အငယ့်ရဲ့တစ်နေ့တာလုပ်ငန်းတွေထဲ ဦးဝဠာကိုချစ်ရတာလဲပါသေးသည်။
အဲ့ဒီဦးဝဠာကအခုတလောဆိုရင်
အိပ်ပုတ်ကြီးနေတတ်၏။
သားနှစ်ယောက်မှာအထိန်းအကူများရှိကြသော်လည်း သူတို့နဲ့မအိပ်ခိုင်းပါ။ အငယ်တို့အခန်းမှာသာသားအဖတွေအတူအိပ်ဖြစ်ကြသည်။ ညဆိုလျှင်၂နာရီတစ်ခါနို့တောင်းတတ်သော သားတွေကြောင့် ဦးဝဠာက နို့ထဖျော်ပေးရသည်။
နို့သောက်ပြီးလျှင် သားတွေက ပြန်အိပ်တတ်သော်လည်း ဦးဝဠာအသန့်ကြိုက်ကတော့နို့ဗူးတွေဆေးပြီးမှသာ ဝင်အိပ်လေသည်။
အငယ်ကတော့ သားကြီးလင်းလက်ဝဠာအပြီအပြင်အော်မှသာ နားထဲအသံကြားရ၍နိုးတတ်သည်။ ကလေးတွေငိုသံမကြားရလျှင် မနက်မိုးလင်းတဲ့အထိအိပ်ပျော်နေတတ်သလို ဦးဝဠာကလည်း အငယ့်ကိုအိပ်ရေးပျက်မခံပေ။
'နေ့ခင်းဘက်ကလေးထိန်းရတာ ပင်ပန်းနေမှာပေါ့
အငယ်စောစောအိပ်လေ'ဆိုတဲ့အသံ ကြားလိုက်ရတာနဲ့ မနက်နေထိုးမှသာ အော်မိုးလင်းပြီပဲလို့သိရတာအမှန်။
'အရင်မွေ့ယာနဲ့သာဆို နောက်နေ့မနက်ငါ့သားတွေရဲ့အရိုးကို တစ်စဆီလိုက်ကောက်ရမှာ'
အဲ့ဒီလိုပြောတဲ့ ဦးဝဠာက ကုတင်အကြီးကြီးဝယ်ပေးထားတာမို့ လွတ်လွတ်လပ်လပ်အိပ်နိုင်ကြသည်။ သားနှစ်ယောက်က အအိပ်အနေသိုသိပ်သော်လည်း အငယ်ကတကယ့်ပရမ်းပတာဖြစ်နေတာပင်။
အိပ်နေတုန်းတော့သေသေချာချာလေး ဆင်မယဥ်သာအိပ်တာပါပဲ။ အိပ်ပျော်သွားကာမှ ခြေရင်းခေါင်းရောက် ခေါင်းရင်းခြေရောက်ဖြစ်ရတာတော့
ဘာလို့လဲမပြောတတ်တော့။
အခုအငယ့်မှာအဖော်ရခဲ့ပြီ။ သားအငယ်လေးဂုဏ်ရှိန်ဝဠာက တချို့မနက်ခင်းတွေဆိုလျှင် ဦးဝဠာရဲ့မျက်နှာပေါ်ခြေတွေ၊လက်တွေ ပစ်တင်တတ်နေခဲ့ပြီ။ အငယ်ကသားတွေကိုသင်ပေးစရာမလိုပဲ
အဖေ့ခြေရာလိုက်နေတတ်ပြီ။
ခြံခတ်ထားရသော ဝက်ပေါက်နှစ်ကောင်ကိုကြည့်ပြီး မနက်ခင်းနိုးထရတာလဲ ပျော်စရာတစ်ခု။
ညညဆိုလျှင် ဦးဝဠာရဲ့ဘေးအတင်းကပ်ပြီး
အိပ်ရခြင်းကလည်း ပျော်စရာဖြစ်လာခဲ့၏။
YOU ARE READING
My Man (ငါ့လူကြီး)
Любовные романыမင်းကို စောင့်ရှောက်ရင်းပဲ ကိုယ့်အနာဂတ်မှာအလုပ်ရှုတ်နေတော့မှာပဲ အငယ်...
