Part-34

5.1K 291 33
                                    

"ဦးဝဠာ..."

"..."

"အလုပ်သွားတော့မှာလား ဟင်..."

အိမ်ရှေ့ရောက်စ ခြေအိတ်ဝတ်နေစဥ် ခေါ်သံကြောင့်ကြည့်လိုက်မိ၏။ ကြောင်သားအမိနဲ့အတူ
ကြက်တူရွေးလေးကလည်း အငယ့်ဘေးမှာထိုင်နေလျက်။ ကြက်တူရွေးကိုဘာစကားတွေသင်ပေးထားလည်းမသိ တစ်ခုခုပြောနေလေ၏။

တစ်ဖက်အိမ်ကကြောင်သားအမိအပြင် ခွေးပေါက်လေးတစ်ကောင်လည်းရောက်နေသည်။ တခြားသူရဲ့ခွေးတော့မဟုတ်ပါ လျှမ်းရဲ့ခွေးဘီလူးအသေးလေးမို့ခေါ်ထားခွင့် ပေးထားရခြင်းသာ။

"အငယ် ဘာထိုင်လုပ်နေတာလဲ..."

"ဒီပြောင်စပ်စပ်နဲ့ ငှက်ကိုအစာကျွေးနေရတယ်...
လူမြင်ရင် ကလေးစီးလို့အော်နေလို့ မှတ်လောက်အောင် "သရဏ္ဏဂုဏ်"ရွတ်ခိုင်းထားတာ..."

"ကြက်တူရွေးကို ဘုရားစာရွတ်ခိုင်းထားတာလား..."

"သူလဲ ကုသိုလ်ရအောင်လေ..."

ဦးဝဠာထွန်းတစ်ယောက်ကတော့ မေးရိုးပြုတ်ကျမတက် ခေတ္တမျှကြောင်ငေး သွားရပြီး စက္ကန့်ပိုင်းစာလောက် သူ၏အလုပ်တွေရပ်တန့်သွားခဲ့သည်။
တရိစ္ဆာန်တွေကြားအလုပ်များနေသူသည် ခေါင်းငုံ့ကာဖြင့် တလောကလုံးဖြစ်ချင်ရာဖြစ်နေလည်း ဘာမှဂရုမစိုက်နိုင်သေးဘူးဆိုသော မျက်နှာဘေးလေးနဲ သူ၏ အပေါင်းအသင်းတွေကြားထိုင်နေလေသည်။

လောကတခွင်ဝယ်၌ အလှဆုံးအပြုံးကို ပြုံးထားကာ ကြမ်းပြင်ပေါ်ပယ်ပယ်နယ်နယ်ထိုင်နေသူလေးအား ချစ်မေတ္တာအပြည့်ဖြင့် ထိုင်ကြည့်နေသော မျက်ဝန်းတစ်စုံကလည်း ပြုံးလျက်။
တလောကလုံးမှာ အလှဆုံးလို့များထင်မှတ်ထား၍များလားမသိ တစိမ့်စိမ့်ကြည့်နေ၏။
မျက်ဝန်းလေးတစ်စုံသည် သူရှိရာသို့လည်ပြန်ကြည့်လိုက်ချိန်ဝယ် သူ၏အပြုံးမျက်ဝန်းများက ပိုမိုနွေးထွေးစွာ။
သူသည် သူ၏ပိုင်ဆိုင်ထားရာ သက်ရှိလူသားလေးကို မြတ်နိုးစွာဖြင့်အနားသွားကာ ပွေ့ဖက်လိုက်လေတော့သည်။

"ဟီး ဟီး နွေးသွားတာပဲ..."

"ကိုယ်အလုပ်သွားတော့မယ် အငယ်လိမ်လိမ်မာမာနေခဲ့နော်..."

My Man (ငါ့လူကြီး) Where stories live. Discover now