Part - 10

8.9K 425 23
                                    

"မင်း အဲ့ဒီမှာပဲထိုင်နေစမ်း မှိုင်းညှို့ငယ်..."

လေယူ၊လေသိမ်းကိုနားထောင်ရပုံက ကျောချမ်းချင်စရာ။ အမှန်အတိုင်းပြောပြလိုက်ပါလျှင် လျော့ပေါ့သောအပြစ်ဒဏ်ခံရမယ်ထင်ပါ၏။

ခြံရှင်းရမလား။
ဒါမှမဟုတ် မြက်နှုတ်ရမလား။ အရိုက်မခံရတာ တော်တော်လေးကြာနေပြီမို့ အရိုက်ပဲခံရမလား။

ဦးဝဠာရဲ့ခါးပတ်တွေက လွန်ခဲ့သောလပိုင်းလောက်ကမှ အိမ်သို့ရောက်လာပါသော သရေစိမ်းခါးပတ်တွေ။ တစ်ချက်၊တစ်ချက်အရိုက်ခံရလျှင် ကျောကော့မတက်။
နေကောင်းခါစမို့ ခါးပတ်ဒဏ်ကိုခံနိုင်ပါ့မလား။ သေချာတစ်ခုကတော့ ရှယ်အနွှာခံရ
တော့မှာပင်။ ကြက်သွန်နီတစ်လုံးလို။ ဒါမှမဟုတ် အာလူးတစ်လုံးပမာ။

အသားစင်းကောတစ်ခုကဲ့သို့ နုတ်နုတ်၊နုတ်နုတ်
အစင်းခံရနိုင်ခြင်းအား တကယ်မသိလေသော နေကောင်းခါစကောင်လေးမှာ ရှေ့မှလူအား အာရုံစိုက်လျက်ကြည့်နေ၏။
တစ်ဖက်မှ သူသည်အပေါ်ကုတ်အကျီကို ချွတ်ကာ တွေ့ရာတစ်နေရာသို့ပစ်တင်လိုက်လေသည်။ မျက်နှာငယ်ဖြင့်သူ့ကိုငေးနေသော သနားချင်​အောင်အယောင်ဆောင်နေသူ
မျက်ဝန်းပိုင်ရှင်လေးအားကြည့်ကာ ပြုံးလိုက်၏။

"မှိုင်းညှို့ငယ်လေး နေကောင်းလောက်ပြီထင်တယ်..."

"..."

ခေါင်းခါပြသောအခါ ဦးဝဠာက မဲ့ပြုံးပြုံးသည်။
တံတွေးပင် လည်ပင်းဝယ်ဝယ် တစ်ဆို့ရုံမက အသက်ရှူဖို့ပင် ကြိုးစားမရတော့။
နှာဖျားမှ လေတွေမှာလည်း ပြင်ပသို့မထွက်လာတော့သလို ခံစားနေရလေပြီ။
ဝမ်းနည်းလာသလိုလိုနဲ့ စိတ်ထဲမွန်းကြပ်ရုံမက မျက်ရည်တွေပါ ဝဲတက်လာတော့၏။
ဆိုဖာအနားသို့လှမ်းကာလျှောက်လာလေသူက သူ၏အကျီကိုခေါက်တင်နေပြီး မကြာလိုက် သူ၏ခါးမှ သားရေခါးပတ်ကိုပါချွတ်လိုက်လေပြီ။

"မကြောက်ပါနဲ့ မင်းကိုရိုက်ရအောင်
မင်းက ကလေးမှမဟုတ်တော့တာ..."

"..."

"တကယ်မရိုက်ဘူးလား..."

"မရိုက်ဘူး..."

ခါးပတ်ကိုကျ တုန်နေအောင် ကြောက်တတ်လား။လူကိုကျ ပမာမခန့်တွေလုပ်လာခဲ့တဲ့ နေ့နေ့၊ညည။
ဒီလိုအရွယ်တွေကို တခြားလူတွေဘယ်လိုများထိန်းကြပါ့လိမ့်။ အိမ်မှာဒီလောက်စည်းကမ်းတင်းကြပ်ထားတာကိုပင် တစ်စက်လေးမှနားမထောင်။

My Man (ငါ့လူကြီး) Where stories live. Discover now