Part - 18

6.3K 307 29
                                    

ဟော်တည်အခန်းကြီး၏ကုတင်ဖြူဖြူထက်ဝယ် လူနှစ်ယောက်လဲလျောင်းနေကြ၏။ မိုးပြာရောင်အိပ်ယာခင်း အနီရောင်ဆေးရေးတချို့ကိုမြင်နေရသည်။
ဟော်တည်ခန်းကလည်း ရိုးရှင်းလွန်းပါ၏။
ခမ်းနားဆန်းပြားမနေပေ။

နံရံကပ်မှန်ရှေ့မှ လိုက်ကာမိုးပြာရောင်နှင့်လိုက်ဖက်လှသော ကုတင်လှလှကြီးတစ်ခု၊ ကုတင်ဘေးမှ ညအလင်းမီးအိမ်နှင့် မလှမ်းမကမ်းတွင် စားပွဲတစ်လုံးရှိသည်။

ကုတင်ပေါ်မှလူသားနှစ်ယောက်မှာ ငြိမ်သက်လျက်ပင် အိပ်စက်နေကြ၏။
အပြင်လောကမှ နေ၏အပူချိန်ကိုပင် ဘယ်မျှလောက်ရှိနေကြောင်း မသိကြသေးဘူးထင်ပါ၏။

မျက်ဝန်းတွေပေါ်မှ ကျနေသော အလင်းစူးစူး။  မျက်ခုံးတွေကိုတွန့်ကျုံ့လိုက်ရုံနဲ့လည်း စူးရှကာတိုးဝင်နေသော အလင်းတန်းကြီးကိုဖယ်ရှားလို့မရ။
ထိုးကိုက်နေပါသော ခေါင်းတစ်ခုလုံးမှာလည်း အတိုင်းအဆမသိ နာကျင်လျက်။

နားထဲတိုးဝင်နေပါသော ညှင်းသဲ့သဲ့အသံလေးမှာလည်း ဘယ်ကလာမှန်းမသိ။ 
ဘယ်သူ့နှုတ်ဖျားက ထွက်နေမှန်းလည်းမ
ပြောတတ်။
ကိုယ်တိုင်ကိုယ်ကျ ဘယ်နားရောက်နေတယ်လည်းမသိရပေ။ ညက အစီအစဥ်အောင်မြင်သွားတာလား။

မျက်ဝန်းများကိုဖြည်းညှင်းစွာဖွင့်ကြည့်ရင်း
လည်ပင်းအကြောတွေကို ဖြေလျော့လိုက်ရ၏။ လည်မော့ကာအိပ်စက်မိထား၍
အနည်းငယ်နာကျင်နေတာလား။ လည်ပင်းအညှစ်ခံထားရသလို နာကျင်မှုမျိုးနဲ့ကို နာနေပြန်တော့ ညကအကြောင်းတွေ ပြန်စဥ်းစားရမလိုလိုပင်။

ငြီးငြူနေသလိုလို၊ယောင်းယမ်းနေသလိုလို အသံလေးကို ထပ်မံကြားလိုက်ရပြန်တော့
ထိုနေရာကိုမကြည့်ပဲလည်း မနေနိုင်တော့ပြီ။အသံပိုင်ရှင်က ဘယ်သူများလည်းဆိုတာ သိချင်မိ၍ပင်။

'မှတ်မိသလောက် လျှမ်းက လက်မခံလေဘူးဆိုတော့ ရင်းနှီးတဲ့မိတ်ဆွေနဲ့ပဲ အိပ်ခဲ့မိတာလား...'

"ဂျေဂျေ..."

ကျောပေးထားသူရဲ့ပခုံးပေါ် လက်လှမ်းကာတင်လိုက်မိတော့ တုန်ရီနေမှုကို ခံစားမိနေ၏။ ယခုအချိန်မှာတော့ မျက်ဝန်းတွေက  အနည်းငယ် စိတ်လှုပ်ရှားခြင်းကို ဖော်ပြနေ​ပေလိမ့်မှာအသေချာ။

My Man (ငါ့လူကြီး) Where stories live. Discover now