Chapter 106

1.6K 176 2
                                    

Chapter - 106
ဥက ပေါက်တဲ့ ကလေး အပိုင်း (၁)


ဒုတိယမြောက် နှစ်တွင် နျဲ့ပုဖန်သည် ဒုတိယဥကို မွေးဖွားခဲ့သည်။ ဘာ အတားအဆီးမှ မရှိဘဲ ဖြတ်သန်းခဲ့တဲ့ ပထမ အကြိမ်နဲ့ မတူဘဲ၊ ဒီတစ်ခါတော့ ရွာက လူ အားလုံးနီးပါး သိသွားကြပြီ။ 
သူ မီးဖွားခါနီး အချိန် မတိုင်မီတွင် ကြက်လှောင်အိမ်ထဲ ဝင်ပုန်းနေသော်လည်း ဝမ်းချုပ်ခြင်းဝေဒနာ ခံစားရသူ တစ်ဦးကဲ့သို့ သူ၏ အော်ဟစ်ညည်းညူသံတို့မှာ မြေပြိုလု နီးပါး ကျယ်လောင်လှသည်။

ကြက်လှောင်အိမ် အပြင်ဘက်တွင် တိုက်ကြက်အုပ်အားလုံးက စောင့်ကြပ်ကာ စူးစမ်းချင်စိတ် အပြည့်ရှိနေသော လူအုပ်ကြီးကို အသိုက်ထဲသို့ ဝင်ခွင့်မပြုပေ။

ထိုတွင် ဝမ်ရှင်းချန်က ချောင်းဟန့်ပြီး ညင်သာစွာပြောသည် -
"စိတ်မပူပါနဲ့၊ သူ ကလေး မွေးနေတာပဲ"

ကျန်လူများက သူ့ကို ကြည့်ကာ ဘာမှ တုံ့ပြန်ခြင်းမပြုနိုင်ကြပေ။ နျဲ့ပုဖန်က ဘာကို ဘယ်လို မွေးတာလဲလို့ သူတို့ သိချင်နေကြသည်။

ဝမ်ရှင်းချန်က ထပ်မံပြောသည် -

''စိတ်အေးအေး ထားကြပါ၊ သူ တကယ် မီးဖွားနေတာ''

ကလေးကို မွေးတာလား။ ကလေးလား။  ကလေး ... ...

လူတိုင်း၏ ရင်ထဲတွက် ချက်ချင်းဆိုသလို မြေပြိုသကဲ့သို့၊ မိုးကြိုးပစ်ခံရသကဲ့သို့ ခံစားလိုက်ရလေသည်။

ဝမ်ရှင်းချန် ကတော့ သူ့ကလေးကို ပွေ့ချီပြီး ပြုံးပြလျှက် "ဒါက ငါ့သားပဲ" ဟုတည်ငြိမ်စွာဆိုသည်။

"မဟုတ်သေးဘူးလေ၊ နေပါဦး၊ အဲ့ကလေးက တောထဲက ကောက်လာတာ မဟုတ်ဘူးလား" 

ထိုက်ပိုက် အံ့အားသင့်စွာ မေးလိုက်သည်။

"မဟုတ်ဘူး၊ သူက ငါ့ သားအရင်းပဲ၊ ပုဖန် က ငါ့အတွက် ကလေးလေး မွေးပေးခဲ့တာ" 
ဝမ်ရှင်းချန်  အထူးတလည် တောက်ပစွာ ပြုံးလိုက်ပြီးနောက် အခြားသူများက ချက်ချင်းပင် ရန်လိုသွားကြသည်။

"တစ်နည်းပြောရရင် ဒီအကြောင်းကို မင်း သိတာကြာပြီပေါ့လေ''

လီရီက အသံပြတ်ဖြင့် မေး၏။

"မင်းတို့ အားလုံးက တုံးအတဲ့ သူတွေပဲလေ''

ဝမ်ရှင်းချန် ထိုစကားတွေ ပြောပြီးနောက် အားလုံး၏ ရန်လိုနေသော မျက်လုံးများ အောက်မှ  ဖြတ်လတ် လှပစွာ ရှောင်ရှားကာ ပျောက်ကွယ်သွားလေသည်။

ထိုအချိန်တွင် ကြက်လှောင်အိမ် အတွင်းမှ ကျယ်လောင်သော ကလေးငိုသံ ထွက်ပေါ်လာသည်။

ကလေး..ကလေး မွေးပြီ။

လူတိုင်းသည် ကလေး မွေးဖွားခြင်းအား စူးစမ်းလိုစိတ်များ အဆင်အခြင်မဲဲ့စွာဖြင့် အလွန်စိတ်လှုပ်ရှားနေကြ၏။

ဤနေရာက တစ်ဦးတည်းသော လူ၏ လွှမ်းမိုးမှုအောက်တွင် ယခင်က မဖြစ်နိုင်ဖွယ် ကိစ္စရပ်ဟု သိရှိထားသော သူတို့၏ အသိညာဥ်နှင့် လက်ခံနိုင်ခြင်း စွမ်းရည်များ အားလုံးသည် လုံးဝဇောက်ထိုး မိုးမျှော် ဖြစ်သွားချေပြီ။

ထိုစဥ် ထိုက်ပိုင် ရုတ်တရက် "ကလေး အဖေ ဘယ်သူလဲ" လို့ မေးလိုက်သည်။

လူတိုင်း၏ အမူအရာမှာ တင်းမာသွားကာ တစ်ယောက်ကို တစ်ယောက် သံသယ စိတ်ဖြင့် အတော်ကြာကြာ ကြည့်နေကြသည်။

လွန်ခဲ့တဲ့ ဆယ်လခန့်က ပုဖန်နဲ့ လိင် ဆက်ဆံဖူးတဲ့သူက ဘယ်သူလဲ။

အကြိမ်ရေကတော့ အားလုံး အတူတူလောက် ရှိပုံပေါ်သည်။

ထိုထဲတွင် နျဲ့ပုဖန်ကို မမေ့နိုင်၍ ရံဖန်ရံခါမှရောက်လာတတ်သည့် သိုင်းလောက အရှင် ဝေဒီတော့ မဖြစ်နိုင်ပေ။ ကျန်သူများ ဖြစ်ကြသော ထိုက်ပိုင်၊ ဝမ်ရှင်းချန်၊ ကျန်းကျွင်းရှီ၊ လီရီ နှင့် ဖန်းလုံတို့ကတော့ နျဲ့ပုဖန် အနားတွင် အမြဲ ရှိနေကြသည့်အတွက် ၎င်းတို့နှင့် မကြာမကြာ လိင်ဆက်ဆံဖြစ်မှာတော့ အမှန်ပင် ဖြစ်သည်။

ဒါဆို ဘယ်သူဖြစ်နိုင်မည်နည်း။

ထိုအချိန်တွင် နတ်ဆေး ဆရာသည် ကလေးကို ကိုင်ကာ ထွက်လာခဲ့သည်။

လူအုပ်ကြီးက ချက်ချင်းဆိုသလို ကလေး အနားသို့ ဝိုင်းအုံလာကာ ဤကလေးဟာ မည်သူ၏ မျက်နှာနှင့် ဆင်တူသနည်း ဟူ၍ ဝိုင်းဝန်း ခန့်မှန်းနေကြလေသည်။ ။

"ဒီမျက်ခုံးတွေက ငါနဲ့ တူတယ်" 
ကျန်းကျွင်းရှီ  တွေးတောလိုက်သည်။

"ဘယ်နားက တူတာလဲ။ ကလေးမှာ ဘာမျက်ခုံးမွေးမှ မရှိသေးပဲနဲ့''

လီရီက ပြန်ပြောပြီးနောက် သူ့ လေသံ ခပ်တည်တည်ဖြင့်
''ဒီမျက်နှာလေးက ငါ ဟိုးငယ်ငယ် သိပ်ချစ်ဖို့ကောင်းတဲ့ အရွယ်တုန်းကနဲ့ တူတယ်''

"ငယ်ငယ်တုန်းက မင်းပုံစံကို မင်း မှတ်မိသေးတာလား" ကျန်းကျွင်းရှီက သူ့ကို မထီမဲ့မြင် ပြုသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ကျန်လူများကလည်း ကလေး၏ အမျိုးအနွယ်ကို လေ့လာရန် အနားသို့ တိုးကပ်လာကြသည်။

သို့သော် လူတိုင်း၏ တစ်ယောက် တစ်ပေါက် စကားများကို အချိန် အတော်ကြာ နားထောင်ပြီးနောက် နတ်ဆေး ဆရာက အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားစေမည့် စကားကို ပြောလိုက်သည်။

''ရွာသူကြီး နျဲ့ က ပြောတယ် ဒီကလေးရဲ့အဖေက ခေါင်းဆောင် ဝေ တဲ့''

''ဘယ်လို၊ ဘာကြောင့်လဲ''

လ အတော်ကြာမှ ရံဖန်ရံခါ ရောက်လာတတ်ပြီး ရက်အနည်းငယ်သာ နေထိုင်သူ တစ်ဦးသည် အဘယ်ကြောင့် ကံထူးရှင် ဖြစ်လာသနည်း။

"ဘာလဲ။ ငါ့ရဲ့ကလေး၊ ဟုတ်လား" ဝေဒီသည် သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းရန် ကြိုးစားသော်လည်း သူ့ပါးစပ်ထောင့်များက ထိန်းမနိုင် သိမ်းမရ လှုပ်ရှားလာသည်။

"ဟုတ်တယ်၊ ဒီကလေးက မင်း ပိုင်တယ်" နတ်ဆေး ဆရာကြီးက ခေါင်းညိတ်သည်။

"ဘာလို့ ဒီလောက် သေချာတာလဲ" ဝေဒီက ထပ်ပြီး အတည်ပြု၏။

"ဒီကလေးမှာ မင်းနဲ့တူတဲ့ တင်ပါးမှာ ကြယ် ငါးပွင့် မွေးရာပါ အမှတ်အသား ရှိတယ်"

“…..”

လူတိုင်း၏ ငြူစူ ငြူစူမှုများ ကြားတွင် ဝေဒီသည် ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး

"ဟားဟားဟား၊ ဒါက အရည်အချင်းပဲ၊ မင်းတို့အဖြစ်မှန်ကို မင်း လက်မခံနိုင်ဘူးလား"

သူ့ ပတ်ပတ်လည်တွင် ဒေါသ မီးလျှံများ နှင့် လူသတ်လိုစိတ် အငွေ့အသက်များ ထွက်ပေါ်နေလေသည်။

"ဟားဟား၊ ငါ့ ဝေ မိသားစုမှာ အမွေဆက်ခံသူ ရှိပြီကွ" ဝေဒီ သည် အလွန် စိတ်လှုပ်ရှားနေသဖြင့် သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။

“အို့၊ ခေါင်းဆောင် ဝေ”

"ဘာလဲ"

“ဒါက မိန်းကလေးပါ”

“…..”

"ဟားဟားဟား.."  ထိုက်ပိုင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

"ဂုဏ်ယူပါတယ်၊ ခေါင်းဆောင် ဝေ''

ကျန်းကျွင်းရှီ နှင့် အခြားသူများကတော့ ရှင်းမပြနိုင်လောက်အောင် ဒေါသမီးများ တောက်နေကြသဖြင့် "ဂုဏ်ပြုပါတယ်" ဟုသာ တစ်ယောက် တစ်ခွန်းစီ ပြောပြီး ပုဖန်ကို ကြည့်ဖို့ အထဲကို ဝင်လာခဲ့ကြသည်။

ဝေဒီ ကတော့ သူ့ သမီးလေးကို ပွေ့ဖက်ထားပြီး ဟစ်အော် မြည်ကြွေး လိုက်၏။

"သမီး မိန်းကလေး ဆိုတော့လည်း ဘာဖြစ်လဲ၊ မင်းတို့မှာဖြင့် ကလေးတောင် တစ်ယောက်မှ မရှိပဲနဲ့''

သူ့ အစွမ်းအစဖြင့် ပုဖန်အား နောက်ထပ် ကလေးတစ်ယောက် မွေးဖွားပေးဖို့ စွမ်းဆောင်ရန်မှာ ဘယ်လောက်မှ မခက်ခဲပေ။

လူတိုင်း အံ့သြ တုန်လှုပ်သွားကြသည်မှာ နျဲ့ပုဖန် ကလေး မွေးဖွားနိုင်သည်ကို ရုတ်တရက် သိရှိလိုက်ရသောကြောင့် ဖြစ်သည်။ အမွေဆက်ခံသူ မရှိသည့် မျိုးဆက်အတွက် ကြိုတင် ပြင်ဆင်ထားပြီးသား ယောက်ျားများကို စိတ်လှုပ်ရှား ရူးသွပ်အောင် ဤအဖြစ်အပျက်က လုပ်ဆောင်လိုက်နိုင်သည်။

ဒါကြောင့် ကလေးအတွက် တိုက်ပွဲ တစ်ခုသည် တရားဝင် စတင်လာခဲ့လေသည်။

၎င်း၏ ဒုတိယမြောက် ဥကို မွေးဖွားပြီးနောက်တွင် နျဲ့ပုဖန်ဟာ ဧကရာဇ် အဆင့် စောင့်ရှောက်မှုနှင့်တူသော စည်းစိမ်ကို ရရှိခဲ့သည်။ အဝတ်အစား လဲဖို့၊ လက်ဖြင့် အစာခွံ့ကျွေးမယ့်သူက အသင့်ရှိပြီး သူက ပါးစပ်ကို ဖွင့်ထားဖို့ပဲ လိုသည်။ အရာအားလုံး ပြင်ဆင်ထားပြီးသား အဆင်သင့် ဖြစ်တာကြောင့် ဘာစားရသောက်ရမှာကိုလည်း စိတ်ပူစရာမလိုတော့ပေ။ 

ယခင်က ဧကရာဇ် အမိန့်ပင် ဖြစ်နေပါစေ၊ အမိန့် ဟူသမျှ လျစ်လျူရှု စွန့်ပေါ်ခဲ့သော သူတို့နှင့် တော်ဝန် မိသားစုမှ ပေါက်ဖွားလာသော ဟိတ်ဟန်မာနကြီးသည့် မင်းမျိုးမင်းနွယ်တို့သည် ယခု အချိန်တွင် နျဲ့ပုဖန်၏ ဘာအမိန့်ကိုမျှ ဆန့်ကျင်ခြင်း မရှိပဲ နာခံကာ လိမ္မာယဥ်ကျေးနေကြ၏။

တစ်လခွဲကြာတွင် ပြန်လည် သက်သာလာပြီးနောက် နျဲ့ပုဖန်၏ ခန္ဓာကိုယ်တွင် အဆီလွှာလေးလည်း တက်လာ၏။ သူ့တစ်ကိုယ်လုံး အဆီအသားမျှတစွာဖြင့် သန်မာကာ နူးညံ့ပြီး အရသာရှိသည်။

သည်လိုနဲ့ စိတ်အားထက်သန်တဲ့ လင်ယောကျ်ားသားတွေကလည်း အချိန်ကောင်းကို ချောင်းကာ စားသောက်ဖို့ ပြင်ဆင်နေကြ၏။

သို့ရာတွင် ဝက်တစ်ကောင်ကို လူများစွာ အတူတကွ စားသုံးနိုင်သော်လည်း၊ လူ တစ်ယောက်သည် ဂန္ဓမာပန်း ဘဝမှ နေကြာပန်း အဖြစ်သို့ ပွင့်လန်းလာခြင်းက အားလုံးကို ကောင်းသွားစေနိုင်တာတော့ မဟုတ်ပေ။

ထို့ကြောင့် ညဉ့်နက်သည်နှင့် လေပြင်းတိုက်သောအချိန်တွင် လင် ယောကျ်ားများသည် တတ်နိုင်သမျှ သူတို့နည်း သူတို့ဟန်ဖြင့် ပြန်ပေးဆွဲခြင်း၊ လှည့်ဖြားခြင်းတို့ကို ပြုလုပ်ကြသည်။

သား တစ်ယောက် ရှိပြီး ပြီးပြည့်စုံတဲ့ ရောင့်ရဲမှုရှိတဲ့ ဝမ်ရှင်းချန် ကတော့ ဤ ပြိုင်ပွဲမှာ မပါဝင်ခဲ့ပေ။
ဝေဒီ၊ လီရီ နဲ့ ဖန်းလုံတို့ တတွေဟာ သိုင်း ပညာ ကျွမ်းကျင်သူများ ဖြစ်ကြပြီး ကျန်းကျွင်းရှီသည် အပြင်ဘက်တွင် နူးညံ့သော်လည်း အတွင်းပိုင်းတွင် လိမ္မာပါးနပ်သည်။ ပြီးတော့ ထိုက်ပိုင်ကလည်း ထိုပြဿနာထဲကို ဝင်ပါဖို့ စိတ်အားထက်သန်နေသည်။ဒါတွေ အားလုံးကြောင့် နျဲ့ပုဖန်မှာ ညစဥ် ညတိုင်း ငြိမ်းချမ်းစွာ မအိပ်နိုင်ဖြစ်ခဲ့ရ၏။

နောက်ဆုံးတွင် ရွာသူကြီး နျဲ့ က ထိုသို့ဆိုလိုက်သည်။

“မင်းတို့ အားလုံး ရပ်တန်းက ရပ်မလား။ ငါ  သန္ဓေတားဆေး သုံးလိုက်ရမလား''

ဤခြိမ်းခြောက်သံက ကျယ်လောင်ပြီး အားမာန်အပြည့်ရှိသည် ဆိုနိုင်သည်။ ထိုစကားကြားပြီးနောက် လင်ယောကျ်ားတို့၏ စိတ်လှုပ်ရှားမှုများ ချက်ချင်း အေးခဲသွားကာ ရပ်တန့်သွားကြတော့သည်။

သေချာတာ တစ်ခုက နျဲ့ပုဖန်သည် တွက်ချက်မှုတွေကို သေသေချာချာ လုပ်ခဲ့သည်။  အကယ်၍ သူသည် လူတိုင်းအတွက် ဥဥပေးမည်ဆိုပါက မနားမနေပဲ တစ်နှစ်လျှင် တစ်ဥသာဥမယ်ထားဦး အသက် ၃၀ အထိ ဥဆက်တိုက် ဥရပေလိမ့်မည်။ ပုံမှန်အားဖြင့် သာမန် ကိုယ်ဝန်ဆောင် အမျိုးသမီးများမှာတောင် လစ်လပ်သည့် ကာလ တစ်ခု ရှိနေသေးပြီး တစ်နှစ် သို့မဟုတ် နှစ်နှစ် အနားယူပြီးမှနောက် ကလေး ထပ်မံ မွေးဖွားသည်။  ဒါဆို သူဘာလို့ အလျင်စလို မွေးနေရမှာလဲ။

သည်လူတွေက သူတို့အတွက် မျှော်လင့်ချက်လေးရှိလာတာနဲ့ သည်ရွာလူကြီးကို သူတို့ မွေးထားတဲ့ သားဖောက် ဝက်မကြီးလို့ ထင်နေကြတာလား။

မင်းတို့ အားလုံး နံရံကို မျက်နှာမူ မတ်တပ်ရပ်ပြီး ကိုယ့်ကိုကိုယ် ပြန်တွေးကြည့်ကြစမ်းပါ။

အဲ့လိုမျိုး နံရံကို မျက်နှာ မူပြီး ပြန်တွေးရင်တောင် ဒီက ယောကျ်ားသားတွေ အားလုံးရဲ့ ဆုံးဖြတ်ချက်ဟာ ပြောင်းလဲသွားမှာ မဟုတ်ပေ။
တစ်စုံတစ်ယောက်ဟာ အသက်ကြီးလာမယ်ဆိုရင်တောင် အသက်ရှင်သန်နေသ၍ ကလေး မွေးဖွားပေးနိုင်သည်လေ။

နျဲ့ပုဖန်ကတော့ သူ့ လင်ယောကျ်ားတို့၏ ဆိုးရွားသော အကြံစည်များကို မသိပေ။
သိပါက ပြဿနာ ရှာမွှေနှောက်လိမ့်မည်။

ယခုတွင် အားလုံးက သူ့စကားအတိုင်း မြည်းသေနေသည့်အတွက် နျဲ့ပုဖန်မှာ စိတ်အေးသက်သာ ဂုဏ်ယူ ဝမ်းမြောက်စွာ နေထိုင်နေသည်။

ထိုအချိန်တွင် ဝမ်ရှင်းချန်က တခြား လူတွေကိုအကြံပြုခဲ့သည်။

''မင်းတို့တွေ ရေရှည်ကို ဘာလို့ မတွေးကြတာလဲ၊ အလျှင်မလိုကြပါနဲ့။ ငါ့မှာ မင်းတို့အတွက် အကြံစည် တစ်ခု ရှိတယ်''

''ဘယ်လိုအကြံလဲ''

“အခု အချိန်က စပြီး၊ လူတိုင်း ပုဖန် နဲ့ အလှည့်ကျနေရမယ်၊ တစ်ကြိမ်နေပြီး နှစ်လ စောင့်ကြည့်မယ်၊  အဲ့နှစ်လအတွင်း ကိုယ်ဝန် မဆောင်ဘူးဆိုရင် အခြားသူအလှည့် လွှဲပြောင်းပေးရမယ်။ သားသမီးမရှိသေးတဲ့သူတွေကို ဦးစားပေးမယ်။ ဒါ့ကြောင့် ခေါင်းဆောင် ဝေ၊ မင်းက တခြားလူတွေ အလှည့်ကိုယ်စီပြီးသွားလို့ နောင် တစ်နှစ်ခွဲလောက်ကြာမှ  တိုက်ပွဲထဲကို ပြန်လာသင့်တယ်"

ဝေဒီသည် မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် သူ့သမီးကို ပွေ့ချီကာ ခုံတန်းလျားပေါ်တွင် ထိုင်နေသော်လည်း ထိုအဆိုပြုချက်ကို မချေပပေ။

ဝမ်ရှင်းချန်၏ အဆိုပြုချက်ကို အားလုံးက အလွန်လျင်မြန်စွာ တညီတညွတ်တည်း အတည်ပြုလိုက်ပါသည်။

ထိုအချိန်တွင် ထိုက်ပိုင်က လေသံပျော့လေးဖြင့်ဝင်မေး၏။
"အစ်ကို ဝမ်၊ ငါလည်း ပါလို့ရလား"

လူတိုင်း၏ မျက်လုံးများက သူ့ကို အေးစက်စွာ စိုက်ကြည့်လာကြသည်။

ထိုက်ပိုင်မှာ ချက်ချင်းပင် မျက်ရည်များကျလာသည်။
အစ်ကိုကြီးများသည် နေ့တိုင်း အသားကောင်း စားသော်လည်း သူ့အဖို့ကျ ဟင်းချိုတောင် မသောက်ရပေ။
ရက်စက်လွန်းသည်။

"ဒါ့အပြင်"

ဝမ်ရှင်းချန်က ဆက်ပြော၏။

"ခေါင်းဆောင် ဝေ၊ မင်းရဲ့ကလေးကို အခုအချိန်မှာ မင်း ခေါ်သွားလို့ မရဘူး၊ ပုဖန်က လက်ခံမှာ မဟုတ်ဘူး။ နောက်ပိုင်းမှာ သူ နည်းနည်း အရွယ်ရောက် လာတဲ့အခါကျမှသာ သွားချင်တဲ့ နေရာကို ကိုယ်တိုင် ဆုံးဖြတ်ပါစေ။ အခုတော့ မင်း ဒီမှာ မနေချင်ရင်တောင် သူ့ဆီ ပုံမှန် လာလည်လို့ ရတယ်လေ''

ဝေဒီ မျက်မှောင်ကြုတ်ကာ စိတ်ပျက် လက်ပျက်ဖြစ် နေသည်။

ဝမ်ရှင်းချန်က ပြုံးလျှက် ဆက်ပြောသည်။

"တစ်နေ့မှာ မုန်လာဥနီခေါင်းလေးတွေက တောင်တွေနဲ့ လယ်ကွင်းတွေထဲမှာ ပြေးလွှားနေတာကို သူမြင်ရဖို့ မျှော်လင့်တယ်လို့ ပုဖန်က ပြောတယ်''

လူတိုင်းသည် စိုးရိမ် ထိတ်လန့်သော အမူအရာများ ရှိနေ ကြပြီး ယင်းသည် မည်သို့သော ကြောက်စရာကောင်းသည့် အနာဂတ် ဖြစ်လာမည်ကို စိတ်ကူးယဥ် ကြည့်၍ပင် မရနိုင်သောကြောင့် ဖြစ်သည်။

ဤ မကောင်းဆိုးဝါး ပေါက်စလေးများ အားလုံးသာ နျဲ့ပုဖန်၏ စရိုက်ကို အမွေဆက်ခံခဲ့မည်ဆိုလျှင် ကမ္ဘာကြီးသည် ပျက်စီးခြင်းနှင့် မဝေးလှပေ။

ဝေဒီသည်လည်း အနည်းငယ် ထိတ်လန့်သွားပြီး သူ့သမီးလေးကို သနားသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူသည် သွားများကို အံကြိတ်ကာ

“ကောင်းပြီ၊ ငါ သူ့ကို ဒီမှာထားခဲ့မယ်”

ဟု လေးပင်စွာ ပြောလိုက်သည်။

ထိုအချိန်တွင် အိမ်အပြင်ဘက်မှ နျဲ့ပုဖန်၏  အောင်မြင်သော အော်သံက ရုတ်တရက်ထွက်ပေါ်လာသည်။

"အစ်ကို ဝမ်၊ မင်း ဘယ်ရောက်နေတာလဲ။  '၁ ကလေး' က ဝက်ပေါ်စီးနေပြန်ပြီ၊  မြန်မြန် သူ့ကို လာခေါ်ပါဦး''

'၁ ကလေး' သည် နျဲ့ပုဖန်မှ ပေးသော ဝမ်ရှင်းချန့် သား၏ အမည်ပြောင် ဖြစ်သည်။
လွယ်ကူတာကို ကြိုက်တဲ့ နျဲ့ပုဖန်က ကလေးတွေကို '၁၊ ၂၊ ၃၊ ၄...' စသဖြင့် နံပါတ်စဥ်များ နာမည်ပေးဖို့ ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် ဝေဒီ၏ သမီးကို '၂ ကလေး' ဟုခေါ်သည်။

အကယ်၍ သည်လို တာဝန်မဲ့ပြီး ပေါ့တန်သော ဖခင်မျိုးနှင့်သာ နေရပါက ကလေးသည် ဘဝ တစ်လျောက်လုံး ဒုက္ခ ဆင်းရဲခြင်း ပေါင်းစုံနှင့် ကြုံတွေရပေလိမ့်မည်။

သို့သော်လည်း ထူးဆန်းသော လူဥမှ မွေးဖွားလာသော ကလေးများသည် သာမန် လူသား အမျိုးအစားထဲတွင် မပါဝင်ခဲ့ပေ။

AN: နိုင်ငံတော်ရဲ့ သြဇာ အရှိဆုံး မိသားစုတွေရဲ့ မျိုးဆက်တွေ အကုန်လုံးက နျဲ့ပုဖန် ရဲ့ သားသမီးတွေ ဖြစ်နေတော့မယ်။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now