Part - 48

6.7K 269 41
                                        

၆လခန့်ကြာပြီးနောက်,

"ဒူးထောက်ပြီးလက်မြှောက်ထားလိုက် မှိုင်းညှို့ငယ်..."

ဦးဝဠာစိတ်ဆိုးနေပါသည်။

အော်သံတစ်ခု အခန်းထဲ ဟိန်းကာထွက်လာပြီးနောက် အငယ်တစ်ယောက်ခိုင်းတဲ့အတိုင်းလုပ်နေရ၏။ အငယ့်ဘက်က ဘာတွေအမှားလုပ်တယ်မသိရသော်လည်း
ဦးဝဠာထွန်းဒေါသကိုတော့ မြင်နေရ၏။

"မင်းဘာအမှားလုပ်ခဲ့လဲသိလား မှိုင်းညှို့ငယ်..."

ဘာအမှားလုပ်မိလဲဆိုသောအကြည့်နဲ့ လှမ်းကြည့်လိုက်လေသော အငယ်။ သူ့အား
ခါးထောက်ကာ ကြည့်နေသူမှာ တော်တော်လေးဒေါသထွက်နေခဲ့၏။

"သေချာစဥ်းစားပြီး ငါ့ကိုအဖြေပေးစမ်းပါ..."

လက်မြှောက်ကာဒူးခေါက်နေသူ၏ ရှေ့တွင် ခုံတစ်လုံးချပြီးထိုင်နေသူ၏လက်ထဲ၌ ဝါးခြမ်းပြား
တစ်ချောင်းရှိလေ၏။ စိမ်ပြေနပြေမေးကာ တကယ်ရိုက်တော့မယ့်ပုံပေါ်နေလေသည်။

"မင်းဘာလုပ်ထားလဲ မင်းသိလားလို့မေးနေတယ်..."

"ဟင့်အင်း သားမသိဘူး..."

"သေချာစဥ်းစားစမ်း... ဒီတစ်မနက်လုံး မင်းဘက်က ငါမကြိုက်တာ တစ်ခုမှမလုပ်ဘူးလား..."

ညကအိပ်ယာပေါ်သေးပေါက်ချမိတော့ သေးခံအခင်းမှာနံနေလေ၏။ မနက်ခင်းကနိုးလာတော့ အိပ်ယာပေါ်ကသေးခံကိုလျော်ရသည်။
ရေချိုးနေသူ ဦးဝဠာ၏အခန်းတံခါးကို မှားယွင်းဖွင့်လိုက်မိတော့လည်း အအော်ခံလိုက်ရ၏။

ကြီးမေအတွက်လိုအပ်တာများဝယ်ပေးဖို့ရာ စျေးသွားရသည်။ ဦးဝဠာလိုချင်တာလေးများနဲ့ အိမ်အတွက်လိုတာလေးများလည်းဝယ်ရဦးမှာပင်။ အန်ကယ်လေးနဲ့ကိုကိုလျှမ်းတို့က ဟိုဘက်အိမ်မှာနေနေကြပြီမို့ ဦးဝဠာနဲ့အငယ်သာ ဒီအိမ်ကြီးထဲရှိတော့သည်။

စားသောက်ချိန်သာ လူစုံတက်ဆုံဖြစ်နေခြင်းပေ။
ကျန်အချိန်များတွင် စိုင်းဝဿန်ကလည်းသူ့ရဲ့သားဖြစ်သူနေမကောင်းခြင်းမို့ ဆရာဝန်ဆီခဏ၊ခဏသွားတတ်၏။ မမနွမ်မီးဖွားပြီး အိမ်ကြီးထဲလာနေကြတာမို့တော့ တူလေးကြောင့်အထီးမကျန်သော်လည်း အငယ့်မှာတကယ်မအားပေ။

My Man (ငါ့လူကြီး) Where stories live. Discover now