Part-15

10.7K 418 28
                                        

မနက်ကအလုပ်မသွားလေသော ဦးဝဠာက
ဘာလို့အလုပ်မလုပ်တာလဲသိချင်သည်။
အလုပ်လုပ်မှပိုက်ဆံရမှာလို့အမြဲပြောတတ်သူက နေမကောင်းတည်းကအလုပ်မသွားလိုက်တာ ၇ရက်ကျော်လာလေပြီ။ အိမ်ထဲမှာဘာပျော်စရာရှိလို့ အိမ်ကပ်နေတယ်မပြောတတ်။

ကြောင်ရှိရင်ကြွက်ငြိမ်တယ်ဆိုတဲ့အဆိုအရ ဦးဝဠာရှိနေတော့ စားချင်တာ စားမရ။ လုပ်ချင်တာတွေလုပ်မရပေ။ ဟိုဘက်ခြံကသရက်ပင်က သရက်ကင်းလေးခူးပြီး ငံပြာရည်နဲ့ငြုပ်သီးလေးဖြူးပြီးစားချင်နေတာ။ ဦးဝဠာရှိတော့ ငရုတ်သီးမပြောနဲ့ ခြံပြင်တောင်ထွက်မရ။ ဧည့်ခန်းထဲ မိန့်မိန့်ကြီးထိုင်နေတော့ ဘာဂျောင်ထဲပြေးရမလဲ။

ခြံရှေ့မြက်ခင်းဝယ် ခေါက်တုံ့၊ခေါက်ပြန်လမ်းလျှောက်နေရင်း အိမ်ထဲသို့ငေးမိသည်။ ဖုန်းပြောကာရယ်နေပါသော ဦးဝဠာက ဘာတွေဒီလောက်သဘောကျနေရတာလဲမသိရ။ ခြံရှေ့ကိုအငယ်ထွက်တော့ ဦးဝဠာကလည်း ခြံရှေ့ထွက်လျှောက်၏။ တကယ့်ကို ဘာမှလုပ်မရပေ။

မြင်နေ၊တွေ့နေကျ ကိုယ့်များတော့ ရုပ်တည်ကြီးနဲ့စကားပြောသလောက် မမြင်ရတဲ့ဖုန်းထဲကလူနဲ့ကျ ပြုံးရယ်လို့။ မျက်နှာနှစ်ဖက်နဲ့ အဲ့ဒီယောကျာ်းက ချောတာတော့ အပိုပြောတာမဟုတ်။

ပုဆိုးအနီအကွက်ကို အိမ်နေရင်းအကျီနဲ့ဝတ်ထားတာတောင် တော်တော်ကြည့်ကောင်းနေတာ။
ဖုန်းပြောနေရင်း လှုပ်ခတ်သွားတတ်တဲ့ လည်ဇလုပ်တွေကလည်း ကြည့်ရအရမ်းကောင်းပါ၏။

ဦးဝဠာရဲ့လည်ပင်းပေါ်က အဖုအထစ် အဒမ့်ပန်းသီးကြီးက တကယ်ကိုဆွဲဆောင်မှုရှိ၏။ တကယ်ချောတဲ့ အဲ့ဒီဦးဝဠာကလည်း အငယ့်အပိုင်တဲ့လား။

ကမ္ဘာဦးရဲ့အချစ်ပုံပြင်ကို ငယ်ငယ်က ဦးဝဠာပြောပြဖူးသည်။ မေ့လွယ်လွန်းတော့ အာဒံနဲ့ဧဝ ဥယျာဥ်ထဲပန်းသီးစားရင်း ကလေးလေးတွေမွေးတာပဲမှတ်မိလိုက်၏။ သီချင်းလေးတောင်ရှိသေးတယ်မဟုတ်လား။

"အာဒံဟာ ဥယျာဥ်အကျယ်ကြီးပဲ ဧဝနဲ့ဧဒင်နှစ်ယောက်တည်းတဲ့...
တစ်နေကုန် အလုပ်အကိုင်မရှိဘူးတဲ့...
အားအားရှိစကားတွေထိုင်ပြောခဲ့...
အာဒံလို ဥယျာဥ်ကျယ်ကြီးထဲမှာ ဘာညာအမှတ်တရလုပ်သွားခဲ့..."

My Man (ငါ့လူကြီး) Where stories live. Discover now