Final

9.4K 291 28
                                    

ကိုးလရှိခဲ့လေပြီ။ နောက်နှစ်ပတ်နေလျှင် သားနှစ်ယောက်ရဲ့မျက်နှာလေးတွေကိုမြင်ရပေတော့မည်။ အသံလေးတွေကိုလည်း ကြားနိုင်လိမ့်မည်။

မနက်မိုးလင်းခါနီးပြီမို့ အိပ်၍မပျော်တော့တဲ့အဆုံး ခြေကားယား၊လက်ကားယားနဲ့ ဗိုက်ပူလေးကိုကြည့်ပြီး ခြေလက်များကိုနေရာချပေးနေရ၏။ ကလေးတွေကန်နေ၍ထင် နှုတ်ခမ်းထော်ကာငြီးငြူ​ေန၏။ သူ၏ မျက်ဝန်းများကတော့မပွင့်​သေးချေ။

"နိုးနေတာလား အငယ်..."

"အိပ်မရတော့ဘူး ဦးဝဠာ...ဗိုက်ထဲကနာနေတယ်..."

ကလေးမွေးချင်နေတာများလား။
မွေးရမယ့်ရက်လည်းမရောက်သေးပေ။

"နာနေတာ ညကတည်းကပဲ ဦးဝဠာအိပ်မောကျနေလို့မပြောဖြစ်တာ..."

အငယ့် မျက်နှာလေးကလည်းဖြူဖျော့နေစွာ။ အလွန်အကြူးနာကျင်နေခြင်းမဟုတ်၍ထင် ကုတင်ထက်ထိုင်လိုက်ကာ မျက်နှာလေးငြိုးငယ်လျက်။

"မင်းအဆင်ပြေရဲ့လား...ဘယ်လိုခံစားနေရလဲ ကိုယ့်ကိုပြောပြ..."

"အသက်ရှူမဝဘူး...ရင်ထဲတင်းကြပ်ကြပ်နဲ့..."

Stethoscopeကိုနားထဲထည့်ပြီး စမ်းသပ်စစ်ဆေးပေးနေသောဦးဝဠာ။ အငယ်လည်းလှဲနေရင်းမှ ပိုမိုကာအသက်ရှူမဝဖြစ်လာ၍ နေသာသလိုနေနေရခြင်းပေ။

"ဆေးရုံသွားရအောင် အငယ်...
ကလေးတွေကထွက်လာချင်ပြီတဲ့..."

"မွေးရက်မရောက်သေးဘူးလေ..."

မျက်နှာအခြေအနေကိုအတတ်နိုင်ဆုံးထိန်းထားရ၏။ ကလေးတွေရဲ့အသက်ရှူနှုန်းမှာအခြေအနေမကောင်းတော့ပေ။ အငယ့်ရဲ့အသက်ရှူသံနှင့် အသက်ရှူသံဖျော့ဖျော့လေးတစ်ချက်သာကြားရတော့သည်။

လမ်းလျှောက်ဖို့ပင် ခြေလက်များဖောင်းနေလေပြီး မလှုပ်နိုင်တော့ဟုဆိုကာ ခွေနေသူလေးကို ကုတင်ပေါ်ခေတ္တထားပြီး မျက်နှာသစ်ကာ ကိုယ်လက်သန့်စင်ရသည်။

အသက်ရှူပိုက်အောက်စီဂျင်ပေးဖို့ ကိုကိုနဲ့လျှမ်းကိုအကူအညီတောင်းပြီး ဆေးရုံတွင်အဆင်သင့်ပြင်ထားပြီးသားအခန်းသို့ပို့ရန် တစ်အိမ်လုံးအလုပ်များသွားလေပြီ။

My Man (ငါ့လူကြီး) Where stories live. Discover now