Part - 12

6.8K 391 20
                                    

သိန်းတစ်ရာရခဲ့တာ ဒီနေ့နဲ့ဆို နှစ်ရက်ရှိခဲ့လေပြီ။ အဲ့ဒီဘဏ်ကဒ်ကြီးထဲ သန်းချီတန်တဲ့ ပိုက်ဆံတွေထည့်ထားတယ်လို့ဆိုလေတာမို့ ပျောက်သွားမှာလည်း စိုးရိမ်မိသည်။ သိန်းတစ်ရာအတွက် ထမင်းခုနစ်ရက် မကျွေးဘူးဆိုတဲ့ ဦးဝဠာက ဘဏ်ကဒ်တစ်ခုလုံးပျောက်သွားပါလျှင် တစ်ဘဝလုံးများအငတ်ထားလေမလား။

စိတ်ပျက်၊လက်ပျက်နဲ့ ခြံထဲကဒန်းပေါ်ထိုင်နေသော သူသည် ​ဖြူဖြူဖွေးဖွေးအသားအရည်နှင့် တကယ့်ကိုချစ်စရာလေးပင်။ အကျီအနက်လေးနှင့် ဘောင်းဘီအသားရောင်အတိုလေးကလည်း သူ့နေရာနှင့်သူလိုက်ဖက်စွာ။

သူ၏လည်ပင်းတွင်လည်း ကြိုးတစ်ချောင်းကို သိုင်းကာလွယ်ထားလေ၏။ အပြင်သွားမယ့်သူတစ်ယောက်လိုလို။ ဝန်ထမ်းကဒ်ပြားကိုဆွဲကာ တာဝန်ထမ်းနေသော အရောင်းဝန်ထမ်းပမာ။

ဘဏ်ကဒ်ကိုကြိုးနဲ့ဆွဲကာ သွားလေရာယူသွားလေ၏။ ဘဏ်ကဒ်သာပျောက်သွားပါလျှင်ဆိုသော အတွေးတွေနဲ့ ကိုယ်နဲ့မကွာဆောင်ထားပုံလေးကလည်း တကယ့်ကိုဘယ်လိုလေးမှန်းမပြောတတ်။ သေးသေးပုပု ဖြူဖြူဖွေးဖွေးနဲ့ကောင်လေးက
လေပူတွေကို မှုတ်ကာထုတ်နေပြီး ကောင်းကင်ကြီးကိုလည်းမော့ငေးကြည့်နေသေးသည်။

လောကကြီးကို သူပဲတင်ကျွေးထားလိုက်ရတော့မလားဆိုတဲ့မျက်နှာထားနှင့်အတူ ဆုံးဖြတ်ချက်တွေကိုလည်း တိတိကျကျမချနိုင်သေး။

"သိန်းတစ်ရာလုံးအကုန်သုံးရမယ်...
တန်ဖိုးရှိတဲ့အရာလည်းဖြစ်ရမယ်...
သုံးလိုက်တဲ့စာရင်းကိုလည်း ပြရမယ်..."

ညနေခင်းဆည်းဆာအချိန်မို့ တိမ်ရောင်စုံမှာလည်း ကောင်းကင်ထက်ဝယ် လှပလျက်။
လေညှင်းအေးအေးလေးတွေကလည်း ဝေ့ဝဲစွာတိုက်ခတ်နေသည်။

ဦးဝဠာကိုယ်တ်ိုင် စိုက်ပျိုးထားပါသော ပန်းခြံဆီမှ ပန်းရနံ့သင်းသင်းလေးတွေကလည်း လေအဝှေ့မှာပျော်မြူးလျက်။ သူအပြိုင်၊ကိုယ်အနိုင် အမွှေးရနံတို့လွှင့်ထုတ်နေကြ၏။ လမ်းထိပ်ကစျေးထဲသွားဖို့ရာလည်း ဘာဝယ်ရမှာလဲ။

မနက်၉နာရီ၊ ညနေ၅နာရီအထိသာအလုပ်ထဲခေါင်းစိုက်နေတတ်သော ဦးဝဠာကလည်း အိမ်ပြန်ရောက်ဦးမယ် မထင်ပေ။ စျေးထဲမုန့်ပတ်စားဖို့ရာလည်း ဘဏ်ကဒ်နဲ့ ဝယ်လို့မရပေ။ ငွေသားတွေတာလက်ခံတာမဟုတ်လား။ Kpayဘာညာနဲ့တောင်ရှင်းလို့ရတာမဟုတ်။

My Man (ငါ့လူကြီး) Where stories live. Discover now