ပတ်ဝန်းကျင်ကိုကြည့်လိုက်ချိန်၌ နေဝင်စပြုနေလေပြီ။ အမှောင်ဟာ ကြီးစိုးဖို့လိုသေးသော်လည်း ခပ်နွမ်းနွမ်းကောင်းကင်ကြီးကိုမြင်ရရုံနဲ့ တိမ်စိုင်တွေဘယ်သို့ပြေးနေပြီလဲသိနိုင်လေပြီ။
ရန်ကုန်မြို့မှကြိုဆိုပါ၏ဆိုသော ဆိုင်းဘုတ်ကိုမြင်လိုက်ရလေပြီ။ ဟိုက်ဝေးလမ်းမကြီးမှ မြို့အတွင်းဘက်ဝင်လိုက်လေပြီမို့ ရန်ကုန်မြို့၏ထုံးစံအတိုင်း လမ်းအကျိုးအပျက်များနဲ့ကြုံရလေပြီ။
"ကားမောင်းတာနှေးတယ်ကွယ်...အလျင်လိုနေပါတယ်ဆို မြန်မြန်မောင်းလို့မရဘူးလားကွယ်..."
"ကားလမ်းတွေပိတ်နေပါတယ် မယ်မယ်..."
ရှေ့ကိုမော့ငေးကြည့်တော့ ယာဥ်ကြောပိတ်ဆို့မှုဖြစ်နေခဲ့၏။ သားဖြစ်သူနေထိုင်ရာသို့ရောက်ဖို့ရာလည်း တော်တော်လေးလိုသေးသည်။
ဒေါသတွေကိုလည်းထိန်း၍မရတော့ပေ။ သတင်းရတဲ့အချိန်တည်းက ဟော်နန်းမှ ရန်ကုန်သို့အပြင်းအထန်ဆင်းလာရခြင်းပေ။
မင်းသမီးလေးလည်းရန်ကုန်မှာလို့ပြောပြီး
မောင်လေးကို စောင့်ရှောက်မှုမပေးခဲ့တာလား။
သူတို့နှစ်ယောက်နေတဲ့အိမ်ကလည်း ဘေးချင်းကပ်လျက်ဖြစ်နေတာကိုတောင် ဘယ်မှာနေကြတယ်မသိဘူးဟု ပြောလေကြသူများကိုကြည့်ပြီးလဲ အားမရပါ။လက်ထဲပါလာလေသော ဓာတ်ပုံများကိုကြည့်ပြီး တွေးနေမိ၏။ ဘယ်သူကများရည်ရွယ်ချက်ရှိရှိနဲ့ မယ်မယ်ကြီးဆီအရောက်ပို့ရတာလဲ။
ဓာတ်ပုံများကိုကြည့်မိချိန်၌ မိမိရဲ့သားဖြစ်သူနှင့် အခြားယောကျာ်းတစ်ယောက်နမ်းနေကြခြင်းကိုမြင်နေရ၏။ ဓာတ်ပုံထဲကအမျိုးသားမှာ ကျောပေးထားလေတာမို့ ဘယ်သူ၊ဘယ်ဝါရယ်လို့ ခန့်မှန်းမရခဲ့ပေ။ သားဖြစ်သူရဲ့လည်ပင်းသားတွေနဲ့ ပခုံးပေါ်ကညှပ်ရိုးကိုနမ်းလျက် ဘောင်းဘီခါးပတ်လည်းဖြုတ်ထား၏။
"နင်တို့ရဲ့ မင်းသားလေးဟာလေ ဒီလိုပုံစံဘာကြောင့်ဖြစ်ရတာလဲ...ငါ့ကိုပြောကြပါဦး
ငါကြာရင် ရူးတော့မယ်...ငါ့ကိုပြောကြပါဦး..."
![](https://img.wattpad.com/cover/331811741-288-k211102.jpg)
YOU ARE READING
My Man (ငါ့လူကြီး)
Romantizmမင်းကို စောင့်ရှောက်ရင်းပဲ ကိုယ့်အနာဂတ်မှာအလုပ်ရှုတ်နေတော့မှာပဲ အငယ်...