Part- 26

5.8K 323 14
                                    

ဒီနေ့လည်းဆေးရုံထဲ ညဘက်ဂျူတီဖြစ်နေခဲ့ပြန်သည်။ ည၇နာရီမှအလုပ်ဝင်ရမှာသာ။
နာရီကြည့်တော့ ညနေ၆နာရီခွဲကျော်ကျော်လေး။ ဂျူတီကုတ်ကို ကျကျနနဝတ်ဆင်ပြီး
ဘေးခွဲဆံနွယ်တို့ကိုလည်း သေသေသပ်သပ်လှန်တင်လိုက်ထားရသည်။

"ဟိုင်း ဒီနေ့ဂျူတီအစောကြီးပဲ ဝဠာ..."

"ဟုတ်တယ်ဗျ..."

စီနီယာဆရာဝန်အကိုကြီးတွေကလည်း နှုတ်ဆက်နေကြသည်။ လမ်းတစ်လျှောက်မှ ရင်းနှီးနေသောလူနာတွေကလည်း ပြုံးပြလာကြ၏။ ခေါင်းတငြိမ့်ငြိမ့်ဖြင့်သာ။ နှုတ်ခမ်းတွေလည်းပြုံးရလွန်း၍ ေညာင်းညာနေတော့သည်။ နားနေခန်းကိုတွေ့ရလေပြီမို့ အားရဝမ်းသာပင် အခန်းထဲဝင်ထိုင်ဖို့ကြံစည်လိုက်မိ​တော့၏။

သူ၏ခြေလှမ်းတွေသည် နားနေခန်း၏ ကွန်ကရစ်ပေါ်သို့ တင်လိုက်ရုံသာရှိသေးပါသည်။ ခြေဖဝါးတစ်စုံလုံးကကြမ်းခင်းထက်သို့ ကျမသွားသေးချိန်၌ မထင်မှတ်ထားသောကိစ္စလေးဖြစ်သွားခဲ့ပါ၏။

လူငယ်တစ်ယောက်၏ ဂျူတီကုတ်အကျီလေးပေါ်တွင် လက်သေးသေးတစ်စုံရှိနေသည်။ လက်ချောင်းသေးသေးသွယ်သွယ်လေးတွေကလည်း အကျီစလေးကို  အမိအရဆုပ်ကိုင်ထားပုံက ပျောက်ကွယ်သွားမှာစိုးရိမ်နေသယောင်။

"အို..."

ရုတ်တရက်အကျီကိုလှမ်းဆွဲခံလိုက်ရ၏။ ငုံ့ငေးကြည့်လိုက်ပါသော သူ့ကို သွားတန်းလေးတွေပေါ်လောက်ရုံမက မျက်ဝန်းလေးတွေပါမှိတ်သွားလောက်အောင် ပြုံးပြနေပါသော ကလေးငယ်လေးတစ်ယောက်။

သူ၏မျက်ဝန်းလေးများထဲမှာလည်း ပျော်ရွှင်နေကြောင်းပြသနေ၏။ မျက်ဝန်းတောက်တောက်လေးတွေ၏ အရောင်အဝါ ရွှန်းဆိုမှုတွေကလည်း လင်းလက်တောက်ပလျက်။

ကလေးလေး၏အပျော်တွေကိုမြင်လိုက်ရပါသည်။ ကိုယ်တိုင်လည်းပြုံးကာ ရယ်ပြလိုက်မိ၏။  တစ်ဖက်လူက ဘာကြောင့်ပြုံးနေလဲမသိရရင်တောင် သူ၏အပျော်တွေက
ကူးစက်တတ်တယ်ဆိုသောစကားကို အခုတော့ယုံကြည်သွားပါပြီ။

"အငယ်လေး လမ်းပျောက်နေလို့လား..."

ပြုံးရယ်နေရင်း ခေါင်းခါပြသောကလေးငယ်လေးနဲ့ ကျွန်တော်တို့ဆုံဖူး​ြကလား။

My Man (ငါ့လူကြီး) Where stories live. Discover now