Part-52

5K 220 37
                                    

"ဦးဝဠာ လက်သည်းညှပ်ပေးပါ..."

"..."

လက်သည်းညှပ်နဲ့အတူ မျက်စိရှေ့ရောက်လာသော ကောင်လေးက ဘေးတွင်လာထိုင်နေလေပြီ။ မျက်နှာမကောင်းရခြင်းအကြောင်းက တွေးကြည့်စရာမလိုပေ။ ခွေးတွေ၊ကြောင်တွေနဲ့ဆော့ကစားနေ၍ ဆူထားခြင်းကိုစိတ်ကောက်နေတယ်လဲပြောသေး သူလိုချင်တာရှိတော့လည်း လာခေါ်တတ်သေး၏။ 

"အဆူခံရတာပျော်လား..."

"အဆူခံရတာပျော်တဲ့လူရှိလို့လား..."

"ရှိတယ်...မင်းလေ..."

"ဦး၀ဠာလိမ်ပြောပြန်ပြီ..."

ဘယ်သူကပျော်နေလို့လဲ။ ကိုယ်ချစ်ရသူက ဆူတာကို ခံထားရတာ။ ဘယ်လောက်ရင်နာစရာကောင်းလိုက်လဲနော်။ ဒါကိုပြောပြလဲ သူမသိ ။ တစ်ခုခုဆို အော်လိုက်၊ငေါက်လိုက်ရမှ ဦး၀ဠာစား၀င် အိပ်ပျော်တာ။ 

"ဘဘဇော်ဝင်းထွဋ်သီချင်းဖွင့်ထားတာလား ဦးဝဠာ..."

"အင်း..."

ဦးဝဠာရဲ့အကြိုက်ဆုံးအဆိုတော်ကို ပြောရလျှင် အဆိုတော်ကြီးဇော်ဝင်းထွဋ်ဖြစ်လေ၏။
ငယ်ငယ်ကဆိုလျှင် အငယ့်ကိုလစ်ပြီး ဇော်ဝင်းထွဋ်ရှိုးပွဲတွေသွားတတ်သေးသည်။

ဦးဝဠာကြိုက်တဲ့အဆိုတော်တွေက သွားပြောင်လို့မရပေ။ တကယ့်စံပြကြီးတွေပင်။
ခုခေတ်လူတွေမဟုတ်။
တွံတေးသိန်းတန်၊စိုင်းထီးဆိုင်၊လွှမ်းမိုး၊ မာရဇ္ဇတို့လို ရှေးခေတ်လူတွေပင်။

ပဲပြုတ်သည်မထား၊ မူဆယ်နမ့်ခမ်းလမ်း၊ ချယ်ရီကိုယ်သာပန်ဆင်ပါ ထိုသီချင်းတွေမှာ ဦးဝဠာရဲ့အရူးအမူးကြိုက်ရသောသီချင်းတွေသာ။

'တက္ကသိုလ်ကျောင်းသူဖြစ်တာကြာတော့ အသည်းခွဲတတ်ပြီပေါ့ ၊ မင်းတို့ကျောင်းမှာရှိတဲ့ အသည်းခွဲနည်းတွေကို ဘာဖြစ်တယ်ဆိုလား'
အဲ့ဒီသီချင်းလာတာနဲ့ ဦးဝဠာကအော်ဆိုတော့တာပင်။

ဦးဝဠာ ငယ်ငယ်တုန်းက ဘယ်ကောင်မလေးအသည်းခွဲတာခံခဲ့ရလဲတော့မသိပေ။ ရှယ်ကြိုက်သော သီချင်းလေးမို့ အငယ်တောင်အလွတ်ရနေ၏။

"​ခြေသည်းတွေပါညှပ်ပြီးပြီ သွားတော့..."

"အခု အငယ်က အနှင်ခံလိုက်ရတာလား..."

My Man (ငါ့လူကြီး) Where stories live. Discover now