Part - 4

10.7K 579 31
                                    

လွန်ခဲ့သောတစ်ပတ်ကျော်ကပင်...

ဆိုဖာပေါ်တွင်ထိုင်နေသော အငယ်တစ်ယောက် ရုပ်ရှင်ကြည့်ပြီးရယ်နေလေ၏။
နေ့လည်နေ့ခင်းပေမို့ ကြီးမေလည်းတရားရုံးသွားသည်။ ကိုကိုလည်း ဂျူတီရှိနေသည်။
အိမ်မှာဘယ်သူမှမရှိပေ။

"အငယ်..."

"ဗျာ..."

"ရေခဲမုန့်လိုက်ကျွေးရမလား..."

ဒါဘယ်လိုမြူဆွယ်နည်းလဲ။ ငြင်းစရာမဟုတ်လေတာမို့ ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ပြီး အပြတ်အသတ်လက်ခံလိုက်သည်။

"ဘယ်ဆိုင်မှာသွားစားမလဲဟင်..."

ပြောလေသောဆိုင်ကိုလိုက်ပို့လေ၏။ လူများကာ ထိုင်ခံသိပ်မရှိလေတာမို့ ပါဆယ်ဝယ်ပြီးသာ ပြန်လာဖြစ်သည်။

ကားပေါ်ထိုင်နေသူတစ်ယောက်အနေနဲ့ ကားမောင်းနေသူအားခွံကျွေးရမည်မဟုတ်ပေလား။

"အာ...ဦးဝဠာ ပါးစပ်ဟ..."

ရေခဲမုန့်ကို ဇွန်းလေးနဲ့ခပ်ကာ သူ့အားခွံ့ကျွေးလိုက်တော့လည်း မငြိုမငြင်စားလေပြန်၏။ အသန့်အပြန်ကြိုက်သူဆိုသည့်တိုင်
အငယ်ကျွေးသမျှတော့ ဦးဝဠာကမငြင်းဆန်ဖူးပေ။

"ကိုယ်တို့ကားပတ်မောင်းကျမလား...
နောက်တစ်နာရီလောက်ဆို ညနေ၅နာရီဖြစ်နေပြီ နေကျသွားတဲ့အခါ ကားနောက်ဖုန်းလေးဖွင့်ပြီး ထိုင်လို့ရတယ်..."

"သွားမယ် သွားမယ်..."

"ကိုယ့်ကိုရေခဲမုန့်ကျွေးဦး..."

ဦးဝဠာကိုခွံ့ကျွေးလိုက် အငယ်လဲစားလိုက်နဲ့
ရေခဲမုန့်၅၀၀ဂရမ်တစ်ဗူးမှာ ပြောင်သလင်းခါသွားခဲ့လေပြီ။ နောက်ဆုံး၌ကားပတ်မောင်းပြီးနောက် အစိမ်းရောင်လယ်ကွင်းလေးများကိုမြင်ရသော ကတ္တရာလမ်းဘေးနားလေး၌ မိမိတို့ကားလေးထိုးရပ်သွားလေ၏။

"ကားနောက်ဖုံးဖွင့်ပြီး ထိုင်ကြမယ်လေ...ဒီနေရာကနေရိပ်တဲ့ဘက်မို့ လေအေးလေးတွေတိုက်တယ်...နောက်နာရီဝက်လောက်နေရင်
ညနေခင်းတိမ်ရောင်စုံနဲ့ ဆည်းဆာလှလှလေးကို မြင်ရလိမ့်မယ်..."

"တိုက်တဲ့လေလေးက တကယ့်ကိုအေးအေးလေးပဲ..."

"ကိုယ်ပြောတာယုံပြီလား..."

My Man (ငါ့လူကြီး) Where stories live. Discover now