Part - 46

4.8K 251 19
                                    

"ဦးဝဠာ...
သားအိပ်မက်အရှည်ကြီးမက်ခဲ့တယ်..."

"ဟုတ်လား...ကိုယ့်ကိုပြောပြချင်လို့လား..."

လက်ဖဝါးလေးကို ခပ်ဖွဖွဆုပ်ကိုင်ထားသော သူက အပြုံးလေးနဲ့မေးလိုက်၏။

"ဦးဝဠာကို ထပ်မတွေ့ရတော့ဘူးလို့ ထင်ခဲ့တာ..."

"ကိုယ်မင်းကိုထားမသွားပါဘူး အငယ်..."

"သားကိုဖက်ထားပေးပါဦးလား...အရမ်းဝမ်းသာပြီး ငိုချင်နေတယ်..."

ကုတင်ဘေးကလူရဲ့ ရင်ခွင်ထဲသို့အတင်းအကြပ်တိုးဝင်နေ၏။ ခွေးပေါက်စလေးနံရံပေါ်က အပေါက်သေးသေးကို တိုးဝင်နေသည့်ပမာ။ လက်ဖဝါးလေးများကအချင်းချင်း တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း ခါးအထက်သို့ဖျစ်ညှစ်ဖက်တွယ်ထား၏။ မတော်တဆများ လက်ထဲကချော်ထွက်သွားတော့မည့် ဆပ်ပြာခဲလေးကို ဂရုတစိုက်ကိုင်တွယ်ဖျစ်ညှစ်ထားသည့်ပမာ။

"ကိုယ်မင်းကိုသတိရနေခဲ့တာ...
ကိုယ်မင်းကိုထားခဲ့ရပြီ ထင်ခဲ့တာ...
မင်းနဲ့ပြန်ဆုံခွင့်ရပြီ အငယ်..."

"သားကိုမထားခဲ့ပါနဲ့တော့နော်..."

"..."

"မေးမယ် မေးမယ်နဲ့ မမေးဖြစ်ခဲ့သေးဘူး...
မေးချင်တာလေးတစ်ခုရှိတယ် ဦးဝဠာ..."

"ကိုယ်မင်းကိုအမှန်အတိုင်းဖြေပေးမယ်...
မင်းကြိုက်တာမေးလို့ရတယ် အငယ်..."

"ဦးဝဠာက သားကိုဆိုဘယ်တော့မှ လိမ်မပြောမှန်းသိတာပေါ့လို့...ဦးဝဠာ သားနဲ့နေရတာပျော်ရဲ့လားဟင်..."

မျက်ရည်ဝဲနေပါသော မျက်ဝန်းလေးက တောင်းဆိုနေသလိုငေးနေ၏။ ခေါင်းငြိမ့်ပြနေသူ၏ မျက်ဝန်းအိမ်မှာလည်းငွေ့ရည်ဖွဲ့နေသော တိမ်စိုင်လေးတစ်ခုရှိနေသည်။ ပျောက်ဆုံးသွားပြီးမှပြန်တွေ့ရလေသော
တန်ဖိုးထားရာလေးကို ထပ်မံဆုံးရှုံးဖို့အခွင့်မရှိနိုင်လေအောင် ဘယ်လိုကြံဆောင်ရမလဲ။ သို့တည်းမဟုတ် ကိုယ်မင်းကို
ဘယ်နားလေးမှာဖွက်ထားလိုက်ရမလဲ။

"ဦးဝဠာ...ဦးဝဠာကို သားချစ်တယ်..."

"လာကပ်ပြီးချွဲနေရအောင် မင်းက ကလေးလေးလား..."

My Man (ငါ့လူကြီး) Where stories live. Discover now