Part - 50

5.4K 232 20
                                    

ခြေလေးနှစ်ချောင်းကို ကျုံ့ကျုံ့လေးစုကာ အငယ်တစ်ယောက်ထိုင်နေသည်။ ထိုင်နေပုံလေးကလည်း ကြောင်သားအမိနဲ့ပုံစံတူနေတာမို့
အိမ်တံခါးမကြီးရှေ့၌ ကြောင်သုံးကောင်အပြင်ကိုငေးနေသည့်ပမာ။

"မင်းတို့နှစ်ကောင်အိမ်ရှေ့မှာရစ်သီ၊ရစ်သီမလုပ်နေနဲ့...အောင်နက်နဲ့ဂုတ်ကျား..."

ပြောပြောဆိုဆိုနဲ့ပဲ အိမ်ရှေ့ကနှစ်ယောက်ဆီလမ်းလျှောက်သွား၍ကြည့်ရလေပြီ။ ထမင်းစားချိန်မှအိမ်ပြန်လာတဲ့ အောင်နက်နဲ့ဂုတ်ကျားက ဦးဝဠာရဲ့သားတွေများလား။

အိမ်ကဦးဝဠာလည်း ညနေစာထမင်းအိမ်ပြန်စားပြီးသာ အလုပ်သို့ ပြန်လည်ထွက်သွားတတ်သည်။
ခုနစ်ရက်တိတိရှိနေလေပြီ။ ဦးဝဠာမနက်ဆို မနက်စာပြန်လာစားသည် ညဆိုလည်း စားချိန်ပြန်လာသည်။ နေ့လည်စာကိုတော့အငယ်ကပို့ပေးရ၏။
ဆေးရုံတွင်အိပ်ပြီး ဆေးရုံမှာသာနေနေရခြင်းမှာ အလွန်အရေးပါသော လူနာရောက်နေ၍ဟုလည်းပြောသေး၏။

"စားစား မင်းတို့အဖေလဲ ညစာပြန်လာစားတော့မှာ..."

အဖတ်မလုပ်ပုံများ စံထားစရာ။ ပြောနေတဲ့ ကိုယ့်ကို ရှိတယ်မထင်သောခွေးနှစ်ကောင်က
စားသောက်ပြီးစီးတာနှင့် ထွက်သွားလေ၏။ သူတို့အတွက်ဆောက်ပေးထားသော ခွေးအိမ်လေးထဲနှစ်ကောင်သားတိုးကြိတ်ကာဝင်သွားသည်။ အထီးနှစ်ကောင်ဖြစ်နေသော်လည်း သိပ်ချစ်ကြသောအောင်နက်နဲ့ဂုတ်ကျားက ရန်မဖြစ်ကြပေ။ ရန်ဖြစ်လျှင်လည်း ရေပတ်ပြီးဖြန်ဖြေရင်တောင်မရကြပေ။

"ညီညီ ထမင်းစားရတော့မယ်လေ
ညစ်ပတ်တာတွေလျှောက်မဆော့နေနဲ့တော့..."

"ဟုတ်..."

ကိုကိုလျှမ်းက ​အိမ်ရှေ့ထွက်လာကာ ဆူညံပူညံလုပ်နေလေ၏။ အန်တီနန်းကလည်း အငယ့်ကိုဘာတွေပြောနေလည်းမသိပေ။ ဦးဝဠာကိုလွမ်းတဲ့စိတ်နဲ့ တလောကလုံးကိုဘာမှမသိတော့။

အန်တီနန်းနဲ့ ဘဘစဝ်သီတို့ ကွာရှင်းလိုက်သည်။
ဟော်နန်းကိုလည်းစိတ်မဝင်စားတော့သော အန်တီနန်းကချစ်သူရသွားခဲ့၏။ ခပ်ငယ်ငယ်နဲ့ခပ်ချောချောဆရာဝန်အကိုကြီးတစ်ယောက်ဖြစ်လေသည်။
ကိုကိုလျှမ်းရဲ့စီနီယာအကိုကြီးလည်းဖြစ်သလို ဦးဝဠာရဲ့တပည့်လေးတစ်ဦးဖြစ်၏။
ဘယ်လိုကြိုက်သွားကြလဲအငယ်မသိသလို လက်ထပ်ပွဲတောင် ဘယ်သူမှမသိလိုက်ပေ။

My Man (ငါ့လူကြီး) Where stories live. Discover now