Chapter-37
ဖောက် ဖောက်
..........
ကျီဝေါရွာသို့ နတ်မိမယ်နှင့် မင်းသား စုချန်းယိတို့တွေ ပြောင်းရွေ့လာကြစဥ်က ပညာရှိကြီး ပွားပေါင်၏ ရတနာသိုက်သည် မကြာခင်ပေါ်ထွက်လာတော့မည်ဟု လူတွေဟာ ထင်ကြေးပေးခဲ့ကြသည်။
သို့သော် အချိန်နှစ်လကျော်ကြာသည့်တိုင် ရတနာသိုက်သည် ပေါ်မလာ၍ ထိုခန့်မှန်းချက်များမှာ ပင်လယ်ရေအောက်ကြမ်းပြင်ဆီ နစ်မြုပ်သွားသကဲ့သို့ စုန်းစုန်းမြုပ်သွားရလေသည်။
ထို့ကြောင့် ကျီဝေါရွာတွင် ရောက်ရှိနေကြသူများထံသို့ ၎င်းတို့၏ မိသားစုများနှင့် အနယ်နယ်အရပ်ရပ်မှ မိတ်ဆွေများက စာပေးပို့၍ မေးမြန်းလာကြသည်။
ထိုကိစ္စကို အလွန်စိတ်ဝင်စားနေကြသောအသိုင်းအဝိုင်းတို့ကလည်း ကျီဝေါရွာသို့ သူလျှိုတွေ လွှတ်ကြသည်။
သို့သော် ၎င်းတို့မှာ ရွာကို မချည်းကပ်နိုင်ကြပေ။ ရွာအပြင်ဘက်မှာ လှည့်ပတ်သွားလာသည်က ပြသနာမရှိပေမယ့် ရွာထဲကို ခိုးဝင်သည်နှင့် တိုက်ခိုက်ခံရသောကြောင့် မဝင်နိုင်ကြပေ။
ထို့ကြောင့် ၎င်းတို့သည် လယ်သမားများ၊ မုဆိုးများ၊ ကုန်သည်ခရီးသွားများ ဟန်ဆောင်ကာ သရုပ်ဖျက်၍ လှုပ်ရှားလာကြသည်။
ဤသို့ဖြင့် ကျီဝေါရွာသည် နေ့စဥ်နှင့်အမျှ စည်းကားလေ့ရှိနေပြီး ဧည့်သည်များကို ပျူငှာစွာ ဧည့်ခံဖို့အတွက်လည်း နျဲ့ပုဖန်က သူ့ကြက်များကို စည်းရုံးထားသည်။
ရွာတွင် ဧည့်လမ်းညွှန်ကြက်ရှိသည်။ ၎င်းတို့က ဧည့်သည် သွားလိုသောနေရာကို လမ်းပြပေးကြသည်။ အတူကစားပေးသော ကြက်များလည်းရှိသည်။ ဒါ့အပြင် ကြက်ဥကိုလည်း တစ်နိုင် အခမဲ့ကောက်လို့ရသည်။
အမဲလိုက်တာမျိုးတော့ လုပ်လို့မရပေ။ တားမြစ်ထား၏။
ရွာ၏ စည်းကမ်းဖောက်ဖျက်သူ ရှိပါကလည်း ချက်ချင်းရွာမှ နှင်ထုတ်ပြိး ဘယ်တော့မှ ဝင်ခွင့်ရတော့မည် မဟုတ်ပေ။
ဤသို့ဖြင့် ရက်ပေါင်းများစွာကြာပြီးနောက်၌ ၎င်းတို့သည် ကျီဝေါရွာသို့ ဝင်နိုင်မည့် လျှို့ဝှက်ချက်ကိုသိလာခဲ့ကြ၏။ ပထမဦးစွာ ကြက်များနှင့် သင့်မြတ်အောင်နေခြင်းက အရေးကြီးဆုံးဖြစ်သည်။
ထို့အပြင်ရွာ၏ လုံခြုံရေးစနစ်မှာ မြင့်မားလွန်း၍ အိမ်တော်လေးခုမှ ကိုယ်စားလှယ်များသည် ဤရွာတွင် လာရောက်နေထိုင်နေကြသည်မှာ အံ့သြစရာ မရှိတော့ချေ။
''ဟူး ''
နျဲ့ပုဖန်သည် ပြတင်းပေါက်အပြင်သို့ မျှော်ငေးကြည့်ရင်း သက်ပြင်းချကာ ညည်းညူလိုက်သည်။
''ဘဝကြီးကလည်း ပျင်းစရာကောင်းလိုက်တာ''
''ဘာဖြစ်လို့လဲ ''
လီယီက တစ်ချက်လှည့်ကြည့်၍ မေးသည်။
''ဒီနေ့ ဧည့်သည်တွေ သိပ်မလာဘူးလေ''
နျဲ့ပုဖန်က ရွာထဲသို့ ငေးရင်းပြန်ဖြေ၏။
''......''
ဒီကောင်က ဧည့်သည်လာတာကို ပျော်နေတာလား။
ထို့နောက်တွင် နျဲ့ပုဖန်သည် အကြံတစ်ခုရကာ ထရပ်လိုက်၏။
''ငါ ခရီးသွားတွေကို ပိုဆွဲဆောင်နိုင်ပြီး၊ မြို့တော်ရဲ့ပုံရိပ်ကိုလည်း အကျိုးပြုနိုင်ဖို့အတွက် ဒီရွာမှာအပန်းဖြေစခန်းဖွင့်ချင်တယ်''
''......''
လီယီ ခေတ္တမျှနေပြီး။
''အပန်းဖြေစခန်းရွာ လုပ်မလို့လား''
''ဟုတ်တယ်လေ''
နျဲ့ပုဖန် လေးလေးနက်နက် ခေါင်းညိတ်၏။
သူ့ မျက်လုံးများသည် အရောင်တလဲ့လဲ့ တောက်ပနေသည်။
''ငါတို့ရွာမှာကွာ။ စိမ်းစိုလှပပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ရှုခင်းတွေလည်း ရှိတယ်။ နေ့ဘက်တောင်ပေါ်တက်ပြီး ရှုခင်းကြည့်ရင်း အပန်းဖြေမလား၊ ရေကန်မှာ ငါးမျှားမလား။ ဟော...ညဘက်ပျင်းနေရင်လည်း အဖော်လုပ်ပေးဖို့ပဲဖြစ်ဖြစ် ကိုယ်လက်အညောင်းအညာပြေအောင် အတူတူကစားပေးဖို့ပဲဖြစ်ဖြစ်၊ ကြက်သူငယ်ချင်းတွေ ရှိတယ်လေ''
''လူတွေ သူ့ဘာသာသူ အေးအေးချမ်းချမ်းနေကြပါစေ''
လီယီသည် နျဲ့ပုဖန်၏ ဆိုးရွားသောအကြံကို တားဖို့ကြိုးပမ်း၏။
သို့သော် နျဲ့ပုဖန်က ပေစောင်စောင် ကြည့်ကာ ...
''ဒီလို အကြံကောင်းကြီးကို မင်းနားမလည်ဘူးလား'' ဟု ပြန်ငေါက်၏။
လီယီသည် ပြောလို့မနိုင်မှာ သိသည့်အတွက် မျက်စိမှိတ် လက်လျော့လိုက်ရသည်။
''မင်းလည်း ပိုက်ဆံလေး ဘာလေးရှာဖို့ ကျန်းကျွင်းရှီနဲ့ စကားပြောကြည့်သင့်တယ်'' ဟုဆိုကာ နျဲ့ပုဖန်က ထ၍ ထွက်သွားရန်ပြင်၏။
''မသွားပါနဲ့''
လီယီက သူ့ကို ပြန်ဆွဲထားသည်။
ထို့ကြောင့် နျဲ့ပုဖန်လည်း ရပ်၍ ပြန်မေး၏။
''ဒါဆို အတူတူသွားမလား''
''မသွားဘူး။ ငါသူနဲ့ မတွေ့ချင်ဘူး''
''မင်း မတွေ့ချင်လည်း တွေ့ရမှာပဲ။ ဒီနေ့ မဟုတ်လည်း နောက်နေ့တွေ့နေရမှာပဲ''
နျဲ့ပုဖန်က လီယီကို ပုခုံးပုတ်ကာ နှစ်သိမ့်အားပေးသလိုပြော၏။
''သူငယ်ချင်းတွေ အချင်းချင်းကြားမှာ အပြိုင်အဆိုင်တွေ မလိုမုန်းထားတွေ မဖြစ်ပါနဲ့။ သင့်သင့်မြတ်မြတ်နေကြတာ အကောင်းဆုံးပဲ''
လီယီ သက်ပြင်းချလိုက်၏။
ထို့နောက် နျဲ့ပုဖန်အား ဆွဲယူကာ နှုတ်ခမ်းချင်းဖိကပ် နမ်းလိုက်လေ၏။
''ဟုတ်တယ်။ နောက်လိုက်ဆိုတာ အကောင်းဆုံးမိတ်ဆွေပဲ''
''အဲ့ဒါ...''
နျဲ့ပုဖန် နောက်သို့ ဆုတ်လိုက်သည်။
''ငါက ကျန်းကျွင်း နောက်ကိုလိုက်တယ်၊ ဒါဆို ငါက ကျန်းကျွင်းရဲ့မိတ်ဆွေပဲ၊ ကျန်းကျွင်း ကလည်း ငါ့မိတ်ဆွေပဲလေ''
နျဲ့ပုဖန်က ထိုသို့ ညီမျှခြင်း ချလိုက်သည်။
လီယီသည် သွေးစောင့်တက်သွားပြီး နျဲ့ပုဖန်အား နံရံတွင်ကပ်ကာ သူ၏ ခြေလက်တို့ဖြင့် လှုပ်မရအောင် ဖိချုပ်ထား၍ နျဲ့ပုဖန်၏ မေးစေ့ကို ဆွဲမော့ကာ အတင်းနမ်းလိုက်၏။
ထို့နောက် လက်များကိုလည်း နျဲ့ပုဖန် အင်္ကျီအောက်သို့ လျှိုဝင်ပြီး နှုတ်ခမ်းမှတဆင့် မေးစေ့လည်တိုင်သို့ ကိုက်ခဲလိုက်သည်။
''ငါက ကျန်းကျွင်းရှီကို ဒီလိုမလုပ်ဘူး''
နျဲ့ပုဖန်မှာ အမောတကော အသက်ရှုနေရ၏။
''ဘာတွေ လာလုပ်နေတာလဲ။ နေ့ခင်းကြောင်တောင်ကြီး''
''ဒါဆို ညဘက်မှ လုပ်စေချင်တာလား''
လီယီက နျဲ့ပုဖန် နားရွက်နားသို့ ကပ်ကာပြော၏။
''မင်းသားဝမ်၊ ထိုင်ကြည့်နေတာကို ခံနိုင်ရင်တော့လုပ်ပေါ့''
နျဲ့ပုဖန်သည် လီယီ ထိုသို့မနေနိုင်သည်ကို သိ၍ ရွဲ့ပြောလိုက်ခြင်း ဖြစ်သည်။
လီယီက ခဏလောက်စဥ်းစားနေပြီး သဘောတူလိုက်တာကို နျဲ့ပုဖန် တအံ့တသြဖြစ်ရသည်။
''ငါ မင်းသားဝမ်ကို တကယ်ကြီး ထိုင်ကြည့်နေဖို့ခေါ်ထားမှာလေ၊ မင်း မရှက်ဘူးလား''
လီယီ၏ မျက်နှာပေါ်တွင် ညစ်ညမ်းသောအပြုံးတစ်ခု ရှိနေ၏။ ဒီလူ့ရှေ့တွင် သူရှက်ပြနေတာက သူ့ကိုယ်သူ ဖျက်စီးနေသလို ဖြစ်မည်ဆိုတာ လီိယီကောင်းကောင်း နားလည်ထားခဲ့သည်။
လီယီမတုန်လှုပ်သည်ကိုမြင်သောအခါနျဲ့ပုဖန်ကထပ်မံခြိမ်းခြောက်၏။
''ဒါဆို ကျန်းကျွင်းကိုပါ အတူတူခေါ်လိုက်မယ်''
''မင်း သူ့ကို ခေါ်ရဲခေါ်ကြည့်၊ အခုချက်ချင်း မင်းကို ဖျက်စီးပစ်လိုက်မယ်''
ထိုယောကျာ်းသည် လီယီ၏ သည်းခံနိုင်စွမ်းများကို အဆုံးထိရောက်အောင် တွန်းပို့နိုင်စွမ်းရှိသည်။ သူ ဒီယောကျ်ားကို ဘာကြောင့်ကြိုက်မိနေတာလဲဟု အမြဲကိုယ့်ကိုယ့်ကို မေးခွန်းထုတ်နေဖြစ်သည်။ လီယီသည် ထိုယောကျ်ားကို စွဲလမ်းနေခြင်း ဖြစ်၏။
''မင်းတစ်ယောက်တည်း လိုချင်နေတာကတော့ မတရားဘူးလေ''
နျဲ့ပုဖန်က ရဲဝံ့စွာ အပြစ်တင်လိုက်သည်။
ထို့ကြောင့်ပင်လီယီသည်နျဲ့ပုဖန်အားရုတ်တရက်ပွေ့သွားကာကုတင်ပေါ်ပစ်တင်လိုက်၏။
''အားး...''
နျဲ့ပုဖန်က ရုန်းကန်အော်ဟစ်သည်။
''ကြောက်ပါပြီ။ မလုပ်ပါနဲ့။ ငါက သတိပေးရုံပေးတာပါ။ ကျန်းကျွင်းရှီ သူ့ဘာသာရောက်ချလာရင်တော့ ငါလည်းမတားနိုင်ဘူးလို့''
''အဲ့ဒီကောင်မှာ အဲ့လိုအခွင့်ရေးမရှိစေရဘူး''
လီယီက ဟိန်းဟောက်သည်။
''မင်း သူ့ကိုမမုန်းပါနဲ့။ ကျန်းကျွင်းက ရိုးသားတဲ့သူပါ''
''ကျန်းကျွင်းရှီက ရိုးသားတယ်၊ ဟုတ်လား''
ကျန်းကျွင်းရှီသည် ကြောင်သူတော်အယောင်ဆောင်ထားမှန်း အကင်းပါးသော လီယီက သိထားပြီးဖြစ်၏။
ထို့ကြောင့် ၎င်းတွင် နျဲ့ပုဖန်ကို ပိုင်ဆိုင်ရန် အခွင့်ရေးမရှိစေရဟု လီယီ ဆုံးဖြတ်ထားသည်။
လီယီသည် နျဲ့ပုဖန်အား ကုတင်ပေါ်တွင် ဖိထား၍ စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
''မင်း ညကျရင်စောင့်နေ၊ ဝမ်ရှင်းချန်ကို စစ်ကူခေါ်ဖို့ မစဥ်းစားနဲ့၊ ဝမ်ရှင်းချန်က ငါ လွယ်လွယ်ယှဥ်ပြီးတိုက်ခိုက်လို့မရမယ့် လူမှန်းသိလို့ မင်း တမင်စစ်ကူတောင်းတာမလား။ ညကျရင် မင်းသူ့ကို ခေါ်လို့ကတော့ မင်းသေပြီမှတ်''
သည့်နောက်မှာတော့ လီယီ၏ အတင်းအကြပ် နမ်းခြင်းကို နျဲ့ပုဖန် ခံလိုက်ရ၏။
နျဲ့ပုဖန်သည် ကိုယ့်ကိုယ်ကို ကာကွယ်ရန် ရုန်းကန်သော်လည်း လီယီက အခွင့်ရေးမပေးပေ။ သူလုပ်ချင်ရာ လုပ်ပြီးနောက်မှာတော့ နျဲ့ပုဖန်ကို ထားခဲ့ကာ ဘာမှမပြောမဆိုပဲ ဒေါသတကြီးဖြင့် ထွက်သွားလေသည်။
နျဲ့ပုဖန်သည် လီယီနောက်ကျောကို ကြည့်ရင်း ကျန်ခဲ့၏။
ဤသို့ ဖြစ်ပြီးသည့်နောက်တွင် နျဲ့ပုဖန် စာအုပ်တစ်အုပ်ကို ပိုက်လျက် တောင်စောင်းတစ်ခုပေါ်သို့လာ၍ ...
''မင်းသား ဝမ်၊ မင်းသား ဝမ်း၊ ဝမ်ရှင်းချန် ...'' ဟု အော်ခေါ်လိုက်သည်။
တောင်နံရံမှ ပဲ့တင်သံများ၊ ကျေးငှက်တို့ ထပျံသံများ၊ လေတိုးသံများက လွဲလျှင် ဘာတုန့်ပြန်မှုမှ မရှိပေ။
''ကျုပ်မှာ ကျမ်းစာတွေပါလာပြီ ခင်ဗျားကိုပေးမယ်။ ထွက်လာခဲ့၊ ဝမ်ရှင်းချန်"
ထိုသို့အော်လိုက်သည့်အခါမှာတော့နျဲ့ပုဖန်ရှေ့တွင်အသွင်တစ်ခုပေါ်လာလေသည်။
''နာမည်ကို ဆက်တိုက် အော်ခေါ်နေတုန်းကကျရောက်မလာဘူး။ ကျမ်းစာအုပ်လည်းဆိုရောချက်ချင်းပေါ်လာတာပဲ''
နျဲ့ပုဖန်က မကျေမနပ် ပြောသည်။
''ငါကြားပါတယ်''
ဝမ်ရှင်းချန်ကတော့ ခပ်ပြတ်ပြတ်သာ ပြန်ဖြေ၏။
''နောက်ဆိုရင် နာမည်ကြားတာနဲ့ ချက်ချင်းလာပါ၊ အစ်ကိုဝမ်''
''....''
''ဒီမှာ ယူပါ''
နျဲ့ပုဖန်က သူ ယူလာသော ကျမ်းစာအုပ်ကိုရက်ရောစွာ ကမ်းပေး၏။
သို့သော် ဝမ်ရှင်းချန်မှာ ချီတုံချတုံ ဖြစ်နေသည်။
နျဲ့ပုဖန်က သူ့ကို ဒီလောက်လွယ်လွယ်နဲ့ ပေးလိုက်တဲ့အပေါ် သံသယဝင်မိသည်။ အထဲမှာ ပေါက်ကရလက်ရေးနဲ့စာတွေ၊ ဒါမှမဟုတ် ကြက်ရုပ်ပုံတွေ ရှိနေမလားဟု မယုံသင်္ကာဖြစ်နေမိ၏။
''ယူပါ''
နျဲ့ပုဖန်သည် လေးနက်သော မျက်နှာထားဖြင့် ဝမ်ရှင်းချန်လက်ထဲသို့ ကျမ်းစာကို သေသေချာချာ ထည့်ပေးလိုက်၏။
''အချိန်တွေကြာသွားပေမယ့် ကျွန်တော်တို့ကြားကကတိအတိုင်း ဖြည့်ဆည်းပေးတာပါ''
''ကောင်းပြီ။ ဒီတစ်ခါရော ဘာပြန်လုပ်ပေးရမလဲ''
ဝမ်ရှင်းချန်က စာအုပ်ကို ဖွင့်မကြည့်သေးပဲ ကိုင်ထားရင်း မေးလိုက်၏။
''နားလည်မှုမလွဲပါနဲ့။ ကျွန်တော်က အချိန်တိုင်း အခွင့်ကောင်း ယူတတ်တဲ့သူမျိုး မဟုတ်ပါဘူး''
''အစ်ကိုဝမ် ဘာမှလုပ်ပေးဖို့မလိုတော့ပါဘူ။ ညဘက်မှာကျွန်တော်ကိုစောင့်ရှောက်ပေးဖို့လည်းမလိုတော့ဘူး၊ အရင်က အနှောက်ယှက်ပေးမိတာတွေအတွက် ဒီကျမ်းစာအုပ်နဲ့ ပြန်လျော်ပေးတယ်သဘောပါ''
ဝမ်းရှင်းချန်သည် နျဲ့ပုဖန်ကိုတစ်လှည့် ကျမ်းစာအုပ်ကို တစ်လှည့်စိုက်ကြည့်နေပြီးနောက် ၎င်း၏ သံသယများကို ဖယ်ရှားလိုက်၏။
''ဒါဆိုကောင်းပြီ။ ခင်ဗျားကိုယ်ရောင်ဖျောက်ပြီး အရင်ထွက်မပြေးနဲ့ဦး။ ကျွန်တော်အရင်သွားမယ်''
နျဲ့ပုဖန်လည်း လှည့်ထွက်ဖို့ ခြေလှမ်းပြင်ပြီးမှနောက်သို့ ပြန်လှည့်လာ၏။
''စကားမစပ်၊ ရွာကကြက်တွေကိုတော့ ပိုဂရုစိုက်ပေးဦးနော်''
ဝမ်ရှင်းချန် ခေါင်းညိတ်ပြလိုက်၏။
''အဲ့ဒါကိုတော့မပူနဲ့ ငါ့တာဝန်ငါကျေမှာပါ ကတိပေးတယ်''
ဤနောက် အရင်ထွက်သွားသော နျဲ့ပုဖန်၏ နောက်ကျောပြင်ကို ကြည့်ကာ ဝမ်ရှင်းချန်စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ခံစားလိုက်ရသည်။
သူသည် အထီးကျန်ခြင်းကို ခါးသီးစွာ ခံစာခဲ့ရဖူး၏။ မြတ်စွာဘုရား၏ တရားဓမ္မများသည်သူ၏ စိတ်နှလုံးအား အေးချမ်း သိမ်မွေ့စေခဲ့သည်။
ယခုတွင် ဝမ်ရှင်းချန်သည် ကျီဝေါရွာသို့ စရောက်ကတည်းက ဆူညံသော ပတ်ဝန်းကျင်တွင် နေရခက်စွာ နေထိုင်ခဲ့ရ၏။
ရီမော ပျော်ရွှင်နေသော နျဲ့ပုဖန်ကိုလည်း တွေ့ခဲ့ရ၏။ တစ်ခါက တောင်ထိပ်ပေါ်မှာ ''ငါက ကျီဝေါရွာရဲ့ဘုရင်ပဲ'' လို့ အော်ခဲ့သော နျဲ့ပုဖန်မှာ ကလေးတစ်ယောက်ကဲ့သို့ ဖြူစင်ရိုးသား၏။ စင်စစ်တွင် နျဲ့ပုဖန်သည် နိမ့်ပါးသော မျိုးနွယ်မှလာသူ ဖြစ်ပါသော်လည်း ၎င်း၏ နိမ့်ပါးလွတ်လပ်မှုအပေါ် ဝမ်ရှင်းချန်အား ကျနေခြင်း ဖြစ်သည်။
ထိုလူ နျဲ့ပုဖန်သည် ဝမ်ရှင်းချန် ဘဝတွင် တွေ့ဆုံခဲ့ဖူးသမျှ လူများထဲမှ တစ်မူထူးခြားနေသောသူဖြစ်သည်။ ထို့ကြောင့် နျဲ့ပုဖန်က သူ့အပေါ်တွင် အခွင့်အရေးယူ လိမ်လည်လှည့်နေသော်လည်း စိတ်မဆိုးနိုင်ခြင်း ဖြစ်သည်။
သည့်အပြင် ညတိုင်း သူ့ဘေးနားက ကြက်ကလေးတွေနဲ့ စကားပြောနေသည်မှာ ကလေးငယ်လေးများအား ချော့မြူနေသကဲ့သို့ဖြစ်၍ အသံလေးမှာပြောမပြတတ်လောက်အောင် နွေးထွေးနူးညံ့မှုများ ပြည့်နေမည် ဖြစ်သည်။
ယခုတွင် သူ့ကိုစောင့်ရှောက်ပေးရန် မလိုတော့ကြောင်း ပြောလိုက်သည့်အခါ ဝမ်ရှင်းချန်မှာတစ်ခုခု ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ ဤခံစားချက်မှာ အရှုံးသမားနှင့် တူသည်။ နျဲ့ပုဖန် ကတော့ ဒါတွေသိမည် မဟုတ်။
ညစာစားပြီးချိန်၌ မလန်းမဆန်းဖြင့် ပြန်လာသောနျဲ့ပုဖန်သည် အိမ်တံခါးဝ၌ သူ၏မျောက်ကလေးအား ငုံ့ကာပြောလိုက်၏။
''ဝူခုံး၊ အိမ်ထဲမှာ လူဆိုးတွေရှိ၊ မရှိ သွားစစ်ဆေးပေးစမ်းပါ။ ရှိရင် ချက်ချင်း လာအကြောင်းကြား၊ သိလား''
ဝူခုန်းသည် အနည်းငယ် ခုန်ပေါက်ပြီးနောက် အိမ်ထဲသို့ ဝင်သွားလေ၏။
နျဲ့ပုဖန်လည်း အိမ်တံခါးဝတွင် ထိုင်ချလိုက်သည်။
ထိုစဥ် အနက်ရောင် အရိပ်မဲကြီးသည် ကောင်းကင်ကို ဖုံးလွှမ်းသွား၏။ နျဲ့ပုဖန်လည်း မော့ကြည့်ပြီးတိုးတိုးလေး ရေရွတ်လိုက်သည်။
''တိမ်ဖုံးပါလို့ လရယ်မသာ''
ထို့နောက် နျဲ့ပုဖန်က ချိနဲ့စွာ ထရပ်ကာ တံခါးကိုလက်ဖြင့် အားပြုရင်း ဖွင့်၍ အိမ်ထဲသို့ ဝင်လိုက်၏။
တံခါးကို ပြန်ပိတ်ဖို့ လုပ်နေချိန်မှာပဲတစ်စုံတစ်ယောက်က တံခါးရှေ့မှာ ပေါ်လာ၏။
နျဲ့ပုဖန်က ဧည့်သည်ကို ပြုံးပြ ကြိုဆိုလိုက်သည်။
''လီယီ၊ လာလေ ဝင်''
''အင်း''
လီယီက အထဲသို့ အရိပ်အကဲခတ်ရင်း အိမ်ထဲ လှမ်းဝင်ခဲ့သည်။
နျဲ့ပုဖန်သည် ပြတင်းပေါက်သို့ တစ်ချက်မျှော်ကြည့်လိုက်သည်။ သူ အိမ်တံခါးတွေကို သော့ပိတ်မထားပါ။
လီယီကတော့ ဂရုမစိုက်ပဲ အပေါ်အင်္ကျီကို ချွတ်ကာကုတင်ပေါ်ထိုင်၍ သူ့ပေါင်ပေါ်ကို ပုတ်ပြ၏။
''နျဲ့ပုဖန်၊ ဒီမှာလာထိုင်''
နျဲ့ပုဖန်လည်း မျက်နှာသေဖြင့် ကုတင်ပေါ် တက်သွားလိုက်သည်။
နျဲ့ပုဖန် ကုတင်ပေါ်သို့ ရောက်လာသည်နှင့် လီယီသည် အင်္ကျီကိုချွတ်ကာ သူ၏ တောင့်တင်းသန်မာသော ခန္ဓာကိုယ်ကို ပြသလိုက်သည်။
နျဲ့ပုဖန်သည် ကုတင်ပေါ် လှဲလိုက်ပြီး မဝံ့မရဲဖြင့် ''လီယီ၊ သိပ်မကြမ်းပါနဲ့'' ဟု အသနားခံ၏။
လီယီသည် မျက်ခုံးတစ်ချက်ပင့်ကာ တုန့်ဆိုင်းမနေပဲ နျဲ့ပုဖန်အား ကုတင်ပေါ်တွင် ဖိထား၏။ သူ၏ အပြုအမူများသည် ကြမ်းတမ်းပြီး အရိုင်းဆန်သည်။
နျဲ့ပုဖန်၏ အဝတ်များကိုချွတ်ပြီး နောက်တွင်ခန္ဓာကိုယ်အား ထိတွေ့ပွတ်သပ် နှိုးစွခြင်းများစတင်လိုက်၏။
ခန္ဓာကိုယ်နှစ်ခုသည် ရောယှက်ကာ အပူချိန်တဖြေးဖြေး မြင့်တက်လာ၏။
''ဖောက်''
ထိုစဥ် လီယီ၏ကျောကို တစ်စုံတစ်ရာ ထိမှန်သွား၏။ လီယီ လှည့်ကြည့်သောအခါ ခုန်စွစွမျောက်ကလေးကို တွေ့လိုက်ရသည်။
''အင်း...ဝူခုန်း''
နျဲ့ပုဖန်သည် မျောက်ကလေးအား လှမ်းခေါ်မည့် ဆဲဆဲတွင် လီယီက အရင်ထကာ ကုတင်ဘေးရှိစားပွဲ၏ အံစွဲထဲသို့ မျောက်ကလေးကို ကောက်ယူကာ ထည့်လိုက်လေသည်။
''မလုပ်ပါနဲ့၊ အထဲမှာ သူ အသက်ရှူကျပ်သွားလိမ့်မယ်''
နျဲ့ပုဖန်သည် ရွေ့သွားပြီး အံဆွဲကို ဖွင့်ရန်ကြိုးစား၏။
ကျီဝေါရွာ၌ တိရိစ္ဆာန်များစွာ ရှိကြသော်လည်း ယခုတွင် မျောက်ကလေးကသာ နျဲ့ပုဖန်အနားသို့ ကပ်နေခြင်းဖြစ်သည်။
သစ်မြစ်ကလေးနှင့် တာ့ချီကိုတော့ တခြားကြက်များက စောင့်ရှောက်ထားကြ၏။
မျောက်ကလေးသည် အံဆွဲထဲမှ လွတ်သည်နှင့် လီယီ၏ ရင်ဘတ်အား ခုန်ကာ ကုတ်လိုက်သည်။ ထို့နောက် နျဲ့ပုဖန်နောက်တွင် အမြန်ဝင်ပုန်း၏။
လီယီက ဒေါသထွက်သွားပြီး အံကြိတ်ကာ ...
''ဒီကောင်ကို လွတ်ပစ်မယ်၊ ဖြစ်ချင်ရာ ဖြစ်ပါစေ'' ဟု ကျိန်ဆဲလိုက်၏။
''ဘာလို့ ဒီလောက်ရက်စက်ရတာလဲ။ ချစ်စရာကလေးလေးကို မင်းဘာကြောင့် အဲ့လိုလုပ်ရက်တာလဲ'' နျဲ့ပုဖန်က ပြန်ပြောသည်။
''ရက်စက် ပြရမလား''
လီယီသည် နျဲ့ပုဖန်၏ ခြေထောက်များကို မြှောက်တင်ကာ အတွင်းသို့ ကြမ်းကြမ်းတမ်းတမ်းဝင်ရန်ကြိုးစား၏။
''အား ...''
နျဲ့ပုဖန်က ရုန်း၍ ခြေထောက်များကို ပြန်ကွေးပြီး နောက်သို့ဆုတ်ကာ လီယီ၏ ရင်ဘတ်ကို ကန်ချလိုက်သည်။
''မင်းက မတရားသဖြင့် စသွင်းဖို့လုပ်နေတာပဲ၊ မင်းနည်းလမ်းတွေကို မသိရင်တောင် မကြမ်းတမ်းပါနဲ့''
''ငါက နည်းလမ်းတွေ မသိဘူး၊ ဟုတ်လား''
လီယီ၏ မျက်လုံးတွင် အန္တာရာယ်ရှိသော အရောင်များ တောက်သွားသည်။
''တွေ့လား။ မင်းက သားရဲတိစ္ဆာန်ကောင်ကြီးအတိုင်းပဲ''
လီယီသည် နျဲ့ပုဖန်ကို ဖိကာနှုတ်ခမ်းချင်းပိတ်၍ နမ်းလိုက်၏။ သူ နျဲ့ပုဖန်နှင့် ဆက်ဆံဖို့အတွက် ဆိုရင် ပါးစပ် အရင်ပိတ်ထားရမည် ဆိုတာကို သတိလက်လွတ်သွားခဲ့ခြင်း ဖြစ်သည်။
မျောက်ကလေးသည် သူသခင်ကို ကူညီရန် လီယီကျောပေါ်သို့ ကုတ်တက်လာ၏။
လီယီသည် အရှေ့ကိုသာ အာရုံရောက်နေသောကြောင့် ကျောပေါ်ရှိအရာကို သတိမထားမိ။
နျဲ့ပုဖန်၏ ရုန်းကန်ပုတ်ခတ်နေသော လက်များသည်လည်း သူ၏ အနမ်းအောက်တွင် ငြိမ်သက်သွားရလေသည်။
ထိုအခါ လီယီသည် နှုတ်ခမ်းများကို လွတ်ပေးလိုက်၍ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများကို နှိုးစွရန်အောက်သို့ ဆင်းသွားသည်။
နျဲ့ပုဖန်က သူ့ရဲ့နည်းစနစ်ကို မကြိုက်ဘူးတဲ့လား ဘာတွေ လုပ်နိုင်လဲဆိုတာ ပြမယ်။
လီယီသည် နျဲ့ပုဖန်၏ ဝမ်းဗိုက်တစ်လျောက် နမ်းရှိုက်ထိုးစွကာ လက်မှ နျဲ့ပုဖန်၏အရာကိုလည်းကိုင်၍ မှန်မှန်လှုပ်ရှားပေးလိုက်၏။
နျဲ့ပုဖန်သည် အသက်ရှုမဝသလို ညည်းညူနေသည်။
''ဟင်း...မလုပ်နဲ့၊ မလုပ်ပါနဲ့''
မျောက်ကလေးကလည်း ဘေးကနေ တကျော်ကျော် အော်နေသည်။
လီယီသည် ထိုအရာကိုလျစ်လျူရှု၍ သူ၏ လှုပ်ရှားမှုများကိုသာ ဆက်လက်လုပ်ဆောင်နေသည်။
''ငါပြီးသွားလိမ့်မယ်...ထွက်တော့မယ်''
နျဲ့ပုဖန် အော်ညည်းသည်။
လီယီက လက်လှုပ်ရှားမှုကို ရပ်တန်ကာ နျဲ့ပုဖန်၏ အရာကို တင်းတင်းညှစ်၍ ...
''အခုတော့ မရသေးဘူးလေ'' ဟု နား,နားကပ်ကာပြောသည်။
ထို့နောက် နျဲ့ပုဖန်အား မှောက်လျက်လှည့်ကာ လီယီသည် မြင်းစီးသူရဲကောင်းတစ်ဦးကဲ့သို့ အပေါ်မှကြမ်းကြမ်းတမ်းတမ်း လုပ်ဆောင်ရန် ကြိုးပမ်း၏။
သို့သော် ရုတ်တရက်ပင် ပတ်ဝန်းကျင်သည် အေးခဲသွားသကဲ့သို့ ခံစားလိုက်ရ၏။
လီယီလည်း ကျောချမ်းသွားပြီး လုပ်လက်စကိုဆက်လက်လုပ်ဆောင်ရင်း နောက်သို့လှည့်ကြည့်ရာ အိပ်ရာဘေး၌ တောင့်တောင့်ကြီးလာရပ်နေသော ဝမ်ရှင်းချန်ကို တွေ့လိုက်ရသည်။
၎င်း၏ မျက်လုံး၌ နားလည်ရန် ခက်ခဲသောအရိပ်အရောင်များရှိနေပြီး ၎င်းသည် လီယီနှင့် နျဲ့ပုဖန်တို့ ဆက်နွယ်နေသောနေရာကို စိုက်ကြည့်နေသည်။
အခန်းထဲ၌ အက်ကျသံမျှ မကြားရအောင်တိတ်ဆိတ်သွားပြီး မျောက်ကလေး ဝူခုန်းပင် ဘယ်နေရာ ပြေးပုန်းသွားမှန်း မသိပေ။
အောက်၌ မှောက်လျက်သား နျဲ့ပုဖန်မှာ ငြိမ်သက်သွားသည့်အတွက် သည်းမခံနိုင်ဖြစ်ကာ ညည်းတွား ပြောဆိုလာသည်။
''ဘာလဲ။ ဆက်လုပ်မှာလား၊ မလုပ်ဘူးလား။ မင်း တော်တော်စာနာစိတ် မရှိတဲ့သူပဲ၊ မင်း ဒီတိုင်းရပ်နေမယ်ဆို ဆက်မလုပ်နဲ့၊ တော်လိုက်တော့''
လီယီ၏ မျက်နှာသည် မှောင်မဲသွား၏။
နောက်ထပ် ပြင်းထန်သော လှုပ်ရှားမှုတစ်ခုတွင် နျဲ့ပုဖန်သည် ကျယ်လောင်စွာ အော်ညည်းလိုက်ရ၏။
အဝင်လည်း ကြမ်းတမ်းပြီး အထွက်လည်းကြမ်းတမ်းလာသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှင်းချန်သည် လီယီအား တိုက်ခိုက်နေသောကြောင့်ဖြစ်၏။
ဝမ်ရှင်းချန်၏ တိုက်ခိုက်မှုများကို ငုံ့၍ ရှောင်လိုက်တိုင်း ကြမ်းတမ်းစွာ စောင့်ထည့်လိုက်သကဲ့သို့ ဖြစ်ပြီး၊ ပြန်တိုက်ခိုက်ရန် ထလိုက်တိုင်း ဆွဲထုတ်သကဲ့သို့ ဖြစ်နေသည်။
ထို့ကြောင့် နျဲ့ပုဖန်၏ ခန္ဓာကိုယ်ထဲ၌ လီယီ အရာသည် လိမ်ကောက်မွှေနှောက်နေသည့် သဖွယ်။
''ဟမ်း...ကောင်းတယ်''
လီယီနှင့် ဝမ်ရှင်းချန်တို့ အသံတိတ် တိုက်ခိုက်နေကြစဥ်၊ လီယီ၏ကိုယ်မှာ နျဲ့ပုဖန်အား အတင်းဖိပြီးလုပ်သလို ဖြစ်နေသောကြောင့် နျဲ့ပုဖန်ခမျာ သေလုမျောပါး ငရဲနှင့် နိဗ္ဗာန်ကို ခံစားနေရရှာသည်။
''အား...အားး..''
နျဲ့ပုဖန်၏ ညည်းညူသံများကြောင့် ဝမ်ရှင်းချန်ပင်မျက်နှာကြီး နီမြန်းကာ ၎င်း၏ ဝမ်းဗိုက်အောက်ပိုင်း၌ ပူလောင်မှုကိုလည်း ခံစားလာရသည်။ ဒါ့အပြင် တိုက်ခိုက်မှုကလည်း ပိုမိုပြင်းထန်လာသည်။
လီယီကတော့ သူနှင့် လက်ရည်မျှသော ဝမ်ရှင်းချန်နှင့် တိုက်ခိုက်နေရသည့်အတွက် အောက်က နျဲ့ပုဖန်ကိုပင် မေ့လျော့ကာနေသည်။ သည်အပြင်ကြမ်းတမ်းသော တိုက်ခိုက်မှု၏ လှုပ်ရှားမှုကြောင့်နျဲ့ပုဖန်၏ ပန်းကလေးကိုလည်း ခူးဆွတ်ပြီးသားဖြစ်သည်။
ထိုမုန်တိုင်းကြားတွင် နျဲ့ပုဖန် တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ သို့ဖြစ်၍ နောက်သို့ လှည့်ကြည့်ဖို့ ကြိုးပမ်းရာ၌ အဝတ်စတစ်ခုသည် သူ့မျက်နှာပေါ်သို့ ရောက်လာပြီး ၎င်းအဝတ်၏ဖြင့် သူ့မျက်လုံးများကို စည်းပိတ်ခြင်း ခံလိုက်ရ၏။
အမှောင်ဖုံးသွားသော နျဲ့ပုဖန်ခမျာမှာ ခန္ဓာကိုယ် အောက်ပိုင်းမှ လီယီ၏ ကြမ်းတမ်းသော ခြယ်လှယ်မှုများကိုသာ ခံစားနေရတော့သည်။
အိပ်ရာလေးမှာလည်း ၎င်းတို့၏လှုပ်ရှားမှုကို မခံနိုင်ရှာပဲ တကျီကျီ ယမ်းခါနေသည်။
နျဲ့ပုဖန်သည် လှိုင်းထန်သော ပင်လယ်ပြင်၏ လှေငယ်တစ်စင်းပေါ်တွင် ရောက်ရှိနေသကဲ့သို့ ခံစားနေရပြီး သူ့လက်များသည် ဟန်ချက်ထိန်းနိုင်ရန်အိပ်ရာခင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရ၏။
သို့သော်လည်း သူ့ခန္ဓာကိုယ်အောက်ပိုင်း၌ မုန်တိုင်းတစ်ခု ဝင်မွှေနှောက်နေသကဲ့သို့ စည်းချက် မညီညာသော လှုပ်ရှားမှု ကြမ်းကြမ်းများကိုအဆက်မပြတ်ခံစားနေရခြင်းကြောင့် မိန်းမောသာယာလျှက်ရှိသည်။
ထိုသို့ နာကျင်မှုတစ်လှည့်၊ သာယာမှုတစ်လှည့်စီခံစားချက်များက သူ၏ ယင်ဓာတ်ကို ပိုမိုအားကောင်းလာစေသည်။
ဤသို့ဖြင့် ထိုညသည် မုန်တိုင်းကြားက ညတစ်ညဖြစ်လာခဲ့လေတော့၏။
YOU ARE READING
ကြက်သခင် နျဲ့ပုဖန် (Complete ✅)
AcakGong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။