Chapter 32

3.1K 355 7
                                    

Chapter-32
ကျမ်းစာတစ်ဝက်ကိုစောင့်ရှောက်သူ
..............

နျဲ့ပုဖန်သည် တုပုန်းကိုခေါ်ပြီး ဝမ်ရှင်းချန် ဖမ်းလာခဲ့သော ကြက်သူခိုးများကို အဝတ်အစားများချွတ်ကာ ဘောင်းဘီတိုလေး တစ်ထည်တည်းနှင့် ရွာအပြင်သို့ နှင်ထုတ်စေခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက်တွင် လီယီ၏ ကြုံရင် ကြုံသလို ခိုးစားရန် ကြံစည်မှုများကို တားဆီးနိုင်ရန်အတွက် နျဲ့ပုဖန်သည် ရွာ၌ အိမ်လည်ပြီး အိပ်ရန် စီစဥ်ခဲ့သည်။ သူ၏ ပထမဦးဆုံးပစ်မှတ်မှာ ရှန်းမုလန် ဖြစ်သည်။ ရှန်းမုန်လန်သည် အေးအေးဆေးဆေးနေတတ်သူ ဖြစ်သောကြောင့် အန္တရာယ်အကင်းဆုံး ဖြစ်ပေ၏။ ဒုတိယပစ်မှတ်ကတော့ သူ့ကိုအမြင်ကပ်နေသည့်အပြင် အနိုင်ကျင့်ခဲ့ဖူးသော လီဟိုက်၏အိမ် ဖြစ်သည်။

သခင်လေးရှန်းသည် သူ့ဘာသာသူ တစ်ကိုယ်တည်း သီးသီးသန့်သန့် ကျော့ကျော့မော့မော့ နေတတ်သူ ဖြစ်ပေမယ့် နျဲ့ပုဖန် သူ့အိမ်ကို ရောက်လာချိန်မှစ၍ ထိုသို့နေမရတော့ပေ။ ညတွင် သူ့အိပ်ရာကို ကြက်များက မောင်ပိုင်စီးထားကြပြီး နေ့ခင်းဘက်၌ လီယီနှင့် ကျန်းကျွင်းရှီတို့ထံမှ ထသတ်တော့မလို အကြည့်များကိုလည်း ခံရသေးလေသည်။ သူသည် ကောင်းကောင်းမအိပ်ရ၊ကောင်ကောင်း မစားရတော့ချေ။

ဤသို့ဖြင့် သူသည်းခံနိုင်သမျှ သည်းခံနေပြီး နှစ်ရက်အကြာတွင် သူ့ဘဝ၌ အရက်စက်ဆုံးဟု ဆိုရမည့် စကားကို ထုတ်ပြောလိုက်ရသည်။
''ရွာလူကြီးမင်း နျဲ့၊ ခင်ဗျား ကိုယ့်အိမ်ကိုယ်ပြန်ပြီး အေးအေးချမ်းချမ်းနေပါတော့''

ထို့ကြောင့် နျဲ့ပုဖန်မှာ ထွက်သွားပေးရုံသာရှိတော့သည်။ ပုံမှန်ဆို နျဲ့ပုဖန် ဟူသည်မှာ အလွယ်တကူ နာခံတတ်သူ မဟုတ်ပေမယ့် ရှန်းမုလန်၏ နောက်လိုက်များက သူ့ကို မကြည်ကြတော့သည့်အတွက် ရွေးချယ်စရာမရှိပေ။
ထို့နောက် လီဟိုက်၏အိမ်ကို သွားခဲ့သည်။
တံခါးဝတွင် လီယီကို တွေ့လိုက်ရပြီး လီယီသည် တံခါးဘောင်ကို မှီရပ်လျှက် အိမ်ထဲသို့ဝင်ရန် လက်ဟန်ပြကာ သူ့ကို ကြိုဆိုနေသည်။
သို့သော် နျဲ့ပုဖန်သည် လီယီကို အဖတ်မလုပ်ပဲ  ကျော်ကာ လီဟိုက်၏အိမ်ထဲသို့ ဝင်သွားလိုက်၏။

လီဟိုက်က နျဲ့ပုဖန် လာနေမည့်ကိစ္စကိုအပြင်းအထန် ငြင်းဆန်နေသည်။ သို့သော် နျဲ့ပုဖန်က ဂရုမစိုက်ပဲ အိမ်ရာပေါ်၌ သက်သောင့်သက်သာ ပစ်လှဲလိုက်၏။ သူ့တွင် စကားနားထောင်သော ကြက်နောက်လိုက်များလည်း ပါလာခဲ့သည်။ ကြက်ကလေးများသည် နျဲ့ပုဖန်၏အလိုက်ကို သိတတ်ကြ၏။ တစ်ပါးသူ၏ အဝတ်အစားကောင်းများကို ဘယ်လို စွန်းထင်းပျက်စီးအောင် လုပ်ရမည်ကိုလည်း ကောင်းကောင်းသိကြ၏။
လီဟိုက်မှာ မျက်စိရှေ့တွင် ဖျက်စီးခံနေရသောသူ၏ တန်ဖိုးကြီးအဝတ်အစားများကို ကြည့်ကာဒေါသထွက်၍ အသားတဆက်ဆက်တုန်နေသည်။

''နျဲ့ပုဖန်၊ မင်း ကြက်တွေကို မင်း မဆုံးမထားဘူးလား''

''ကျုပ်က သူတို့ကို ကောင်းကောင်း ပြုစုပျိုးထောင်ပေးထားတာပါ''
နျဲ့ပုဖန်က သူ့ဘေးနားရှိ ကြက်ကလေးအား ပွတ်သပ်ပေးရင်း ခပ်အေးအေးပြော၏။

လီဟိုက်က ဒေါသတကြီးဖြင့် ...
''မင်း အခု ထွက်သွား။ ငါ့အိမ်မှာ မင်းကို လက်ခံမထားနိုင်ဘူး''

''အဲ့လိုကြီး မနှင်ထုတ်ပါနဲ့။ အတူတူအိပ်ရင် ပိုကောင်းမယ့်ဟာကို''

''ဘာကောင်းတာရှိလို့လဲ။ ငါ့ဘာသာငါတစ်ယောက်တည်း အိပ်လို့ရတယ်''

''ခက်တာပဲ။ နောက်ကျနေပြီကို။ လာပါ၊ အတူတူငြိမ်ငြိမ်လေး အိပ်ရအောင်''

''ငါ့ အဆိုးမဆိုနဲ့''
လီယီသည် နျဲ့ပုဖန်ကို လက်မှဆွဲကာ ကုတင်ပေါ်မှဆွဲချရန် ကြိုးပမ်း၏။
နျဲ့ပုဖန်ကလည်း အလျော့မပေး၊ ကုတင်တိုင်ကို လှမ်းကိုင်ထားလျှက် ပြန်ရုန်းသည်။

''မလုပ်နဲ့၊ ကုတင် ကျိုးကျတော့မယ်''

ဆွဲထုတ်မရသည့်အဆုံး၌ လီဟိုက်သည် နျဲ့ပုဖန် လက်ကို ခါချလိုက်ပြီး အံကြိတ်လျှက် စိတ်ဆိုးမာန်ဆိုး ခြိမ်းခြောက်လိုက်သည်။

''ငါ့အစ်ကိုကို မင်းနဲ့အတူတူ လာအိပ်ခိုင်းမယ်''

''မလုပ်ပါနဲ့''
နျဲ့ပုဖန်သည် လီဟိုက် အနားကိုကပ်ကာ ခါးကိုဖက်၍ အသနားခံပြန်၏။

''မင်းက ငါ့ကိုတခြားသူ လက်ထဲထည့်ရက်တယ်ပေါ့။ ငါတို့က နမ်းတောင်နမ်းခဲ့ကြတာလေ။ အဲ့ဒါကြောင့် မင်းနဲ့အတူတူ လာနေချင်တာပါ။ ငါ့ကို မင်းအစ်ကိုလက်ထဲ ရက်ရက်စက်စက် မထည့်လိုက်ပါနဲ့''

''ဘာကိုငါတို့နမ်းတာလဲ။ အဲ့ဒါ မင်းဘက်ကသက်သက်ကြီး လာနမ်းသွားတာလေ''
လီဟိုက်က အလန့်တကြား ပြောလိုက်သည်။

''ဟုတ်ပါတယ်။ ငါ့ဘက်က သက်သက်နမ်းခဲ့တာ မှန်ပါတယ်။ အဲ့ဒါ ငါစိတ်မထိန်းနိုင် ဖြစ်သွားခဲ့လို့ပါ''
နျဲ့ပုဖန်က လီဟိုက်၏ ကျောပြင်အား ပွတ်သပ်လျှက် မျက်နှာချိုသွေး၏။

''ယောကျ်ားတွေနဲ့ တွေ့ရင်း မင်းက အရမ်းယွတာပဲလား''
လီဟိုက်၏မျက်နှာသည် ပိုနီမြန်းလာသော်လည်း  လေသံကတော့ အစောကလောက် မမာတော့ပေ။

''လပေါ်မှာ လမ်းလျောက်ချင်တဲ့သူကို အချစ်ကတောင် မတားဆီးနိုင်ဘူးဆိုတဲ့ ကဗျာလေးရှိတယ်လေ''

နျဲ့ပုဖန်သည် လီဟိုက်၏ ခါးကို ဖက်ထားလျှက် ထွန်းညှိထားသော မီးအိမ်မှ မီးတောက်ငယ်ကို ဆွေးဆွေးမြေ့မြေ့ ကြည့်ကာ ပြောလိုက်၏။

လီဟိုက်သည် တိတ်ဆိတ်နေသည်။ နျဲ့ပုဖန်သည် သူကို အရူးလုပ်ရန် လူမြင်ကွင်းတွင် နမ်းခဲ့သောအဖြစ်အပျက်ကို ပြန်တွေးမိနေသည်။ ထိုအနမ်းဟာ တကယ့်ကို ညင်ညင်သာသာ နူးနူးညံ့ညံ့လေး ဖြစ်ခဲ့သည်။ ထို့ကြောင့်ပဲ အဲ့သည့်အချိန်တုန်းက လီဟိုက် မှင်သက်ကာ အရူးလုပ်ခံလိုက်ရခြင်းဖြစ်သည်။
နျဲ့ပုဖန်ဟာ တကယ်ကောင်းတဲ့သူလားဟု လီဟိုက် စမ်းသပ်ချင်နေသည်။

''ကောင်းပြီ။ ဒါဆိုလည်း ဒီတစ်ညအဖို့တော့ ခွင့်ပြုပေးလိုက်မယ်''

လီဟိုက်သည် သူ့ခါးမှ နျဲ့ပုဖန်လက်ကို ဖြုတ်ချကာ ညအိပ်အဝတ်လဲရန် ကုတင်ဘေးသို့ လျောက်သွားခဲ့၏။
နျဲ့ပုဖန်မှာ လီဟိုက်၏ ထူးထူးဆန်းဆန်းပုံစံကြောင့် စိတ်ထဲ မသိုးမသန့် ခံစားရကာ လိုက်ကြည့်နေမိသည်။
လီဟိုက်သည် နျဲ့ပုဖန်ဘက်သို့ တစောင်းလှည့်ကာ သူ၏ အပေါ်ဝတ်ကို ချွတ်လိုက်၏။ ထိုအခါတွင် ဖယောင်းတိုင် အလင်းရောင် မှိန်မှိန်အောက်၌  ထင်ရှားသော ခန္ဓာကိုယ်အပေါ်ပိုင်းကို မြင်ရ၏။ လီဟိုက်သည် သူ၏ သန်မာသော ဆံပင်ရှည်များကို ဖြေချကာ ပုခုံးတစ်ဖက်၌ စု၍ ချထားလိုက်သည်။ နောက်တစ်ကြိမ်တွင် ငုံ့ပြီး ဘောင်းဘီကိုချွတ်လိုက်၏။ ဤတွင် အတွင်းခံ ဘောင်းဘီလေးသာ ကျန်ခဲ့သည်။ ထို့နောက် လီဟိုက်သည် ပါးလွှာသော ညဝတ် ဝတ်ရုံကို ကျနစွာ ဆင်မြန်းလိုက်၏။ ဖယောင်းတိုင်မီးရောင်မှိန်မှိန်သည် ပါးလွှာသော ညဝတ်အင်္ကျီကို ဖောက်ထွင်းမြင်နေရသည်။ လီဟိုက်၏ ခန္ဓာကိုယ်ကောက်ကြောင်းများ အလှသည် မှုန်းဝါးဝါး ထင်ဟပ်နေ၏။

ထိုသို့ ဆွဲဆောင်မှုရှိရှိ ပြုမူပြီးနောက် လီဟိုက်သည် နျဲ့ပုဖန် သူ့အပေါ် မည်သို့ တုန့်ပြန်လိမ့်မည်ကို သိချင်၍ လှည့်ကြည့်လိုက်သည်။ သို့သော် သူ့မှာ ဒေါသ ထောင်းကနဲ ထွက်သွားရ၏။ သကောင့်သားသည် ခြေပစ်လက်ပစ် အိပ်ပျော်နေပြီ ဖြစ်နေသည်။သူကသာ ကြိုးစား ပမ်းစား ဆွဲဆောင်နေပေမယ့် အချည်းနှီး ဖြစ်သွားရလေသည်။ ထိုအစားကြက်များကသာ သူ့အား မျက်လုံးအပြူးသားဖြင့် ထူးဆန်းသည့် သတ္တဝါတစ်ကောင်သဖွယ် ကြည့်နေကြသည်။

လီဟိုက်မှာ ဒေါသလည်းထွက်၊ ရှက်လည်းရှက်ဖြစ် သွားရ၏။ ထို့နောက် ကုတင်ပေါ်သို့ တိတ်တိတ်တက်ကာ ခြုံစောင်ကိုအသာမ၍ ဆွဲခြုံအိပ်လိုက်သည်။ ဘေးက နျဲ့ပုဖန်ကိုလည်း တစ်ချက်ကန်လိုက်သေးသည်။
နျဲ့ပုဖန်ကတောင် အိပ်မက်,မက်နေရင်း ထယောင်နေလိုက်သေး၏။
''မင်းကို မနက်ကျရင်ကြက်ဥကျွေးပါမယ်ကွာ....''

''.....''
လီဟိုက်မှာ စိတ်တိုတိုဖြင့်သာ ခေါင်းဦးကို ထုရိုက်မိတော့သည်။

နေုာက်တစ်နေ့နံနက်၌ လီဟိုက်မှာ မမျှော်လင့်ပဲ ပန်ဒါမျက်လုံးဖြစ်နေသော သူ့ပုံစံကို အိပ်မှုန်စုံဝါးပုံစံဖြင့်တွေ့ရပေလိမ့်မည်။

သို့သော် နျဲ့ပုကတော့ အားအင်အပြည့်ဖြင့်လန်းဆန်းတက်ကြွနေ၏။ နံနက်စာစားပြီးနောက်နျဲ့ပုဖန်တစ်ယောက် ရွာအနှံ့ ကြက်ဥလိုက်ကောက်နေလေသည်။
ဤရာသီသည် ကြက်ဥထွက်နှုန်း ကောင်းသောရာသီဖြစ်၏။ ထို့အပြင် ၎င်း၏ ကြက်များမှာ ကြက်ခြံထဲတွင် ဥ,ဥရသည်ကို သိပ်မနှစ်သက်ကြပဲ  ရွာအနှံ့ ကြုံရာ ဥ,ဥချလေ့ရှိသည်။

သည့်အပြင် ကြက်သူခိုးများကို ဖမ်းမိကတည်းက နျဲ့ပုဖန်မှာ တိတ်တဆိတ် စိုးထိတ်နေခဲ့ရသော အရာများလည်း ရှိပေသည်။
ဒါ့အပြင် ကြက်ဥကောက်သည့် အလုပ်ကိုလည်း တုပုန်းကို မခိုင်းပဲ သူကိုယ်တိုင် ကောက်ခဲ့သည်။ အကြောင်းမှာ မတော်တဆ ကြက်တွေ ချီလာသော ရတနာအပိုင်းအစများအား သူများကောက်ရမိမှာစိုး၍ ဖြစ်သည်။

ထို အလုပ်ရှုပ်သော နံနက်ခင်း၌ နျဲ့ပုဖန် ကြက်ဥတောင်း နှစ်တောင်း ကောက်၍ ရခဲ့သည်။ နေ့လည်ခင်း နေ့လည်စာစားပြီးနောက်၌ ကြက်တစ်အုပ်ကို ဦးဆောင်ကာ လေညင်းခံရန် တောင်ပေါ်သို့ တက်ခဲ၏။
လမ်းတွင် လီယီနှင့် အခြားသူများကို တွေ့ပေမယ့်လည်း နှုတ်ဆက်ရုံသာ နှုတ်ဆက်ပြီး လမ်းလျှောက်ထွက်ဖော် မခေါ်ခဲ့ပေ။

နျဲ့ပုဖန်သည် တောင်၏ တစ်ဝက်လောက်ကို တက်ပြီးသည့်နောက်၌ တိမ်ဆိုင်များ အုပ်စိုင်းနေသော တောင်အသွယ်သွယ်တို့ရှိရာသို့ လှမ်းကြည့်လိုက်မိသည်။ သည့်အပြင် ကြက်အုပ်စုအပေါင်း ခြံရံလျှက် ''ငါကွ ... ကြက်သိုက်ရွာရဲ့ ဘုရင်တဲ့ကွ ...'' ဟု လက်သီးလက်မောင်းတန်း အော်ဟစ် ကြုံးဝါးလိုက်သေးသည်။

''အွတ်...အွတ်''
ကြက်အုပ်ကလည်း တစ်ခဲနက် အော်ဟစ်ထောက်ခံကြသည်။
သူ၏ အော်သံသည် တောင်နံရံများဆီသို့ တရှိန်ထိုး ပဲ့တင်ထပ်သွား၏။
ထို့နောက် နျဲ့ပုဖန်သည် လက်ကို နောက်ပစ်လျှက် မိန့်မိန့်ကြီး လမ်းလျှောက်ကာ မိမိကိုယ်ကိုယ် ကြီးကျယ် မြင့်မြတ်သူတစ်ယောက်ဟန်ဖြင့် တောင်များအောက်သို့ ကမ္ဘာကြီကို အထက်စီးမှ ကြည့်သကဲ့သို့ ငုံ့ကြည့်နေ၏။

နျဲ့ပုဖန်သည် တော်တော်လေး စိတ်လက်ချမ်းမြေ့ ပျော်ရွှင်နေသည်။
ခဏမျှ ကြာပြီးနောက်တွင် နျဲ့ပုဖန် ရွာကိုပြန်ရန် လှည့်လိုက်သည့်အခါ သူ့နောက်တွင်ရှိနေသော ဝမ်ရှင်းချန်ကြောင့် လန့်ထိတ်သွားရ၏။

''ခင်ဗျား ရောက်နေတယ်ဆိုလည်း အသံလေးဘာလေး နည်းနည်းပါးပါးပေးမှပေါ့''

နျဲ့ပုဖန် မကျေမချမ်းဖြင့် ပြောသည်။

''သရဲလိုပေါ်ပေါ်လာပြီး လူတွေကိုလန့်ထိတ်အောင်ခြောက်ရတာ ပျော်နေတာလား''

ဝမ်ရှင်းချန်ကတော့ ဘာမှမဖြစ်သလို မျက်နှာတည်မျက်နှာထားနှင့်သာ မေးလိုက်သည်။

''မင်း ငါ့ကို ဗုဒ္ဓကျမ်းစာတွေ ဘယ်တော့ပေးမှာလဲ''

''ဒီနေ့ ကျုပ်စိတ်ပျော်နေတဲ့နေ့မို့ နောက်မှပြောမယ်''

''မင်းက နေ့တိုင်း ပျော်နေတာပဲလေ''

နျဲ့ပုဖန်သည် ဝမ်ရှင်းချန်ကို မျက်စောင်းထိုးကာ ရွဲ့၍ ပြန်ပြော၏။

''ခင်ဗျားက အမြဲ အတည်ပေါက်ကြီး၊ ပျော်စရာ မကောင်းတဲ့သူပဲ''

ဝမ်ရှင်းချန်ဟာ တည်မြဲအတိုင်း ဆက်တည်နေသည့်။ သူ့မျက်လုံးထဲမှာတော့ နျဲ့ပုဖန် အပေါ် သံသယစိတ်တွေ အပြည့် ဖြစ်လာခဲ့သည်။

''ဒါဆို ဒီလိုလုပ်ရအောင်''
နျဲ့ပုဖန်တွင် အကြံပေါ်လာသည်။
''ခင်ဗျားက ကျုပ်ရဲ့အစောင့်အရှောက် လုပ်ပေးရမယ်။ ကျုပ်ကို ဘယ်သက်ရှိသတ္တဝါမျိုးမဆိုရဲ့ အန္တရာယ်ကနေ အသင့်ကာကွယ်ပေးရမယ်။ ကျုပ်စိတ်တိုင်းကျရင် ခင်ဗျားကို ကျမ်းစာတစ်ဝက် အရင်ပေးမယ်''

ဝမ်ရှင်းချန် ခဏလောက်ငြိမ်ပြီး စဥ်းစားနေ၏။ ပြီးကာမှ မနေနိုင်ပဲ မေးလိုက်သည်။
''မင်း ပြောင်းပြန်တွေ ပြောနေတာလား။ မင်းရဲ့အန္တရာယ်ကနေ တခြားသက်ရှိတွေကို ကာကွယ်ရမှာ မဟုတ်ဘူးလား''

သူ ကျီဝေါရွာကို ရောက်တာကြာပြီ။ သည် နယ်နမိတ်ထဲမှာ နျဲ့ပုဖန် အန္တရာယ်ပြုခံရတာမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပါ။ တခြားသူတွေရဲ့အန္တရာယ်ကနေ သူ့ကို ကာကွယ်ရမတဲ့။ သူကသာ တခြားသူတွေကို မနှောက်ယှက်နေရင်ပဲ ကောင်းလှပြီ မဟုတ်ပေဘူးလား။

နျဲ့ပုဖန်က နှာခေါင်းကိုရှုံ့လိုက်သည်။
''ခင်ဗျား ဗုဒ္ဓကျမ်းစာတွေ မလိုချင်ဘူး ထင်တယ်။ ဒါဆိုလည်း ကျုပ်သွားတော့မယ်''

ထိုအခါ ဝမ်ရှင်းချန်သည် နျဲ့ပုဖန်၏ လက်ကို လှမ်းဆွဲလိုက်ပြီး လေးလေးနက်နက် ပြောလိုက်၏။

''ဒါဆိုလည်း မင်းပြော၊ ငါ မင်းကို ဘယ်လိုကာကွယ်ရမှာလဲ''

''တစ်နေ့ကို ဆယ့်နှစ်နာရီ၊ ကျုပ်ရဲ့ကိုယ်ရံတော် လုပ်ပေးရမယ်''

''မင်း ဆယ့်နှစ်နာရီကတော့ များလွန်းတယ်၊ မင်း အိမ်သာတက်တာကအစ လိုက်စောင့်ကြည့်နေရမှာလား''

''... ဒါဆိုလည်း ညပိုင်းလောက်ပဲ လုပ်မယ်၊ ခင်ဗျား ကျုပ်အခန်းထဲမှာ စောင့်အိပ်လို့ရတယ်''

''ရပါတယ်၊ မလိုဘူး''
ဝမ်ရှင်းချန်က မြန်မြန်ပြန်ဖြေလိုက်သည်။

''ကျုပ်အခန်းထဲမှာ စောင့်မအိပ်ပေးပဲ ကျုပ်ကိုဘယ်လို ကာကွယ်မှာလဲ''

''အပြင်အခန်းမှာ အိပ်မယ်။ ဒါဆို အန္တရာယ်တစ်ခုခုဖြစ်လို့ မင်းအခန်းထဲက အော်ရင်လည်း ငါကြားရတယ်''

''ဒါပေမယ့် ကျုပ်မအော်နိုင်ရင် ဘယ်လိုလုပ်မလဲ''
လီယီသည် သူ့ကို အသံမထွက်နိုင်အောင်ချုပ်၍ အကြိမ်ကြိမ်နှောက်ယှက်ခဲ့တာကို သူမမေ့ခဲ့ပေ။

''ဒါဆိုလည်း ဆူညံသံလေး တစ်ခုခုလုပ်လိုက်ပေါ့''

''...ကောင်းပါပြီ'' နျဲ့ပုဖန် တွန့်ဆုတ်ဆုတ်ဖြင့် သဘောတူလိုက်ရ၏။

''ငါ မင်းကို ဘယ်လောက်ကြာကြာ ကာကွယ်ပေးရမှာလဲ''
ဝမ်ရှင်းချန်က ထပ်မေးသည်။

နျဲ့ပုဖန်က ခဏလောက်စဥ်းစားနေပြီးမှ ပြန်ဖြေ၏။
''ရတနာသိုက်ကိစ္စ ပြီးတဲ့အထိပါပဲ''

ဝမ်ရှင်းချန်က ခေါင်းညိတ်လိုက်ပြီး နျဲ့ပုဖန်ရှေ့မှာတင် ဘာတစ်ခုမှမပြောပဲ ပျောက်ကွယ်သွားလေသည်။

''မမေ့နဲ့နော် ... ဒီညက စမှာ ...''
နျဲ့ပုဖန် လေထဲကို လှမ်းအော်လိုက်လေသည်။

.........

ရွာသို့ ပြန်ရောက်သည့်အခါ နျဲ့ပုဖန် စိတ်ထဲပို၍ သက်သောင့်သက်သာ ရှိနေခဲ့သည်။ နောက်ဆုံးတော့ ဒီညအဖို့ ကိုယ့်အိမ်မှာကိုယ် အိပ်နိုင်တော့မည်ဖြစ်သည်။

ညစာအချိန်မှာလည်း သူသည် လူတိုင်းနဲ့အရောတဝင် ပျော်ပျော်ရွှင်ရွှင် နေခဲ့သည်။ ကျန်းကျွင်းရှီနှင့် လီယီတို့၏ မီးတောက်နေသော မျက်လုံးများ အောက်၌ပင် မရှက်မရွံ့ နေနိုင်ခဲ့သည်။

လီယီ၏ ရင်ခုန်သံမှာ ကျယ်လွန်းလို့ ပေါက်ထွက်တော့မလိုတောင် ထင်နေရသည်။ နျဲ့ပုဖန်က လီယီ ဘယ်လိုဖြစ်နေတယ်ဆိုတာ ကောင်းကောင်းသိသည်။
ကျန်းကျွင်းရှီက သူ့ကို ထိကပါး၊ ယိကပါး လာလုပ်တာတောင်မှ နျဲ့ပုဖန် စိတ်အေးအေး နေ,နေနိုင်ခဲ့သည်။

ညနက်လာသောအခါ၌ ကိုယ်လက်သန့်စင်ပြီးနောက် ရက်အတော်ကြာ မအိပ်ခဲ့ရသော အိပ်ရာပေါ်မှာ နျဲ့ပုဖန် လှဲအိိပ်လိုက်သည်။ စိတ်သက်သောင့်သက်သာ အတော်ပင် ရှိလှသည်။

မျက်လုံးများ မှိတ်ထားသောလည်း ညတွင်ရောက်လာမည့်သူကိုတွေးကာ စိတ်လှုပ်ရှားနေခဲ့သည်။
သူထင်သည့်အတိုင်းပင် လီယီ ရောက်လာခဲ့သည်။
အရင်တစ်ခေါက် သူ၏ တားမြစ်ထားတဲ့အသီးကို ခိုးစားခံလိုက်ရကတည်းက နျဲ့ပုဖန် မကျေမနပ်ဖြစ်နေခဲ့တာ အမှန်ပင်။ ထို့ကြောင့် ဒုတိယတစ်ကြိမ် ခိုးစားဖို့တော့ ခွင့်ပြုမည် မဟုတ်။ အမှန်စင်စစ်တွင် ၎င်းက သိုင်းပညာ အားကိုးကြောင့်သာ လွယ်ချင်တာ အလွယ်တကူ ရသွားခဲ့ခြင်း ဖြစ်သည်။

အခြားသူများနှင့် ယှဥ်လျှင် လီယီသည် ကြက်သိုက်ရွာရှိ ကြက်အချို့နှင့် ပနံသင့်လှသူ ဖြစ်သည်။ ထို့ကြောင့် ကြက်များကို သုံး၍ ၎င်း၏ စော်ကားမှုကို ဖြေရှင်းချင်ပါသော်လည်း တမင်သက်သက် ထိထိရောက်ရောက် ပညာပြန်ပြနိုင်ဖို့အတွက် အချိန်ဆွဲထားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ည နျဲ့ပုဖန်တစ်ယောက် ကိုယ့်အိမ်ကိုယ် ပြန်အိပ်နေခြင်းမှာ သူ့ကိုလက်ခံရန် အဆင်သင့်ဖြစ်နေ၍ ဖြစ်မည်ဟု လီယီ ယူဆလိုက်သည်။

လီယီသည် အခွင့်ရေးကို လက်လွတ်မခံပဲ ရူးရူမိုက်မိုက် လုပ်ရလိမ့်မည်။ ကျန်းကျွင်းရှီ ဝင်မရှူပ်နိုင်အောင်လည်း ကျန်းကျွင်းရှီကို အရင်အိပ်အောင် လုပ်ထားလိုက်သည်။
နျဲ့ပုဖန်၏ အိမ်တံခါးကို တွန်းဖွင့်ကြည့်ရာ သော့မခတ်ထားသည့်အတွက်ကြောင့် အသာလေးဖွင့်၍ ဝင်လာလိုက်သည်။

''ကံကောင်းတာပဲ'' ဟု ရေရွတ်၍ လီယီသည် အိပ်ရာရှိရာဆီသို့ ဖြေးဖြေးချင်း လျောက်သွားခဲ့သည်။
နျဲ့ပုဖန်လည်း ခြေသံကြားသည်နှင့် ငေါက်ကနဲထထိုင်ကာ စောင်ကိုဆွဲယူ၍ ကိုယ့်ခန္ဓာကိုယ်ကို ကာကွယ်ထားလိုက်သည်။

''မင်း ညသန်းခေါင်ကြီး ဘာလာလုပ်တာလဲ''

''ငါ မင်းကို ဖက်ထားချင်လို့လေ''
လီယီက နျဲ့ပုဖန်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

''မင်း ငါ့ဆီက ရှောင်ပြေးနေတာကို မသိဘူး မထင်နဲ့''

''ခင်ဗျား ဒီမှာရှိနေလား၊ ကယ်ပါဦး''
နျဲ့ပုဖန်သည် လီယီကို တွန်းထုတ်၍ ဝမ်ရှင်းချန်ကို အကူအညီ လှမ်းတောင်းနေသည်။

လီယီသည် ပို၍ အတင်းအကျပ်ဖက်ကာ ခါးမှချုပ်ထားလျှက် နျဲ့ပုဖန်ကို အတင်းနမ်း၏။
နျဲ့ပုဖန်မှာ ရသလောက် ရုန်းကန် တွန်းထုတ်နေရှာသည်။

သို့သော် အားမတန်သဖြင့် အချည်းနှီးသာဖြစ်သည်။
၎င်းတို့၏ နှုတ်ခမ်းများသည် အချင်းချင်း ထိတွေ့လူးလွန့်လျှက် ရှိကြသည်။ ခန္ဓာကိုယ်ချင်းလည်း ချစ်ဇောအဟုန်ဖြင့် ပူးကပ်ပွတ်သပ်နေ၏။
''မင်း လက်ခံမှာလား''
လီယီက အသက်ရှုမဝနေသည့် ကြားမှ မေး၏။

''ငါ ဘာပြောလို့လဲ''
နျဲ့ပုဖန်က အခွင့်ရေးရသည်နှင့် လီယီ၏ ဗိုက်ကို ကန်ထုတ်လိုက်သည်။

''ထွက်သွား။ ငါ အိပ်တော့မယ်''

''ဒါဆိုလည်း အတူတူအိပ်ရအောင်''

လီယီက နှုတ်ခမ်းတွေ တွန့်ချိုး၍ ပြုံးကာ အဝတ်များ စချွတ်၏။

နျဲ့ပုဖန်သည် လီယီ၏ အဝတ်ချွတ်ရှိုးကို ကြည့်နေသလိုလိုနှင့် ကုတင်ဘေး စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးထဲမှ ရေနွေးကို ခွက်ထဲငှဲ့နေ၏။
ထို့နောက် လီယီ အိပ်ရာပေါ်မှ ဆင်းသွားသည့်အချိန်ကို အခွင့်ကောင်းယူကာ ရေနွေးခွက်အားကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ရေနွေးခွက် ကျကွဲသံသည် ဆူညံသွားပြီး ရွာထဲရှိ ကြက်များပင် လန့်၍ ထပျံကုန်ကြသည်။ လီယီသည် ကုတင်ပေါ်သို့ပြန်တက်ကာ ကုတင်အစွန်း၌ ဒူးထောက်ထိုင်လိုက်ချိန်မှာတော့ ၎င်း၏ ပုခုံးပေါ်သို့ မှောင်ရိပ်ထဲမှ လက်တစ်ဖက်ကျ ရောက်လာလေသည်။

လီယီသည် သတိကြီးစွာဖြင့် လှည့်ကြည့်လိုက်သောအခါ၌ ဝမ်ရှင်းချန်၏ အေးတိအေးစက်မျက်နှာကို မြင်လိုက်ရသည်။

''ခင်ဗျား ဒီကို ဘာလို့ရောက်နေတာလဲ''
လီယီက အလန့်တကြား မေးလိုက်သည်။

''သူ အနှောက်ယှက် ခံနေရတယ်ဆိုလို့ လာကာကွယ်ပေးတာ''
ဝမ်ရှင်းချန်က နျဲ့ပုဖန်ကို လက်ညိုးထိုးပြကာ ပြုံးလျက် ပြန်ဖြေ၏။

''သူ့ကို ကာကွယ်ပေးတယ် ဟုတ်လား''
လီယီသည် မေးခွန်းထုတ်လိုသော အမူအရာဖြင့် ထပ်မေး၏။
''ဘာလို့လဲ''

''ဗုဒ္ဓကျမ်းစာကြောင့်''

လီယီ သဘောပေါက်သွား၏။ ဒီကောင် နျဲ့ပုဖန်သည် ဝမ်ရှင်းချန်ကို ဗုဒ္ဓကျမ်းစာအား ခုတုံးလုပ်ပြီး လှည့်စားထားပြန်သည်။ ယခုလည်း သူ့ကို နှစ်ယောက်ပေါင်း ဖမ်းချင်သည့် သဘောရှိလေသည်။ရှက်စရာပင်။

ထို့ကြောင့် လီယီသည် အံကြိတ်၍ ကြည့်ကောင်းအောင် အကြောင်းပြချက် ပေးလိုက်သည်။

''ကျွန်တော်က သူနဲ့အတူတူ အိပ်ကြည့်မလို့ပါ''

ထိုအခါ ဝမ်ရှင်းချန်က နျဲ့ပုဖန်ကို လှမ်းကြည့်၏။

နျဲ့ပုဖန်သည် ရှက်ရွံ့စွာဖြင့် တီးတိုး ရေရွတ်လိုက်သည်။
''အတူတူအိပ်တာက အဝတ်တွေ ချွတ်စရာ လိုလို့လား''

ထိုသို့ပြောပြီးနောက် ဖရိုဖရဲဖြစ်နေသော ခန္ဓာကိုယ်ကို စောင်ဖြင့် ဆွဲဖုံးလိုက်၏။

ဝမ်ရှင်းချန်လည်း အခြေအနေကို နားလည်သွားပြီး လီယီအား အမဲဖြတ်တော့မလို မျက်လုံးဖြင့် ကြည့်လိုက်သည်။

ထိုအချိန်မှာ လီယီကလည်း အပေါ်ဝတ်ရုံတစ်ထည်တည်းသာ စွတ်ထားပြီး ကျန်သောအဝတ်များမှာ အိပ်ခန်းအနှံ့ ရောက်တတ်ရာရာ ပြန့်ကြဲလျှက် ရှိနေသည်။

''ကဲ၊ ညီအစ်ကိုလီ...''

''ကျွန်တော် နျဲ့ပုဖန်ကို ထိခိုက်အောင်လုပ်မှာ မဟုတ်ပါဘူး။ အစ်ကိုဝမ် ရှောင်ပေးပါ''

သို့သော် ဝမ်ရှင်းချန်က လီယီ စကားမဆုံးခင် ဖြတ်ပြောလိုက်သည်။

''မင်း ထွက်မသွားမချင်း ငါလည်း ဒီက မထနိုင်ဘူး''
ဝမ်ရှင်းချန်သည် ထိုင်ခုံတစ်ခုကို ဆွဲယူကာ ခြေချိတ်လျှက် မိန့်မိန့်ကြီး ထိုင်နေလေတော့သည်။

လီယီ အကျပ်ရိုက်သွား၏။
အံကြိတ်ကာ နျဲ့ပုဖန်ဘက် လှည့်ကြည့်တော့လည်း  သကောင့်သားက ရိုးသားသူလေးလို မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။
ထို့နောက် လီယီသည် သက်ပြင်းချကာ ''ဒါဆိုလည်း ထိုင်ကြည့်နေပေါ့ဗျာ'' ဟု ခပ်ဆက်ဆက်ပြောလိုက်သည်။

ထိုသို့ ပြောပြီးသည်နှင့် လီယီသည် နျဲ့ပုဖန်၏ စောင်အောက်သို့ တိုးဝင်ကာ နျဲ့ပုဖန်၏ ခါးနှင့် ခြေထောက်တို့ကို ကျွမ်းကျင်စွာ ထိန်းကျောင်းချယ်လှယ်၍ နှိုးစွလေသည်။ စောင်အောက်၌ နှိုးစွခြင်းသည် ဝမ်ရှင်းချန်၏ အကြည့်အောက်မှ လွတ်မြောက်နိုင်မည်် မဟုတ်သော်လည်း သူတို့လုပ်နေတာတွေကိုတော့ သေချာတွေ့ရမည် မဟုတ်ပေ။

နျဲ့ပုဖန်ကတော့ အားကိုးရလိုရငြား ရုန်းကန်အော်ဟစ်၏။

''အစ်ကိုဝမ်၊ အိပ်ရာက အကြီးကြီးပဲ။ အတူတူ အိပ်ရအောင်လေ''

နျဲ့ပုဖန်မှာ အကြိမ်အနည်းငယ်လောက် နှိုးစွခံရပြီးနောက်မှတော့ ဘောင်းဘီထဲမှ အရာသည်လည်း ထကြွလာလေပြီ။

ဝမ်ရှင်းချန်ကတော့ ၎င်းတို့ကို တစ်ချက်မျှသာ လှည့်ကြည့်ပြီး အေးအေးဆေးဆေး ဆက်ထိုင်နေလေ၏။
''ငါ တရားထိုင်နေမှာမို့လို့ မင်းတို့ စိတ်ရှိသလို လုပ်ကြ''

ထိုသို့ ဆိုပြီးသည်နှင့် ဝမ်ရှင်းချန်သည် သူ၏ အင်္ကျီထဲမှ ပုတီးကိုထုတ်ကာ ကျကျနနထိုင်၍ ပုတီးတစ်လုံးချင်း စိပ်နေတော့သည်။ ပါးစပ်မှလည်း ဘုရားစာများ တွတ်ပွတွတ်ပွ ရွတ်နေသေး၏။

နျဲ့ပုဖန် ထိုမြင်ကွင်းကို မြင်သောအခါ ထပ်အကြံရသွားသည်။

''အစ်ကိုဝမ်၊ ကျွန်တော်တို့ ဆင်းရဲသားတွေက ဗုဒ္ဓတရားတော်တွေနဲ့ ကင်းဝေးပြီး ဘုရား တရားကျမ်းစာတွေလည်း မကြားဖူးဘူး။ ဒါကြောင့် အစ်ကိုဝမ်၊ ဘုရားစာကို အသံထွက်ပြီး ရွတ်ပြပေးပါလား''

ဝမ်ရှင်းချန်က ဘာမှမတုန့်ပြန်ပေမယ့် ဘုရားစာကို အသံထွက်၍ ရွတ်ပေးလိုက်သည်။ သူ၏ ဘုရားစာရွတ်သံမှာ အေးချမ်း၍ ညီညာလှသည်။ ၎င်းအသံသည်မှာ အမှောင်ထုထဲတွင် လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပေါ်ပြီး ငြိမ်သက်အေးချမ်းနေသည်။

လီယီကတော့ ဒေါသထွက်ကာ သွေးပွက်ပွက် ဆူနေရ၏။ နောက် သူ၏ ဒေါသကို မထိန်းနိုင်တော့သည့်အဆုံး အော်ဟစ်ပေါက်ကွဲမိလေတော့သတည်း။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now