ရင်ရော လုပ်နိုင်တယ်ပေါ့လေ''

ဧကရာဇ်မင်က သရော်သလို ပြောသည်။

"ဘာလို့ မလုပ်ရဲရမှာလဲ" နျဲ့ပုဖန်က ပြတ်ပြတ်သားသား ပြန်ဖြေ၏။

ဖန်းလုံးသည် ဤနေရာတွင် မြေကျင်းတူးပြီး သူ့ကိုယ်သူ မြေမြှုပ်လိုက်ချင်နေသည်။
ဒါ့အပြင် နျဲ့ပုဖန်ဆိုသော လူတွင် သာမန်လူသားများ နားမလည်နိုင်သော အရာတစ်ခုခု ပါရှိနေလေသလား သိရန်အတွက်လည်း ထိုလူ၏ ဦးခေါင်းကို ခွဲကြည့်လိုက်ချင်သည်။

“ကောင်းပြီ” ဧကရာဇ်မင်းသည် ကိုယ့်ကိုယ်ကို ဟန်ကို့ကာ ကျယ်လောင်စွာ အမိန့်ပေးလိုက်လေသည်။

''ကွမ်ယန်ခန်းမဆောင်ကို ပြင်ဆင်ထားလိုက်ကြ''

ဤသို့ဖြင့် ၎င်းတို့သည် ထူးဆန်းသော အငွေ့အသက်များ ပြည့်နေသော ကွမ်ယန်ခန်းမဆောင်သို့ ရောက်လာသည်။

ဧကရာဇ်မင်းသည် မေးစေ့ကို မော့ကာ ခန်းမအတွင်းရှိ ကုတင်ကြီးဆီသို့ လက်ဟန်ပြကာ “ဒီမှာဆိုရင်ရော ဘယ်လိုလဲ”

ဖန်းလုံကတော့ ဘာမှ ထုတ်ဖော် ပြောဆိုခြင်း မရှိသော်လည်း နျဲ့ပုဖန်က စိတ်ဝင်တစား လှည့်ပတ်ကြည့်ရှုပြီးနောက် ခေါင်းညိတ်ကာ "ကောင်းသားပဲ'' ဟု ပြောလိုက်သည်။

"ဒါဆို မင်း အပေါ်မှာပဲ မူတည်တော့တယ်။ ငါ့ကို စိတ်မပျက်စေနဲ့''
ဟူ၍ ဧကရာဇ်မင်းက ရိသဲ့သဲ့ဆိုသည်။

ထို စကားပြောပြီးနောက် ဧကရာဇ်မင်းသည် ဝတ်ရုံလက်ကို ယမ်းကာ ထွက်သွားသည်။

နျဲ့ပုဖန်သည် ကုတင်ပေါ်သို့ တက်ကာ အကြိမ်အနည်းငယ်လောက် လှိမ့်ကြည့်လိုက်သည်။ ထို့နောက်သူသည် ခေါင်းငုံ့နေမြဲ ဖြစ်ပြီး သစ်သားတုံးကဲ့သို့ တောင့်တင်းမာကျော နေသော နိုင်ငံတော်၏ ပညာရှိကို ကြည့်ကာ ကုတင်ကို လက်ဖြင့်ပုတ်၍ “လာပါ” ဟု ဆိုသည်။

ဖန်းလုံသည် စက်ရုပ်ကဲ့သို့ လျောက်သွားကာ တုံနိဘာဝေ ပုံစံဖြင့် ထိုင်နေသည်။

နျဲ့ပုဖန်က သူ့ဆီ ချဉ်းကပ်လာပြီး "ဧကရာဇ်မင်းက ငါတို့ကို ချောင်းကြည့်ဖို့ ဘယ်ထောင့်မှာ ပုန်းနေမယ်ဆိုတာ မင်း သိလား"

ဒါက တကယ်ကို ဉာဏ်ပညာ စမ်းသပ်မှု တစ်ခုနှင့်တူသည်။

သို့သော် ဖန်းလုံက သက်ပြင်းချလိုက်ပြီး သူ့ကိုကြည့်ကာ "ဧကရာဇ်မင်းမြတ် ကမ်းလှမ်းတာကို မင်း ဘာကြောင့် သဘောတူခဲ့တာလဲ" ဟု မေးသည်။

''ကြီးတဲ့အမှုကို ငယ်စေ၊ ငယ်တဲ့အမှုကို ပပျောက်စေတဲ့လေ၊ အခု ပြဿနာကို ဖြေရှင်းလိုက်ရင် အနာဂတ်မှာ ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ဘူး အားလုံး ရှင်းလင်းသွားလိမ့်မယ်''

သို့သော် ဤအရာက အနာဂတ်တွင် ဒုက္ခများ ပိုမိုဖြစ်ပေါ်စေမည်ဟု ဖန်းလုံ ခံစားမိသည်။  ဖန်းလုံမှာ  ကောင်းကင်ကို မော့ကြည့်ရင်း ဆုတောင်းရုံကလွဲလို့ ဘာမှမပြောနိုင်တော့ပါ။

သည်အခိုက်အတန့်မှာ အဝတ်တွေ ပွတ်တိုက်သံက သူ့နောက်ကနေ ရုတ်တရက် ထွက်ပေါ်လာသည်။ ဖန်းလုံ လှည့်ကြည့်လိုက်သည်နှင့် နျဲ့ပုဖန် သည် အဝတ်အစား စချွတ်နေပြီ ဖြစ်သည်။

“မင်း ဘာလုပ်နေတာလဲ…..”

သူ တကယ်ကြီး ဒါကို လုပ်တော့မှာလား။

"ဒီဇာတ်က လက်တွေ့ကျကျ သရုပ်ဆောင်ရမယ်၊ ဧကရာဇ်မင်းက ငါတို့ကို လှောင်ပြောင်ခွင့် မပြုနိုင်ဘူး"
နျဲ့ပုဖန်က သူ့အဝတ်အစားတွေကို ချွတ်ရင်း “အဲ့မှာငုတ်တုတ်ပဲ ထိုင်မနေနဲ့၊ မြန်မြန်လုပ်”

ဖန်းလုံသည် ချီတုံချတုံ ဖြစ်ပြီး သူ့လက်များကို ခါးစည်းဆီသို့ လှမ်းလိုက်၏။ နှလုံးခုန်နှုန်းများက မမှန်ကန်တော့ပေ။

ရုတ်တရက် လေးလံသော အလေးချိန်တစ်ခု သူ့နောက်ကျောပေါ်သို့ ကျရောက်လာပြီး နျဲ့ပုဖန်က သူ့အနားသို့ ချဉ်းကပ်လာပြီး "မင်းကို ငါကူညီမယ်" ဟူ၍ တိုးတိုးလေး ပြောသည်။

ထို့နောက် နျဲ့ပုဖန်က ဖန်းလုံ၏ လက်များကို တွန်းဖယ်ချလိုက်သည်။
အတွင်းခံ ၀တ်ရုံတစ်ခုတည်းကိုသာ ၀တ်ဆင်ထားသည့် နျဲ့ပုဖန်သည် သူ၏ ရမ်းကားသော လက်တို့ ဆန့်ထုတ်ကာ မိုက်မဲသော လုပ်ရပ်အချို့ကို စတင်ကျူးလွန်လိုက်သည်။

ဖန်းလုံ၏ အရာရှိ အဝတ်စုံသည် ကိုယ်ပေါ်မျ လျင်မြန်စွာ ကွာကျသွားပြီး အဝတ်အောက်ရှိ အရေပြားနေရာ အများအပြားကို ပေါ်လွင်လာ စေသည်။ သူ၏ ရှည်လျားသောဆံပင်များသည် အိပ်ယာခင်းပေါ်တွင် ဖြန့်ခင်းထားကာ၊ မျက်လုံးများက ဆွဲဆောင်မှုရှိပြီး နှုတ်ခမ်းများကလည်း ဆွဲမက်ဖွယ် ကောင်းသော အနီရောင်နှင်းဆီပန်းကဲ့သို့ လှပနေသည်။

သို့သော်လည်း ရွာသူကြီး နျဲ့၏ အလှမှာ အမြဲတမ်း ထူးခြားနေသည် အခြားသူများသည် မည်ကဲ့သို့ပင်လှပနေကြပါစေ နျဲ့ပုဖန်နှင့် ယှဥ်လိုက်ပါက ထိုအလှအပများသည် ဖွဲဆန်ကွဲသာ ဖြစ်ကြပေလိမ့်မည်။
နျဲ့ပုဖန်အတွက် ရှုမငြီးဖွယ် အကုန်ခမ်းနိုင်သောအလှတရားများနှင့် ပြီးပြည့်စုံနေပေသည်။

''နိုင်ငံတော် ပညာရှိကြီး၊ စလိုက်တော့မယ်နော်၊ ငါနဲ့အလိုက်သင့်နေပေးပါ''
ဟူ၍ နျဲ့ပုဖန် ညင်သာစွာဆိုသည်။

သူက လူသား အရုပ်တစ်ခုလို နေပေးရမှာလား။
ဖန်လုံး၏ ခံစားချက်များသည် နှလုံးသားထဲတွင်ရောထွေး ကွဲလွဲနေပေမယ့် သူ့ ခန္ဓာကိုယ်က တခြားသူရဲ့ အထိအတွေ့ကို မငြင်းဆန်ခဲ့ပါ။

နျဲ့ပုဖန်သည် ထိုင်လျှက်ဖြင့် ဖန်းလုံထံ ဖြည်းညှင်းစွာ ချဉ်းကပ်လာရာ ရှည်လျားသော ဆံချည်မျှင်များသည် အိစက်ပျော့ခွေကာ သူ့ကိုယ်ပေါ်သို့ ဦးစွာထိကပ်လာသည်။ ဖန်လုံ ၏ မျက်လုံးများသည် စိုစွတ်နေပြီး သူ့အကြည့်များက အခြားသူ၏ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်နေသည်။

ရုတ်တရက် သူသည် စောင်ကို မြှောက်လိုက်ပြီး သူတို့ နှစ်ယောက်လုံး၏ ကိုယ်ပေါ်သို့ အုပ်လိုက်သည်။

နျဲ့ပုဖန်မှာ အမြင်အာရုံကို မှောင်မိုက်သွားသည်ကိုခံစားလိုက်ရပြီး ထို့နောက် အခြားခန္ဓာကိုယ်က သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားကာ အခြားသူ၏ နှုတ်ခမ်းများကလည်း သူ့ကို ဖိကပ်လာ၏။ သူတို့၏ လျှာများသည် ကခုန်လျှက်ရှိသည်။

စောင်ထဲတွင် လေထုက ပျော့ပျောင်းနေပြီး ၎င်းတို့ ရှူထုတ်လိုက်သော အသက်ရှူသံများက ပူလောင်နေသည်။ အရေပြားတို့သည် အချင်းချင်းပွတ်တိုက်ကာ နှလုံးခုန်သံများက ကျယ်လာပြီး နှစ်ဦးကြားက အကွာအဝေးသည် အလွန်ကျဉ်းမြောင်းလာသည်။

ဤအခိုက်အတန့်တွင် လေးလံသော ခြေသံများ သည် အဝေးမှ အနီးသို့ ထွက်ပေါ်လာသည်။ ဖန်လုံ သည် သူ့ စိတ်ထဲတွင် ထူးဆန်းနေသည်ကို ခံစားရ၍ နျဲ့ပုဖန်၏ နှုတ်ခမ်းများကို တွန့်ဆုတ်စွာ လွှတ်လိုက်သည်။

သို့ရာတွင် ချက်ခြင်းပင် စောင်ကို ရုတ်တရက် ရုတ်သိမ်းခြင်းခံလိုက်ရလေရာ  ဧကရာဇ်မင်း၏ မှောင်မိုက်နေသော မျက်နှာသည် သူတို့ နှစ်ဦး ရှေ့တွင် ပေါ်လာသည်။

နျဲ့ပုဖန်၏ နှုတ်ခမ်းနီမှာ အနည်းငယ် ရောင်ရမ်းနေပြီး သူ့ မျက်လုံးများ မှေးစင်းနေကာ ဖြတ်သွားဖြတ်လာ တစ်ဦးကိုပင် မြူဆွယ် ဖိတ်ခေါ်နေသကဲ့သို့ ရှိသည်။

ဧကရာဇ်မင်းသည် လွန်စွာ ဒေါသထွက်နေပြီး ဖန်းလုံကိုပင် မကြည့်ဘဲ နျဲ့ပုဖန်ကို ဂုတ်မှ ဆွဲကာ ကွမ်ယန်ခန်းမကနေ ဆွဲထုတ်သွားလေသည်။

ဖန်းလုံမှာ မလှုပ်မယှက်ဖြင့် ၎င်းတို့၏ ကျောပြင်ကို စိုက်ကြည့်နေခဲ့၏။ သူ့မျက်လုံးများတွင် ဝမ်းနည်းပူဆွေးမှုတို့က နက်နက်နဲနဲ ရှိနေ၏။

ဧကရာဇ်မင်းသည် နျဲ့ပုဖန်အား နဂါး ကုတင်ပေါ်သို့ ဒေါသတကြီးဖြင့်ပစ်ချလိုက်သည

"မင်း တကယ် ရဲတင်းလွန်းတယ်"

''ဘာဖြစ်ရပြန်တာလဲ။ မကျေနပ်နိုင်သေးဘူးလား''

နျဲ့ပုဖန်က မကျေမနပ်ရေရွတ်သည်။

"မင်း ဘာပြောလိုက်တာလဲ" ဧကရာဇ်မင်းသည် သူ့ကို အိပ်ရာထက်သို့ ဖိချလိုက်ပြီး "ဝေရှောင်ပေါင်၊ အခုမှစပြီး မင်းဟာ ငါ့လူ ဖြစ်ပြီး မင်း ပျားတွေ၊ လိပ်ပြာတွေကို ထပ်ပြီး ဆွဲဆောင်တာ ငါ လုံးဝ ခွင့်မပြုနိုင်ဘူးဆိုတာ မင်း ကောင်းကောင်း မှတ်ထားပါဖ!''

"ငါက ပျားတွေ၊ လိပ်ပြာတွေကို ဘယ်မှာ ဆွဲဆောင်နေလို့လဲ''
နျဲ့ပုဖန်က ပြတ်ပြတ်သားသားပြောသည်။

''ကျွန်တော်က နိုင်ငံတော် ပညာရှိနဲ့ ချစ်နေကြတာလေ၊ အရှင်ပဲ ကျွန်တော်တို့ကို အဆုံးအထိ ခွင့်ပြုပေးခဲ့ပြီးတော့''

ဧကရာဇ်မင်းသည် သွားများကို အံကြိတ်ကာ
“ကျန်းက နိုင်ငံတော်၏ ပညာရှိနဲ့ မယှဥ်နိုင်အောင်သာလွန်နေတဲ့သူလေ၊ မင်းက သူ့ကို ဘာကြည့်ကြိုက်နေတာလဲ''

"သူက ပန်းတစ်ပွင့်လို လှတယ်" 
နျဲ့ပုဖန်က မြန်မြန်ဆန်ဆန်ဖြေလိုက်သည်။

“…..” ဧကရာဇ်မင်းသည် ထိုအကြောင်းကို ဆက်၍ ပြောစရာ မရှိတော့ပေ။
ဆိုရပါလျှင် ဖန်းလုံ၏ အသွင်ပြင်မှာ တခြားသူများထက် ပို၍ အရုပ်ဆိုးပေသည်။
လူတိုင်းသည် အလှအပကို ခံစားရ၌ ကိုယ်ပိုင်လွတ်လပ်သော အမြင်ရှိခြင်းကြောင့် ဤအရာကိုပုတ်ခတ် မပြောလိုပေ။
ထိုအရုပ်ဆိုးခြင်းဟာလည်း တခြားလူအတွက် လှပခြင်းတစ်မျိုး ဖြစ်နေနိုင်သည်။

"ကမ္ဘာပေါ်မှာ လှပတဲ့ လူတွေ အများကြီးရှိတယ်၊ မင်း မြင်တဲ့ လူတိုင်းကို ချစ်နေမှာလား" 

ဧကရာဇ်မင်းသည် ဤလူ၏ နှလုံးသားကို လှပခြင်းဟူသော အရာတစ်ခုတည်းဖြင့် ဖမ်းစားနိုင်မှာမဟုတ်ဟု ယုံကြည်ထားသည်။

"ရုပ်ရည်အပြင် မင် သူ့ကို ဘယ်အရာတွေသဘောကျသေးလဲ'' ဟု ထပ်မေးပြန်သည်။

“သူက သန့်ရှင်း သပ်ရပ်ပြီး ရိုးသားတယ်”
နျဲ့ပုဖန် က ပြန်ဖြေသည်။

''.......''

တစ်ချက်တည်းဖြင့် ထိုးနှက်လိုက်ပြန်သည်။
ဤလောကတွင် ညစ်ညမ်းမှုတကာ့ ထိပ်ခေါင်ကို ပြပါဆိုလျှင် ဧကရာဇ်မင်းကိုသာ ပြရလိမ့်မည်။
ကာယဗလဖြင့် ပြည့်စုံသော ကိုယ်ဖြစ်သည့်အလျောက် သက်လုံကောင်းသလို တစ်ညတည်းတွင် မိန်းမများစွာနှင့် အိပ်နိုင်သည်။
ဤသည်မှာ ယောကျ်ားကောင်း၊ မောင်းမ တစ်ထောင်ဟူသော ဂုဏ်ပုဒ်ဖြင့်လည်း မိမိကိုယ်ကိုယ်ဂုဏ်ယူနေသောသူ ဖြစ်သည်။

ဧကရာဇ်မင်းသည် တစ်ဖက်သားကို အနိုင်ယူရန် လုံလောက်သော အကြောင်းပြချက် ရှာဖွေနေသည်။ သူ အရှုံးမပေးလိုသေးပေ။

''သူက လှတယ်။ သန့်ရှင်း သပ်ရပ်ပြီး ရိုးသာတာအပြင် သူ့အကြောင်း ဘာကြိုက်သေးလဲ''
ဟု ထပ်မေးသည်။

''ကျွန်တော် တစ်ယောက်တည်းကိုပဲ ဂုဏ်ယူဝံ့ကြွားစွာနဲ့ သူ့ဘဝရဲ့ နံပါတ်တစ်ဆိုတဲ့ သရဖူကို ဆောင်းခွင့်ပေးထားတယ်လေ''

“…..”

တော်သေးပြီ။ သူနဲ့ ဆက်စကားနိုင်လုနေရင် ကိုယ်ပဲ အရှုံးဖြစ်နေလိမ့်မည်။
ဤသို့ဖြင့် ဧကရာဇ်မင်းသည် လုံးလုံးလျားလျား ထိုးနှက် ရိုက်ချခံလိုက်ရသည်။

နျဲ့ပုဖန်ဖန်သည် ဆက်လက်မေးမြန်းလာမှာကို စောင့်ဆိုင်းနေသကဲ့သို့ မျက်တောင်မခတ်ဘဲ သူ့ကို စိုက်ကြည့်နေသည်။ သေချာသည်ကတော့၊ ထိုပုဂ္ဂိုလ်သည် ဧကရာဇ်အား အချိန်မရွေး ရိုက်ချဖို့ စောင့်ဆိုင်းနေရုံသာမက အဖြေများစွာကိုလည်း  ပြင်ဆင်ထားပြီး ဖြစ်လောက်သည်။

ဧကရာဇ်မင်းသည် နောက်ဆုံးတွင် သူ၏ အတ္တကြီးသော အပြုအမူကို ရပ်တန့်လိုက်ပြီး သူ၏ ဝမ်းနည်းမှုနှင့် ဒေါသတို့ကို ခွန်အားအဖြစ် ပြောင်းလဲကာ ဤပုဂ္ဂိုလ်အား သိမ်းပိုက်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် ဝတ်ရုံကို ချွတ်ကာ နျဲ့ပုဖန်အား ခုခံရန် အခွင့်အရေး မပေးဘဲ တိုက်ပွဲထဲသို့ ဓားဖြင့်ဝင်သကဲ့သို့ နျဲ့ပုဖန်ကို အိပ်ရာပေါ် အဆုံးအထိ ဖိချလိုက်သည်။

''ရှောင်ပေါင်၊ မင်း ငါနဲ့ အတူ နေရမယ်။ ငါ မင်းကို အမြဲ ချစ်ပေးမှာပါ''

“မလိုချင်ဘူး…” နျဲ့ပုဖန်က ရုန်းကန်သည်။

"မင်းက မလိုချင်ဘူးလား" ဧကရာဇ်မင်းက ပိုပြင်းပြင်းထန်ထန် ဖိထားပြီး "ကမ္ဘာပေါ်မှာ ဘယ်သူမှ ငါ့ အမိန့်ကို မနာခံဘဲမနေဝံ့ဘူး''

နျဲ့ပုဖန်သည် ပါးစပ်ကို ဖွင့်ကာ ဧကရာဇ်မင်း၏ နို့သီးခေါင်း တစ်ဖက်ကို ကိုက်လိုက်သည်။

"အား..''
ဧကရာဇ်မင်းသည် နာကျင်စွာ အော်ဟစ်လိုက်သည်။
ထို့နောက် သူသည် နျဲ့ပုဖန်၏ မေးစေ့ကို ကိုင်ပြီး နှုတ်ခမ်းတွေကို ပြင်းပြင်းထန်ထန် သိမ်းပိုက်ပစ်လိုက်သည်။ သူ့ လက်တစ်ဖက်ဖြင့် ခြေထောက်တစ်ဖက်ကို မြှောက်တင်လိုက်ပြီး နေရာကို ချိန်ဆကာ အဝင်အထွက်ကို ကြမ်းတမ်းစွာ စတင်ခဲ့သည်။
ဤနည်းဖြင့် နျဲ့ပုဖန်ကို လုံးလုံးလျားလျား သိမ်းပိုက်ပစ် လိုက်သည်

“ဟင့် အင်း ဟင်း အင်း…..”

ကြီးမားသော နဂါး အိပ်ခန်းထဲတွင် ဆက်တိုက်ဆိုသလို ညည်းညူသံများ ဟစ်အော်သံများ ထွက်ပေါ်လာပြီး အိပ်ရာထက်ရှိ ကန့်လန့်ကာများသည် ရံဖန်ရံခါ လွင့်ပျံလျှက်ရှိကာ အတွင်းမှ နွေဦးမြင်ကွင်းကို အပြည့်အ၀ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေသတည်း။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now