Part _ 11

7.6K 392 22
                                    

ဆေးရုံ၏ကော်ရစ်တာတစ်လျှောက်တွင် ဖုန်းအဝင်ကောလ်ကိုကြည့်နေမိသည်။
လက်ထဲတွင်လည်း အလုပ်ဖိုင်ကိုကိုင်ထားရ၏။ တကယ်တမ်းက ဖိုင်နဲ့ကာဗာယူထားခြင်းသာ။
ဋ္ဌာန၏ခေါင်းဆောင်မသိလေအောင် ဖုန်းခိုးသုံးနေရ၍လည်း ဘေးဘီဝဲယာကို ချောင်းကြည့်နေရသေးသည်။

ဒီမနက်တော့ ကိုယ့်ရဲ့လူဆီသို့ စာမပို့ရသေးပါ။ သူနေကောင်းရဲ့လားလည်းမသိသ
လို သူဆီမှစာမရောက်လာခြင်းကလည်း ကြာနေခဲ့ပြီ။ တစ်ပတ်တိတိ ပြန်စာမလာလေ သူ အဆင်မှပြေရဲ့လား။

'ကိုယ့်ကိုစောင့်နေ'ဆိုတဲ့ စာသားနဲ့အတူ သူ့ဆီမှ သတင်းအစအနတွေကို မရတော့​ေပ။
နောက်ဆုံးပို့ခဲ့သော စာတစ်ကြောင်းနဲ့သာအဆုံးသတ်မရှိ ပျောက်သွားဖို့အထိကို သူတွေးခဲ့တာလား။ ဒီလိုလုပ်လို့ရရိုးလား။

မနက်တိုင်း ဂွတ်မောနင်း။
ညတိုင်း ဂွတ်နိုက် ပို့ပေးနေတယ်ကြရင်းမှ
အဆက်အသွယ်မလုပ်လာတော့ သူကိုယ့်ကိုကစားနေတာလား။

သိပ်လွမ်းပါတယ်။ စွဲလမ်းပါတယ်။
အသက်ကိုရော လူကိုရော ပိုင်ပါတယ်လို့ဆိုပြီး စေတနာတွေနဲ့ထာဝရတွေအကုန်လုံးကိုပေးထားတာတောင် မူနေသေး၏။  ချေမိုးနေပုံများကို ရည်းစားဖြစ်တဲ့နေ့မှ တစ်စိမ့်စိမ့်ကြည့်ပြီး ချစ်တယ်တဖွဖွပြောပြဦးမှပဲ။ နာရီဝက်တစ်ခါ အနမ်းပေးပြီးကို တစ်ယောက်ထဲ အဲ့ဒီမှာစိတ်ဆိုးနေစမ်းဆိုပြီး ဖက်ဖက်နမ်းဦးမှာ။

နှုတ်ခမ်းတွေဆူပူကာ လှျမ်းတစ်ယောက် ကော်ရစ်တာတွင်လမ်းလျှောက်နေရင်းမှ ဖုန်းနဲ့စာရိုက်နေ၏။ သူ့အားလှမ်းကာကြည့်နေသူကိုလည်းမမြင်သလို ဆူထော်ထားသောနှုတ်ခမ်းကိုလည်း ပြန်ရုတ်သိမ်းဖို့မတွေးထားသေးဘူးထင်သည်ါ မျက်မှောင်ကြုတ်လို့ တစ်ခုခုကိုအလိုမကျနေသလိုပင်။

'ဦးရေ...ဒီမနက်နေတွေ သာတယ်သိလား...
ကျွန်တော်လဲနေကောင်းတယ်... ဦးလဲနေကောင်းတယ်မဟုတ်လား...မကောင်းလဲ ကောင်းအောင်ဂရုစိုက်နော်...ဒီလိုပဲအဖော်မရှိရင် အရမ်းချူချာတတ်တာပါပဲ...ဒါကြောင့်လေ ဒီဘက်ကကောင်လေးနဲ့တွဲကြည်ပါလား...ဒီတစ်ခါမှ
စာမပို့ရင် ရည်းစားဖြစ်ပြီလို့ တွေးလိုက်ပြီနော်...'

My Man (ငါ့လူကြီး) Where stories live. Discover now