ကားဝင်လာသံကြားရတာမို့ အခန်းထဲမှပြေး၍ ထွက်ရလေပြီ။ ဘယ်သူပြန်လာတာလဲသိပါ၏။
ဦးဝဠာမှ ဦးဝဠာ စစ်စစ်ကြီး။ ကားမောင်းတာတောင် ငြင်ငြင်သာသာနဲ့ တရားမှတ်ပြီးမောင်းသလားမှတ်ရတဲ့သူမို့ ကားအင်ဂျင်သံကလည်း ငြင်သာစွာပင်။တစ်နာရီကိုမိုင်၆၀ထက်ပိုမမောင်းရဆိုသော စကားကို လိုက်နာကျင့်သုံးလေသူ။
ဖြေးဖြေးသွားလည်း ခရီးရောက်တယ်။
လောစရာမလိုဘူးဆိုတာ ဦးဝဠာရဲ့လက်သုံးစကား။
ဦးဝဠာရဲ့ကားပေါ်တက်ထိုင်ပြီးလျှင်တော့ ရောက်ချင်တဲ့အချိန်ရောက်ပါစေလို့ နှလုံးသွင်းနိုင်မှရမည်။မီးပွိုင့်စိမ်းနေလည်း ရှေ့ကားကိုကျော်မတက်လေပဲ အေးဆေးစောင့်ပေးသည်။
နောက်ကားတွေကျော်တက်လည်း ပေးလွှတ်သည်။ အဆိုးဆုံးကတော့ တစ်ခါတလေ ဆိုက်ကားကပင် ဦးဝဠာရဲ့ကားကို ကျော်တက်နိုင်၏။'စက်ပစ္စည်းတွေနဲ့အလုပ်လုပ်ရတာ ကိုယ့်ဘက်ကဂရုစိုက်နိုင်မှပဲ ကိုယ့်အတွက်အန္တရာယ်ကင်းမယ်...'လို့ ဆိုကာ အိမ်ကဒါရိုက်ဘာအကိုအား ဦးဝဠာဆုံးမတတ်သောသောစကားပင်။
အခုလည်းကားတံခါးပိတ်သံကြားရ၏။ တိုးတိုးတိတ်တိတ်လေးနဲ့ မာန်ပါပါလေးသာ။
ဝုန်းဒိုင်းနဲ့ရုန်းရင်းဆန်ခတ် မဆန်ပေ။အနက်ရောင်ကားခေါင်မိုးကို ကျော်ကာကြည့်မိတော့ ဧည့်သည်ဆိုသူကပါမလာချေ။
ဂျူတီကုတ်ကိုလက်မှာတင်ပြီး အိတ်ကိုလက်မှာချိတ်ထားသူက ဘောင်းဘီစတိုင်ပင်နက်ပြာရောင်နဲ့ တော်တော်လေးခန့်ညားချောမောနေ၏။မတ်တပ်ရပ်နေသော သူ့အားမြင်သွားခဲ့လေပြီ။ မမြင်နိုင်ရိုးလားနော်။ အိမ်အဝင်အဝရဲ့ လူသွားလမ်းတည့်တည်ပေါ်မတ်တပ်ရပ်လို့ ဟင်းလင်းပြင်ကြမ်းခင်းပေါ် ဟိုရှာဒီရှာလုပ်နေသူအား မမြင်စရာလား။မွေးကင်းစကလေးပင် မြင်နိုင်လောက်သောအနေအထားနဲ့ ဦးဝဠာကိုချောင်းကြည့်နေတာလေ။
"အငယ် လာဦး..."
"..."
ဘေးပတ်ပတ်လည်ကိုငေးမောကာ ကြည့်နေပုံက ဘယ်သူ့ကိုခေါ်နေခြင်းလည်း အတည်ပြုနေသလိုပင်။ သူ့အားခေါ်ဆိုနေမှန်းသိသော်လည်း အရှေ့အနောက်၊တောင်၊မြောက်ပတ်ပတ်လည်ကို သမင်လည်ပြန်ကြည့်ရမှာက တာဝန်တစ်ရပ်လို။
ကိုယ့်ကိုခေါ်နေမှန်းသိတာပေါ့ အလကား မူပိုပြတာ။
![](https://img.wattpad.com/cover/331811741-288-k211102.jpg)
YOU ARE READING
My Man (ငါ့လူကြီး)
Romansaမင်းကို စောင့်ရှောက်ရင်းပဲ ကိုယ့်အနာဂတ်မှာအလုပ်ရှုတ်နေတော့မှာပဲ အငယ်...