Extra တန်ဆောင်မုန်းလက်ဆောင်

4.5K 207 16
                                    

ဦးဝဠာထွန်းက ဧည့်ခန်းမှာထိုင်နေရင်း စာရွက်အဖြူများပေါ်အာရုံစိုက်ကာ တစ်ခုခုကိုစဥ်းစားနေ၏။ သူ၏ဘေးတွင် လျှမ်းနှင့်ဝင်းထွန်းတို့က စကားပြောရင်း တစ်ခုခုကိုဆွေးနွေးနေသယောင်။ ငြိမ်သက်တိတ်ဆိတ်နေသော အိမ်၏ဧည့်ခန်းအတွင်း၌ စကားပြောသံတို့မှလွဲ၍ ဘယ်လိုအသံကိုမှမကြားနိုင်သေးပေ။

ထိုဆိတ်ဆိတ်ငြိမ်မှုတို့သည် အချိန်အတိုင်းအတာတစ်ခုသို့မဟုတ် နေရာတစ်ခုမှ လူတစ်စုရောက်မလာကြသေး၍ထင်ပါ၏။

ဦးဝဠာထွန်းက စာရွက်အဖြူပေါ်မှ သူ့အကြည့်ကို နေရာမလွှဲသေးသော်လည်း သူ၏နှုတ်ခမ်းမှ သတိပေးသံတစ်ခုကိုကြားလိုက်ရလေသည်။ တည်တည်ငြိမ်ငြိမ်အသံတစ်ခုနောက်တွင် ဝက်ဝက်ကွဲအော်သံတို့လည်း ကပ်ပါလျက်။

"လှေကားပေါ်ကချော်ကျမယ် သတိထားဆင်း အငယ်,လင်းလက်,ဂုဏ်ရှိန်,ဂုဏ်ရည်,ဂုဏ်မာန်..."

"ဟုတ် ဦးဝဠာ..."

"ဟုတ်ကဲ့ Daddy..."

တိတ်ဆိတ်မှုကလုံးဝဆိတ်ဆိတ်မငြိမ်သော်ငြား လူငါးယောက်ရောက်လာပြီးကာက ဧည့်ခန်းထဲမှစကားပြောနေသူများကလည်း အသံကိုမြှင့်တင်ကာပြောဆိုနေကြရသည်။ ဦးဝဠာက ဆူညံလွန်းနေသာနေရာကို တစ်ချက်ကြည့်ကာ အသံထွက်ရယ်လိုက်လေ၏။

နဂိုမူလက ဦးဝဠာမှာ ဆူညံနေသောကလေးခေါင်းဆောင်အဖေ​သေးသေးလေးနှင့် သူ၏သားလေးယောက်ကို ဆူပူဟိမ်းဟောက်ဖို့တွေးကာ ထိုနေရာသို့ကြည့်လာပုံရသည်။ သို့သော်သူတို့လေးတွေ၏အမူအရာတွေကြောင့် ဆူလိုက်လေမယ့် စိတ်နေရာကို အချစ်စိတ်တွေပြောင်းလိုက်လေပုံရ၏။

သားလေးယောက်၏လက်ထဲ၌ ငွေဖလားတွေကိုင်ထားပြီး အငယ်ကိုယ်တိုင်ကလည်း ငွေဖလားတစ်လုံးကိုပိုက်ထားသည်။ သားလေးယောက်နဲ့အငယ်က ငွေဖလားထဲက ရေတွေနှင့် တစ်ခုခုလုပ်နေပုံပင်။ ကလေးတွေကလည်း အသက်၄နှစ်ကျော်ကျော်
နှစ်ယောက် ၊နှစ်နှစ် နှစ်ယောက်နဲ့အမြွှာလေးတွေမို့ အငယ်ကိုယ်တိုင်က သားလေးယောက်ကိုအကျီဆင်တူတွေကြီးဆင်ပေးထား၏။ ရုပ်ရည်ပုံစံလေးတွေကလည်း အငယ့်လိုမျက်နှာပေါက်လေးတွေမို့ ချစ်ဖို့မကောင်းမှာလည်း ပူစရာမလိုပေ။ အကျင့်တွေတူနေတာကိုတော့ နည်းနည်းစိုးထိတ်ရသော်လည်း ခေါင်းဆောင်ဆရာသမားငယ်ငယ်ကလိုတော့ အရမ်းကြီးမဆိုးသွမ်းကြပေ။

My Man (ငါ့လူကြီး) Where stories live. Discover now