Chapter - 82
အချစ်အတွက် တိုက်ပွဲ အပိုင်း - ၆
တစ်ရက်နှစ်ရက်အကြာ အဆိပ်မိရာမှ ပြန်လည်သက်သာလာပြီးနောက် နျဲ့ပုဖန်သည် တစ်ဖန်ရွှင်လန်း တက်ကြွလာ၏။
ဧကရာဇ်မင်းမှာ ထိုလူသည် ဖျက်ဆီး၍ မရသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်ဟု သံသယဖြစ်လုနီးပါး ဖြစ်နေသည်။ အကြောင်းမှာ နောက်ဆက်တွဲ ထိုအဆိပ်အား စမ်းသပ်စုံစမ်းရာတွင် အဆိပ်ပါသော အစာကို စားမိသော တိရစ္ဆာန်အနည်းငယ်သည် အမွှေးတိုင် တစ်ဝက်ခန့်အချိန်အတွင်း သေဆုံးသွားသောကြောင့် ဖြစ်သည်။ ဤအဆိပ်၏ သေဆုံးမှုသည် အလွန်ကြောက်စရာကောင်းသည်။
ထို့ကြောင့် နျဲ့ပုဖန် သည် ဤအဆိပ်မျိုးကို သူ့ဘာသာသူ သန့်စင်ပေးနိုင်သည်မှာ မယုံနိုင်စရာပင်။
ဤအကြောင်းကြောင့် ဖန်းလုံသည် ကျိုးကြောင်းဆီလျော်သော ရှင်းပြချက်ကို ရှာတွေ့ရန် မျှော်လင့်လျက် နျဲ့ပုဖန်၏ သွေးအချို့ကို အထူးစမ်းသပ်ယူခဲ့သည်။
ဧကရာဇ်မင်းသည် သူ၏ အရာရှိများနှင့် တရားရုံး၌ ညီလာခံလုပ်ပြီးနောက် ပင်ပန်းနွမ်းနယ်ပြီး စိတ်ဓာတ်ကျနေခဲ့၏။
သူ့ ကိုယ်ပိုင်နန်းဆောင်သို့ ပြန်ရောက်သောအခါ ညဉ့်နက်နေပေပြီ။ နန်းတော်အစေခံများသည် သန့်စင် ရှင်းလင်းပေးရန် ရှေ့တိုးလာကြ၏။
မိန်းမစိုးကြီးက “အရှင်မင်းကြီး၊ ဝေ စာရေးဆရာက အခု မင်းကြီးရဲ့ နဂါးကုတင်ပေါ်မှာ အိပ်နေပြီ” ဟု ပြောလိုက်သည်။
''ဟုတ်လား" ဧကရာဇ်မင်း၏ လေသံသည် အေးလည်း မအေးဘဲ၊ ပေါ့ပေါ့ပါးပါး ဖြစ်နေသည်။ အဝတ်အစားများ လဲပြီးနောက်တွင် သူသည် အိပ်ဆောင် ထဲသို့ ဝင်လာခဲ့သည်။ ကုတင်၏ ကုလားကာကို လှပ်ကြည့်လိုက်တော့ ခေါင်းအုံးကို ဖက်ထားရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရ၏။ ၎င်း၏ အေးချမ်းစွာ အိပ်ပျော်နေသော ပုံစံကြောင့် ဧကရာဇ်သည် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပြုံးလိုက်၏။
ဖန်းလုံ၏ အဆိုအရ ဤအဆိပ်ဖြင့် အဆိပ်သင့်သူများသည် မသေဆုံးမီတွင် ပြင်းထန်သော ဝေဒနာကို ခံစားကြရမည် ဖြစ်ပြီး၊ တစ်ကိုယ်လုံး မီးတောက်လောင်နေရသကဲ့သို့ ခံစားရကြောင်း ပြောကြားခဲ့သည်။ သည်လူမှာ ထူးခြားတဲ့ ခန္ဓာကိုယ်ရှိတယ် ဆိုပေမယ့် သူ့ခန္ဓာကိုယ်ထဲကအဆိပ်တွေကို အပြည့်အဝ မချေဖျက်ရင် နာကျင်နေရမှာ သေချာသည်။ သာမန်လူများသည် မသေမှီ အချိန်တိုလေးကိုပင် မခံမရပ်နိုင်ကြသော်လည်း ဤလူသည် ပုံမှန်အတိုင်း မပြောင်းလဲဘဲ အခြားသူများကို ပြုံးရယ်ကာ စနောက်ရင်း တစ်နေကုန်သာယာစွာနေခဲ့သည်။ ၎င်း မျက်နှာက ဖြူဖျော့ပြီး အဆက်မပြတ် ထွက်နေတဲ့ အေးစက်နေတဲ့ ချွေးတွေကြောင့်သာ မဟုတ်ခဲ့ဘူးဆိုရင် သူ လက်ရှိ ခံစားနေရတဲ့ ဝေသနာဟာ လုံးဝ မရှိဘူးဆိုပြီး လျစ်လျူရှုထားနိုင်ပါလိမ့်မည်။
ဧကရာဇ်မင်းသည် လက်ကို ဆန့်တန်းကာ နျဲ့ပုဖန်မျက်နှာကို ထိလိုက်ပြီး အကြည့်များ ပျော့ပျောင်းလာသည်။ နောက်တစ်ခါ မိမိ မရှိတဲ့အချိန်မှာ အဆိပ်ခတ်ခံရပြီး နာကျင်စွာ သေဆုံးသွားမှာကို ကြောက်မိသည်။ ဧကရာဇ်မင်းကို သတ်ရန်ကြိုးစားသော လုပ်ကြံသူ၏ နှလုံးသားသည် အဆုံးထိ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ပုံရသည်။ ယခု ပထမအကြိမ် မအောင်မြင်သောကြောင့် ဒုတိယအကြိမ်လည်း ထပ်ဖြစ်လိမ့်မည်။ ထိုလုပ်ကြံသူသည်စေ့စပ် သေချာသူ ဖြစ်သည်။ ပြစ်မှုကျူးလွန်ပြီးနောက်မည်သည့် သဲလွန်စမှ မကျန်ခဲ့ပေ။ သည်လိုအခြေအနေမျိုးမှာ နောင်အနာဂတ်မှာ သက်တောင့်သက်သာ အိပ်မပျော်နိုင်တော့မှာကို စိုးရိမ်နေမိသည်။
"ဟင်။ အရှင် ပြန်လာပြီလား" နျဲ့ပုဖန်သည် မျက်လုံးများကို ပွတ်သပ်ကာ ကုတင် ဘေးတွင် ရပ်နေသော ဧကရာဇ်ကို ကြောင်တက်တက်ဖြင့် ကြည့်လိုက်သည်။
"ဟုတ်တယ်။ ကိုယ်တော် ပြန်လာပြီ"
နျဲ့ပုဖန်က ဧကရာဇ်မင်းကို ကုတင်ပေါ် ဆွဲချလိုက်ပြီး သူ့ ဘေးနားကို လက်ပုတ်ပြကာ
“စောစောအိပ်ပါ။ အရှင့်ရဲ့အိပ်ရာကို ငါတစ်ကိုယ်တည်း သိမ်းပိုက်တယ်လို့ မထင်ပါနဲ့။ ရာသီဥတုက အရမ်း အေးနေလို့ နွေးထွေးအောင် ကူညီပေးတာပါ"
ဧကရာဇ်မင်းသည် ရယ်မောကာ စောင်အောက်သို့ဝင်ကာ ဘေးတိုက် လှဲလျောင်းလိုက်ရာ သူ့ တစ်ကိုယ်လုံးကို နွေးထွေးမှုက ဖုံးလွှမ်းသွားသည်။ သူ့ဘေးနားရှိသည့် လူ၏ အငွေ့အသက် ရနံ့တို့က သူ့အား ဝန်းရံထားသဖြင့် ခန္ဓာကိုယ်ရော စိတ်ကိုပါ လန်းဆန်းစေ၏။
"ရှောင်ပေါင်၊ နောက်ကိုလည်း ဒီလိုမျိုး ကိုယ်တော့်ရဲ့အိပ်ရာကို နွေးထွေးနေအောင် လုပ်ပေးရမယ်''
ဧကရာဇ်မင်းသည် သူ့ကို လက်နှစ်ဖက်ဖြင့် ဖက်ကာ လည်ပင်း တစ်ဝိုက်ကို ချစ်ခင်စွာ နမ်းလိုက်သည်။
“အဲဒါတော့ မဖြစ်ဘူး”
နျဲ့ပုဖန်က လည်ပင်းကို ရစ်ပတ်ထားသော လက်များကိုဖယ်သည်။
"ငါ့မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ ငါ့မှာ အချိန် မရှိဘူး"
"အိုး။ မင်းက ဘာလုပ်မလို့လဲ"
ဧကရာဇ်မင်းသည် စိတ်ဝင်တစား မေးလိုက်သည်။
နျဲ့ပုဖန်က မျက်လုံးများကို ဖွင့်ကာ
“အများကြီး၊ အများကြီးပဲ။ အများကြီးဆိုတော့ မရေမတွက်နိုင်အောင် များတယ်''
ဟု လေးလေးနက်နက် ပြောလိုက်သည်။
"ဟားဟား" ဧကရာဇ်မင်းသည် သူ့ ခေါင်းကို ပွတ်လိုက်ပြီး
''မင်းက ဘုရင်တစ်ပါးထက် အလုပ်များနိုင်ပါ့မလား''
“အဲဒါ မတူဘူး” နျဲ့ပုဖန်က ပြုံးပြီး
“အရှင်က ငြီးငွေ့ဖို့ကောင်းတဲ့ တိုင်းရေးပြည်ရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတယ်။ ဒါပေမယ့် ငါက ငါ့ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းဖို့ အလုပ်ရှုပ်နေတယ်။ ငါက လွတ်လွတ်လပ်လပ်နဲ့ အထိန်းအကွပ်မဲ့စွာနေချိန်မှာ အရှင်က ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်နေတယ်''
"ဒီလို ကြားရတော့ ကိုယ်တော့်ရဲ့ဘဝက မင်းထက် ပိုဆိုးနေပုံရတယ်"
"ဟုတ်ပါတယ်။ ဒါက ငါ့ ဘဝလောက်တော့ မအေးချမ်းဘူး''
နျဲ့ပုဖန်က ဂုဏ်ယူစွာနဲ့ မျက်ခုံးပင့်လိုက်ပြီး "ဘုရင်တစ်ပါးရဲ့ကံကြမ္မာကို လက်ခံရမယ်၊ အရှင့်ကို ဘယ်သူက အတင်းကြီး ဧကရာဇ်မင်း ဖြစ်ခိုင်းနေလို့လဲ''
သူ၏ ကြွားဝါသော အမူအရာကို မြင်လိုက်ရသဖြင့် ဧကရာဇ်မင်းသည် မျက်နှာကို ဖျစ်ညှစ်ကာ မထိန်းနိုင်ဘဲ
“ကျန်း ဆုံးဖြတ်ပြီးပြီ။ နောင်တစ်ချိန်မှာ မင်းကို ကျန်း ဘေးမှာပဲ ထားမှာမို့ မင်းက ပင်ပန်းနွမ်းနယ်နေတဲ့ ကျန်းနဲ့ အတူတူ ညတိုင်း နောက်ကျမှ အိပ်ပြီး နေ့တိုင်း စောစောထရမယ်''
နျဲ့ပုဖန်က နာကျင်သွားသောဟန်ဖြင့် မျက်နှာကို ပွတ်သပ်ကာ မထီမဲ့မြင်ပြု၍
''ခင်ဗျားကြီးက ဧကရာဇ်ဆိုးပဲ။ တကယ်တော့ အရမ်းတွန့်တိုတတ်လို့ တခြားလူက ခင်ဗျားထက် ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်ထားတာကို မနာလိုဖြစ်နေတာမလား''
"မင်းက တကယ်ကို ရဲတင်းနေတာပဲ။ မင်း တကယ်ပဲ ကျန်းကို ဒီလို ဝေဖန်ဝံ့သလား"
ဧကရာဇ်မင်းသည် ဒေါသဟန်ဆောင်ကာ နျဲ့ပုဖန်ကို သူ့ ခန္ဓာကိုယ်အောက်၌ ဖိကာ ပုခုံးကို ကိုက်လိုက်သည်။
"နာတယ်'' နျဲ့ပုဖန်က နှာခေါင်းရှုံ့လိုက်ပြီး လက်ခြေတွေကို သုံးကာ သူ့အပေါ်မိုးထားတဲ့ ဧကရာဇ် ဆီက ရုန်းထွက်ဖို့ ကြိုးစား၏။
ဧကရာဇ်မင်း၏ အကြည့်သည် နက်ရှိုင်းလာကာ သူ့ရင်ခွင်ထဲတွင် ရုန်းကန်နေသော တောကြောင်လေးကို ကြည့်နေသည်။ အရင်နေ့က ချစ်ရည်လူးခြင်းများကို ပြန်တွေးမိတော့ သူ မထိန်းနိုင်ပဲ ဆန္ဒများနိုးကြားလာခဲ့သည်။
ရင်ခွင်ထဲကလူ ရုတ်တရက် ရပ်သွားချိန်မှာတော့ ဧကရာဇ်က လှုပ်ရှားဖို့ ပြင်လိုက်၏။
နျဲ့ပုဖန်ကတော့ အရှင့်ကို ထူးဆန်းစွာ စိုက်ကြည့်နေသည်။ သူ့ ဗိုက်အပေါ်တွင် ဖိထားသည့် မာကျောသော အရာဝတ္ထု တစ်ခုသည် သူ့ အရေပြားထဲသို့ ဖောက်ဝင်လုမတတ် ပူလောင်စွာ ခံစားလိုက်ရသည်။ ရှင်းပါတယ်၊ တစ်စုံတစ်ယောက် အပူလွန်ကဲသွားပြီ။
“အရှင်မင်းကြီး၊ အခုမှ နလန်ထူလာတဲ့ လူမမာကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံဖို့ မသင့်တော်ပါဘူး''
"ကျန်းက မင်းကို ဘယ်လိုလုပ် ကြမ်းတမ်းနိုင်မှာလဲ "
ဧကရာဇ်မင်းသည် ညစ်ညမ်းသော ရည်ရွယ်ချက်ကို ပေါ့ပေါ့ပါးပါး ဆို၏။
''ကျန်းရဲ့ အရည်အချင်းကို မင်း သိထားပြီးသားပဲမဟုတ်လား၊ မင်းလည်း ကြိုက်တာပဲလေ''
“မဟုတ်ဘူး” နျဲ့ပုဖန်သည် သူတို့နှစ်ဦး ကြားတွင် တားဆီးရန် ခေါင်းအုံးကို ဆွဲယူ၍ ကာလိုက်သည်။
"ဒီနေ့ အရှင့်ရဲ့မျက်နှာကို ကြည့်တာနဲ့ အရှင်ကအရမ်းပင်ပန်းနေတာ သိသာပါတယ်။ အရှင့်ရဲ့ ထက်မြက်တဲ့ ယောကျ်ား စွမ်းအားကို ပြသဖို့ ဘာကြောင့် အတင်းအကြပ် ကြိုးစားနေတာလဲ၊ ဒီငယ်သားရဲ့အကြံကို နားထောင်ပြီး အိပ်ပါတော့"
ဧကရာဇ်မင်းသည် ဒေါသဖြစ်ပြီး အံကြိတ်ကာ
''ကျန်းက အတင်းအကြပ် ကြိုးစားတယ်လို့ ဘယ်သူပြောလဲ၊ အတင်းအကြပ် လုပ်သည် ဖြစ်စေ၊ မလုပ်သည် ဖြစ်စေ၊ မင်းကို ကျန်း အပိုင်သိမ်းမှာပဲ''
ဧကရာဇ်သည် ပြောတဲ့အတိုင်း၊ သူ၏ ကျွမ်းကျင်သော ပရောပရီ ပြုသည့်အမှုကို စတင်လိုက်သည်၊ တစ်စုံတခုကို ဆုပ်နယ်လိုက် ကိုက်လိုက်လုပ်ကာ၊ နယ်မြေသစ်ကို ဖွင့်ဖို့ ချဲ့ထွင်လာခဲ့သည်။
နျဲ့ပုဖန်၏ ခန္ဓာကိုယ် တစ်ခုလုံးဟာ ပျော့ပျောင်းသွားကာ ပေါ့ပါးလာသည့် အခိုက်အတန့်တွင် တစ်စုံတစ်ရာက တင်းတင်းကြပ်ကြပ် တိုးဝင်လာကာ နယ်မြေကို အငမ်းမရ လုယက် သိမ်းပိုက်ရန် စတင်လာလေ၏။
ဧကရာဇ်မင်းသည် သူ့အား ခံစားမှု ကောင်းစေရန် ပုံစံမျိုးစုံ အဆက်မပြတ် ပြောင်းလဲခဲ့သည်။ ဧကရာဇ်၏ လှုပ်ရှားမှုတွေက ကြမ်းပြီး အရိုင်းဆန်သည်။ တစ်ဝက်တစ်ပျက်သာ ရှိသော ကုတင်၏ လိုက်ကာများသည် အတွင်းမှ နွေဦးရှုခင်းကို မဖုံးကွယ်နိုင်ပေ။ အိပ်ခန်း တစ်ခုလုံးသည် ရဲရဲတောက် ပြင်းထန်သော နှလုံးခုန်သံများဖြင့် ပဲ့တင်ထပ်ကာ အသားချင်းရိုက်သံ၊ သာယာဖွယ်ညည်းညူသံများ ထွက်ပေါ်လာသည်။
ဧကရာဇ်မင်းသည် အခြားသူများထက် ပိုမိုကြမ်းတမ်းသော စရိုက် လက္ခဏာကို ပိုင်ဆိုင်ထားပြီး ကာယဗလနှင့် အိပ်ခန်း ကျွမ်းကျင်မှုတွင် သာလွန်၏။ နျဲ့ပုဖန်တောင်မှ သည်သားရဲကို ထိန်းချုပ်ဖို့ မကြိုးစားနိုင်ပဲ သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားရုံသာ တတ်နိုင်ခဲ့၏။ ဧကရာဇ်က နဂါးဝတ်ရုံကို ၀တ်ဆင်ထားလျှက် ရှိသော်လည်း သူသည် ကုတင်ပေါ် ရောက်လာပြီးသည်နှင့် သူ၏ အဆုံးမရှိသော ဆန္ဒကို ဖုံးကွယ်ရန် လုံးဝ မျက်ကွယ်ပြုကာ သားရဲတိရစ္ဆာန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဒီလို ဆက်လုပ်နေရင် အဆိပ်တွေ ပြန်ပြန့်ကုန်တော့မယ်''
နျဲ့ပုဖန်က အော်လိုက်သည်။
"ဒီမှာ ကျန်း ရှိနေသ၍ မင်း ဘာမှမဖြစ်ဘူး။ စိတ်ချ''
ဧကရာဇ်မင်းက စိတ်လုံးဝ မယိမ်းယိုင်ဘဲ အရှိန်အဟုန်ဖြင့် ပြင်းပြင်း အသွင်း အထုတ် လုပ်လိုက်သည်။
နျဲ့ပုဖန်မှာ ခက်ခက်ခဲခဲ ခြေထောက်များကို ကွေးကာ ဧကရာဇ်မင်း၏ သတိမဲ့မှုကို အခွင့်ကောင်းယူ၍ ခြေထောက် တစ်ဖက်ဖြင့် မျက်နှာကို တိုက်ရိုက် ကန်လိုက်သည်။
ဧကရာဇ်မင်း၏ လှုပ်ရှားမှု ရပ်တန့်သွား၏။ သူသည် ခြေထောက်ကို ဘေးသို့ တွန်းဖယ်ကာ မကျေမနပ်နဲ့ ပြောလိုက်သည်။
''မောင်မင်းလောက် ရိုင်းပြပြီး ရူးမိုက်တဲ့ ငယ်သား ကျန်း မမြင်ဖူးဘူး''
"ရူးသွပ်ပြီး ရိုင်းပြတယ်၊ ဟုတ်လား။ ငါ့ကို ဒီလို ပြောရတာ မရှက်မိဘူးလား"
နျဲ့ပုဖန်က ပြန်ပြောသည်။
"ဒါကို မင်း သဘောကျနေတာမလား''
ဧကရာဇ်မင်းသည် သူ့အား ဘေးတစောင်း လှဲချလိုက်ပြီး ဘေးတိုက် ဝင်ထွက်ကာ အသံမှာ အတော်လေး ကျေနပ်နေပုံရ၏။
နျဲ့ပုဖန်မှာ ညည်းညူရင်း ပါးပြင်များ နီမြန်းလာသည်။ ခေါင်းအုံးကို ဆုပ်ကိုင်လိုက်ရင်း သူ့ခန္ဓာကိုယ်က နောက်ကနေ အဆက်မပြတ် လုပ်နေတဲ့ လှုပ်ရှားမှုတွေကြောင့် အလိုအလျောက် လှုပ်ရှားနေ၏။
သို့သော် နျဲ့ပုဖန်က အားနည်းချက်ကို မပြချင်ဘဲ ရန်စလိုက်သည်။
''အရည်အချင်း ရှိတယ်ဆို၊ အရှင့်မှာ။ ဘာလဲ၊ ပြီးချင်နေပြီလား။ ဆက်မထိန်းထားနိုင်ဘူးဆိုလည်း ပြောလေနော်''
ဤသို့ ပြန်ပြောပြီး တစ်ဆက်တည်း
ဧကရာဇ်မင်းသည် နျဲ့ပုဖန် နားအနားတွင် ကပ်ကာ နိမ့်ပါးသော အသံဖြင့် ပြောလာသည်-
''မင်းသာ ထိန်းထားပါ၊ ကျန်းက ဒီလောက် ခဏလေးနဲ့ ဘယ်လိုမှ မနေဘူး၊ ဝေးသေး''
"ဒါဆို ခင်ဗျား ပြီးသွားဖို့ အချိန်ဘယ်လောက် ကြာ မှာလဲ" နျဲ့ပုဖန်က မျက်လုံးကို မှိတ်ကာ မေးလိုက်သည်။
“အနည်းဆုံး အကြိမ် သုံးရာ” ဧကရာဇ်မင်းသည် ခံ့ညားသော ပုံစံဖြင့် ပြန်ဖြေ၏။
"ဟမ်း''
နျဲ့ပုဖန် က ရုတ်တရက် ခြေထောက်တွေကို စေ့လိုက်ပြီး ဝင်ပေါက်က ချက်ချင်း ကျုံ့ထားလိုက်သည်။
ဧကရာဇ်မင်းလည်း ဒေါသထွက်ကာ အော်လိုက်၏။
''ဒီအစုတ်အပြတ်လေးကတော့''
ထို့နောက် ခြေထောက်တွေကို ဖြဲကားထားပြီး ၎င်းအရာကို အတင်းဆွဲထုတ်ပြီး ပြန်သွင်းလိုက်သည်။ အကြိမ်ပေါင်းများစွာ အဝင်အထွက် လုပ်ပြီးနောက် ရုတ်တရက် တုန်ခါသွားကာ ပူပြင်းသောရေစီးကြောင်းများ ပန်းထွက်လာလေသည်...။
"ဟားဟားဟား" နျဲ့ပုဖန်က ခေါင်းအုံးကို စုပ်ကိုင်ကာ ရယ်သည်။
ဧကရာဇ်မင်းသည် နျဲ့ပုဖန် ကိုယ်ကို လက်နှစ်ဖက်ဖြင့် ဖက်ထားလိုက်ပြီး သူ၏ အလိုဆန္ဒအရာသည် နျဲ့ပုဖန် ခန္ဓာကိုယ် အတွင်း၌ နစ်မြုပ်နေသေးသည်၊ သူ့ မျက်လုံးများက မီးတောက်နေ၏။
"အခု အိပ်လို့ ရပြီလား" နျဲ့ပုဖန်က သူ့ အပြုံးကို ဖယ်ရှားပြီး လေးနက်စွာ မေးလိုက်သည်။
ဧကရာဇ်မင်းသည် စကားတစ်ခွန်းမှ မပြောဘဲ နျဲ့ပုဖန်ကို လေးလေးနက်နက် စိုက်ကြည့်နေ၏။
နျဲ့ပုဖန်သည် ထိုရန်လိုသော မျက်လုံးများကို လျစ်လျူရှုကာ သူ့ကိုယ်သူ ဆွဲခွာလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ အရည်တွေကို လျစ်လျူရှုကာ တစ်ဖက်လူရဲ့လက်အောက်ကနေ ရုန်းထွက်ပြီး စောင်ကို ဆွဲ၍ ဘေးကို လှိမ့်သွားသည်။
"ခင်ဗျား မအိပ်ရင် ငါ အိပ်မယ်"
ဧကရာဇ်မင်းသည် နျဲ့ပုဖန်၏ မသာယာသော မျက်နှာကို မြင်သောအခါ ရုတ်တရက် မှားသွားသလို ခံစားလိုက်ရသည်။ သူ့ အရည်အချင်းတွေ ဆုတ်ယုတ်သွားပြီလား။ တကယ်တော့ သည်လောက်အထိ ကြိုးစား စွမ်းဆောင်ခဲ့တာကို။
ထိုအချိန်တွင် နျဲ့ပုဖန်က ခေါင်းကို လှည့်လာကာ “အိပ်ပြီလား” ဟု ထပ်မေးသည်။
ဧကရာဇ်မင်းသည် သူ့ ခန္ဓာကိုယ်ပေါ်ရှိ ချွေးအစွန်းအထင်းများကို ရွံရှာကာ မျက်မှောင်ကြုတ်ပြီး “ရေချိုးပြီးရင် ငါတို့ အိပ်ကြတာပေါ့” လို့ ပြောလိုက်၏။
သူ စကားပြောနေစဉ်တွင် သူသည် နျဲ့ပုဖန်ကို ပွေ့ဖက်ကာ သူ့ ပတ်ပတ်လည်တွင် ရစ်ပတ်နေဆဲဖြစ်သော စောင်လုံးအတိုင်း ပွေ့ချီကာ အဝတ်မပါသောကိုယ်ဖြင့် ရေချိုးခန်းဆီသို့ လျှောက်သွားသည်။
ရေချိုးနေစဉ်တွင် ၎င်းတို့သည် သဘာဝအတိုင်း နောက်တစ်ကြိမ် ဆက်ဆံခဲ့ကြပြီးနောက် ဧကရာဇ်မင်းသည် ပင်ပန်းသွား၏။ ပြီးသည်နှင့် သူသည် နျဲ့ပုဖန်၏ ပခုံးကို မှီကာ အိပ်ပျော်သွားသည်။
နျဲ့ပုဖန်က သူ့အား အသစ်ပြင်ဆင်ထားသော နဂါးကုတင်သို့ သယ်ဆောင်ရန် အကူတွေကို အကူအညီတောင်းပြီး ဧကရာဇ်နှင့်အတူ လှဲလျောင်း အိပ်လိုက်သည်။
သူ သည်နေ့ကို စိတ်တိုင်းကျ လုပ်ဆောင်ခွင့်ပေးလိုက်ပေမယ့် မနက်ဖြန် ညမှာတော့ သည်ဧကရာဇ်နဲ့ မအိပ်တာ အကောင်းဆုံးပဲဟု သူဆုံးဖြတ်ထား၏။
နောက်တစ်နေ့တွင် ဧကရာဇ်မင်းသည် မိန်းမစိုး၏ ခေါ်သံကြောင့် နိုးလာသည်။ သူသည် အိပ်ငိုက်နေသေးပြီး သူ့ ရင်ခွင်ထဲက နွေးထွေးမှုကို ခံစားရင်း ပထမဆုံးအကြိမ် ပျင်းရိဖို့ သွေးဆောင်ခံခဲ့ရသလိုပင်။
အချိန်အတော်ကြာအောင် ရုန်းကန်ပြီးနောက် “ယနေ့ နံနက်ခင်း ညီလာခံကို ဖျက်သိမ်းကြောင်း တာဝန်ရှိသူ အားလုံးကို အကြောင်းကြားလိုက်ပါ” ဟု အမိန့်ပေးခဲ့သည်။
“အရှင်မင်းကြီး၊ ဒါက…” အမတ်သည် ဧကရာဇ်မင်းမြတ်၏ လက်နှစ်ဖက်အတွင်းမှ ပုဂ္ဂိုလ်ကို ကြည့်ပြီး တုံ့ဆိုင်းနေသည်။
သို့သော် ဧကရာဇ်မင်း၏ အေးစက်ပြီး စူးရှသောအကြည့်များ ကြောင့် အမတ်ကြီးသည် ချက်ချင်းပင် ပါးစပ်ကိုပိတ်ကာ ထွက်ခွာသွားခဲ့၏။
"ဒီတစ်ခါတော့ မင်း ငါ့ကို တော်တော်ဒုက္ခပေးလိုက်တာပဲ" ဧကရာဇ်မင်းသည် နျဲ့ပုဖန်၏ နှာခေါင်းကို ညှစ်ကာ တိုးတိုးလေး ပြောလိုက်သည်။
သည့်နောက် မျက်များလုံးကို မှိတ်ထားရင်း ရင်ခွင်ထဲကလူကို ပွေ့ဖက်ကာ အေးအေးဆေးဆေး အနားယူရင်း နှစ်သက်မှုကို ခံစားနေသည်။ ခဏအကြာမှာတော့ ဧကရာဇ်သည် အိပ်ပျော်သွားပြန်၏။
ထို့နေ့က ကောင်းကောင်း အနားယူလိုက်ငည်။ ဧကရာဇ်မင်းသည် နန်းတက်ကတည်းက နေ့ခင်းဘက်အထိ မထဘဲ အိပ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပေသည်။
နိုးထလာသောအခါ၌ သူ၏ ကြွက်သားများနှင့် အရိုးများကို ဆန့်ထုတ်လိုက်ရာ သူ့တစ်ကိုယ်လုံး ပြေလျော့သွားသလို ခံစားလိုက်ရပြီး စိတ်ဓာတ်ကျမှု အားလုံး ပျောက်သွား၏။
နန်းတော် အစေခံများ၏ ဝတ်ပြုမှုအောက်တွင် လန်းဆန်းတက်ကြွစွာ နိုးထလာပြီးနောက် အိပ်ခန်းထဲမှ ထွက်လာကာ စားပွဲပေါ်တွင် ယာဂု သောက်နေသော နျဲ့ပုဖန်ကို တွေ့လိုက်ရသည်။ ပြတင်းပေါက်မှ ဖြတ်လာသော နေရောင်ခြည်သည် နျဲ့ပုဖန် ကိုယ်ပေါ်သို့ တောက်ပလာကာ သူ့အား ပိတ်စလေး တစ်လွှာဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေသည်။ သူ၏ အပြုံးသည် သက်တံကဲ့သို့ ပြိုးပြိုးပြက်ပြက် ဖြစ်နေ၏။
ဧကရာဇ်မင်းမှာ မျက်လုံးများ မလွဲနိုင်ဖြစ်နေသော်လည်း လေသံကို မပျော်မရွှင်ဟန်ဆောင်ကာ
"ကျန်းကို စားဖို့တောင် မစောင့်ဘူးလား"
နျဲ့ပုဖန်က နှုတ်ခမ်းကို ကွေးအောင်ပြုံး လိုက်ပြီး "ငါ့ ခန္ဓာကိုယ်က ပြန်ကောင်းလာပြီဆိုတော့ ပေါ့ပေါ့ပါးပါး အစားအစာတွေလည်း စားရတယ်။ အရှင်မင်းမြတ်လို ငါက သက်သတ်လွတ် စားနေစရာ မလိုဘူး”
နျဲ့ပုဖန် ဒီလို ပြောရင်း ယာဂုကို မြိန်ရှက်စွာ သောက်ကာ ကျေနပ်နေသည်။
ဤသို့ဖြင့် ဧကရာဇ်မင်း၏ အစာ စားချင်စိတ် နိုးကြားလာသည်။ သူက နျဲ့ပုဖန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ဖို့ ရှေ့ကို တိုးလာပြီး လက်ထဲက ဇွန်းတစ်ချောင်းကို ယူလိုက်သည်။
“အင်း၊ အဆင်ပြေသားပဲ'' ဧကရာဇ်မင်းသည် တည်ငြိမ်စွာ ပြော၏။
နျဲ့ပုဖန်က သူ့ကို စိုက်ကြည့်နေခဲ့သည်။ အနီးအနားရှိ နန်းတော် အစေအပါးတွေနဲ့ မိန်းမစိုးတွေမှာ အံ့သြသွားကြသည်။
''ကျန်းကို ဂျုံယာဂု အဖြူ တစ်ပန်းကန် ဆက်သကြ'' ဧကရာဇ်မင်းက အမိန့်ပေးလိုက်၏။
ခဏအကြာတွင် အစေခံများက ဟင်းပွဲများကို တစ်ခုပြီး တစ်ခု လာချကြသည်။
"ကြည့်ရတာ တကယ် ကောင်းတယ်" နျဲ့ပုဖန်က သူ့ဝါးတူတွေကို မြှောက်ပြီး ပြုံးကာ
"ငါ အရင် စမ်းကြည့်ရင် အရှင် စိတ်ဆိုးမှာလား"
ဧကရာဇ်မင်းသည် တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ၊ နျဲ့ပုဖန်ကတော့ တူချောင်းများကို စတင် လှုပ်ရှားနေပြီ ဖြစ်သည်။
မိန်းမစိုးက ပြစ်တင် ရှုတ်ချတော့မည် ဖြစ်သော်လည်း ဧကရာဇ်မင်းက လက်ကို ဝှေ့ယမ်းကာ ဟင်းလျာများကို မြည်းစမ်းခွင့် ပေးလိုက်၏။
နျဲ့ပုဖန်က ၎င်းတို့ အားလုံးကို စိတ်ကြိုက်စားသောက်လေရာ လက်ရာမြောက်သော ဟင်းလျာများ အားလုံး ရှုပ်ပွသွားခဲ့သည်။ အဆုံးတွင် သူက
''အရသာ ကောင်းပေမယ့် ဆီများလွန်းတယ်၊ အများကြီး မစားနိုင်တော့ဘူး။ အရှင် သုံးဆောင်ပါ''
ဘေးနားရှိ အမတ်က နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ ဒေါသတကြီးနဲ့ “မင်း ဒီလောက်စုတ်ပြတ်အောက်လုပ်ပြီး စွန့်ပစ်ထားတဲ့ ဒီဟင်းကို ဘုရင်မင်းမြတ် ဘယ်လို စားနိုင်မလဲ။ အရှင်မင်းကြီး၊ ကျွန်တွေကို ဟင်းလျာသစ်တွေ ဆောင်ယူခိုင်းလိုက်ပါ့မယ်''
"မလိုပါဘူး" ဧကရာဇ်မင်းသည် စားပွဲပေါ်ရှိ ဟင်းပွဲများကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“ကျေးဇူးပြုပြီး ကောင်းကောင်း စားပါ အရှင်မင်းကြီး။ ဒီရှောင်ပေါင် အရင် အနားယူပါတော့မယ်”
နျဲ့ပုဖန်သည် ဧကရာဇ်မင်းမြတ်အား ခွင့်တောင်းကာ မိန်းမစိုး၏ ဒေါသ မျက်လုံးအောက်မှ ထွက်ခွာမသွားမီ မချိပြုံးလေး တစ်ခု ပေးလိုက်သည်။
“အရှင်မင်းကြီး...အရှင်ဟာ အဲ့လူအပေါ် သက်ညှာလွန်းနေပါတယ်''
အမတ်ကြီးက မကျေနပ်သဖြင့် ပြော၏။
ဧကရာဇ်မင်းသည် စကားမပြောဘဲ ပြုံးလိုက်သည်။ သူစားဖို့ ပြင်ကာ သူ့ရဲ့ဝါးတူချောင်းတွေကို မြှောက်လိုက်တဲ့အခါမှာတော့ ရုတ်တရက်ဆိုသလိုပဲ တူချောင်းတွေက လေထဲမှာ ရပ်သွားပြီး တစ်ခုခုအပေါ် မရေရာသော အမူအရာ ဖြစ်သွား၏။
"အရှင်မင်းကြီး၊ ဘာဖြစ်တာပါလဲ''
မိန်းမဆိုးက မေးသည်။
"ဘာမှ မဟုတ်ပါဘူး" ဧကရာဇ်မင်းသည် မျက်လုံးများကို ငုံ့လျှက် ပါးစပ်ထဲသို့ အသားကို ဖြည်းဖြည်းချင်း ကိုက်ကာ ဂရုတစိုက် ဝါးလိုက်၏။
ထိုအမျိုးသားလေးက ဘုရင့် စားပွဲတွင် အဆိပ်တောက် ပါ၊ မပါ ကူညီ စမ်းသပ်ပေးနေပါလားဟု မင်းကြီး တွေးမိသွားသည်။
ဧကရာဇ်မင်း၏ နှလုံးသည် နားမလည်နိုင်အောင် ခုန်လာသည်။
တစ်ဖက်တွင် နျဲ့ပုဖန်က ဒေါသတကြီး ပြောနေသည်–
“အခုကစပြီး ထမင်းစားတိုင်း သူ့အစာ စားချင်စိတ်ကို ပျောက်စေမယ့် နည်းလမ်းတွေ လုပ်ပြမယ်။ ဒါဆို မကောင်းတဲ့ ကိစ္စ လုပ်ဖို့ သူ့မှာ အင်းအား အများကြီး ရှိဦးမလားဆိုတာ ကြည့်ရသေးတာပေါ့''
နောက်တစ်နေ့တွင် ဧကရာဇ်မင်းသည် သျှီထို့ ပြည်ထောင်မှ ဘုရင့် သံတမန်များကို တရားဝင်လက်ခံ တွေ့ဆုံခဲ့၏။ နန်းတော် တစ်ခုလုံးတွင် ဆူညံသော ကျားဟိန်းဟောက်သံကို ကြားရပေမည်။ နန်းတော် အစောင့်များနှင့် မိန်းမစိုးများသည် ထိတ်လန့် တုန်လှုပ်သွားကာ အရာရှိအချို့ပင် များစွာ ကြောက်ရွံ့ ထိတ်လန့်နေကြလေသည်။
သံတမန်သည် ၎င်း၏ ရက်စက်ကြမ်းကြုတ်ပြီး ထိန်းမနိုင် သိမ်းမရသော တောရိုင်းကောင်၏ ရိုင်းစိုင်းမှုကို ထိန်းချုပ်ရန်အတွက် လူမြင်ကွင်းတွင် သားကောင်ကို ရိုက်နှက်ခြင်း ဆောင်ရွက်ဖို့ဂုဏ်ယူစွာ တောင်းဆိုခဲ့သည်။ ၎င်းသည် ဖျော်ဖြေရေး အမည်အောက်တွင် ရှိနေပြီး တကယ်တော့ ၎င်းသည် ၎င်းတို့ နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုကြွားဝါ ပြသရန် ဖြစ်သည်။
ဧကရာဇ်မင်းသည် မျက်နှာတွင် မည်သည့်အမူအရာကိုမျှ ထုတ်ဖော်မပြဘဲ အနည်းငယ်စဉ်းစားပြီးနောက် သဘောတူလိုက်၏။ သူ့ မျက်လုံးများက စိတ်ဝင်စားသည့် လက္ခဏာကို ပြသနေသည်။
တိုင်းပြည်ရဲ့ပညာရှိကြီး ဖန်းလုံက က သည်ပွဲကို တာဝန်ယူ ဆောင်ရွက်လေသည်။ တည်နေရာကို ရန်ရှန်းမြို့ အနောက်ဘက်ရှိ ယာယီ ဧကရာဇ် နေအိမ်တွင် တည်ထားခြင်း ဖြစ်သည်။ သုံးရက် အကြာတွင် မြို့တော်မှ မှူးမတ်များနှင့် ချမ်းသာကြွယ်ဝသော မိသားစုများကို ပွဲကြည့်ရှုရန် ဖိတ်ကြားခဲ့လေ၏။
YOU ARE READING
ကြက်သခင် နျဲ့ပုဖန် (Complete ✅)
RandomGong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။